ဒီစာရင်းမှာဖော်ပြပေးချင်တာကတော့ တိရစ္ဆာန်တွေရဲ့မျိုးရိုးဗီဇကို အခြေခံပြီး သိပ္ပံပညာရှင်တွေ ဖန်တီးခဲ့တဲ့ တိရစ္ဆာန်အတုတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။ဒီတိရစ္ဆာန်တွေဟာ စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ဇာက်ကားတွေနဲ့ ကာတွန်းဇာက်ကားတွေထဲက ဇာက်ကောင်တွေလို အသံပြုပြီး လမ်းလျှောက်နိုင်ကြတဲ့အထိနည်းပညာမြင့်မားကြပါတယ်။
သိပ္ပံ နဲ့ သုသေသနပညာရှင်တွေဟာ လူသားတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုဖြေရှင်းပေးရန်ရည်ရွယ်ချက်နဲ့ ဓာက်ခွဲခန်းတွေအတွင်း လက်တွေ့စမ်းသပ်ချက်များစွာပြုလုပ်ပြီး ဒီတိရစ္ဆာန်တွေကို ဖန်တီးရခြင်းဖြစ်ပါတယ်။ ဒီတခါတော့ ဒီရှားရှားပါးပါး အကြောင်းအရာလေးကို သုတဇုန်မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ မျှဝေလိုက်ပါတယ်။
(၁) Sudden –Death Mosquito
Sudden –Death Mosquito ဆိုတဲ့ ခြင်မျိုးစိတ်တွေကိုတော့ လူသားတွေကိုနေ့စဉ်ဒုက္ခပေးနေတဲ့ခြင်မျိုးစိတ်တွေကို တိုက်ဖျက်ရန်ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ခဲ့ကြတာပါ။ သက်ရှိတွေကိုသေစေနိုင်ခြင်း (သို့)မျိုးမအောင်အောင်နိုင်ခြင်းတွေဖြစ်စေနိုင်တဲ့ မျိုးရိုးဗီဇတွေထည့်ပေးထားတဲ့ခြင်ထီးတွေကို ခြင်မတွေနဲ့သဘာဝအတိုင်းမိတ်လိုက်စေခြင်းအားဖြင့် ခြင်တွေရဲ့ မျိုးပွားနူန်းကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။
အင်္ဂလန် ဇီဝနည်းပညာကုမ္ပဏီတစ်ခုက သိပ္ပံပညာရှင်တွေကတော့ သူတို့ထုတ်လုပ်ထားတဲ့ Sudden –Death Mosquito ခြင်မျိုးစိတ်တွေဟာ သွေးလွန်တုတ်ကွေးရောဂါအပါအဝင် ရောဂါအမျိုးမျိုးဖြစ်စေနိုင်တဲ့ ခြင်မတွေကို သန္ဓေအောင်ခြင်းမရှိအောင် ထိန်းချုပ်နိုင်တယ်လို့ အခိုင်အမာပြောဆိုကြပါတယ်။ နှစ်စဉ်ကမ္ဘာပေါ်မှာရှိတဲ့လူ၂.၃သန်း လောက်ဟာ ခြင်ကြောင့်ဖြစ်တဲ့ရောဂါကို ခြင်တွေကတစ်ဆင့် ကူးစက်ခံနေရပြီး လူ(၂၅၀၀၀)လောက် သေဆုံးနေရပါတယ်။
(၂) Glofish (Zebrafish)
အမှောင်ထဲမှာအရောင်တောက်ပတဲ့ အာနိသင်ရှိတဲ့ Zebrafish ငါးမျိုးစိတ်တွေကိုတော့ မျိုးရိုးဗီဇဆိုင်ရာ မွမ်းမံမှုတွေပြုလုပ်ပြီး ဖန်တီးထားတာပါ။ Zebrafish တွေဟာအနီရောင်၊ လိမ္မော်ရောင်၊အစိမ်းရောင်စသည်ဖြင့် တောက်ပတဲ့အရောင်တွေကို ပိုင်ဆိုင်ကြပါတယ်။ Glofish တွေကိုတော့ ၁၉၉၉ ခုနှစ်က ဒေါက်တာ Zhiyuan Gong နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက စုပေါင်းဖန်တီးခဲ့ကြပါတယ်။ သူတို့ဟာ ပထမဆုံးဂျယ်လီငါးတွေရဲ့ Gene ဖြစ်တဲ့အရောင်တောက်ပတဲ့ protein (အသားဓာက်တွေ)ကို ထုတ်ယူပါတယ်။ ထုတ်ယူပြီးတဲ့ Geneတွေကို Zebrafish ငါးမရဲ့သန္ဓေသားထဲထိုးသွင်းပြီး သက်ရှိဇီဝပစ္စည်းတစ်ခုရဲ့ မျိုးပွားပစ္စည်းအဖြစ် မွေးဖွားစေပါတယ်။
ဒီအလင်းရောင်ထွက်နေတဲ့ငါးမျိုးစိတ်တွေကို ဖန်တီးရခြင်းကတော့ ဒီငါးတွေကထွက်တဲ့ အလင်းဓာက်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ လူမျက်စိနဲ့မမြင်နိုင်တဲ့ အဆိပ်အတောက်တွေကို မြင်နိုင်လို့ပါ။ ဒီငါးမျိုးစိတ်တွေဟာ အလင်းရောင်ကို စုပ်ယူနိုင်ပြီး တစ်ဆင့်ပြန်လည်ထုတ်လွှင့်နိုင်တာမို့ သူတို့ကိုယ်ကအရောင်ထွက်နေတာလို့ထင်ရတာပါ။ Glofish တွေဟာပထမဆုံးမျိုးရိုးဗီဇကိုအခြေခံပြီး နည်းပညာဆိုင်ရာ ပြုပြင်ဖန်တီးမှုတွေပြုလုပ်ထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်ပါတယ်။
(၃) သိုးကလေး Dolly
Dolly ဟာပထမဆုံးထုတ်လုပ်တဲ့ နို့တိုက်သတ္တဝါကိုယ်ပွားဖြစ်ပြီး အလွန်သေးငယ်တဲ့ ဆဲလ်တွေနဲ့တည်ဆောက်ထားတာပါ။သူကို ၁၉၉၆ခုနှစ်မှာ စကော့တလန်မှာရှိတဲ့ Roslin အသက်မွေးဝမ်းကြောင်းတက္ကသိုလ်က Ian Wilmut နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက ဖန်တီးခဲ့ကြပါတယ်။ Dolly ဟာ ၂၀၀၃မှာတော့ သိုးတွေအသက်ကြီးလာရင်ဖြစ်လေ့ရှိတဲ့ အဆုတ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့တာပါ။
ပုံမှန် မိဘနှစ်ပါးကမွေးဖွားလာရင်တော့ sex cell တွေတုံ့ပြန်ပေါင်းစပ်မှုတွေ ဖြစ်နိုင်ပေမယ့် Dolly ကိုတော့Sex Cell တွေ ပေါင်းစပ်မှုတွေမပါစေပဲ သက်ရှိကလပ်စည်းရဲ့ ဗဟိုကူးပြောင်းခြင်းနည်းနဲ့မွေးဖွားခဲ့တာပါ။ Dollyဟာ သန္ဓေအောင်ခဲ့ပြီး သူမသေခင်အထိ သိုး (၆)ကောင်အထိ မွေးဖွားခဲ့ပါတယ်။ ပထမဆုံး ၁၉၉၈ခုနှစ်မှာ Bonnie ကို ၊ ဒုတိယ Sally နဲ့ Rosie အမွှာ ၊ တတိယ Lucy , Darcy နဲ့ Cotton သုံးမွှာ ကိုမွေးဖွားပေးခဲ့ပါတယ်။
(၄) Vacanti Mouse
Vacanti Mouse မျိုးစိတ်တွေကိုတော့ ၁၉၉၅ မှာ မန်ချူးရီးယားဆေးတက္ကသိုလ်၊ မေ့ဆေးဆိုင်ရာဌာနခွဲက ဒေါက်တာ Charles Vacanti နဲ့သူလုပ်ဖော်ကိုင်ဖက်တွေက ပေါင်းစပ်တီထွင်ခဲ့တာပါ။ ဒီဓာက်ခွဲခန်းသုံးကြွက်တွေရဲ့ နောက်ဘက်မှာ လူနားရွက်ပုံစံအရာတစ်ခုပါရှိပါတယ်။ ဒီကြွက်တွေမှာ တွေ့ရတဲ့ လူပုံနားရွက်တွေဟာ ရှင်သန်နေတဲ့ ဆဲလ်တွေပါတဲ့ နားပုံသဏ္ဍန် အရွတ်ကြောအဖွဲ့အစည်းတွေဖြစ်ပါတယ်။
နွားတွေဆီက ထုတ်ယူထားတဲ့အရွတ်ဆဲလ်တစ်သျှူးတွေကတစ်ဆင့် လူခန္ဓာကိုယ်ထဲက ဘတ်တီးရီးယားပိုးမွှားတွေကိုတိုက်ဖျက်ပေးပြီး တစ်သျှူးအသစ်တွေသဘာဝအတိုင်း ပြန်လည်ပေါက်ဖွားလာနိုင်ရန်ဖြစ်ပါတယ်။ကြွက်ရဲ့အရေပြားအောက်မှာ ရှိတဲ့ အရွတ်ဆဲလ်တစ်သျှူးတွေကို လူခန္ဓာကိုယ်ထဲကိုထိုးသွင်းကုသပြီးသဘာဝအတိုင်းအရိုး၊ အရွက်တွေကိုပြန်လည်ရှင်သန်စေဖို့အတွက် ဒီကြွက်တွေကိုဖန်တီးခဲ့တာဖြစ်ပါတယ်။
(၅) See-Through Frog
Glass frog (or) See-Through Frog မျိုးစိတ်တွေဟာ တိရိစ္ဆာန်တွေကိုခွဲစိတ် စစ်ဆေးခြင်းကို ပျောက်ကွယ်သွားစေရန် ဖန်တီးထားတာပါ။ ဒီဖားတွေရဲ့ ခန္ဓာကိုယ်ဟာ တိုးယိုပေါက်မြင်ရတဲ့ အတွက် သူတို့အတွင်းပိုင်းရှိ နှလုံး၊ အသည်း၊ သွေးကြော၊ ကလီစာ၊ မျိုးဥစတာတွေကို သုသေသနပညာရှင်တွေအနေနဲ့ ခွဲစိတ်စရာမလိုပဲ အသေးစိတ်မြင်နိုင်ပါတယ်။ ဒါအပြင် ဘယ်အစိတ်အပိုင်းတွေက ဘယ်လိုကြီးထွားနေတယ်၊ ဖားခန္ဓာကိုယ်ထဲက အမြစ်အပွား သွေးကြောမျိုးစုံဘယ်လောက်အထိ ပျံ့နှံ့နေပြီဖြစ်ကြောင်း အလွယ်တကူနဲ့ သိနိုင်ပါတယ်။ အံံ့သြဖွယ်ကောင်းတဲ့ ဗီဇရုပ်တွေကို ပြုပြင်ပြောင်းလဲနိုင်ပြီး ဆေးပညာလောကအတွက်အရေးပါတဲ့ တီထွင်မှုပါ။
(၆) Ruppy
တောင်ကိုရီးယားနိုင်ငံမှာတော့ Ruppyလို့ခေါ်တဲ့ သိပ္ပံနည်းပညာနဲ့တီထွင်ထားတဲ့ အိမ်မွေးတိရစ္ဆာန်ခွေးကလေးဟာ နာမည်ကြီးပါတယ်။ Ruppyဟာ ကမ္ဘာ့ပထမဆုံး transgenic နည်းနဲ့ ဖန်တီးထားတဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်ပြီးတောင်ကိုရီးယားနိုင်ငံ ဆိုးလ်တက္ကသိုလ်က Beyong Chun Lee က တီထွင်ဖန်တီး ပေးခဲ့တာပါ။ လူခန္ဓာကိုယ်ထဲမှာရှိတဲ့ တစ်သျှူးဆဲလ်တွေထဲမှာ ဗက်တီးရီးယား ရောဂါပိုးမွှားမည်မျှပ့ျံနှံ့နေပြီ ဖြစ်ကြောင်းကို Ruppy ရဲ့ gene ဖြစ်တဲ့ အနီရောင် ခရမ်းလွန်ရောင်ခြည်နဲ့ ပြသပေးတာပါ။ ယခုအခါမှာတော့ သူတို့ဟာလူတွေ အတွက်ချစ်စရာအိမ်မွေး တိရိစ္ဆာန် တွေဖြစ်လာပါပြီ။
(၇) Landmine Detecting Plants
ဒိန်းမတ်နိုင်ငံ ကိုဗင်ဟေဂင်မြို့က သိပ္ပံပညာရှင်တွေဟာ သဘာဝနည်းကို အသုံးပြုပြီး တိုက်ပွဲဧရိယာအတွင်းရှိ မြေမြှုပ်မိုင်းတွေကို ရှာဖွေနိုင်တဲ့အပင်အမျိုးအစား တစ်ခုကိုတီထွင်နိုင်ခဲ့ပါတယ်။ Landmine Detecting Plants တွေဟာ စခန်းဧရိယာ ရဲ့မြေအောက်တစ်နေရာမှာ မြေမြှုပ်မိုင်းတွေရှိနေကြောင်းကို ဒီအပင်တွေရဲ့ အရွက်တွေကထုတ်လွတ်တဲ့ Nitrogen dioxide တွေကတစ်ဆင့်အသိပေးပါတယ်။ အရွက်တွေကထုတ်လွှတ်တဲ့ Nitrogen dioxide တွေဟာ မှိုင်းနဲ့ တွေ့ထိပါက အရွက်တွေဟာ အနီရောင်အဖြစ် ပြောင်းလဲသွားမှာပါ။ အလွန်တန်ဖိုးရှိတဲ တီထွင်မှုပါ။
(၈) Enviropig
မျိုုးရိုးဗီဇကိုလိုက်ပြီး ပြုပြင်မွမ်းမံထားတဲ့ ဒီဝက်မျိုးစိတ်ဟာ သဘာဝပတ်ဝန်းကျင်ကို ဘေးဖြစ်စေတဲ့ စွန့်ပစ်ပစ္စည်းတွေကို စားသောက်ပစ်ရန် ရည်ရွယ်ချက်နဲ့ထုတ်လုပ် ဖန်တီးထားတာပါ။သဘာဝပတ်ဝန်းကျင်လှပအောင် ဖန်တီးပေးမဲ့ ဝတ်မျိုးစိတ်တွေရဲ့ ပြန်လည်စွန့်ထုတ်လိုက်တဲ့ မစင်မှာ ဂေဟ စနစ်ကိုဆိုးရွားစွာ ပျက်ဆီးစေတတ်တဲ့ ဖောစဖောရပ် ၆၅ ရာခိုင်နှုန်းထက်မနည်း ပါဝင်နေပါတယ်။
(၉) Fuel Excreting Genetically Modified Bugs
သုသေသနပညာရှင်တွေဟာ ဆီလီကွန် Valley boasts တွေကို အသုံးပြုပြီး ဗီဇပြုပြင်ထားတဲ့ ကြမ်းပိုးတွေကို ထုတ်လုပ်ဖန်တီးခဲ့ကြပါတယ်။ဒီကြမ်းပိုးတွေဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ဘေးဖြစ်စေတဲ့ ရောဂါပိုးမွှားတွေနဲ့ စွန့်ပစ်ပစ္စည်း၊ အညစ်အကြေး ဒီဇယ်လောင်စာတွေကို စားသောက်ပြီး သဘာဝပတ်ဝန်းကျင်ကို လှပအောင်ဆောင်ရွက်ပေးကြတယ်လို့ ဆိုပါတယ်။
သုတဇုန်
Discussion about this post