• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သားပိုက်ကောင်မဟုတ်တဲ့ အခြား သားပိုက်တဲ့ အကောင်များ

by Thutamm
January 14, 2021
Reading Time: 3min read
0
သားပိုက်ကောင်မဟုတ်တဲ့ အခြား သားပိုက်တဲ့ အကောင်များ
Share on FacebookShare on Twitter

Kangaroo မိခင်ဟာ သားကို ပိုက်ထားတဲ့ ပုံသဏ္ဍာန်ရှိလို့ ကျွန်တော်တို့က သားပိုက်ကောင် လို့ပဲ အလွယ်တကူ ခေါ်ဝေါ်ကြပါတယ်။ တကယ်တော့ မိခင် ဝမ်းဗိုက်ရဲ့အပြင်ဘက်မှာ ရှိတဲ့ Pouch အိတ်ငယ်အတွင်းဝင်နေတာဖြစ်ပြီး အရွယ်အတော်ရောက်တဲ့အခါမှ အိတ်အပြင်ဘက် ထွက်ခါနေထိုင်ကြပါတယ်။ ဒါတောင်မှ တစုံတခုနဲ့ ကြုံလို့ကြောက်လန့်တဲ့အခါ မိခင်ရဲ့ အိတ်ထဲကို ဝင်ပြေးတတ်ကြပါသေးတယ်။

ဒါဆိုရင် ဒီအိတ်ဟာ သားပိုက်ကောင်မှာပဲ ပါတာလား ဆိုရင်တော့ မဟုတ်ပါဘူး။ Marsupial အမျိုးအစား စားရင်းဝင် အခြား တိရစ္ဆာန်အချို့မှာလည်း သားငယ်ကို ထည့်သယ်ဆောင်တဲ့ အိတ်တွေ ပါရှိတတ်ကြပါတယ်။ အဲဒီထဲက ၅ မျိုးကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

Wombat

Wombat တွေကတော့ ခြေထောက်တိုတဲ့ လေးဘက်သွား အကောင်လေးတွေဖြစ်ပြီး သူတို့ရဲ့မူရင်းဒေသက သြစတြေးလျဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ခန္ဓာကိုယ်အလျား ၃ပေခွဲခန့်အထိ ရှိတတ်ပြီး အလေးချိန်ကတော့ ပေါင် ၈၀ နီးပါး ရှိတတ်ပါတယ်။ မျိုးစိတ်အားဖြင့် ၃ မျိုးရှိနေပြီး သြစတြေးလျတောင်ပိုင်း နဲ့ အနောက်ပိုင်းက သစ်တောမြေ ၊ တောင်တန်းဒေသ နဲ့ ချုံပုတ်ပင်များ ထူထပ်တဲ့ဒေသတွေမှာ နေထိုင်ကျက်စားကြပါတယ်။ သားငယ်ကို ထည့်သယ်တဲ့ သူတို့ရဲ့အိတ်ကတော့ အနောက်ဘက်မှာ ပါရှိတာပါ။

Koala

ကွားလား (Koala) ဝက်ဝံ(သို့) ကိုလာဝက်ဝံ တွေဟာ ချစ်စဖွယ်ကောင်းပြီး သားပိုက်ကောင်ကဲ့သို့သားငယ်ကို ဝမ်းဗိုက်မှာအိတ်နဲ့သယ်ဆောင်တဲ့သတ္တဝါဖြစ်ပါတယ်။ ဝက်ဝံနဲ့တူလို့ bear လို့တပ်ခေါ်ပေမယ့် ကွားလားတွေဟာ ဝက်ဝံမျိုးနွယ်မဟုတ်ပဲ သားပိုက်ကောင်မျိုးနွယ်သာဖြစ်ပါတယ်။ မူရင်းဒေသကတော့သြစတေးလျှဖြစ်ပြီး ယူကလစ်တောတွေမှာနေထိုင်ကြပါတယ်။

ကွားလားဝက်ဝံ ၂မျိုးရှိပါတယ်။ သြစတေးလျှ မြောက်ပိုင်းဒေသမှာ ရှင်သန်ကျက်စားကြတဲ့ ကွားလားကောင်တွေဟာ အရွယ်အစားအလွန်သေးငယ်ပြီး မီးခိုးရောင်သန်းတဲ့အမွှေးများရှိပါတယ်။ တောင်ပိုင်းဒေသမှာရှိတဲ့အကောင်တွေကတော့ အရွယ်အစားကြီးမားပြီး အညိုရောင်သန်းတဲ့အမွှေးများရှိပါတယ်။ ခန္ဓာကိုယ်အလျား ၃ပေခန့် အထိရှည်လားပြီး ၃၃ပေါင်ခန့် အလေးချိန်ရှိတတ်ပါတယ်။ ပုံမှန်အားဖြင့် တစ်နေ့ကို ၁၆ နာရီမှ ၂၀နာရီ အထိအိပ်လေ့ရှိကြပြီး တချို့ကတော့ ၂၂နာရီအထိတောင် အိပ်လေ့ရှိတာကြောင့် အအိပ်လွန်ကြီးတဲ့ကောင်တွေ ဖြစ်ပါတယ်။

Brushtail possum

possum ကောင်တွေထဲမှာ ဒုတိယအကြီးဆုံး အမျိုးအစားဖြစ်ပြီး သူတို့ရဲ့ မူရင်းဒေသက သြစတြေးလျဖြစ်ပါတယ်။ သစ်ပင်တွေပေါ်မှာသာ နေထိုင်လေ့ရှိပြီး သစ်ရွက်တွေကိုသာ အဓိက အစားအစာအဖြစ် စားသုံးလေ့ရှိကြပါတယ်။ ခန္ဓာကိုယ်အလျား ၁ပေကနေ ၂ပေ နီးပါးရှိတတ်ပြီး ကြီးမားတောင့်တင်းတဲ့ အမြီးကတော့ ၁ပေကျော် ရှည်လျားပါတယ်။ အမဟာ သူတို့ရဲ့ မွေးပြီးခါစ သားငယ်လေးတွေကို အိတ်ထဲမှာ ၄-၅ လ ကြာတဲ့အထိ ထည့်ထားလေ့ရှိပါတယ်။

Quokka

အမြဲပြုံးရွင်တဲ့ မျက်နှာပေးတဲ့နေတတ်တာကြောင့် အပျော်ရွှင်ဆုံး တိရစ္ဆာန်လို့ တင်စားကြခံရတဲ့ Quokka တွေဟာလည်း ဒီစာရင်းမှာ ပါပါတယ်။ သြစတြေးလျ အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ Rottnest ကျွန်း နဲ့ အခြားကျွန်းအချို့မှာပဲ တွေ့ရလေ့ရှိပါတယ်။ ခန္ဓာကိုယ်အလျား ၁၆လက်မကနေ ၂၁ လက်မခန့်ရှိပြီး အလေးချိန်ကတော့ ၆ပေါင်ကနေ ၁၁ပေါင်ခန့် အထိ ရှိတတ်ပါတယ်။ မြက် ၊ သစ်ရွက် နဲ့ ဟင်းသီးဟင်းရွက်တွေကိုသာ စားသုံးပြီး သစ်ပင်ငယ်လေးတွေကို တက်နိုင်စွမ်းရှိပါတယ်။ အကောင်ပေါက်ကလေးတွေဟာ မိခင်ဖြစ်သူရဲ့ အိတ်ထဲမှာ ၆လ ခန့်အထိ နေထိုင်ကြလေ့ရှိပါတယ်။

Tree-kangaroo

သစ်ပင်ပေါ်မှာပဲနေပြီး သားပိုက်ကောင်တွေနဲ့တူတာကြောင့် ဒီအမည်ရထားတာဖြစ်ပြီး သူတို့ရဲ့ သိပ္ပံအမည်က Dendrolagus matschiei ဖြစ်ပါတယ်။ ဒီကောင်တွေကိုတော့ နယူးဂီနီကျွန်းက မိုးသစ်တောတွေနဲ့ သြစတြေးလျ ကွင်းစလန် အနောက်မြောက်ပိုင်း ဒေသတွေမှာပဲ တွေ့ရတတ်လေ့ရှိပါတယ်။ အမျိုးအစားများစွာရှိပြီး အငယ်ဆုံးကောင်တွေက ၁ပေခွဲခန့်ရှိကာ အကြီးဆုံးကောင်တွေကတော့ ၃ပေ ဝန်းကျင်အထိ ရှိတတ်ကာ အလေးချိန် ပေါင် ၃၀ ခန့်အထိ လေးတတ်ပါတယ်။ သစ်ရွက် နဲ့ သစ်သီး တွေကိုပဲ စားသုံးကြပါတယ်။ သူတို့ရဲ့ အိတ်ထဲမှာ သားငယ်လေးတွေကို ထည့်ပြီး ထိန်းသိမ်းစောင့်ရှောက်တာဟာ ၉ လ ဝန်းကျင်အထိ ရှိတတ်တာပါတယ်။

Tags: animals
Next Post
သမိုင်းတလျှောက် ဈေးအကြီးဆုံး ပန်းချီကားများ

သမိုင်းတလျှောက် ဈေးအကြီးဆုံး ပန်းချီကားများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!