Boyan Slat ဟာ ဟော်လန်လူမျိုး လူငယ်စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ပြီး အာကာသာ နည်းပညာရပ်ဆိုင်ရာအင်ဂျင်နီယာတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာပင်လယ်သမုဒ္ဒရာတွေအတွင်းက လူသားတွေရဲ့စွန့်ပစ်ပစ္စည်းတွေ(အထူးသဖြင့်ပလတ်စတစ်တွေ)ကိုဖယ် ရှားဖို့ကြိုးပမ်းနေသူ တစ်ယောက်ဖြစ်ပါတယ်။
လူတွေရဲ့စွန့်ပစ်ပစ္စည်းတွေကြောင့် ပင်လယ် သမုဒ္ဒရာတွေဟာ တစ်ဖြည်းဖြည်းညစ်နွမ်းလာနေခဲ့ပြီး ပလတ်စတစ်လိုနှစ်ပေါင်းရာချီ မပျက်မစီးတည်ရှိနေတဲ့အရာတွေကြောင့်လည်း ပင်လယ်နေသတ္တဝါများစွာရဲ့ ရှင်သန် နေထိုင်မှု အပေါ်အများကြီး အဆိုးဘက်ကနေ သက်ရောက်မှုရှိနေတာဟာ ကာလများစွာ ကြာနေခဲ့ပြီဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တွေနဲ့ တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေဖက်က သမုဒ္ဒရာတွေသန့်ရှင်းရေးအတွက် တောင်းဆိုမှုတွေများစွာ ပြုလုပ် နေပေမယ့် ကမ္ဘာခေါင်းဆောင်အသီးသီးကတော့ ယနေ့တိုင်လျစ်လျူပြုထားဆဲဖြစ်ပါတယ်။
အများစုကတော့ သမုဒ္ဒရာတွေသန့်ရှင်းရေး နဲ့ သဘာ၀၀န်းကျင် ကာကွယ်ထိန်းသိမ်းရေးအတွက် တိုက်တွန်းမှုတွေသာ ပြုလုပ်နေပေမယ့် Boyan Slat ကတော့ လက်တွေ့အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါကြောင့် Boyan Slat ရဲ့ဖန်တီးကြိုးစားမှုဟာ ကမ္ဘာတဝှမ်းကမီဒီယာတွေအတွက် စောင့် ကြည့်ချင်စရာ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ Boyan Slat ဟာ သမုဒ္ဒရာရေစီးကြောင်းတွေ အတွင်းမှာ (၁၀၀)ကီလိုမီတာလောက်ရှည်လျားတဲ့ အကာအကွယ်တွေကိုချထားပြီး ရေထဲမှာရှိတဲ့ ပလတ်စတစ်နဲ့ အမှိုက်တွေကိုဖယ်ရှားခဲ့တာဖြစ်ပါတယ်။
သူ့ ရဲ့ပင်လယ် သမုဒ္ဒရာတွင်း စွန့်ပစ်အမှိုက်ဖယ်ရှားရေးလုပ်ငန်းစဉ်ကိုတော့ ပစိဖိတ်သမုဒ္ဒရာတွင်းစတင် ပြုလုပ်ခဲ့ပါတယ်။ Boyan Slat ဟာနယ်သလန်နိုင်ငံမှာအခြေစိုက်တဲ့ ပင်လယ်သမုဒ္ဒရာတွေအတွင်းကနေ ပလတ်စတစ်နဲ့ စွန့်ပစ်အမှိုက်ရှင်းလင်းရေးအဖွဲ့ The Ocean Cleanup အမည်ရတဲ့အဖွဲ့ရဲ့ CEO အဖြစ်ယနေ့ချိန်မှ ာတာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
Boyan Slat ကိုတော့ (၁၉၉၄)ခုနှစ်၊ဂျူလိုင် (၂၇)ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် ယခုဆို ရင် (၂၅)နှစ်အရွယ်ရှိနေပါပြီ။ သူဟာငယ်စဉ်ကတည်းက တီထွင်ဖန်တီးမှုတွေကို ဝါသနာထုံခဲ့သူဖြစ်တယ်လို့သိရပြီး အသက်(၁၄)နှစ်သားအရွယ်ရောက်ချိန်မှာတော့ Water Rocket အခုပေါင်း (၂၁၃)ခုလောက်ကိုတစ်ပြိုင်နက်တည်းပစ်လွှတ်ပြီး အများဆုံးပစ်လွှတ်သူအဖြစ် ဂင်းနစ်မှတ်တမ်းမှာမှတ်တမ်းတင်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
သူအသက်(၁၆)နှစ် အရွယ် (၂၀၁၁)ခုနှစ်မှာတော့ Boyan Slat ဟာ ဂရိနိုင်ငံအလည်ပတ်ခရီးစဉ် အပျော်တမ်း ရေငုပ်ခဲရာကနေ ရေအောက်တွင်းက ငါးအရေအတွက်ထက် ပိုများနေတဲ့ ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေရဲ့အန ္တရာယ်ကိုစတင်သတိထားမိခဲ့ပါတယ်။ ယင်းအချိန်ကစပြီး ရေအောက်က ပလက်စတစ်စွန့်ပစ်ပစ္စည်းတွေကိုဖယ်ရှားဖို့ တွေးဆခဲ့တဲ့ Boyan Slat ဟာ သူရဲ့အထက်တန်းကျောင်းသားဘဝ ကျောင်းပရောဂျက်အတွင်းမှာတောင် ယင်းဖယ်ရှားမယ့် အစီစဉ်ကိုထည့်သွင်းတင်ပြခဲ့ဖူးပါတယ်။
အထက်တန်းအောင်ပြီးချိန်မှာတော့ Boyan Slat ဟာTU Delft မှာ အာကာသနည်းပညာကျောင်းမှာတက်ရောက်ပညာသင်ကြားခွင့်ရခဲ့ပါ တယ်။ နောက်ပိုင်းမှာတော့ သူရဲ့သမုဒ္ဒရာသန့်ရှင်းရေးစီမံကိန်းကို အပြည့်အဝအကောင် အထည်ဖော်လိုတာကြောင့် ကျောင်းကနေနားခဲ့ပြီး (၂၀၁၃)မှာတော့ The Ocean Cleanup အမည်ရတဲ့ NGO အဖွဲ့ကိုဝါသနာတူသူငယ်ချင်းတွေနဲ့စတင်တည်ထောင်ခဲ့ပါ တယ် ။ အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ ပင်လယ်သမုဒ္ဒရာတွေအတွင်းက ပလက်စတစ်လိုစွန့် ပစ်အမှိုက်တွေကို နည်းပညာသုံးပြီးဖယ်ရှားဖို့ဖြစ်ပါတယ်။
ဒီအဖွဲ့ဟာအင်တာနက်စာမျက် နှာတွေအထက်မှာလူသိများလာပြီးနောက်ပိုင်းမှာတော့ နိုင်ငံပေါင်း (၁၆၀)လောက်က အလှူရှင် (၃၈၀၀၀)လောက်ကနေ အမေရိကန်ဒေါ်လာ (၂.၂)သန်းအထိရန်ပုံငွေရရှိခဲ့ပါ တယ်။ (၂၀၁၄)ခုနှစ်၊ဇွန်လမှာတော့ Ocean Cleanup အဖွဲ့က စာမျက်နှာ (၅၂၈)မျက်နှာ လောက်ပါတဲ့ သူတို့ရဲ့လုပ်ငန်းစဉ်အေကြောင်းရှင်းပြထားတဲ့ စာအုပ်ကိုထုတ်ဝေခဲ့ပါတယ် ။ ဒီသတင်းဟာ ဥရောပရဲ့နာမည်ကျော်သတင်းစာတွေဖြစ်တဲ့ Popular Science နဲ့ The Guardian တို့ကနေဖော်ပြခဲ့ရတဲ့အထိ Boyan Slat တို့အဖွဲ့အောင်မြင်ခဲ့ပါတယ် ။
ယင်း နောက်ပိုင်းမှာတော့ Boyan Slat ဦးဆောင်တဲ့ Ocean Cleanup ဟာသူတို့ရဲ့ စီမံကိန် းတွေကိုလက်တွေ့အကောင်အထည်ဖော်ခဲ့သလို အသင်းရဲ့ရန်ပုံငွေကလည်း အမေရိကန် ဒေါ်လာ (၃၁.၅)သန်းလောက်အထိကိုမြင့်တက်လာခဲ့ပါတယ်။ လှူဒါန်းသူတွေထဲမှာ ဥရော ပတိုက်က စွန့်ဦးတီထွင်သူပညာရှင်တွေအပြင် Silicon Valley ၊ Marc Benioff နဲ့ Salesforce တို့လိုနည်းပညာကုမ္ပဏီတွေအထိပါဝင်လို့နေပါတယ်။ Boyan Slat ဦးဆောင် တဲ့ Ocean Cleanup ရဲ့ အစောပိုင်းပရောဂျက်(၂)ခုကတော့ ထင်ထားသလောက်အောင် မြင်မှုတွေမရရှိပဲ (၂၀၁၉)ပြုလုပ်တဲ့ တတိယမြောက်ပရောဂျက်မှသာ သူတို့ရဲ့ (၁၀)ကီလိုမီ တာလောက်အရှည်ရှိတဲ့ ကိရိယာတွေဟာ ရေထဲက ပလတ်စတစ်တွေကို အမှန်တကယ်စုဆောင်းပေးနိုင်ခဲ့ကြောင်းတွေ့ရှိခဲ့ရပါတယ်။
Boyan Slat ဦးဆောင်တဲ့ယင်းစီမံကိန်းတွေဟာ ကမ္ဘာကြီးအတွက်အမှန်တကယ်ကို အကျိုးရှိတဲ့စီမံကိန်းတွေဖြစ်ပြီး နောက်ထပ်ကမ္ဘာနေရာအသီးသီးကပင်လယ်ရေပြင်တွေ ထဲမှာရှိနေတဲ့ တန်နဲ့ချီတဲ့ပလက်စတစ်အပါအဝင်စွန့််ပစ်ပစ္စည်းတွေကိုဖယ်ရှားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီအတွက် ဦးဆောင်ဖန်တီးသူ Boyan Slat ကိုကမ္ဘာတစ်ဝှမ်းကချီးကျူးဂုဏ်ပြု မှုများစွာပြုလုပ်ခဲ့ကြရာ(၂၀၁၄)နိုဝင်ဘာလမှာတော့ United Nations Enviroment Programme ကနေ Champion of the Earth ဆုချီးမြှင်ခဲ့ပါတယ်။
(၂၀၁၅)မှာဆိုရင်လည်း နော်ဝေနိုင်ငံရဲ့ လူငယ်စွန့်ဦးတီထွင်သူထူးချွန်ဆု၊(၂၀၁၇)မှာဆို ရင် Reader’s Digest မဂ္ဂဇင်းရဲ့ Reader’s Digest ဆု၊ ဟော်လန်နာမည်ကျော်မဂ္ဂဇင်းဖြစ်တဲ့ Elsevier ရဲ့ dutchman of the Year 2017 ဆု၊ (၂၀၁၈)ခုနှစ်မှာလည်း Leonardo da Vinci International ဆု၊ Euronews ကပေးအပ်တဲ့ European Entrepreneur of the Year 2018 ဆုစတဲ့ကမ္ဘာအသိအမှတ်ပြုဆုတံဆိပ်များစွာကို ဂုဏ်ပြုပေးအပ်ခြင်းခံခဲ့ရပါတယ်။
Discussion about this post