Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သဘာဝတရားရဲ့ အံသြဖွယ်ဓာတ်ပုံ ၁၄ ပုံ

by Thutamm
June 29, 2020
Reading Time: 7min read
0
သဘာဝတရားရဲ့ အံသြဖွယ်ဓာတ်ပုံ ၁၄ ပုံ
Share on FacebookShare on Twitter

(Unicode)

၁။ ဒါကတော့ ပီရူးနိုင်ငံမှာရှိတဲ့ Vinicunca ဗီနီကူန်ကာတောင် ဖြစ်ပါတယ်။ အင်ဒီးစ်တောင်တန်းစုထဲက တောင်တခုဖြစ်ပြီး Cusco နယ်မြေထဲမှာ တည်ရှိပါတယ်။ အမြင့်ပေ ၁၇၁၀၀ ရှိတဲ့ ဒီတောင်ဟာ သက်တန့်ကဲ့သို့ အရောင်အမျိုးမျိုးဖြစ်ပေါ်နေတဲ့အတွက် ဒီတောင်ကို သက်တန့်တောင်လို့လည်းခေါ်ကြပါတယ်။

၂။ အပေါ်ကပုံကိုကြည့်ပြီး သစ်သီးတလုံး ဒါမှမဟုတ် သစ်ပင်ကထွက်တဲ့ သစ်စေးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တမ်းတော့ ဒါဟာ ရေနေသက်ရှိသတ္တဝါတမျိုးဖြစ်တဲ့ sea anemone ဖြစ်ပါတယ်။ sea anemone မျိုးစိတ်တွေအများကြီးရှိတဲ့အနက် အခုမြင်ရတာကတော့ သိပ္ပံအမည် Actinia mediterranea လို့ခေါ်တဲ့ sea anemone ဖြစ်ပါတယ်။ ဒီအကောင်လေးတွေကို မြေထဲပင်လယ်ရဲ့ ကမ်းစပ်တွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

၃။ အပေါ်က ပုံကိုကြည့်ပြီးရင် သစ်ကိုင်းခြောက်လို့ ထင်မိမှာပါပဲ။ ဒါပေမယ့် တကယ်တော့ ဒါကို Fulgurite လို့ခေါ်ပြီး သဘာဝအတိုင်းဖြစ်ပေါ်တတ်တဲ့ မြေအစိုင်အခဲတခုဖြစ်ပါတယ်။ ဘယ်လိုအခါမျိုးမှာ Fulgurite တွေ ဖြစ်ပေါ်သလဲဆိုတော့ ပြင်းထန်တဲ့မိုးကြိုးဟာ ကျောက်ဆောင် သို့ သဲပြင်ကို ပစ်ခတ်လိုက်တဲ့အခါမျိုးမှာ ဖြစ်ပေါ်လာလေ့ရှိပါတယ်။ ပျက်စီးလွယ်ပြီး တွေ့မြင်ရဖို့ အလွန်ခက်ပါတယ်။

၄။ ပါရှန်းပင်လယ်ကွေ့မှာရှိပြီး အီရန်ပိုင်ဆိုင်တဲ့ကျွန်းတကျွန်းဖြစ်သော Hormuz ကျွန်းကို ကမ္ဘာမြေက မားစ်ဂြိုဟ်လို့ ခေါ်ကြလေ့ရှိပါတယ်။ အကြောင်းကတော့ နီရဲနေတဲ့ သူ့ရဲ့သဲမြေတွေဟာ ပင်လယ်ကမ်းစပ်ကရေတွေကိုပါ အနီရောင်လို့ ထင်သွားစေလို့ဖြစ်ပါတယ်။ ဒီလိုနီရခြင်းအကြောင်းကတော့ သူ့ရဲ့သဲမြေတွေထဲမှာ မြေစေးဝါအမြောက်အများ နဲ့ သဘာဝရောင်ခြယ်ပစ္စည်းတခုဖြစ်တဲ့ ferric oxide တွေပါဝင်နေလို့ဖြစ်ပါတယ်။

၅။ ပင်လယ်ဖွတ်မျိုးစိတ်တမျိုးဖြစ်တဲ့ Marine iguanas တွေကိုတော့ အီကွေဒေါက ဂလာပါဂိုစ့်ကျွန်းမှာပဲ တွေ့ရတတ်ပါတယ်။ ဒီဖွတ်တွေဟာ Lava lizard တွေကို သူတို့ရဲ့ခေါင်းထိပ်ကို တက်ခွင့်ပြုထားပါတယ်။ Lava lizard တွေဟာ ဖွတ်အကောင်ငယ်လေးတွေနဲ့ အလွန်ဆင်တူတာကြောင့် ဖြစ်ပါတယ်။

၆။ အနီရဲရဲ နဲ့ အနက်ရောင်စပ်ထားတဲ့ ဒီပိုးဖလံမျိုးကို မြင်ဖူးကြမလားတော့ မသိဘူး။ Cinnabar moth လို့ခေါ်ပါတယ်။ ဥရောပ ၊ အာရှအလယ်ပိုင်း နဲ့ အနောက်ပိုင်းဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။ ခန္ဓာကိုယ်အလျား ၁လက်မ ဝန်းကျင်ခန့်ရှိပြီး တောင်ပံအကျယ်ကတော့ ၂လက်မ နီးပါး ရှိပါတယ်။

၇။ ငါးဆိုတာရေထဲမှာပဲနေနိုင်တယ် လို့ပြောလာတဲ့သူကို Anabas ငါးအကြောင်းပြောပြလိုက်ပါ။ ဒီငါးတွေဟာ ကုန်းပေါ်မှာ ခုန်ဆွခုန်ဆွ နဲ့တွားသွားနိုင်ပါတယ်။ ဒါကြောင့်လည်း သူတို့ကို climbing perch လို့လည်းခေါ်ကြတာဖြစ်ပါတယ်။ တချို့ကတော့ ဒီငါးတွေဟာ သူ့ရဲ့ဆူးတောင်အကူအညီနဲ့ သစ်ပင်ပါတက်နိုင်တယ်လို့ ဆိုကြပါတယ်။ သေချာတာကတော့ ဒီငါးတွေဟာ ကုန်းပေါ်မှာသွားလာနိုင်ပြီး ရေမရှိပဲ ၆ နာရီကနေ ၈နာရီအထိ နေနိုင်တယ် ဆိုတာပါ။

၈။ Green heron ငှက်တွေကို အလယ်အမေရိက နဲ့ မြောက်အမေရိကတို့မှာ အများဆုံးတွေ့ရတတ်ပါတယ်။ ဒီငှက်မှာ ထူးခြားတဲ့အစွမ်းတခုရှိပါတယ်။ အဲဒါကတော့ သူတို့ရဲ့လည်ပင်းကို အဝေးကြည့်မှန်ပြောင်းသဖွယ် ဆန့်ထုတ်နိုင်တာပါ။

၉။ ဒါကတော့ baobab သစ်ပင်ဖြစ်ပါတယ်။ ဒီအပင်တွေဟာ အလွန်ကြီးမားပြီး မတူခြားနားတဲ့ ပုံသဏ္ဍာန်အမျိုးမျိုး နဲ့ ပေါက်တတ်လေ့ရှိပါတယ်။ ဒီအပင်တွေကို မန်ဒတ်စကာကျွန်းမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

၁၀။ အမှတ်တမဲ့ကြည့်လိုက်ရင် ငှက်ပိတုန်း နဲ့ ပုံစံတူတဲ့ ဒီအရာတွေကတော့ ပန်းပွင့်တွေသာ ဖြစ်ပါတယ်။ ငှက်နဲ့တူလို့  ငှက်ပန်းပွင့် green birdflower ၊ regal birdflower လို့ခေါ်ကြတဲ့ သူ့ရဲ့နာမည်အမှန်က Crotalaria cunninghamii ဖြစ်ပါတယ်။ ဒီပန်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ ၁၉ရာစု အင်္ဂလိပ် ရုက္ခဗေဒပညာရှင် Allan Cunningham ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနာမည်ကိုပေးထားခြင်းဖြစ်ပါတယ်။

၁၁။ ဒီပုတ်သင်ညိုကိုတော့ ထိပ်မှာ ဦးချိုတချောင်းရှိနေတဲ့အတွက် Unicorn lizard လို့ခေါ်ကြပါတယ်။ ဒါအပြင် Rhino-horned lizard လို့လည်းခေါ်ကြပါသေးတယ်။ သူတို့ကိုတော့ သီရိလင်္ကာနိုင်ငံမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

၁၂။ တီကောင်တွေထဲမှာတော့ ဒီတီကောင်ရဲ့ပုံသဏ္ဍာန်ဟာ ပုံမှာမြင်ရတဲ့အတိုင်း ကွဲပြားပါတယ်။ planarianworm လို့ခေါ်ပြီး ဘော်နီယိုကျွန်းမှာ တွေ့ရလေ့ရှိပါတယ်။

၁၃။ ဒီဖားတွေကိုတော့ mossy frog လို့ခေါ်ပြီး သူ့ရဲ့ သိပ္ပံအမည်က Theloderma corticale ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း နဲ့ တရုတ်နိုင်ငံတောင်ပိုင်းဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။ ရေညှိရောင်ကဲ့သို့ဖြစ်နေတဲ့ သူ့ရဲ့ခန္ဓာကိုယ်ဟာ နေထိုင်ရာပတ်ဝန်းကျင်မှာ ကိုယ်ရောင်ဖျောက်နိုင် (သို့) ပုန်းကွယ်နိုင်စွမ်းရှိပါတယ်။ အကောင်အရွယ်အစားကတော့ ၃လက်မခွဲခန့်အထိ ရှိတတ်ပါတယ်။

၁၄။ ဒါကလည်း မန်ဒတ်စကာကျွန်းမှာတွေ့ရတတ်တဲ့ ထူးခြားပိုးကောင်တမျိုးပါ။ သူ့ကိုတော့ သစ်ကုလားအုတ်ပိုးကောင်လို့ ခေါ်ကြပါတယ်။ နာမည်အတိုင်းပဲ အလွန်တရာ ရှည်လျားတဲ့ လည်ပင်းကို ပိုင်ဆိုင်ထားပါတယ်။ သိပ္ပံအမည်ကတော့ Trachelophorus giraffa ဖြစ်ပါတယ်။ သူတို့ရဲ့လည်ပင်းကို အသိုက်ဆောက်တဲ့အခါ သို့မဟုတ် တိုက်ခိုက်ကြတဲ့အခါမျိုးမှာ ဆန့်ထုတ်လိုက်လေ့ရှိပါတယ်။ အရွယ်အစားအားဖြင့်တော့ ၁လက်ဝန်းကျင်ခန့် ရှိပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင်တော့ ဝေမျှပေးသွားဦးနော် 🙂

——— ——- ———–

(Zawgyi)

သဘာဝတရားရဲ႕ အံၾသဖြယ္ဓာတ္ပုံ ၁၄ ပုံ

၁။ ဒါကေတာ့ ပီ႐ူးႏိုင္ငံမွာရွိတဲ့ Vinicunca ဗီနီကူန္ကာေတာင္ ျဖစ္ပါတယ္။ အင္ဒီးစ္ေတာင္တန္းစုထဲက ေတာင္တခုျဖစ္ၿပီး Cusco နယ္ေျမထဲမွာ တည္ရွိပါတယ္။ အျမင့္ေပ ၁၇၁၀၀ ရွိတဲ့ ဒီေတာင္ဟာ သက္တန႔္ကဲ့သို႔ အေရာင္အမ်ိဳးမ်ိဳးျဖစ္ေပၚေနတဲ့အတြက္ ဒီေတာင္ကို သက္တန႔္ေတာင္လို႔လည္းေခၚၾကပါတယ္။

၂။ အေပၚကပုံကိုၾကည့္ၿပီး သစ္သီးတလုံး ဒါမွမဟုတ္ သစ္ပင္ကထြက္တဲ့ သစ္ေစးလို႔ ထင္ေကာင္းထင္ႏိုင္ပါတယ္။ တကယ္တမ္းေတာ့ ဒါဟာ ေရေနသက္ရွိသတၱဝါတမ်ိဳးျဖစ္တဲ့ sea anemone ျဖစ္ပါတယ္။ sea anemone မ်ိဳးစိတ္ေတြအမ်ားႀကီးရွိတဲ့အနက္ အခုျမင္ရတာကေတာ့ သိပၸံအမည္ Actinia mediterranea လို႔ေခၚတဲ့ sea anemone ျဖစ္ပါတယ္။ ဒီအေကာင္ေလးေတြကို ေျမထဲပင္လယ္ရဲ႕ ကမ္းစပ္ေတြမွာ အမ်ားဆုံးေတြ႕ရေလ့ရွိပါတယ္။

၃။ အေပၚက ပုံကိုၾကည့္ၿပီးရင္ သစ္ကိုင္းေျခာက္လို႔ ထင္မိမွာပါပဲ။ ဒါေပမယ့္ တကယ္ေတာ့ ဒါကို Fulgurite လို႔ေခၚၿပီး သဘာဝအတိုင္းျဖစ္ေပၚတတ္တဲ့ ေျမအစိုင္အခဲတခုျဖစ္ပါတယ္။ ဘယ္လိုအခါမ်ိဳးမွာ Fulgurite ေတြ ျဖစ္ေပၚသလဲဆိုေတာ့ ျပင္းထန္တဲ့မိုးႀကိဳးဟာ ေက်ာက္ေဆာင္ သို႔ သဲျပင္ကို ပစ္ခတ္လိုက္တဲ့အခါမ်ိဳးမွာ ျဖစ္ေပၚလာေလ့ရွိပါတယ္။ ပ်က္စီးလြယ္ၿပီး ေတြ႕ျမင္ရဖို႔ အလြန္ခက္ပါတယ္။

၄။ ပါရွန္းပင္လယ္ေကြ႕မွာရွိၿပီး အီရန္ပိုင္ဆိုင္တဲ့ကြၽန္းတကြၽန္းျဖစ္ေသာ Hormuz ကြၽန္းကို ကမာၻေျမက မားစ္ၿဂိဳဟ္လို႔ ေခၚၾကေလ့ရွိပါတယ္။ အေၾကာင္းကေတာ့ နီရဲေနတဲ့ သူ႔ရဲ႕သဲေျမေတြဟာ ပင္လယ္ကမ္းစပ္ကေရေတြကိုပါ အနီေရာင္လို႔ ထင္သြားေစလို႔ျဖစ္ပါတယ္။ ဒီလိုနီရျခင္းအေၾကာင္းကေတာ့ သူ႔ရဲ႕သဲေျမေတြထဲမွာ ေျမေစးဝါအေျမာက္အမ်ား နဲ႔ သဘာဝေရာင္ျခယ္ပစၥည္းတခုျဖစ္တဲ့ ferric oxide ေတြပါဝင္ေနလို႔ျဖစ္ပါတယ္။

၅။ ပင္လယ္ဖြတ္မ်ိဳးစိတ္တမ်ိဳးျဖစ္တဲ့ Marine iguanas ေတြကိုေတာ့ အီေကြေဒါက ဂလာပါဂိုစ့္ကြၽန္းမွာပဲ ေတြ႕ရတတ္ပါတယ္။ ဒီဖြတ္ေတြဟာ Lava lizard ေတြကို သူတို႔ရဲ႕ေခါင္းထိပ္ကို တက္ခြင့္ျပဳထားပါတယ္။ Lava lizard ေတြဟာ ဖြတ္အေကာင္ငယ္ေလးေတြနဲ႔ အလြန္ဆင္တူတာေၾကာင့္ ျဖစ္ပါတယ္။

၆။ အနီရဲရဲ နဲ႔ အနက္ေရာင္စပ္ထားတဲ့ ဒီပိုးဖလံမ်ိဳးကို ျမင္ဖူးၾကမလားေတာ့ မသိဘူး။ Cinnabar moth လို႔ေခၚပါတယ္။ ဥေရာပ ၊ အာရွအလယ္ပိုင္း နဲ႔ အေနာက္ပိုင္းေဒသေတြမွာ ေတြ႕ရေလ့ရွိပါတယ္။ ခႏၶာကိုယ္အလ်ား ၁လက္မ ဝန္းက်င္ခန႔္ရွိၿပီး ေတာင္ပံအက်ယ္ကေတာ့ ၂လက္မ နီးပါး ရွိပါတယ္။

၇။ ငါးဆိုတာေရထဲမွာပဲေနႏိုင္တယ္ လို႔ေျပာလာတဲ့သူကို Anabas ငါးအေၾကာင္းေျပာျပလိုက္ပါ။ ဒီငါးေတြဟာ ကုန္းေပၚမွာ ခုန္ဆြခုန္ဆြ နဲ႔တြားသြားႏိုင္ပါတယ္။ ဒါေၾကာင့္လည္း သူတို႔ကို climbing perch လို႔လည္းေခၚၾကတာျဖစ္ပါတယ္။ တခ်ိဳ႕ကေတာ့ ဒီငါးေတြဟာ သူ႔ရဲ႕ဆူးေတာင္အကူအညီနဲ႔ သစ္ပင္ပါတက္ႏိုင္တယ္လို႔ ဆိုၾကပါတယ္။ ေသခ်ာတာကေတာ့ ဒီငါးေတြဟာ ကုန္းေပၚမွာသြားလာႏိုင္ၿပီး ေရမရွိပဲ ၆ နာရီကေန ၈နာရီအထိ ေနႏိုင္တယ္ ဆိုတာပါ။

၈။ Green heron ငွက္ေတြကို အလယ္အေမရိက နဲ႔ ေျမာက္အေမရိကတို႔မွာ အမ်ားဆုံးေတြ႕ရတတ္ပါတယ္။ ဒီငွက္မွာ ထူးျခားတဲ့အစြမ္းတခုရွိပါတယ္။ အဲဒါကေတာ့ သူတို႔ရဲ႕လည္ပင္းကို အေဝးၾကည့္မွန္ေျပာင္းသဖြယ္ ဆန႔္ထုတ္ႏိုင္တာပါ။

၉။ ဒါကေတာ့ baobab သစ္ပင္ျဖစ္ပါတယ္။ ဒီအပင္ေတြဟာ အလြန္ႀကီးမားၿပီး မတူျခားနားတဲ့ ပုံသ႑ာန္အမ်ိဳးမ်ိဳး နဲ႔ ေပါက္တတ္ေလ့ရွိပါတယ္။ ဒီအပင္ေတြကို မန္ဒတ္စကာကြၽန္းမွာ အမ်ားဆုံးေတြ႕ရေလ့ရွိပါတယ္။

၁၀။ အမွတ္တမဲ့ၾကည့္လိုက္ရင္ ငွက္ပိတုန္း နဲ႔ ပုံစံတူတဲ့ ဒီအရာေတြကေတာ့ ပန္းပြင့္ေတြသာ ျဖစ္ပါတယ္။ ငွက္နဲ႔တူလို႔  ငွက္ပန္းပြင့္ green birdflower ၊ regal birdflower လို႔ေခၚၾကတဲ့ သူ႔ရဲ႕နာမည္အမွန္က Crotalaria cunninghamii ျဖစ္ပါတယ္။ ဒီပန္းကို ရွာေဖြေတြ႕ရွိခဲ့တဲ့ ၁၉ရာစု အဂၤလိပ္ ႐ုကၡေဗဒပညာရွင္ Allan Cunningham ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဒီနာမည္ကိုေပးထားျခင္းျဖစ္ပါတယ္။

၁၁။ ဒီပုတ္သင္ညိဳကိုေတာ့ ထိပ္မွာ ဦးခ်ိဳတေခ်ာင္းရွိေနတဲ့အတြက္ Unicorn lizard လို႔ေခၚၾကပါတယ္။ ဒါအျပင္ Rhino-horned lizard လို႔လည္းေခၚၾကပါေသးတယ္။ သူတို႔ကိုေတာ့ သီရိလကၤာႏိုင္ငံမွာ အမ်ားဆုံးေတြ႕ရေလ့ရွိပါတယ္။

၁၂။ တီေကာင္ေတြထဲမွာေတာ့ ဒီတီေကာင္ရဲ႕ပုံသ႑ာန္ဟာ ပုံမွာျမင္ရတဲ့အတိုင္း ကြဲျပားပါတယ္။ planarianworm လို႔ေခၚၿပီး ေဘာ္နီယိုကြၽန္းမွာ ေတြ႕ရေလ့ရွိပါတယ္။

၁၃။ ဒီဖားေတြကိုေတာ့ mossy frog လို႔ေခၚၿပီး သူ႔ရဲ႕ သိပၸံအမည္က Theloderma corticale ျဖစ္ပါတယ္။ ဗီယက္နမ္ႏိုင္ငံ ေျမာက္ပိုင္း နဲ႔ တ႐ုတ္ႏိုင္ငံေတာင္ပိုင္းေဒသေတြမွာ ေတြ႕ရေလ့ရွိပါတယ္။ ေရညႇိေရာင္ကဲ့သို႔ျဖစ္ေနတဲ့ သူ႔ရဲ႕ခႏၶာကိုယ္ဟာ ေနထိုင္ရာပတ္ဝန္းက်င္မွာ ကိုယ္ေရာင္ေဖ်ာက္ႏိုင္ (သို႔) ပုန္းကြယ္ႏိုင္စြမ္းရွိပါတယ္။ အေကာင္အ႐ြယ္အစားကေတာ့ ၃လက္မခြဲခန႔္အထိ ရွိတတ္ပါတယ္။

၁၄။ ဒါကလည္း မန္ဒတ္စကာကြၽန္းမွာေတြ႕ရတတ္တဲ့ ထူးျခားပိုးေကာင္တမ်ိဳးပါ။ သူ႔ကိုေတာ့ သစ္ကုလားအုတ္ပိုးေကာင္လို႔ ေခၚၾကပါတယ္။ နာမည္အတိုင္းပဲ အလြန္တရာ ရွည္လ်ားတဲ့ လည္ပင္းကို ပိုင္ဆိုင္ထားပါတယ္။ သိပၸံအမည္ကေတာ့ Trachelophorus giraffa ျဖစ္ပါတယ္။ သူတို႔ရဲ႕လည္ပင္းကို အသိုက္ေဆာက္တဲ့အခါ သို႔မဟုတ္ တိုက္ခိုက္ၾကတဲ့အခါမ်ိဳးမွာ ဆန႔္ထုတ္လိုက္ေလ့ရွိပါတယ္။ အ႐ြယ္အစားအားျဖင့္ေတာ့ ၁လက္ဝန္းက်င္ခန႔္ ရွိပါတယ္။

သေဘာက်ႏွစ္သက္တယ္ဆုိရင္ေတာ့ ေ၀မွ်ေပးသြားဦးေနာ္

Tags: knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
အမေရိကန်က အမည်မသိစစ်သား ဂူဗိမာန်

အမေရိကန်က အမည်မသိစစ်သား ဂူဗိမာန်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!