• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သူဌေးကြီး ဘီဂိတ်စ်ရဲ့ စံအိမ်ကို ဘယ်လိုတည်ဆောက်ထားသလဲ

by Thutamm
November 30, 2020
Reading Time: 4min read
0
သူဌေးကြီး ဘီဂိတ်စ်ရဲ့ စံအိမ်ကို ဘယ်လိုတည်ဆောက်ထားသလဲ
Share on FacebookShare on Twitter

မိုက်ခရိုဆော့ဖ်ပိုင်ရှင် သူဌေးကြီးဘီဂိတ်စ်ဟာ လက်ရှိအချိန်မှာတော့ ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၁၉ဘီလျံ နဲ့ ကမ္ဘာ့အဆင့် ၄ နေရာကို ရောက်ရှိသွားခဲ့ပါပြီ။ ပြင်သစ်သူဌေးကြီး Bernard Arnault နဲ့ Tesla လျှပ်စစ်ကားကုမ္ပဏီ ၊ Space X တို့ရဲ့ စီအီးအိုဖြစ်သူ Elon Musk တို့က သူ့ကို ကျော်တက်သွားလို့ ဖြစ်ပါတယ်။ ဒါပေမယ့် လူသိအများဆုံး အထင်ရှားဆုံး ပရဟိတအလုပ်ဆုံး စာရင်းမှာတော့ သူ့ကို ဘယ်သူမှ မမှီသေးပါဘူး။ ဒီတခါတော့ ဘီဂိတ်ရဲ့ပိုင်ဆိုင်မှုများစွာအနက် Xanadu 2.0 လို့ ထင်ရှားတဲ့ သူ့ရဲ့အိမ်ကို ဘယ်လိုတည်ဆောက်ထားသလဲ ဆိုတဲ့အကြောင်းကို ဝေမျှသွားပါမယ်။

ဘီဂိတ်စ်ရဲ့ ဒီစံအိမ်ကတော့ အမေရိကန်နိုင်ငံ ဝါရှင်တန် ၊ မက်ဒီနာမြို့ ဝါရှင်တန်ရေကန်ကြီး အနီးမှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ စတုရန်းပေ ၆၆,၀၀၀ ကျယ်ဝန်းတဲ့ ဒီနေရာကို ၁၉၉၈ ခုနှစ်က ဝယ်ခဲ့တာဖြစ်ပြီး ဝယ်စဉ်တုန်းက ဒေါ်လာ ၂သန်း နဲ့ ဖြစ်ပါတယ်။ ဘီဂိတ်စ်ဟာ ဒီနေရာကို Bohlin Cywinski Jackson နဲ့ Cutler-Anderson တို့လို ဗိသုကာ ကုမ္ပဏီကြီးတွေထံအပ်ကာ သူစိတ်တိုင်းကျ အချက်တွေနဲ့ ဒီဇိုင်းဆွဲစေခဲ့တာဖြစ်ပါတယ်။

ဒီအိမ်ကြီးကို ၇ နှစ်နီးပါး အချိန်ယူ တည်ဆောက်ပြင်ဆင်ခဲ့ရပြီး စုစုပေါင်း ကုန်ကျစရိတ် အနေနဲ့ ဒေါ်လာ သန်း ၇၀ နီးပါး ကုန်ကျခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီအိမ်ကြီးရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၁၃၀ နီးပါး တန်ကြေး ရှိသွားပြီလို့ သိရပါတယ်။ ဘီဂိတ်စ် အနေနဲ့လည်း အိမ်ကြီးရဲ့ အခွန်အတွက်တင် ဒေါ်လာ ၁သန်းကျော် ပေးဆောင်ခဲ့ရပါတယ်။ သဘာဝကိုချစ်တဲ့ နည်းပညာ သူဌေးဖြစ်တာနဲ့ အညီ သူ့ရဲ့စံအိမ်ကိုလည်း သဘာ၀ နဲ့ အဆင့်မြင့် နည်းပညာတွေကို ပေါင်းစပ် တည်ဆောင်ထားခဲ့ပါတယ်။

ဘီဂိတ်စ်ရဲ့ အိမ်ဟာ အခြားသူဌေးကြီးအများစုရဲ့ စံအိမ်တွေလို နန်းတော်ကြီးတမျှ ဟိတ်ကြီးဟန်ကြီး မရှိပဲ သစ်တောတွေထဲမှာ တည်ဆောက်ထားတဲ့ ပုံမှန်အိမ်တလုံး လိုပဲ မြင်ရမှာဖြစ်ပါတယ်။ ပစိဖိတ် lodge စတိုင် သစ်သားအိမ်တွေနဲ့ ဆက်ကာ တည်ဆောက်ထားတာကြောင့် ရိုးရှင်းတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် တည်ဆောက်ခဲ့တဲ့ အခြေအနေတွေကတော့ ဒီလောက် မရိုးရှင်းပါဘူး။ ဘီဂိတ်စ်ရဲ့ဒီအိမ်ကို တည်ဆောက်စဉ်က ခိုင်ခံ့ပြီး ကြာရှည်ခံတဲ့ Douglas fir သစ်တွေကို သုံးကာ ဝန်ထမ်းချည်းပဲ ၃၀၀ကျော် အသုံးပြုတည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။ ဒီအထဲက ၁၀၀ ကျော်ကတော့ လျှပ်စစ်ကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။

အိမ်ထဲကို ဧည့်သည်တယောက်လာပြီ ဆိုရင်ဝန်ထမ်းတွေက လုံခြုံရေးစောင့်ကြည့်စနစ်တွေကို ဖြတ်ကျော်စေဖို့ Pin တခုပေးပါလိမ့်မယ်။ အိမ်ထဲကို ဧည့်သည်ရောက်လာတာနဲ့ တပြိုင်နက် သင့်တော်တဲ့ အခန်းအပူချိန်နဲ့ လျှပ်စစ်မီးတွေကို ဖွင့်ပေးမှာ ဖြစ်သလို နံရံနောက်မှာ လျို့ဝှက်တပ်ဆင်ထားတဲ့ Speaker တွေကနေ ဂီတသံတွေ ထွက်လာစေမှာ ဖြစ်ပါတယ်။ ဧည့်သည်ပြန်ထွက်သွားတာနဲ့ ဒီအရာတွေဟာ သူ့အလိုလို ပိတ်သွားစေမှာ ဖြစ်ပါတယ်။

အိမ်တအိမ်လုံးရဲ့ အပူကို လျှော့ကျစေဖို့အတွက် သဘာဝပတ်ဝန်းကျင်ကိုသာ အဓိက အသုံးပြုထားပါတယ်။ အနီးမှာ ရေကန်ကြီးနဲ့အတူ တအိမ်လုံးပတ်ပတ်လည်မှာ သစ်ပင်တွေ ထူထပ်စွာ ရှိနေတာကြောင့် ဒီအိမ်ဟာ လေထုညစ်ညမ်းမှု မရှိပဲ အမြဲအေးမြနေစေမှာပါ။

အိမ်ထဲက နံရံတွေမှာတော့ ဒေါ်လာ ၈သောင်းတန် ကွန်ပျူတာ မျက်နှာပြင်တွေကို တပ်ဆင်ထားပါတယ်။ ဒီ မျက်နှာပြင်တွေကနေ ဘယ်သူမဆို အကြိုက်ဆုံး နာမည်ကျော်တွေရဲ့ ပန်းချီကား တွေ ၊ ဓာတ်ပုံတွေကို ပြောင်းလဲလို့ရအောင် ဖန်တီးထားပါတယ်။ ဒီပန်းချီကားတွေ ၊ ဓာတ်ပုံတွေကို ပြသနိုင်ဖို့အတွက် နည်းပညာ ပစ္စည်းတွေကိုတော့ ဒေါ်လာ ၁၅၀,၀၀၀ အကုန်ကျခံကာ တပ်ဆင်ထားတာဖြစ်ပါတယ်။

စတုရန်းပေ ၃၉၀၀ ကျယ်ဝန်းတဲ့ အညိုရောင် အိမ်တဆောင်ထဲမှာတော့ အလျား ၆၀ပေ အနံ ၁၇ပေ ရှိတဲ့ ရေကူးကန် တခုကို ထည့်သွင်းတည်ဆောက်ထားပါသေးတယ်။ ရေကူးနေစဉ်မှာတော့ ရေအောက်ကြမ်းပြင်ကနေ ဂီတသံတွေ ထွက်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ Locker Room တွေနဲ့အတူ ရေချိုးခန်းတွေကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။

ဘီဂိတ်စဟာ စိတ်ကြိုက်ခုန်လို့ရတဲ့ Trampoline ကိုလည်း နှစ်သက်ပါတယ်။ Trampoline ခန်းရဲ့အမြင့်ကတော့ ပေ ၂၀ ခန့်ရှိပြီး ဒီအထဲမှာတော့ အပန်းဖြေတဲ့အနေနဲ့ စိတ်လွတ်ကိုယ်လွတ် ပုံသဏ္ဍာန်မျိုးစုံနဲ့ ခုန်နေနိုင်ပါတယ်။ Trampoline ဆိုတာကတော့ စပရိန်ခံထားတဲ့ ပိတ်စကို ပြောတာပါ။ အားကစားခန်းမကလည်း စတုရန်းပေ ၂၅၀၀ ခန့်ရှိပြီး ချွေးထုတ်ခန်း နဲ့ ရေနွေးငွေ့ခန်းတွေကိုပါ တပါတည်း ထည့်ပေးထားပါသေးတယ်။

စားသောက်ခန်းမကတော့ စတုရန်းပေ ၁၀၀၀ ကျယ်ဝန်းကာ လူပေါင်း ၂၀၀ ဝန်းကျင်ကို တပါတည်း ဧည့်ခင်းနိုင်ပြီး နံရံရဲ့ တဖက်မှာတော့ ၆ပေ အမြင့်ရှိတဲ့ ထုံးကျောက်မီးဖိုကြီး ရှိပြီး တဖက်မှာတော့ ၂၂ပေ အကျယ်ရှိတဲ့ ဗီဒီယို မျက်နှာပြင်ကြီး တခု ရှိနေပါတယ်။ တအိမ်လုံးမှာတော့ ရေချိုးခန်းချည်းပဲ ၂၄ ခု တောင် ရှိနေပါတယ်။ ဒါတွေကိုတော့ ဘီဂိတ်စ်ဟာ ဧည့်ခံပွဲ ပါတီတွေ ကျင်းပတဲ့အခါ ဧည့်သည်တွေ တပါတည်း အသုံးပြုလို့ ရစေဖို့ တည်ဆောက်ထားတာဖြစ်ပါတယ်။ မီးဖိုချောင်ချည်းပဲ ၆ ခုဟာ အိမ်ရဲ့ နေရာအနှံ့မှာ ရှိနေပါတယ်။ အိမ်ရဲ့ ဘယ်နေရာမှာမှာ ပါတီလုပ်လုပ် အနီးဆုံး မီးဖိုချောင်ကနေ ဝန်ထမ်းတွေက ချက်ပြုတ်စီစဉ်ပေးမှာ ဖြစ်ပါတယ်။

စာအုပ်ချစ်သူဘီဂီတ်စ်ဟာ ဒီအိမ်မှာလည်း စတုရန်းပေ ၂၁၀၀ ကျယ်ဝန်းတဲ့ စာကြည့်တိုက်ကို ထည့်သွင်းထားပါတယ်။ အမိုးခုံးနဲ့အတူ ကြီးမားတဲ့ စာအုပ်စင်ကြီးတွေ ရှိနေပြီး ဒီနေရာမှာ တန်ဖိုးအရှိဆုံးကတော့ သန်း ၃၀ ကျော်တန် လက်ရေးမူဖြစ်ပါတယ်။ ဒီလက်ရေးမူကိုတော့ Codex Leicester လို့ခေါ်ပြီး ရေးသားခဲ့သူကတော့ အီတလီစွယ်စုံပညာရှင်ကြီး လီယိုနာဒို ဒါဗင်ချီဖြစ်ပါတယ်။ လီယိုနာဒိုဒါဗင်ချီကို လေးစားတဲ့ ဘီဂိတ်စ်ဟာ ၁၉၉၄ ခုနှစ်လေလံပွဲမှာ ဒီလက်ရေးမူကို ဒေါ်လာ ၃၀.၈သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

အိမ်တွင်းရုပ်ရှင်ရုံကတော့ လူပေါင်း ၂၀ တခါတည်းကြည့်ရှု့နိုင်ပါတယ်။ ၁၉၂၀ ခုနှစ် ပြင်သစ်မှာ ထင်ရှားခဲ့တဲ့ Art Deco ဗိသုကာစတိုင် နဲ့ အလှဆင်တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါအပြင် အဆင်သင့်ယူစားလို့ရအောင် ပြောင်းဖူးပေါက်ပေါက် စက်တခုပါ ရှိနေပါသေးတယ်။

ကမ်းခြေမှာတော့ ထူးထူးခြားခြား အိမ်တလုံး ရှိနေပါသေးတယ်။ စတုရန်းပေ ၉၀၀ ခန့် ကျယ်တဲ့အိမ်ဖြစ်ပြီး ဘာထူးခြားသလဲဆိုရင်တော့ ဒီအိမ်ကို ဆိပ်ခံဘောသဏ္ဍာန် အောက်ခံကာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ရေထဲမှာ အေးအေးဆေးဆေး နေလိုတဲ့အခါ ဒါမှမဟုတ်ရေထဲမှာပဲ ပွဲတခုခုကျင်းပချင်တဲ့အခါ ဒီအိမ်ကို ရေထဲကို ဆွဲယူသွားနိုင်စေဖို့ ဖြစ်ပါတယ်။ ဒါအပြင် သူ့ဆီ လာရောက်တည်းခိုသူတွေအတွက် စတုရန်းပေ ၁၅၀၀ ကျယ်ဝန်းတဲ့ အိမ်တလုံးကို ပင်မအိမ်လိုပဲ ပရိဘောဂ ၊ နည်းပညာ အပြည့်အစုံ နဲ့ တည်ဆောက်ပေးထားပါသေးတယ်။

အိမ်ခြံဝန်းထဲမှာတော့ တကယ့်အစစ်ကဲ့သို့ စမ်းချောင်းတခုကိုလည်း ဖန်တီးထားပါသေးတယ်။ ကျောက်တုံး ကျောက်ခဲတွေအကြားမှာ စီးဆင်းနေတဲ့ ဒီ လူလုပ်စမ်းချောင်းလေးထဲမှာ ငါးလေးတွေကိုပါ ထည့်သွင်း မွေးမြူထားပါသေးတယ်။ ဒါအပြင် ကိုယ်ပိုင်ကမ်းခြေတခုလည်း ဖန်တီးထားပြီး သဲတွေကိုတော့ ကာရစ်ဘီယံ စိန့်လူစီယာ ဒေသကနေ တကူးတက သယ်ယူထားတာဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ သူဌေးကြီး ဘီဂိတ်စ်ဟာ သူ့ရဲ့အိမ်ကို ဘယ်လို အပြင်အဆင်တွေနဲ့ တည်ဆောက်ထားသလဲ ဆိုတာကို သိလောက်ပြီထင်ပါတယ်။

Tags: architecture
Next Post
အင်္ဂတေ မသုံးပဲ တည်ဆောက်ထားတဲ့ ခံတပ်ကြီး

အင်္ဂတေ မသုံးပဲ တည်ဆောက်ထားတဲ့ ခံတပ်ကြီး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!