(unicode)
တိရိစ္ဆာန်တွေရဲ့လောကမှာတော့ သူတို့ရဲ့အရောင်အသွေးစုံတဲ့ခန္ဓာကိုယ်ဟာ ရန်သူကို လှည့်စားရန်၊အစာရှာရန်နဲ့ ဆန့်ကျင်ဘက်လိင်တွေကို စွဲဆောင်နိုင်ရာမှာအသုံးဝင်ပါတယ်။ ကုန်းနေ သတ္တဝါတွေနည်းတူ ရေအောက်မှာနေထိုင်ကြတဲ့သတ္တဝါတွေရဲ့ အရောင် အသွေးစုံလင်တဲ့ အလှအပတွေဟာလည်း မြင်ရသူတိုင်းကို ကြည်နှုးပျော်ရွှင်စေတာ ကိုတွေ့ရပါတယ်။
ဒီနေရာမှာမျှဝေပေးချင်တာကတော့ ပင်လယ်သမုဒ္ဒရာကြမ်းပြင် အောက်မှာနေထိုင်တဲ့ အလှပဆုံးအရောင်အသွေးတွေ ပိုင်ဆိုင်တဲ့ သက်ရှိ(၁၀)မျိုးရဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။
(၁၀) Christmas Tree Worm
ခရစ်စမတ်သစ်ပင်ကဲ့သို့ ပုံသဏ္ဍာန်ရှိတဲ့ တီကောင်တွေဟာ အရောင်အသွေးစုံလင်ကြပြီး ကမ္ဘာ ပေါ်က အပူပိုင်းသမုဒ္ဒရာကြမ်းပြင်အောက်မှာနေထိုင်ကြလေ့ရှိပါတယ်။ အဲဒီတီကောင် တွေဟာ တောက်ပတဲ့အရောင်တွေပိုင်ဆိုင်ကြတဲ့အပြင် ရှည်လျားပြန့်ကားပြီး ရစ်ပတ်တတ် တဲ့ အမွှေး၊အတောင်တွေကိုလည်းပိုင်ဆိုင်ကြပါတယ်။
Christmas Tree Worm တွေရဲ့အမွှေး၊အတောင်တွေဟာ အနီ၊လိမ္မော်၊အဝါ၊အဖြူ၊ပန်းရောင်အပါအဝင် ကွဲပြားတဲ့အရောင်အသွေးတွေပါဝင်ပြီး Christmas Tree Worm တွေအစာရှာရာမှာ အဓိကအသုံးပြုပါတယ်။ Christmas Tree Wormတွေရဲ့ ကလပ်စည်းမျက်နှာပြင်ပေါ်က အမွှေးတောင်တွေဟာ ယင်းတို့အနီးကိုရောက်ရှိလာတဲ့ ပင်လယ်ရေအောက်နေ အနုဇီဝ သတ္တဝါငယ်လေးတွေကို ဖမ်းယူပြီး Christmas Tree Wormရဲ့ပါးစပ်ထဲအထိရောက် အောင် အဆင့်ဆင့်သယ်ပို့ပေးပါတယ်။
(၉) Flower Hat Jelly
ဦးခေါင်းထက်မှာ ပန်းပွင့်တွေဝေဆာနေတယ်လို့ထင်ရတာကြောင့် Flower Hat Jelly လို့အမည်ပေးထားတဲ့ ဂျယ်လီငါးတွေရဲ့ မူရင်းမျိုးစိတ်ကတော့ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းဒေသတွေဖြစ်ပါတယ်။ Flower Hat Jelly တွေဟာ တောက်ပတဲ့အရောင်ရှိပြီး သူတို့ရဲ့လက်တံတွေဟာ အလင်းရောင်ထိုးဖောက်နိုင် အောင်ပါးလွှာတဲ့ သူတို့ခေါင်းလောင်သဏ္ဍာန်ခန္ဓာကိုယ်ကိုကာကွယ်ပေးထားတာကို တွေ့ရပါတယ်။
Flower Hat Jelly တွေဟာ အဝါရောင်၊လိမ္မော်ရောင်၊ပန်းရောင်၊ ခရမ်း ရောင်၊အစိမ်းရောင်နဲ့ အပြာရောင်စတဲ့ အရောင်အသွေးစုံကိုပိုင်ဆိုင်ကြပြီး သူတို့ရဲ့ လက်တံတွေကိုတော့ အစာရှာရာနဲ့ရန်သူရန်မှ ကာကွယ်ရာမှာအသုံးပြုကြပါတယ်။ သူတို့ရဲ့လက်တံတွေဟာ ငါးအကောင်ငယ်လေးတွေကိုဖမ်းယူနိုင်သလို အင်အားကြီး မားတဲ့ရန်သူတွေကိုတောင် ထုံကျင်သွားအောင်ပြုလုပ်နိုင်ပါတယ်။ လူကိုထိခိုက်မိရင် တော့ မသေနိုင်ပေမဲ့ ပြင်းထန်တဲ့ နာကျင်မှုကိုတော့ခံစားသွားရနိုင်ပါတယ်။
(၈) Nudibranch
ခရုမျိုးစိတ်တွေဖြစ်တဲ့ Nudibranch ရဲ့ခန္ဓာကိုယ်ဟာ ဂျယ်လီလို ပျော့ဖတ်ဖတ်ဖြစ်ပြီး ခရုကောင်တွေထက်တော့ အခွံအပြည့်မပါပါဘူး။ Nudibranch တွေကိုကမ္ဘာသမုဒ္ဒရာ တိုင်းရဲ့ရေအောက်ကြမ်းပြင်မှာတွေ့နိုင်ပြီး မျိုးစိတ်ပေါင်း(၃၀၀၀)ကျော်လောက်အထိရှိ နေပါတယ်။ Nudibranch ခရုမျိုးစိတ်တွေရဲ့အရောင်ဟာ သူတို့နေထိုင်တဲ့နေရာရဲံ့ အရောင်အတိုင်းရှိနေတာဖြစ်လို့ အစာရှာခြင်းနဲ့ ရန်သူကိုလှည့်စားခြင်းတွေပြုလုပ်ရာ မှာ အတော်ကိုအဆင်ပြေပါတယ်။
Nudibranchရဲ့မျိုးစိတ်အချို့ဆိုရင် တောက်ပတဲ့ အရောင်ရှိပြီး အဆိပ်ကိုတောင် ထုတ်လွှတ်နိုင်ပြီး သားကောင်ရှာဖွေကြလေ့ရှိပါတယ်။ သူတို့တွေဟာ သမုဒ္ဒရာကြမ်းပြင်အောက်မှာနေထိုင်တယ်ဆိုပေမဲ့ ရေမကူးတတ်ကြပဲ ခရုမျိုးနွယ်ပီပီ နှေးကွေးစွာသွားလာလေ့ရှိတဲ့သတ္တဝါတွေဖြစ်ပါတယ်။ Nudibranch မျိုးနွယ်စုဝင်အချို့ရဲ့အစာက တော့ရေမြုပ်နဲ့ပင်လယ် ပတ်ကျိတွေဖြစ်ကြပြီး အများစု ကတော့ ရေမြုပ်တစ်မျိုးတည်းကိုသာ စားသောက်ကြပါတယ်။
(၇) Sea Anemone
Sea Anemone ဆိုတာကတော့ အသွေးအရောင် စုံလင်တဲ့ အင်းဆက်ပိုးတွေကိုစားတဲ့ ပန်းကဲ့သို့ သက်ရှိတစ်မျိုးရဲ့အမည်ဖြစ်ပါတယ်။ သူတို့ဟာ ဂျယ်လီ ငါးတွေ၊သန္တာကောင်တွေလိုသတ္တဝါတွေဖြစ်ဖြစ် ပြီးသမုဒ္ဒရာတိုင်းမှာနေထိုင်ပါတယ်။ မျိုးစိတ်ပေါင်းထောင်ကျော်ရှိပြီး သူတိုရဲ့ အချိန်အများစုကိုတော့ စေးကပ်တဲ့ခြေထောက်တွနဲ့ သမုဒ္ဒရာကြမ်းပြင်အောက်မှာ ရွေလျားနေရတာနဲ့ပဲ အချိန်ကုန် နေပါတယ်။
Sea Anemone ရဲ့အရောင်ကတော့ ဖျော့ တော့တော့ကနေ မီးချောင်းတွေလိုလင်းထိန်နေတဲ့ အဆင်းရှိကြပြီး ဒုလုံးရှည်သဏ္ဍန် ခန္ဓာကိုယ်ကိုပိုင်ဆိုင်ကြပါတယ်။ Sea Anemone ရဲ့ပါးစပ်ပေါက်နေရာကိုတော့ ဆယ်ခုကနေ ရာနဲ့ချီတဲ့ အဆိပ် လက်တံတွေကကာရံထားပါတယ်။ Sea Anemone တွေရဲ့ လက်တံတွေကိုတော့ အစာရှာရာနဲ့ ကိုယ့်ကိုယ်ကို ခုခံတဲ့အနေနဲ့ ကြီးမားတဲ့သတ္တဝါကြီး တွေလက်က ရုန်းထွက်ရာမှာ ပြင်းပြစွာနာကျင်စေတဲ့ အဆိပ်ထုတ်အပ်အဖြစ်အသုံးပြုပါတယ်။
(၆) Starfish
သမုဒ္ဒရာရေပြင်အောက်က အလှပဆုံးသောသက်ရှိတွေအနက်က တစ်ခုဖြစ်တဲ့ ကြယ်ငါးလို့ သိကြတဲ့ Starfish တွေဟာ အဆင်းသဏ္ဍာန်မျိုးစုံရှိကြပြီး မျိုးစိတ်ပေါင်း (၁၅၀၀)လောက်ကိုရှိနေကြပါတယ်။ မီးခိုးရောင်၊အပြာရောင်၊လိမ္မော်ရောင်၊အနီရောင် တွေကိုပိုင်ဆိုင်တဲ့ Starfishတွေဟာ ပတ်ဝန်းကျင်နဲ့ညီညွှတ်အောင် အရောင်ပြောင်းလဲ နိုင်သူတွေဖြစ်ပြီး ပင်လယ်ရေအနက်ပေပေါင်း(၂၀၀၀၀)လောက်မှာရှင်သန်နေထိုင်ကြ ပါတယ်။
အမှန်တော့ Starfish တွေဟာ ငါးတွေလို ပါးဟတ်နဲ့ရေယက်တွေမရှိတာ ကြောင့် ငါးမျိုးစိတ်တွေမဟုတ်ပဲ ပင်လယ်မျှော့၊သံပခြုပ်၊ ပင်လယ်ဘီစကစ်ကောင်(Sand dollar)တို့လိုသတ္တဝါတွေ ဖြစ် ပါတယ်။ ပျှမ်းမျှအားဖြင့် Starfish တွေဟာ လက်ချောင်း (၅)ချောင်းသာပါတယ်ဆိုပေမဲ့ လက်ချောင်း(၁၀)ခုကနေ အခု(၄၀)လောက်ပါနေတဲ့ Starfish မျိုးစိတ်တွေလည်းရှိနေပါသေးတယ်။
(၅) Parrotfish
မြန်မာလို ကြက်တူရွေးငါးတွေလို့ သိထားတဲ့ Parrotfish ငါးတွေဟာလည်း အရောင် အသွေးစုံလင်ကြတာမို့ ဒီစာရင်းထဲကိုပါဝင်လာပါတယ်။ Parrotfish လို့ခေါ်ရတာ ကတော့ ငါးရဲ့မျက်နှာပြင်ဟာ ကြက်တူရွေးနှုတ်သီးပုံ ခပ်ကွေးကွေးလေး ဖြစ်နေလို့ပါ။Parrotfish ငါးတွေရဲ့ မျိုးစိတ် စုစုပေါင်းက (၉၅)ခု လောက်ရှိပြီး အပူလျော့ပိုင်းဒေသက သမုဒ္ဒရာရေပြင်နဲ့ ရေတိမ်ပိုင်း ဒေသတွေ၊သန္တာကျောက်တန်းတွေ မှာ နေထိုင်ကြပါတယ်။
ထူးခြားချက်အနေနဲ့ ကတော့ Parrotfish တွေရဲ့ အသွေးအရောင်နဲ့ အထီး၊အမ လိင်တွေဟာ ငါးရဲ့ကြီးထွား မှုဖြစ်စဉ်ကိုလိုက်ပြီးပြောင်းလဲနေတာဖြစ်ပါတယ်။ Parrotfish မျိုးစိတ်အများစုဟာ စတင်မွေးဖွားလာချိန်က အမအဖြစ်သာမွေးဖွားခဲ့တာဖြစ်ပြီး ယင်းထဲက အကောင်အချို့ဟာ အကောင်ကြီးထွားလာတဲ့ နဲ့ အမျှ လိင်အဂါၤတွေဟာလည်း ပြောင်းလဲသွားကြပါတယ်။ စတင်မွေးဖွားချိန်က Parrotfishတွေရဲ့ အသွေးအရောင်ဟာ အညို၊မီးခိုး၊အနီရောင်တွေဖြစ်ကြပြီး အသက်ကြီးလာတာနဲ့အမျှ အစိမ်း၊အပြာရောင် တွေဖြစ်သွားတတ်ကြပါတယ်။ အချို့သော Parrotfish မျိုးစိတ်တွေကျပြန်တော့လည်း နေထိုင်ရာဒေသရဲ့အနေအထားကိုလိုက်ပြီး အရောင်အဆင်းပြောင်းလဲမှုတွေဖြစ်ပေါ် တာကိုလည်း တွေ့ရပါတယ်။
၄) Blue Tang
ကမ္ဘာပေါ်ကနာမည်ကျော်ရေအောက် ငါးပြတိုက်တွေမှာ နေရာယူထားတဲ့ Blue Tang တွေရဲ့မူလနေထိုင်ရာဒေသကတော့ Indio-Pacific ဒေသဖြစ်ပါတယ်။ Blue Tang တွေကို regal tang, royal blue tang နဲ့ hippo tang လို့လည်းခေါ်ဆိုကြပြီး လှပတဲ့ အပြာရောင်ခန္ဓာကိုယ်၊ အဝါရောင်အမြီး၊ လှပတဲ့ အနက်ရောင်အစင်းကြားတွေကို ပိုင်ဆိုင်ကြပါတယ်။ အရွယ်ငယ်သေးချိန်မှာတော့ Blue Tangတွေဟာ အဝါရောင် တောက်တောက် မျက်လုံးနားမှာတော့ အပြာရောင်အကွတ်တွေရှိနေတတ်ပါတယ်။
အချိန်ကာလကြာမြင့်ချိန်မှာတော့ Blue Tang တွေရဲ့ကိုယ်ထည်ဟာ အပြာရောင် သန်းလာပြီး အနက်ရောင်အစင်းတွေဟာ တစ်စစများပြားလာပါတယ်။ Blue Tang တွေဟာ တစ်ကောင်တည်းနေထိုင်လေ့ရှိကြသလို (၁၀)ကောင်(၁၂)ကောင်လို အုပ်စုဖွဲ့ ပြီးတော့လည်းနေထိုင်တတ်ကြပါသေးတယ်။ Blue Tang တွေရဲ့အစာတွေကတော့ မှော်ပင်၊ရေညိုတွေ၊အနုဇီဝအကောင်ငယ်လေးတွေဖြစ်ပါတယ်။
(၃) Regal Angle Fish
အင်ဒို-ပစိဖိတ်သမုဒ္ဒရာပိုင်းဒေသမှာတွေ့ရှိရတဲ့ Regal Angle Fish တွေဟာ အလယ် လတ်တန်းစားအရွယ်အစားရှိတဲ့ ငါးတွေဖြစ်ပြီး သူတို့ရဲ့လှပတဲ့အရောင်အသွေးကြောင့် ကမ္ဘာအလှဆုံးသော ငါးမျိုးစိတ်တွေမှာပါဝင်နေပါတယ်။ Regal Angle Fishတွေဟာ အပြာရောင်သန်းတဲ့ ကိုယ်ထည် အဖြူရောင်၊လိမ္မော်ရောင်အစင်းကြားတွေကို တစ်လှည့်စီပြောင်းလဲတဲ့ သဘောရှိနေပြီး ကျောရိုးမှာပါတဲ့ဆူးတောင်တွေရဲ့ဖွဲ့စည်းမှုဟာ လည်း အသွေးအရောင်နဲ့လိုက်ဖက်ညီစွာ လှပကြပါတယ်။
Regal Angle Fish တွေရဲ့ ကိုယ်ထည်နောက်ပိုင်းကရေယက်တွေဟာ အဝါရောင်အဆင်းရှိပြီး အကြီးဆုံးအကောင် ရဲ့အတိုင်းအတာက (၉.၈)လက်မလောက် အရွယ်အစားရှိပါတယ်။ သူတို့ရဲ့အစာက တော့ ပင်လယ်ရေမြုပ်ကောင်တွေနဲ့ tunicate ဆိုတဲ့ရေသတ္တဝါငယ်တွေဖြစ်ပါတယ်။
(၂) Mantis Shrimp
ကမ္ဘာပေါ်မှာဆိုရင် Mantis Shrimp (ဓါးခုတ်ကောင်ပုစွန်)တွေရဲ့မျိုးစိတ်ပေါင်း ဟာ (၄၀၀)ကျော်လောက်ရှိနေတာကိုတွေ့ရပြီး အများဆုံးတွေ့ရှိရတာကတော့ အင်ဒို-ပစိဖိတ် သမုဒ္ဒရာဒေသဝန်းကျင်မှာပဲဖြစ်ပါတယ်။ Mantis Shrimp တွေရဲ့ အခွံဟာ အလွန်အရောင်တောက်ပပြီး အနီ၊လိမ္မော်၊အပြာနဲ့ အစိမ်းရောင်တွေကို ပြောင်းလဲ သွားလေ့ရှိပါတယ်။ ပုစွန်ရဲ့မျက်စိတွေဟာဆိုရင် အရောင်ပြောင်းလဲလေ့ရှိပြီး တိရိစ္ဆာန် လောကမှာဆိုရင် တောက်ပမှုနဲ့ စွဲဆောင်မှုအရှိဆုံးသတ္တဝါတွေအဖြစ် အများကလက် ခံထားကြပါတယ်။
Mantis Shrimp တွေရဲ့အမြင်အာရုံဟာ စူးရှတောက်ပတဲ့ အလင်းတန်းတွေကိုရော polarize တွေကိုပါမြင်နိုင်သလို အရောင်တွေနဲ့ပတ်သက်ပြီး ခြားနားတဲ့ ပုံစံ(၁၂)မျိုးအထိပိုင်းခြားစိတ်ဖြာနိုင်ကြပါတယ်။ Mantis shrimpတွေရဲ့ မတူညီတဲ့အပိုင်း(၃)ပိုင်းမှာရှိနေတဲ့ မျက်စိတွေကြောင့်လည်း သူတို့ဟာ ပတ်ပတ်လည်မှာရှိတဲ့အရာတိုင်းကို ထင်ထင်ရှားရှားမြင်ရတဲ့ trinocular vision ရှိသူတွေဖြစ်ကြပါတယ်။
သတ္တဝါတွေထဲမှာ အမြန်ဆုံး သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ သူတို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ လှုပ်ရှားမှုဟာ 0.22 caliber ကျည်ဆံရဲ့အမြန်နှုန်းနီးပါး မြန်ဆန်ပါတယ်။ ၁ စက္ကန့်ကို ၁၀မီတာ အကွာအဝေးထိရောက်နိုင်တဲ့ အရှိန်ပါ။ အဲဒီအရှိန်ဟာ ဂဏန်း ၊ ခရု စတဲ့ အခြားရေနေသတ္တဝါတွေရဲ့ အခွံကို ကွဲထွက်အောင်အထိ ပြင်းထန်လှပါတယ်။
(၁) Clownfish
လှပတဲ့အသွေးအရောင်တွေကြောင့် ကမ္ဘာကျော်ငါးပြတိုက်တွေမှာ နေရာယူထားတဲ့ Clownfish တွေဟာ အလှပဆုံးသော ရေအောက်သတ္တဝါစာရင်းမှာ ပါဝင်နေတာဟာ အဆန်းတော့မဟုတ်ပါဘူး။ ထင်ရှားလှပတဲ့ အဖြူရောင်အစင်းကြားတွေနဲ့အတူ clownfish တွေဟာ အနီ၊လိမ္မော် နဲ့အဝါရောင်တွေကို ပြောင်းလဲလေ့ရှိကြပါတယ်။ ကျူပင်တွေကြားမှာနေထိုင်လေ့ရှိတဲ့ clownfish တွေဟာမျိုးစိတ်ပေါင်း (၃၀)လောက်ရှိပြီး အင်ဒို-ပစိဖိတ်ဒေသရဲ့ ရေတိမ်ပိုင်းနေရာတွေမှာ အများအားဖြင့်ရှင်သန်ပေါက်ပွားကြပါတယ်။
clownfish တွေဟာ ထူးထူးဆန်းဆန်းပဲ အထက်မှာဖော်ပြခဲ့တဲ့ sea anemoneတွေနဲ့ ယှဉ်တွဲနေထိုင်ကြလေ့ရှိပါတယ်။ အဆိပ်အတောက်တွေရှိတဲ့ sea anemone တွေရဲ့ လက်တံတွေအကြား မှာပဲ ကူးခတ်နေလေ့ရှိတဲ့ clownfish တွေ ဟာ သူတို့ကိုရန်ပြု မဲ့အခြားတိရိစ္ဆာန်တွေရန်ကနေ ကာကွယ်ပြီးဖြစ်သလို sea anemone တွေဘက်ကို ကြည့်ရင်လည်း အစာရှာရာမှ ာလျှင်မြန်တဲ့clownfish တွေကြောင့် သူတို့ရဲ့အစာအဟာရဟာ ဖောသီစွာရရှိနေပါတယ်။
(Zawgyi)
သမုဒ္ဒရာရေပြင်အောက်က အရောင်အသွေးအစုံဆုံး သက်ရှိ ၁၀ မျိုး
(၁၀) Christmas Tree Worm
(၉) Flower Hat Jelly
(၈) Nudibranch
(၇) Sea Anemone
(၆) Starfish
(၅) Parrotfish
၎) Blue Tang
(၃) Regal Angle Fish
(၂) Mantis Shrimp
(၁) Clownfish
Discussion about this post