၂၀၁၉ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးဆရာဆုကို အာဖရိကတိုက်မှာရှိတဲ့ ကင်ညာနိုင်ငံသား ဆရာတယောက်က အခြားစာရင်းဝင် နိုင်ငံပေါင်း ၁၇၉နိုင်ငံက ဆရာ ဆရာမပေါင်း ၁၀၀၀၀ကျော်ကို ကျော်ဖြတ်ကာ ရရှိသွားခဲ့ပါတယ်။ ဒီတခါတော့ သူ့ရဲ့အကြောင်းကို ဝေမျှချင်ပါတယ်။
သူ့နာမည်ကတော့ Peter Mokaya Tabichi ပီတာမိုကာရားတာဘီချီ ဖြစ်ပြီး သူ့ကို ၁၉၈၂ ခုနှစ်မှာ ကင်ညာနိုင်ငံ Nyamira ဒေသ အစွန်အဖျားကျေးရွာတရွာမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက ဆရာဖြစ်ချင်ခဲ့သူဖြစ်ပြီး အဓိက အကြောင်းရင်းကတော့ နိမ့်ကျနေတဲ့ ပတ်ဝန်းကျင် ကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲပစ်ချင်လို့ပါ လို့ သူက ဆိုပါတယ်။ သူ့ရဲ့ ပညာသင်ကြားရေးကိုတော့ ပြင်ပကျောင်းတခုမှာ စတင်ခဲ့ပါတယ်။
တာဘီချီဟာ စိန့်ဖရန်စစ် အသင်းဂိုဏ်းဝင် ဘရာသာတယောက်လည်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတော့ သူဟာ Keriko Mixed Day အလယ်တန်းကျောင်းကိုပြောင်းရွှေ့ပြီး သင်္ချာ နဲ့ ရူပဗေဒ ဘာသာတွေကို သင်ကြားပေးခဲ့ပါတယ်။ ဒီကျောင်းဟာ ရစ်ဖ်တောင်ကြားဒေသက အလွန်ခေါင်တဲ့ ရွာမှာတည်ရှိပြီး ဒီရွာဟာ ငတ်မွတ်ခေါင်းပါးမှု နဲ့ ရေရှားမှုတို့ကို အစဉ်လိုလို ခံစားနေရတဲ့ ရွာဖြစ်ပါတယ်။
ဆရာ တာဘီချီဟာ လစဉ်လတိုင်း သူ့ရဲ့လစာ၂၀% နဲ့ လောက်အောင်သုံးစွဲပြီး ကျန်တဲ့ ၈၀%ကိုတော့ ချို့တဲ့တဲ့ တပည့်ဖြစ်သူတွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒီကျောင်းမှာ တက်တဲ့ ကျောင်းသားတွေဟာ မတူညီတဲ့ လူမျိုးစု ၇ ခုစုက လာတာဖြစ်ပြီး အားလုံးနီးဟာ အလွန်ချို့တဲ့သူတွေ ဖြစ်ပါတယ်။ ကျောင်းသား စုစုပေါင်းရဲ့ ၃ပုံ ၁ခန့်ဟာလည်း မိဘ တယောက်စီသာကျန်တော့သူတွေဖြစ်ပါတယ်။
ဒီဒေသမှာတော့ ခိုက်ရန်ဖြစ်ပွားခြင်း ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ခြင်း ၊ မူးယစ်ဆေးဝါးသုံးစွဲကြခြင်း ၊ အသက်မပြည့်မီကိုယ်ဝန်ဆောင်ခြင်း ၊ အိမ်ထောင်ကျခြင်း နဲ့ မိမိကိုယ်မိမိ သတ်သေခြင်း စတာတွေဟာ အမြဲလိုလိုဖြစ်လေ့ရှိတာကြေင့် ဒီဖြစ်ရပ်တွေကို သာမန်ဖြစ်ရပ်တွေအဖြစ်သာ သတ်မှတ်ထားကြပါတယ်။ ဒီလိုအရပ်မျိုးမှာ ရှိနေတဲ့ကျောင်းကို ဆရာ တာဘီချီဟာ အကောင်းဆုံး ပြောင်းလဲပစ်နိုင်ခဲ့တာဖြစ်ပါတယ်။
တကျောင်းလုံးမှာမှ ကွန်ပျူတာတလုံးပဲ ရှိသလို အင်တာနက်လိုင်းလည်း ကောင်းကောင်းမရပါဘူး။ ဆရာ နဲ့ ကျောင်းသား အချိုးချကြည့်ပါကလည်း သူ ၅၈ယောက်အတွက် ဆရာ ၁ယောက်သာ ရှိပါတယ်။ တာဘီချီဟာ အရင်ဆုံးအနေနဲ့ ကျောင်းခန်းထဲမှာ မကြာခဏခိုက်ရန်ဖြစ်ပွားနေမှုတွေကို ငြိမ်းချမ်းသွားအောင်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ကြိုးစားမှုကြောင့် မကြေမလည်ဖြစ်နေတဲ့ ကျောင်းသား သူ အချင်းချင်းဟာ တစည်းတလုံးတည်း ဖြစ်သွားခဲ့ကြပါတယ်။
ကျောင်းသားတွေရဲ့ အခက်အခဲတွေကို တတ်နိုင်သလောက် အစွမ်းကုန်ကူညီပေးခြင်းအားဖြင့် ကျောင်းမှန်မှန်တက်လာစေခဲ့တယ်။ ဒီလို ကျောင်းမှန်လာစေဖို့အတွက် ကျောင်းသားတွေကိုသာမကပဲ တရွာလုံးက ကျောင်းသားမိဘတွေကိုပါ နားလည်သဘောပေါက်အောင် ကြိုးကြိုးစားစား စည်းရုံးခဲ့ရပါတယ်။ ဒေသခံတွေအတွက် သီးနှံစိုက်ပျိုးရေးနည်းလမ်းတွေကို သင်ကြားပေးခဲ့ပြီး ငတ်မွတ်ခေါင်းပါးမှုကို လျှော့ချပေးခဲ့ပါတယ်။
သူ့အတွက် အခက်ခဲဆုံးအလုပ်ကတော့ ဒေသခံတွေကို ပညာရေးဟာ အလွန်တန်ဖိုးကြီးကြောင်း နားလည်သဘောပေါက်အောင် ရှင်းပြရတာ ဖြစ်ပါသတဲ့။ တဖြည်းဖြည်းနားလည်လာဖို့ ဒေသခံတွေရဲ့အိမ်တွေကို အကြိမ်ကြိမ်သွားရောက်ကာ ရှင်းပြခဲ့ရပြီး နောက်ပိုင်းမှာတော့ ကလေးတွေကို ကျောင်းထွက်နှုန်းနည်းလာသွားဖို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီဒေသရဲ့ ထုံးစံဖြစ်နေတဲ့ မိန်းကလေးတွေကို စောစီးစွာအိမ်ထောင်မပြုစေပဲ ကျောင်းပြီးဆုံးအောင် တက်ခိုင်းဖို့လည်း တတ်နိုင်သမျှ တိုက်တွန်းနိုင်ခဲ့ပါတယ်။
ဒါအပြင် တပည့်တွေကို သူကိုယ်တိုင်ဦးဆောင်ကာ တဖန်ပြည်လည်သုံးစွဲနိုင်တဲ့စွမ်းအင်နည်းလမ်းများကို ရှာဖွေ တပ်ဆင်ပြီး ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတဲ့ ဒေသခံတွေရဲ့ လိုအပ်ချက်ကို ဖြည့်ပေးခဲ့ပါတယ်။ သူ့ရဲ့ကြိုးစားမှုကြောင့် ဒေသခံတွေရဲ့ယုံကြည်မှုကို ရရှိခဲ့ကာ သူသင်ကြားတဲ့ အတန်းဟာလည်း သိသိသာသာ တိုးတက်လာခဲ့ပြီး အရင်က ကျောင်းမှန်မှန်မတက်ကြရာကနေ ကျောင်းမှန်လာခဲ့ကြပါတယ်။ သူ့တပည့်တွေဟာ Intel နိုင်ငံတကာ သိပ္ပံနဲ့ အင်ဂျင်နီယာပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်တဲ့အထိ စွမ်းဆောင်ပြနိုင်ခဲ့ကြပြီး တော်ဝင်ဓာတုဗေဒ အသင်းကြီးကနေ ဆုတခုရရှိခဲ့ပါတယ်။
သူပြောင်းလာခဲ့တဲ့ ၂နှစ်ကျော်ကာလအတွင်းမှာ အဆိုးဆုံးအခြေအနေကနေ အကောင်းဆုံးအခြေအနေကို ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ တက္ကသိုလ်တက်နိုင်သူ အရေအတွက်ကလည်း ၂ဆကျော် တက်သွားခဲ့ပါတယ်။ သူ့ရဲ့ရှိသမျှအချိန်အားလုံးကို တပည့်တွေရဲ့အနာဂတ်အတွက် ပေးထားခဲ့တာဖြစ်ပါတယ်။
ဒီလိုစွမ်းဆောင်မှုတွေကြောင့် သူ့ကို ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆရာအဖြစ် ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဆရာဆုကို ယူအေအီးနိုင်ငံမှာရှိတဲ့ Varkey ဖောင်ဒေးရှင်းကနေ ပေးအပ်တာဖြစ်ပြီး နှစ်စဉ် ကမ္ဘာတဝှမ်းက အကောင်းဆုံးအကျိုးပြုနိုင်တဲ့ ဆရာတွေထဲက ရွေးချယ်ပေးအပ်တာဖြစ်ပါတယ်။ အရင်ကတော့ ဒီဆုကို အမေရိကန် ၊ ပါလက်စတိုင်း ၊ ကနေဒါ နဲ့ အင်္ဂလန် နိုင်ငံတွေက ဆရာတွေက ရရှိခဲ့ပါတယ်။
ဆုကြေးအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ ၁သန်း ရရှိတာဖြစ်ပြီး ဆုယူဖို့ရာ ဒူဘိုင်းကိုသွားတဲ့ခရီးဟာ တာဘီချီရဲ့ဘဝမှာ ပထမဆုံး လေယာဉ်ပျံစီးဖူးခြင်းဖြစ်ပါတယ်။ သူဟာ Hugh Jackman ဆုကို ရရှိခဲ့သလို ကင်ညာသမ္မရဲ့ တလေးတစား ချီးကျူးခြင်းကိုလည်း ခံခဲ့ရပါတယ်။
ကလေးတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ပြောင်းလဲခဲ့သလဲ ဆိုတဲ့မေးခွန်းကိုတော့ တာဘီချီက အောက်ပါအတိုင်းဖြေခဲ့ပါတယ်
ပထမဆုံး သူတို့ကို ယုံကြည်မှုရှိအောင်လုပ်တယ်။ ကလေးတိုင်းမှာ ထူးချွန်တဲ့ အရည်အချင်း တစုံတရာတော့ ရှိနေတာချည်းပဲ ၊ ကျွန်တော်သူတို့နဲ့ ရင်းနှီးအောင်နေတယ် ၊ အမျိုးမျိုးသော လှုပ်ရှားမှုတွေကနေ သူတို့ရဲ့ အားသာချက်ကို မြင်အောင်ကြည့်တယ်။ ပြီးတော့ ပြောရုံတင်မဟုတ်ပဲ လက်တွေ့လုပ်ခိုင်းတယ်၊ သူတို့ကို တိုးတက်စေချင်ရင် သူတို့နဲ့ ရင်းရင်းနှီးနှီးနေကြည့်ဖို့လိုတယ်။
နောက်တခုက ငြိမ်းချမ်းရေး ၊ ကျွန်တော် သိပ္ပံဘာသာတွေရပ်သင်တယ် ဒါပေမယ့် အတန်းကို ငြိမ်းချမ်းအောင် အရင်လုပ်ရတယ် ၊ ကလေးတွေက မတူညီတဲ့လူမျိုး ၊ မတူညီတဲ့ရွာတွေကလာတယ် ၊ အဖွဲ့ငယ်လေးတွေကွဲနေပြီး အခြေအတင် ပေါက်ကွဲမှုတွေ မကြာခဏဖြစ်လေ့ရှိတယ်၊ အဲဒီတော့ မတည့်တဲ့သူတွေကို ပေါင်းပေးပြီး စကားပြောပြိုင်ပွဲတွေ ၊ ဉာဏ်စမ်းပြိုင်ပွဲ ၊ အားကစားတွေ ၊ သစ်ပင်စိုက်တာတွေကို ပူးပေါင်းပြီးလုပ်စေတယ် ။ ပြီးတော့ သိပ္ပံသင်ခန်းစာတွေကိုလည်း ပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းတွေနဲ့ပဲ ရသလောက် လက်တွေ့လုပ်ခိုင်းတယ်။ အသင်းအဖွဲ့တွေနဲ့ ဒီလိုလက်တွေ့လုပ်ရတာကို သဘောကျကြတယ်။ မကြာခဏ ဒီလိုတွေလုပ်တော့ တယောက်နဲ့ တယောက်နားလည်လာကြတယ်။ အခုတော့ အားလုံး အဖွဲ့အစည်းတခုတည်းဖြစ်သွားပြီလေ။
ရလာတဲ့ ဆုကြေးကိုရော ဘယ်လိုအသုံးချမလဲ ဆိုတဲ့ မေးခွန်းကိုတော့ “နိမ့်ကျနေတဲ့ လူမှုအသိုင်းအဝိုင်းကို တိုးတက်အောင် ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတွေကို လှူဒါန်းသွားမှာပါ။ ဒီထက်ပိုကောင်းပြီး ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်တဲ့ နည်းလမ်းကိုလည်း ရှာဖွေနေဆဲ လို့ တာဘီချီက ဆိုပါတယ်။
အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း မိမိတပည့်များ အသိဉာဏ်ကြွယ်ဝပြီး တိုးတက်လာမှုတွေကို မြင်ရတာဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်သောပျော်ရွှင်မှုဖြစ်ကြောင်း ၊ သူတို့ဘဝလမ်းကြောင်းကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်ပေါ်တင်ပေးနိုင်ခဲ့သည့်အတွက်လည်း ဝမ်းသာကြည်နူးမိကြောင်း ၊ ဆက်လက်ပြီးလည်း မိမိနိုင်ငံရဲ့ နိမ့်ကျလျက်ရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် ဆရာတယောက်အနေနဲ့ ကြိုးစားသွားမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
—— ——- ——–
(Zawgyi)
သူဘာေၾကာင့္ ကမာၻ႔အေကာင္းဆုံး ဆရာဆု ရရွိခဲ့သလဲ
၂၀၁၉ ခုႏွစ္ရဲ႕ ကမာၻ႔အေကာင္းဆုံးဆရာဆုကို အာဖရိကတိုက္မွာရွိတဲ့ ကင္ညာႏိုင္ငံသား ဆရာတေယာက္က အျခားစာရင္းဝင္ ႏိုင္ငံေပါင္း ၁၇၉ႏိုင္ငံက ဆရာ ဆရာမေပါင္း ၁၀၀၀၀ေက်ာ္ကို ေက်ာ္ျဖတ္ကာ ရရွိသြားခဲ့ပါတယ္။ ဒီတခါေတာ့ သူ႔ရဲ႕အေၾကာင္းကို ေဝမွ်ခ်င္ပါတယ္။
သူ႔နာမည္ကေတာ့ Peter Mokaya Tabichi ပီတာမိုကာရားတာဘီခ်ီ ျဖစ္ၿပီး သူ႔ကို ၁၉၈၂ ခုႏွစ္မွာ ကင္ညာႏိုင္ငံ Nyamira ေဒသ အစြန္အဖ်ားေက်း႐ြာတ႐ြာမွာ ေမြးဖြားခဲ့ပါတယ္။ သူဟာ ငယ္စဥ္ကတည္းက ဆရာျဖစ္ခ်င္ခဲ့သူျဖစ္ၿပီး အဓိက အေၾကာင္းရင္းကေတာ့ နိမ့္က်ေနတဲ့ ပတ္ဝန္းက်င္ ကို ပိုမိုေကာင္းမြန္ေအာင္ ေျပာင္းလဲပစ္ခ်င္လို႔ပါ လို႔ သူက ဆိုပါတယ္။ သူ႔ရဲ႕ ပညာသင္ၾကားေရးကိုေတာ့ ျပင္ပေက်ာင္းတခုမွာ စတင္ခဲ့ပါတယ္။
တာဘီခ်ီဟာ စိန႔္ဖရန္စစ္ အသင္းဂိုဏ္းဝင္ ဘရာသာတေယာက္လည္းျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္ကေတာ့ သူဟာ Keriko Mixed Day အလယ္တန္းေက်ာင္းကိုေျပာင္းေ႐ႊ႕ၿပီး သခ်ၤာ နဲ႔ ႐ူပေဗဒ ဘာသာေတြကို သင္ၾကားေပးခဲ့ပါတယ္။ ဒီေက်ာင္းဟာ ရစ္ဖ္ေတာင္ၾကားေဒသက အလြန္ေခါင္တဲ့ ႐ြာမွာတည္ရွိၿပီး ဒီ႐ြာဟာ ငတ္မြတ္ေခါင္းပါးမႈ နဲ႔ ေရရွားမႈတို႔ကို အစဥ္လိုလို ခံစားေနရတဲ့ ႐ြာျဖစ္ပါတယ္။
ဆရာ တာဘီခ်ီဟာ လစဥ္လတိုင္း သူ႔ရဲ႕လစာ၂၀% နဲ႔ ေလာက္ေအာင္သုံးစြဲၿပီး က်န္တဲ့ ၈၀%ကိုေတာ့ ခ်ိဳ႕တဲ့တဲ့ တပည့္ျဖစ္သူေတြ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးခဲ့ပါတယ္။ ဒီေက်ာင္းမွာ တက္တဲ့ ေက်ာင္းသားေတြဟာ မတူညီတဲ့ လူမ်ိဳးစု ၇ ခုစုက လာတာျဖစ္ၿပီး အားလုံးနီးဟာ အလြန္ခ်ိဳ႕တဲ့သူေတြ ျဖစ္ပါတယ္။ ေက်ာင္းသား စုစုေပါင္းရဲ႕ ၃ပုံ ၁ခန႔္ဟာလည္း မိဘ တေယာက္စီသာက်န္ေတာ့သူေတြျဖစ္ပါတယ္။
ဒီေဒသမွာေတာ့ ခိုက္ရန္ျဖစ္ပြားျခင္း ၊ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေက်ာင္းထြက္ျခင္း ၊ မူးယစ္ေဆးဝါးသုံးစြဲၾကျခင္း ၊ အသက္မျပည့္မီကိုယ္ဝန္ေဆာင္ျခင္း ၊ အိမ္ေထာင္က်ျခင္း နဲ႔ မိမိကိုယ္မိမိ သတ္ေသျခင္း စတာေတြဟာ အၿမဲလိုလိုျဖစ္ေလ့ရွိတာေၾကင့္ ဒီျဖစ္ရပ္ေတြကို သာမန္ျဖစ္ရပ္ေတြအျဖစ္သာ သတ္မွတ္ထားၾကပါတယ္။ ဒီလိုအရပ္မ်ိဳးမွာ ရွိေနတဲ့ေက်ာင္းကို ဆရာ တာဘီခ်ီဟာ အေကာင္းဆုံး ေျပာင္းလဲပစ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
တေက်ာင္းလုံးမွာမွ ကြန္ပ်ဴတာတလုံးပဲ ရွိသလို အင္တာနက္လိုင္းလည္း ေကာင္းေကာင္းမရပါဘူး။ ဆရာ နဲ႔ ေက်ာင္းသား အခ်ိဳးခ်ၾကည့္ပါကလည္း သူ ၅၈ေယာက္အတြက္ ဆရာ ၁ေယာက္သာ ရွိပါတယ္။ တာဘီခ်ီဟာ အရင္ဆုံးအေနနဲ႔ ေက်ာင္းခန္းထဲမွာ မၾကာခဏခိုက္ရန္ျဖစ္ပြားေနမႈေတြကို ၿငိမ္းခ်မ္းသြားေအာင္လုပ္ခဲ့ပါတယ္။ သူ႔ရဲ႕ႀကိဳးစားမႈေၾကာင့္ မေၾကမလည္ျဖစ္ေနတဲ့ ေက်ာင္းသား သူ အခ်င္းခ်င္းဟာ တစည္းတလုံးတည္း ျဖစ္သြားခဲ့ၾကပါတယ္။
ေက်ာင္းသားေတြရဲ႕ အခက္အခဲေတြကို တတ္ႏိုင္သေလာက္ အစြမ္းကုန္ကူညီေပးျခင္းအားျဖင့္ ေက်ာင္းမွန္မွန္တက္လာေစခဲ့တယ္။ ဒီလို ေက်ာင္းမွန္လာေစဖို႔အတြက္ ေက်ာင္းသားေတြကိုသာမကပဲ တ႐ြာလုံးက ေက်ာင္းသားမိဘေတြကိုပါ နားလည္သေဘာေပါက္ေအာင္ ႀကိဳးႀကိဳးစားစား စည္း႐ုံးခဲ့ရပါတယ္။ ေဒသခံေတြအတြက္ သီးႏွံစိုက္ပ်ိဳးေရးနည္းလမ္းေတြကို သင္ၾကားေပးခဲ့ၿပီး ငတ္မြတ္ေခါင္းပါးမႈကို ေလွ်ာ့ခ်ေပးခဲ့ပါတယ္။
သူ႔အတြက္ အခက္ခဲဆုံးအလုပ္ကေတာ့ ေဒသခံေတြကို ပညာေရးဟာ အလြန္တန္ဖိုးႀကီးေၾကာင္း နားလည္သေဘာေပါက္ေအာင္ ရွင္းျပရတာ ျဖစ္ပါသတဲ့။ တျဖည္းျဖည္းနားလည္လာဖို႔ ေဒသခံေတြရဲ႕အိမ္ေတြကို အႀကိမ္ႀကိမ္သြားေရာက္ကာ ရွင္းျပခဲ့ရၿပီး ေနာက္ပိုင္းမွာေတာ့ ကေလးေတြကို ေက်ာင္းထြက္ႏႈန္းနည္းလာသြားဖို႔ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီေဒသရဲ႕ ထုံးစံျဖစ္ေနတဲ့ မိန္းကေလးေတြကို ေစာစီးစြာအိမ္ေထာင္မျပဳေစပဲ ေက်ာင္းၿပီးဆုံးေအာင္ တက္ခိုင္းဖို႔လည္း တတ္ႏိုင္သမွ် တိုက္တြန္းႏိုင္ခဲ့ပါတယ္။
ဒါအျပင္ တပည့္ေတြကို သူကိုယ္တိုင္ဦးေဆာင္ကာ တဖန္ျပည္လည္သုံးစြဲႏိုင္တဲ့စြမ္းအင္နည္းလမ္းမ်ားကို ရွာေဖြ တပ္ဆင္ၿပီး ကမာၻႀကီးနဲ႔ အဆက္ျပတ္ေနတဲ့ ေဒသခံေတြရဲ႕ လိုအပ္ခ်က္ကို ျဖည့္ေပးခဲ့ပါတယ္။ သူ႔ရဲ႕ႀကိဳးစားမႈေၾကာင့္ ေဒသခံေတြရဲ႕ယုံၾကည္မႈကို ရရွိခဲ့ကာ သူသင္ၾကားတဲ့ အတန္းဟာလည္း သိသိသာသာ တိုးတက္လာခဲ့ၿပီး အရင္က ေက်ာင္းမွန္မွန္မတက္ၾကရာကေန ေက်ာင္းမွန္လာခဲ့ၾကပါတယ္။ သူ႔တပည့္ေတြဟာ Intel ႏိုင္ငံတကာ သိပၸံနဲ႔ အင္ဂ်င္နီယာၿပိဳင္ပြဲမွာ ဗိုလ္လုပြဲေရာက္တဲ့အထိ စြမ္းေဆာင္ျပႏိုင္ခဲ့ၾကၿပီး ေတာ္ဝင္ဓာတုေဗဒ အသင္းႀကီးကေန ဆုတခုရရွိခဲ့ပါတယ္။
သူေျပာင္းလာခဲ့တဲ့ ၂ႏွစ္ေက်ာ္ကာလအတြင္းမွာ အဆိုးဆုံးအေျခအေနကေန အေကာင္းဆုံးအေျခအေနကို ေျပာင္းလဲပစ္ႏိုင္ခဲ့ပါတယ္။ တကၠသိုလ္တက္ႏိုင္သူ အေရအတြက္ကလည္း ၂ဆေက်ာ္ တက္သြားခဲ့ပါတယ္။ သူ႔ရဲ႕ရွိသမွ်အခ်ိန္အားလုံးကို တပည့္ေတြရဲ႕အနာဂတ္အတြက္ ေပးထားခဲ့တာျဖစ္ပါတယ္။
ဒီလိုစြမ္းေဆာင္မႈေတြေၾကာင့္ သူ႔ကို ၂၀၁၉ ခုႏွစ္အတြက္ ကမာၻ႔အေကာင္းဆုံးဆရာအျဖစ္ ေ႐ြးခ်ယ္ခဲ့ၾကျခင္းျဖစ္ပါတယ္။ ကမာၻ႔အေကာင္းဆုံးဆရာဆုကို ယူေအအီးႏိုင္ငံမွာရွိတဲ့ Varkey ေဖာင္ေဒးရွင္းကေန ေပးအပ္တာျဖစ္ၿပီး ႏွစ္စဥ္ ကမာၻတဝွမ္းက အေကာင္းဆုံးအက်ိဳးျပဳႏိုင္တဲ့ ဆရာေတြထဲက ေ႐ြးခ်ယ္ေပးအပ္တာျဖစ္ပါတယ္။ အရင္ကေတာ့ ဒီဆုကို အေမရိကန္ ၊ ပါလက္စတိုင္း ၊ ကေနဒါ နဲ႔ အဂၤလန္ ႏိုင္ငံေတြက ဆရာေတြက ရရွိခဲ့ပါတယ္။
ဆုေၾကးအေနနဲ႔ကေတာ့ အေမရိကန္ေဒၚလာ ၁သန္း ရရွိတာျဖစ္ၿပီး ဆုယူဖို႔ရာ ဒူဘိုင္းကိုသြားတဲ့ခရီးဟာ တာဘီခ်ီရဲ႕ဘဝမွာ ပထမဆုံး ေလယာဥ္ပ်ံစီးဖူးျခင္းျဖစ္ပါတယ္။ သူဟာ Hugh Jackman ဆုကို ရရွိခဲ့သလို ကင္ညာသမၼရဲ႕ တေလးတစား ခ်ီးက်ဴးျခင္းကိုလည္း ခံခဲ့ရပါတယ္။
ကေလးေတြကို ဘယ္လိုနည္းလမ္းေတြနဲ႔ ေျပာင္းလဲခဲ့သလဲ ဆိုတဲ့ေမးခြန္းကိုေတာ့ တာဘီခ်ီက ေအာက္ပါအတိုင္းေျဖခဲ့ပါတယ္
ပထမဆုံး သူတို႔ကို ယုံၾကည္မႈရွိေအာင္လုပ္တယ္။ ကေလးတိုင္းမွာ ထူးခြၽန္တဲ့ အရည္အခ်င္း တစုံတရာေတာ့ ရွိေနတာခ်ည္းပဲ ၊ ကြၽန္ေတာ္သူတို႔နဲ႔ ရင္းႏွီးေအာင္ေနတယ္ ၊ အမ်ိဳးမ်ိဳးေသာ လႈပ္ရွားမႈေတြကေန သူတို႔ရဲ႕ အားသာခ်က္ကို ျမင္ေအာင္ၾကည့္တယ္။ ၿပီးေတာ့ ေျပာ႐ုံတင္မဟုတ္ပဲ လက္ေတြ႕လုပ္ခိုင္းတယ္၊ သူတို႔ကို တိုးတက္ေစခ်င္ရင္ သူတို႔နဲ႔ ရင္းရင္းႏွီးႏွီးေနၾကည့္ဖို႔လိုတယ္။
ေနာက္တခုက ၿငိမ္းခ်မ္းေရး ၊ ကြၽန္ေတာ္ သိပၸံဘာသာေတြရပ္သင္တယ္ ဒါေပမယ့္ အတန္းကို ၿငိမ္းခ်မ္းေအာင္ အရင္လုပ္ရတယ္ ၊ ကေလးေတြက မတူညီတဲ့လူမ်ိဳး ၊ မတူညီတဲ့႐ြာေတြကလာတယ္ ၊ အဖြဲ႕ငယ္ေလးေတြကြဲေနၿပီး အေျခအတင္ ေပါက္ကြဲမႈေတြ မၾကာခဏျဖစ္ေလ့ရွိတယ္၊ အဲဒီေတာ့ မတည့္တဲ့သူေတြကို ေပါင္းေပးၿပီး စကားေျပာၿပိဳင္ပြဲေတြ ၊ ဥာဏ္စမ္းၿပဳိင္ပြဲ ၊ အားကစားေတြ ၊ သစ္ပင္စိုက္တာေတြကို ပူးေပါင္းၿပီးလုပ္ေစတယ္ ။ ၿပီးေတာ့ သိပၸံသင္ခန္းစာေတြကိုလည္း ပတ္၀န္းက်င္မွာရွိတဲ့ပစၥည္းေတြနဲ႔ပဲ ရသေလာက္ လက္ေတြ႔လုပ္ခုိင္းတယ္။ အသင္းအဖြဲ႔ေတြနဲ႔ ဒီလုိလက္ေတြ႔လုပ္ရတာကို သေဘာက်ၾကတယ္။ မၾကာခဏ ဒီလိုေတြလုပ္ေတာ့ တေယာက္နဲ႔ တေယာက္နားလည္လာၾကတယ္။ အခုေတာ့ အားလုံး အဖြဲ႕အစည္းတခုတည္းျဖစ္သြားၿပီေလ။
ရလာတဲ့ ဆုေၾကးကိုေရာ ဘယ္လိုအသုံးခ်မလဲ ဆိုတဲ့ ေမးခြန္းကိုေတာ့ “နိမ့္က်ေနတဲ့ လူမႈအသိုင္းအဝိုင္းကို တိုးတက္ေအာင္ ကူညီေပးႏိုင္မယ့္ အဖြဲ႕အစည္းေတြကို လႉဒါန္းသြားမွာပါ။ ဒီထက္ပိုေကာင္းၿပီး ပိုမိုအက်ိဳးျဖစ္ထြန္းေစႏိုင္တဲ့ နည္းလမ္းကိုလည္း ရွာေဖြေနဆဲ လို႔ တာဘီခ်ီက ဆိုပါတယ္။
အခက္အခဲေပါင္းမ်ားစြာကို ရင္ဆိုင္ခဲ့ရေသာ္လည္း မိမိတပည့္မ်ား အသိဉာဏ္ႂကြယ္ဝၿပီး တိုးတက္လာမႈေတြကို ျမင္ရတာဟာ သူ႔အတြက္ တန္ဖိုးမျဖတ္ႏိုင္ေသာေပ်ာ္႐ႊင္မႈျဖစ္ေၾကာင္း ၊ သူတို႔ဘဝလမ္းေၾကာင္းကို ပိုမိုေကာင္းမြန္တဲ့ အနာဂတ္ေပၚတင္ေပးႏိုင္ခဲ့သည့္အတြက္လည္း ဝမ္းသာၾကည္ႏူးမိေၾကာင္း ၊ ဆက္လက္ၿပီးလည္း မိမိႏိုင္ငံရဲ႕ နိမ့္က်လ်က္ရွိတဲ့ လူမႈအသိုင္းအဝိုင္းေတြအတြက္ ဆရာတေယာက္အေနနဲ႔ ႀကိဳးစားသြားမွာျဖစ္တယ္လို႔ သူက ဆိုပါတယ္။
Discussion about this post