Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သမိုင်းတလျှောက် ဈေးအကြီးဆုံး ပန်းချီကားများ

by Thutamm
January 16, 2021
Reading Time: 3min read
0
သမိုင်းတလျှောက် ဈေးအကြီးဆုံး ပန်းချီကားများ
Share on FacebookShare on Twitter

ပန်းချီ ဆိုတာ အနုပညာရပ်တွေထဲမှာ တမူထူးတဲ့ အနုပညာ ဖြစ်ပါတယ်။ တချို့ပန်းချီကားတွေဟာ သာမန်လူတွေအတွက် သိပ်မထူးခြားပေမယ့် သူတို့ရဲ့ တန်ဖိုးက ထင်မှတ်မထားလောက်အောင် ကြီးမြင့်နေပါတယ်။ ဒီတခါတော့ သမိုင်းတလျှောက် ရောင်ချခဲ့ကြသမျှ ထဲက ဈေးအကြီးဆုံး ပန်းချီ ၅ ခု ကို ဖော်ပြလိုက်ပါတယ်။

၅။ Number 17A

ပဉ္စမ ဈေးအကြီးဆုံး နေရာမှာ ရှိနေတာကတော့ Number 17A ဆိုတဲ့ ပန်းချီကား ဖြစ်ပါတယ်။ ဒီပန်းချီကို အမေရိကန် ပန်းချီဆရာ Jackson Pollock က ၁၉၄၈ ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး သူဟာ ဒြပ်မဲ့ပန်းချီ Abstract လောကမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။ ပန်းချီဆရာက စိတ်ကူးစိတ်သန်းများ ခံစားချက်များကို လွတ်လပ်စွာ ရေးဆွဲထားတာကြောင့် သာမန်ကြည့်ရှု့သူတို့အတွက်တော့ အလွန်ရှုပ်ထွေးတဲ့ အရာတခုလို့ပဲ မြင်မိကြမှာပါ။ ဒီပန်းချီကားကို ၂၀၁၅ ခုနှစ်မှာ အမေရိကန် David Geffen ဖောင်ဒေးရှင်းက ပြန်လည်ရောင်းချခဲ့ပြီး ဘီလျံနာ Kenneth C. Griffin က ဝယ်ယူသွားခဲ့ပါတယ်။ ဝယ်ယူသွားတဲ့ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြစ်ပါတယ်။

၄။ Nafea Faa Ipoipo

နာမည်က ပြင်သစ်လိုပေးထားတာဖြစ်ပြီး အဓိပ္ပါယ်က When Will You Marry? ဘယ်တော့လက်ထပ်မှာလဲ ဆိုပြီးဖြစ်ပါတယ်။ တဟီတီကျွန်းသူနှစ်ယောက် ထိုင်နေတဲ့ပုံဖြစ်ပါတယ်။ ဒီပန်းချီကားကို ပြင်သစ်ရဲ့ နာမည်ကျော် ပန်းချီဆရာကြီး Paul Gauguin က ၁၈၉၂ ခုနှစ်က ရေးဆွဲထားတဲ့ ဆီဆေးပန်းချီကားဖြစ်ပါတယ်။ သူ့ကို မြန်မာမှာတော့ ဂေါ်ဂင် ဆိုပြီး သိကြပါတယ်။ ဒီပန်းချီကားကို ၂၀၁၄ ခုနှစ်မှာ ဆွစ်ဇာလန်လူမျိုး အနုပညာပစ္စည်းစုဆောင်းသူ Rudolf Staechelin မိသားစု ထံကနေ ကာတာအစိုးရက ဒေါ်လာ သန်း ၂၁၀ နဲ့ ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်။

၃။ The Card Players

ပြင်သစ်လို Les Joueurs de Cartes လို့သိကြတဲ့ ဖဲကစားသူများ ဆိုတဲ့ ဒီပန်းချီကားကိုတော့ ပြင်သစ်နာမည်ကျော် ပန်းချီဆရာ Paul Cézanne ပေါလ်စေဇန်း က ၁၈၉၂-၉၃ ခုနှစ်ကြားမှာ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ စိတ်ဝင်တစား ဖဲကစားနေသူ နှစ်ယောက်ပုံပါတဲ့ ဒီဆီဆေးပန်းချီကားကို ၂၀၁၁ ခုနှစ်မှာ ဂရိလူမျိုး အနုပညာပစ္စည်း စုဆောင်းသူ နဲ့ လုပ်ငန်းရှင်တဦးဖြစ်သူ George Embiricos က ပြန်လည်ရောင်းချခဲ့ပါတယ်။ ဝယ်ယူသွားသူကတော့ ကာတာ တော်ဝင်မိသားစုဖြစ်ပြီး ဈေးကတော့ ဒေါ်လာ သန်း ၂၅၀ နဲ့ ဖြစ်ပါတယ်။

၂။ Interchange

ကမ္ဘာပေါ်မှာ ဒုတိယ ဈေးအကြီးဆုံး ပန်းချီကားကတော့ Interchange အမည်ရတဲ့ ပန်းချီကားဖြစ်ပါတယ်။ ဒီပန်းချီကားကိုတော့ ဒတ်ချ် – အမေရိကန် ပန်းချီဆရာ တယောက်ဖြစ်ပြီး ဒြပ်မဲ့ပန်းချီလောကမှာ ကျော်ကြားသူ Willem de Kooning က ၁၉၅၅ ခုနှစ်မှာ ရေးဆွဲခဲ့ပါတယ်။ ဒီပန်းချီကားကို ၂၀၁၅ ခုနှစ်မှာ အမေရိကန် David Geffen ဖောင်ဒေးရှင်းက ပြန်လည်ရောင်းချခဲ့ပြီး ဘီလျံနာ Kenneth C. Griffin က ဝယ်ယူသွားခဲ့ပါတယ်။ ဝယ်ယူသွားတဲ့ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြစ်ပါတယ်။

၁။ Salvator Mundi

လက်ရှိ အချိန်ထိ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ပန်းချီကားအဖြစ် မှတ်တမ်းတင်ထားရတာကတော့ ခရစ်တော်ရဲ့ပုံကိုရေးဆွဲထားတဲ့ Salvator Mundi ဆိုတဲ့ပန်းချီကားပါ။ ကမ္ဘာလောကရဲ့ကယ်တင်ရှင် လို့ အဓိပ္ပါယ်ရပြီး ရေးဆွဲသူကတော့ အီတလီလူမျိုး စွယ်စုံပညာရှင်ကြီး လီယိုနာဒို ဒါဗင်ချီဖြစ်ပါတယ်။ လီယိုနာဒိုဟာ ဒီပန်းချီကားကို အေဒီ ၁၅၀၀ ပြည့်နှစ်ဝန်းကျင်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀၀ ဝန်းကျင် ရှိနေပြီဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် နယူးယောက် အနုပညာပွဲတော်မှာတော့ ဒီပန်းချီကားကို ဒေါ်လာ သန်း၄၅၀ ($450,312,500) နဲ့ ဝယ်ယူသွားခဲ့သူကတော့ ဆော်ဒီမင်းသား Badr bin Abdullah (လက်ရှိဆော်ဒီ ယဉ်ကျေးမှုဝန်ကြီး) ဖြစ်ပါတယ်။ တကယ်တော့ ဒီပန်းချီကားကို Badr bin Abdullah က ကြားခံဝယ်ယူခဲ့သူသာ ဖြစ်ပြီး တကယ့်ဝယ်ယူသူ အစစ်အမှန်က ဆော်ဒီအိမ်ရှေ့မင်းသား Salman ဖြစ်တယ်လို့ သိရပါတယ်။

Ref: List of most expensive paintings : Wikipedia

Tags: Artworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!