ဒီတစ်ခါမှာတော့ သုတဇုန် မိတ်ဆွေများအတွက် တူသလိုလိုနဲ့ ကွဲပြားနေတဲ့ အကြောင်းအရာလေးတချို့ကို ဗဟုသုတ အနေနဲ့ မျှဝေချင်ပါတယ်။
Alligators – မိကျောင်းခေါင်းတို တွင် တို၍ ဝိုင်းသော(U ပုံစံ) နှာတံရှိသည်။ တိုလွန်းသောခြေထောက်များနှင့် ကြီး မားသော ကိုယ်ထည်ရှိသောကြောင့် ကုန်းပေါ်တွင် အသွားအလာ နှေးကွေးသည့်ပြင် ကိုရိုးကားရား နိုင်လှပေသည်။
Crocodiles – မိကျောင်းခေါင်းရှည်တွင်မူ ရှည်လျားသော V ပုံစံ နှာတံရှိသည်။ မိကျောင်းခေါင်းရှည်သည် မိကျောင်းခေါင်းတိုထက် ပို၍ ရန်မူတတ်လေသည်။
Great Britain – ဂရိတ်ဗြိတ်တိန်တွင် စကော့တလန် ၊ ဝေးလ် နှင့် အင်္ဂလန် သုံးနိုင်ငံပါဝင်သည်။
United Kingdom – Uk တွင်မူ စကော့တလန် ၊ ဝေးလ် ၊ အင်္ဂလန် နှင့် မြောက်အိုင်ယာလန် တို့ပါရှိသည်။
Poisonous – အပင် ၊ အစားအစာစသည်တို့ကို စားသောက်၍ဖြစ်စေ ၊ ထိတွေ့၍ ဖြစ်စေ အဆိပ်မိခြင်းကို Poisonous ဟုခေါ်သည်။
Venomous – သတ္တဝါတစ်ကောင်ကောင်အကိုက်ခံရ၍ အဆိပ်မိသည်ကို Venomous ဟုခေါ်သည်။
Rabbits – အကောင်ငယ်ပြီး အနည်းငယ်တိုသောနား ၊ တိုသောခြေချောင်းလက်ချောင်းများ ပိုင်ဆိုင်သည်။ အရောင်မှာ solid color ရှိသည်။ Rabbit ငယ်များကို bunny ဟုခေါ်သည်။
Hares – Rabbit များထက်အကောင်ပိုကြီးကာ ပို၍လျှင်မြန်သည်။ ရှည်သောနားရွက် ၊ ရှည်သောခြေချောင်းလက်ချောင်းများ ရှိသည်။ သူတို့၏ အမွှေးအမြင်များတွင်မူ အမည်းစက်များရှိသည်။ Hare ငယ်များကိုမူ Leveret ဟုခေါ်သည်။
Turtle – Turtle များသည်သူတို့ဘဝ၏ အချိန်အများစုကို ရေထဲတွင်သာ ကုန်ဆုံးလေ့ရှိသည်။ ပေါ့ပါးသော အခွံများကိုပိုင်ဆိုင်သည်။ ပျမ်းမျှသက်တမ်းမှာမူ နှစ် ၂၀ မှ ၄၀ ကြားသာရှိသည်။ အသက်အရှည်ဆုံး Turtle ၏အသက်မှာ ၈၆နှစ် ဖြစ်သည်။
Tortoise – Tortoise များမှာမူ သူတို့၏ အချိန်များစွာကို ကုန်းပေါ်တွင်သာ ကုန်ဆုံးလေ့ရှိသည်။ ကြီးမားလေးလံသောအခွံများကို ပိုင်ဆိုင်သည်။ သက်တမ်းအားဖြင့် အနှစ် ၈၀ မှ ၁၅၀ ကြားရှိသည်။ အသက်အရှည်ဆုံး Tortoise ၏အသက်မှာ ၁၈၆နှစ် ဖြစ်သည်။
Seal – နားပေါက်ပါသော်လည်း နားရွက်မပါ။ ရှည်လျှားသော လက်သည်းများပိုင်ဆိုင်ပြီး ကိုယ်ခန္ဓာတွင် အမွှေးအမြင်များထူထပ်သည်။ အရွယ်အစားအားဖြင့် Sea Lion များထက် သေးငယ်ကာ အကောင်အကြီးဆုံးမှာ ၆ပေခန့်ရှိပြီး အလေးချိန် ပေါင် ၃၀၀ခန့် ရှိတတ်သည်။
Sea Lion – သိသာထင်ရှားသော နားရွက်များပါရှိသည်။ တိုသော လက်သည်းများပိုင်ဆိုင်ပြီး ကိုယ်ခန္ဓာတွင် အမွှေးအမြင်နည်းပါးသည်။ အရွယ်အစားအဖြင့် ၈ပေခန့်အထိရှိပြီး အလေးချိန်မှာမူ ၆၅၀ပေါင် ခန့်အထိလေးသည်။ အကြီးဆုံး Seal Lion အမျိုးအစားဖြစ်သည့် Steller’s sea lion မှာ မူ အလွန်ကြီးမားပြီး ၁၀ပေခန့် ရှည်ကာ ပေါင် ၂၂၀၀ ခန့်လေးသည်။
Weather – ယာယီဖြစ်ပေါ်သော ရာသီဥတု အခြေအနေများကိုဖော်ပြရာတွင် သုံးသည်။
Climate – နေရာတစ်ခု သို့ အချိန်ကာလတစ်ခု၏ ပျမ်းမျှရာသီဥတုကို ခြုံ၍ ဖော်ပြရာတွင် သုံးသည်။
Sphinx – ဂရိဒဏ္ဍာရီများထဲပါရှိသည့် ထူးဆန်းသည့် သတ္တဝါတစ်ကောင်ဖြစ်သည်။ စဖင့် (Sphinx) ရဲ့ အဓိပ္ပါယ်ကတော့ “လည်မြို ကို ညှစ်သူ”ဖြစ်သည် ။ ငှက်တကောင်ရဲ့ တောင်ပံတစ်စုံရယ်၊ ခြင်္သေ့တစ်ကောင်ရဲ့ ခန္ဓာကိုယ်ရယ် ၊ မိန်းမတစ်ယောက်ရဲ့ ဦးခေါင်းတစ်လုံးရယ် တွဲစပ်ထုဆစ်ထားတဲ့ သတ္တဝါကို ခေါ်ဆိုခြင်းဖြစ်သည်။ ကမ္ဘာအကျော်ကြားဆုံ စဖင့်ရုပ်မှာ ဂိုင်ဇာပိရမစ်ကြီးမှာရှိတဲ့ စဖင့်ရုပ်ဖြစ်သည်။
Sphynx – အမွှေးမရှိသောကြောင်တစ်မျိုးအဖြစ် လူသိများသည်။ ပထမဆုံးအနေဖြင့် ၁၉၆၆ခုနှစ်က ကနေဒါတွင်မွေးဖွားခဲ့သည်ဟု သိရသည်။ အမွှေးမရှိဟုဆိုေသော်လည်း သူ၏ခန္ဓာကိုယ်ကို အမွှေးနုကဲ့သို့အရေပြားဖြင့် ဖုံးအုပ်ထားသဖြင့် ချောမွေ့သည်။ ကြီးမားသောမျက်လုံး ၊ နားရွက်များကို ပိုင်ဆိုင်သည်။
Armadillo – Armadillo ဆိုတာ ကြေးခွံမာတွေနဲ့ဖုံးလွှမ်းလျက်ရှိပြီး အန္တရာယ်ရှိသောအခါ ဘောလုံးတစ်လုံးလိုလုံးခွေနေတတ်သော သတ္တဝါတစ်မျိုးဖြစ်သည်။ သင်းခွေချပ်နှင့် မျိုးနွယ်ခြင်းတူသည်။ သူတို့၏အကြေးခွံများမူ ထောင်မနေပဲ ပြားကပ်နေတတ်သည်။ တစ်နေ့လျှင် ၁၆နာရီခန့်အိပ်တတ်သည်။
Pangolin – သင်းခွေချပ် ဟုခေါ်လေ့ရှိသော Pangolin များသည်လည်း ကြေးခွံမာများဖြင့် ဖုံးအုပ်ထားသည်။ အကြေးခွံများမှာ အမြီးဖျားမှ ဦးခေါင်းထိတိုင်အောင် ရှိသည်။ သင်းခွေချပ် တစ်ကောင်ရဲ့ အရွယ်အစားသည် အရှည် ၁၂ လက်မကနေ ၃၉ လက်မထိ ရှိနိုင်သည်။ ခြကောင်နဲ့ ပုရွှက်ဆိတ်တွေများသည် သူတို့၏ အဓိကအစားအစာဖြစ်သည်။ အစာတွေကို သူတို့ရဲ့ စေးကပ်တဲ့ လျှာတွေနဲ့ တို့ထိဖမ်းယူ စားသောက်လေ့ရှိသည်။ ကမ္ဘာတစ်ဝန်းတွင် လူများစားသောက်ရန်အတွက် သင်းခွေချပ်များစွာ အသတ်ခံနေရသည်။
Butterfly – လိပ်ပြာသည် နေ့ခင်းတွင် ပျံသန်းကြ ၍ ညဉ့်တွင် အိပ်ကြသည်။ နားသောအခါ၌ အတောင်မျာကို ယင်း၏ ကိုယ်ပေါ်တွင် ထောင်၍ ထားသည်။ လိပ် ပြာ၏ အာရုံမှင်များမှာ သေး၍အဖျားတွင် အဖုကလေးများ ရှိနေသည်ကို တွေ့ရပေလိမ့်မည်။ လိပ်ပြာ၏ ခန္ဓာကိုယ်သည်သေးသေးသွယ်သွယ်ဖြစ်သည်။
Moth – ပိုးဖလံများကမူ လိပ်ပြာများနှင့် ဆန့်ကျင်ကာ ညဉ့်ဖက်တွင် ပျံသန်းကြ၍ နေ့ဖက်တွင် အိပ်ကြသည်။ နားသည့်အခါတွင် အတောင်ပံများကို ဖြန့်ထားလေသည်။ ပိုးဖလံ၏ အာရုံမှင်အဖျားတွင်မူ အဖုကလေးကို တွေ့ရ မည်မဟုတ်ချေ။ ပိုးဖလံ၏ ခန္ဓာ ကိုယ်မှာမူ ကြီး၍ဆူဖြိုးလေသည်။
ဗဟုသုတ အနည်းငယ်တော့ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Photos : Bored Panda
Discussion about this post