Thursday, February 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သဘာဝဘေးအန္တရာယ် အနည်းဆုံးနိုင်ငံ ၇ နိုင်ငံ

by Thutamm
November 1, 2020
Reading Time: 2min read
0
သဘာဝဘေးအန္တရာယ် အနည်းဆုံးနိုင်ငံ ၇ နိုင်ငံ
Share on FacebookShare on Twitter

ဆူနာမီ၊ ဟာရီကိန်းမုန်တိုင်းကြီးတွေနဲ့ငလျင်စတဲ့ သဘာဝ ဘေးရန်တွေကြောင့် လူ့အသက်ပေါင်းများစွာဟာ အချိန်မတန်ခင် ကြွေလွင့်ခဲ့ရပါတယ်။ သဘာဝပတ်ဝန်းကျင်ဟာ လူသားတွေအတွက် အလှပဆုံးသော မှီခိုရာနေရာဖြစ်တယ်ဆိုပေမဲ့ တစ်ဖက်မှာလည်းမလိုလားအပ်တဲ့ အခြေအနေတွေကို ဖန်တီးလေ့ရှိနေတာဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ အဆိုးရွားဆုံးသောသဘာဝဘေးအန္တရာယ်တွေဟာ မျက်မှောက်ခေတ်ကာလရောက်ချိန်မှာတော့ ကမ္ဘာ့နေရာအနှံ့အပြားမှာ နေ့စဉ်လိုလိုကြုံတွေ့နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာရှိနေတဲ့ နိုင်ငံတွေအနက်က နှစ်စဉ်သဘာဝဘေးရန်ကို အနည်းဆုံးခံစားနေရတဲ့ နိုင်ငံ(၇)နိုင်ငံရဲ့ အကြောင်းအရာအချို့ဖြစ်ပါတယ်။

(၇) ဘာရိန်းနိုင်ငံ

အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ဘာရိန်းနိုင်ငံဟာဆိုရင်လည်း တည်နေရာအနေအထားအရ သဘာဝဘေးရန် အနည်းဆုံးကျရောက်ရာ နိုင်ငံအဖြစ်ရှိနေပါတယ်။ ပင်လယ်ကွေ့ဒေသကနိုင်ငံငယ်လေး ဘာရိန်းဟာဆိုရင် အပူချိန်လွန်ကဲတာမျိုးနဲ့ သဲမုန်တိုင်းတိုတ်ခတ်ခံရတဲ့ဖြစ်စဉ်တွေကလွဲရင် အခြားသောသဘာဝဘေးရန်တွေကို ကြုံတွေ့ရတာမျိုး ရှိမနေပါဘူး။

(၆) အိုက်စလန်

သဘာဝဘေးအန္တရာယ်အနည်းဆုံး နံပါတ် ၆ နေရာမှာ ရှိနေတာကတော့ မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ရှိနေတဲ့ ကျွန်းစုနိုင်ငံလေး အိုက်စလန် ဖြစ်ပါတယ်။ အာရှဥရောပ plate နဲ့ မြောက်အမေရိက plate(ကျောက်လွှာချပ်) တို့ကြားမှာ တည်ရှိတဲ့ အိုက်စလန်ဟာ တည်နေရာ အနေအထားအရ သဘာဝဘေးရန်တိုက်ခိုက်မှုကို အနည်းဆုံး ခံရတဲ့ နိုင်ငံထဲပါဝင်နေပါတယ်။ ဒါကြောင့်လည်း အိုက်စလန်ဟာ ငလျှင်ပြင်းစွာလှုပ်တာတွေ ဟာရီကိန်းမုန်တိုင်းတိုက်ခတ်တာတွေကို ခံရလေ့မရှိပါဘူး။

(၅) ဂရီနေဒါ

အစိမ်းရောင်တောင်ကုန်းတွေ၊လှပတဲ့သဲသောင်ပြင်တွေပိုင်ဆိုင်ထားတဲ့ ဂရီနေဒါနိုင်ငံဟာဆိုရင် လေစီးကြောင်းတွေကို လမ်းလွှဲပေးတဲ့ Coriolis force တွေကာကွယ်ထားတာကြောင့် သဘာဝဘေးရန်ကို အနည်းပါးဆုံးခံစားရတဲ့ နိုင်ငံတနိုင်ငံအဖြစ်ရှိနေပါတယ်။ အဲဒီသဘာဝကပေးတဲ့ လက်ဆောင်ကြောင့် ဒေသတွင်းဖြစ်လာလေ့ရှိတဲ့ ဟာရီကိန်းလိုမုန်တိုင်းတွေကိုဒိုင်းသဖွယ်ကာကွယ်ပေးထားကာ ဂရီနေဒါကိုကာရစ်ဘီယံဒေသရဲ့ ဟာရီကိန်းမုန်တိုင်းကင်းမဲ့ဇုန်တစ်ခုအဖြစ် ဖန်တီးပါတယ်။

(၄) ဘာဘေးဒိုးစ်နိုင်ငံ

နိုင်ငံအမည်ကိုတော့ လူသိများမှာမဟုတ်ပေမဲ့ ယင်းနိုင်ငံလေးမှာမွေးဖွားခဲ့တဲ့ ကမ္ဘာကျော်တေးသံရှင် ရီဟားနားဆိုရင်တော့ အားလုံးကသိကြလိမ့်မယ်ထင်ပါတယ်။ ကာရေဘီယံဒေသဟာ ဟာရီကိန်းမုန်တိုင်းလို သဘာဝဖြစ်စဉ်ဆိုးတွေနဲ့ အမြဲလိုလိုကြုံတွေ့နေရပေမဲ့ ာဘေးဒိုးစ်နိုင်ငံလေးကတော့ တည်နေရာအရ မုန်တိုင်းကင်းဝေးဇုန်အတွင်း တည်ရှိလို့နေပါတယ်။ ဒါအပြင်အဲဒီနိုင်ငံမှာ ငလျင်လှုပ်ခတ်မှုလို၊မီးတောင်ပေါက်ကွဲမှုလိုဖြစ်စဉ်တွေလည်း အလွန်ကိုနည်းပါးလှတဲ့အပြင် ပူနွေးတဲ့အပူပိုင်းရာသီဥတုဖြစ်စဉ်အတွင်းမှာပဲငြိမ်းချမ်းစွာတည် ရှိလို့နေပါတယ်။

(၃) ဆော်ဒီအာရေးဗျနိုင်ငံ

အာရေးဗီးယားကျွန်းဆွယ်အတွင်းပါဝင်နေတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံဟာဆိုရင်လည်း သဘာဝဘေးရန်အလုံခြုံဆုံးသော နိုင်ငံစာရင်းမှာ ကာတာ နဲ့ မော်တာနိုင်ငံတွေ ပြီးတဲ့နောက် တတိယ နေရာကနေ ပါဝင်လို့နေတာကိုတွေ့ရပါတယ်။ အပူချိန်ပြင်းထန်မှု ဖြစ်စဉ် အချို့သာ ရှိနေပေမယ့် ကြွယ်ဝချမ်းသာတဲ့နိုင်ငံစာရင်းဝင်ဖြစ်တဲ့ ဆော်ဒီအာရေးဗျအာဏာပိုင် တွေအတွက်ကတော့ ကြီးကြီးမားမားပြသာနာရှိမနေပါဘူး။

(၂) မော်တာ

ဥရောပတိုက် မြေထဲပင်လယ်အတွင်းက စစ္စလီကျွန်းတောင်ဘက်ပိုင်းမှာ တည်ရှိနေတဲ့ မော်တာကျွန်းနိုင်ငံလေးဟာဆိုရင် ကမ္ဘာပေါ်ကသဘာဝဘေးရန်အနည်းဆုံးနိုင်ငံတွေစာရင်းမှာ ဒုတိယနေရာက ပါဝင်လို့လာပါတယ်။ ဥရောပကုန်းမကြီး ငလျင် ပြတ်ရွေကြောနဲ့နီးကပ်စွာတည်ရှိနေပေမဲ့ မော်တာနိုင်ငံဟာ ငလျင်ဒဏ်ကိုခံစားရတဲ့ အကြိမ်အရေအတွက်ဟာ အလွန်နည်းပါးပါတယ်။ တိတိကျကျပြောရရင်လွန်ခဲ့တဲ့ နှစ် (၅၀၀)ကာလအတွင်း မော်တာနိုင်ငံတွင်းမှာ ငလျင်အသေးလေး(၇)ကြိမ်သာလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အခြားမုန်တိုင်းလို ဘေးရန်တွေလည်းကြုံတွေ့ရခြင်းမရှိသလို နည်းပါးတဲ့လူဦးရေအတွက်လည်း သဘာဝဘေးရန်ကာကွယ်ဖို့ အခြေခံအဆောက်အအုံများစွာ ကိုအစိုးရက အလုံအလောက်ဖန်တီးပေးထားပါတယ်။

(၁) ကာတာ

(၂၀၂၂)ခုနှစ်ကမ္ဘာဖလားကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ကာတာနိုင်ငံဟာ ကမ္ဘာ့သဘာဝဘေးရန်အလုံခြုံဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါတယ်။ ဒါဟာ The World Risk ကထုတ်ပြန်ချက်ဖြစ်ပြီး နိုင်ငံတည်နေရာအနေအထားအရအဖြစ်လာနိုင်ဆုံးသော အပူပိုင်းမုန်တိုင်းတွေရန်ကနေလည်းကင်းလွတ်နေပါတယ်။ ဒါအပြင် မြေငလျင်ပြတ်ရွေ့ကြောတွေ၊ ပေါက်ကွဲမဲ့မီးတောင်တွေရန်ကလည်း ကင်းလွတ်တဲ့နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ အထဲမှာ မပါပေမယ့် ခီရီဘတ် ၊ ယူအေအီး ၊ ဆွီဒင် ၊ နော်ေ၀ နဲ့ ဖင်လန်နိုင်ငံတွေဟာလည်း သဘာ၀ ဘေးအန္တရာယ် နည်းပါးစွာခံစားရတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

Ref:
World Atlas : What Countries Have The Least Natural Disasters?

Tags: countries
Next Post
ဘုရင်စနစ်ကို ဆက်လက်ကျင့်သုံးဆဲ နိုင်ငံများ

ဘုရင်စနစ်ကို ဆက်လက်ကျင့်သုံးဆဲ နိုင်ငံများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!