Monday, March 1, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူသိနည်းတဲ့ ကမ္ဘာ့အကြီးဆုံးပိရမစ်ကြီး ချိုလူလာ

by Thutamm
August 1, 2019
Reading Time: 4min read
0
လူသိနည်းတဲ့ ကမ္ဘာ့အကြီးဆုံးပိရမစ်ကြီး ချိုလူလာ
Share on FacebookShare on Twitter

ကျွန်တော်တို့အများစု သိကြသည်မှာ ကမ္ဘာပေါ်တွင် အကြီးဆုံးပိရမစ်မှာ အီဂျစ်နိုင်ငံက ဂိုင်ဇာမဟာပိရမစ်ကြီးဖြစ်တယ် ဆိုတဲ့အကြောင်းပါ။ ဒါပေမယ့် တကယ်တမ်းတော့ ဒီအချက်ဟာ မှားယွင်းနေပါတယ်။ ဂိုင်ဇာပိရမစ်ထက်ပိုကြီးတဲ့ ပိရမစ်ကြီးတစ်ခုကို မက္ကဆီကိုနိုင်ငံမှာ ရှိနေသေးလို့ဖြစ်ပါတယ်။ ဒီပိရမစ်ကြီးကိုတော့ ချိုလူလာ(Cholula) ပိရမစ်ကြီးလို့ခေါ်ပါတယ်။

ချိုလူလာ ပိရမစ်ကြီးဟာ မက္ကဆီကိုနိုင်ငံ Puebla ပြည်နယ်က ချိုလူလာမြို့မှာတည်ရှိပါတယ်။ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ ထိုပိရမစ်ကြီးရဲ့အောက်ခြေဟာ အလျား ၁၄၈၀ပေ ၊ အနံ ၁၄၈၀ပေ ရှိပြီး ဂိုင်ဇာပိရမစ်ကြီးရဲ့အခြေထက် ၃ဆ ပိုကြီးပါတယ်။(အမြင့်မှာတော့ ၂၁၇ပေသာ ရှိတဲ့အတွက် ၄၅၅ပေရှိတဲ့ ဂိုင်ဇာပိရမစ်ကြီးက ပိုမြင့်ပါတယ်)။

ထုထည်အရ ချိုလူလာပိရမစ်ကြီးရဲ့ထုထည်ဟာ ၄.၄၅ million cubic metre ရှိပြီး ဂိုင်ဇာပိရမစ်ကြီးရဲ့ထုထည်ကတော့ ၂.၅ million cubic metre ပဲ ရှိပါတယ်။ ထိုပိရမစ်ကြီးအား အက်တက် မြွေနတ်ဘုရား (Quetzalcoatl) ကို ရည်ညွှန်းပြီး တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီပိရမစ်ကြီးကို ရှေးဟောင်း Aztecs လူမျိုးတွေက ဘာသာရေးနေရာတစ်ခုအဖြစ် နှစ်ပေါင်း ၁၀၀၀ကျော် အသုံးပြုခဲ့ကြပါတယ်။

သမိုင်းပညာရှင်များရဲ့သုတေသနမှတ်တမ်းများအရ ချိုလူလာပိရမစ်ကြီးကို နှစ်ပေါင်း ၁၂၀၀ ကျော်ကြာတည်ဆောက်ခဲ့ရတယ်လို့ သိရပါတယ်။ ဘီစီ ၃ရာစုမှ စတင်ကာ အေဒီ၉ရာစုအတွင်းမှာ အကြိမ်ပေါင်းများစွာ တည်ဆောက်ခဲ့ကြပါတယ်။ ဒီလိုတည်ဆောက်ရာမှာ ဆောက်ပြီးသား ပိရမစ်ပေါ်ကို ငုံငုံပြီးတည်ဆောက်ခဲ့တာဖြစ်တာကြောင့် နောက်ဆုံးအကြိမ်ဆောက်လုပ်ပြီးတဲ့အခါမှာ ပိရမစ်ကြီးဟာ အလွန်ကြီးမားလာခဲ့ပြီး တောင်ငယ်တစ်လုံး အရွယ်အစားလောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ သမိုင်းတစ်လျှောက် တည်ဆောက်ခဲ့သမျှ အထိမ်းအမှတ်အဆောက်အအုံတွေထဲမှာ အကြီးဆုံးဖြစ်လာခဲ့တာပါ။

ချိုလူလာ ပိရမစ်ကြီးကို တူးဖော်ခဲ့စဉ်က ပိရမစ်ကြီးအတွင်းက ရုပ်အလောင်းပေါင်း ၄၀၀ ကျော်ကိုတွေ့ရှိခဲ့ရပါတယ်။ သို့သော်ယင်းရုပ်အလောင်းများမှာ အခြားပိရမစ်များမှာကဲ့သို့ ဘုရင့်ရုပ်အလောင်းများမဟုတ်ပဲ သာမန်လူကြီး ၊ ကလေးများရဲ့ရုပ်အလောင်းတွေဖြစ်ပါတယ်။ ထိုရုပ်အလောင်းတွေကို မြေအိုး စဉ့်အိုးကြီးငယ် အသွယ်သွယ်မှာထည့်သွင်းလျက် တွေ့ရှိခဲ့ရပါတယ်။ ထိုဒေသ၏ ခြောက်သွေ့သောရာသီဥတုကို အဆုံးသတ်ပေးဖို့အတွက်တောင်းပန်သည့် သတင်းစကားများကို မိုးနတ်ဘုရားထံသို့ ပို့ဆောင်ပေးရန်အတွက် ကလေးငယ်များကို ယဇ်ပူဇော်ခဲ့ခြင်းဖြစ်တယ် လို့ ပညာရှင်များယူဆကြပါတယ်။

ယနေ့အချိန်မှာတော ချိုလူလာ ပိရမစ်ကြီးကိုတောင်ကုန်းတစ်ခု သဖွယ်မြင်ရမှာဖြစ်ပါတယ်။ ပိရမစ်ရဲ့ ထိပ်မှာတော့ ကတ်သလစ်ဘုရားရှိခိုးကျောင်းတစ်ခုကို တည်ဆောက်ထားပါတယ်။ ဒီဘုရားကျောင်းကိုတော့ စပိန်တွေဟာ မက္ကဆီကို ကိုသိမ်းယူထားချိန် ၁၅၉၄ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ပိရမစ်ဘေး နံရံများအပြည့်မှာ သစ်ပင်များချုံနွယ်များ သဘာဝအလျှောက်ပေါက်ရောက်နေခြင်းကြောင့် ပိရမစ်ဟာ သဘာဝအတိုင်းရှိနေတဲ့ တောင်ကုန်းတစ်ခုသဖွယ် ဖြစ်နေရခြင်းပါ။

ချိုလူလာပိရမစ် အတွင်းဘက် ဗီဒီယို

Tags: amazingworld places
Next Post
လူသန်းပေါင်းများစွာကို မျက်စိအလင်းရစေခဲ့သူ (သို့) ၁ဒေါ်လာတန်မျက်မှန် ထုတ်လုပ်ပေးခဲ့သူအကြောင်း

လူသန်းပေါင်းများစွာကို မျက်စိအလင်းရစေခဲ့သူ (သို့) ၁ဒေါ်လာတန်မျက်မှန် ထုတ်လုပ်ပေးခဲ့သူအကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!