• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သန့်စင်တဲ့ရေကို ကောင်းကင်ကနေရယူနိုင်မယ့် မျှော်စင်တု(သို့) အီသီယိုးပီးယားက ဝါးမျှော်စင်

by Thutamm
August 17, 2019
Reading Time: 1min read
0
သန့်စင်တဲ့ရေကို ကောင်းကင်ကနေရယူနိုင်မယ့် မျှော်စင်တု(သို့) အီသီယိုးပီးယားက ဝါးမျှော်စင်
Share on FacebookShare on Twitter

ကမ္ဘာပေါ်ကသန်းပေါင်းများစွာသော လူသားတွေ ယနေ့ထက်တိုင် ရင်ဆိုင်နေရတဲ့ ပြသနာကြီးတွေထဲမှာ သန့်ရှင်းတဲ့သောက်သုံးရေ ရှားပါးမှုပြသနာ ဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ခလုတ်တစ်ခုနှိပ်ရုံနဲ့ သန့်ရှင်းတဲ့သောက်သုံး ရေဖန်ခွက်တစ်ခွက် အပြည့်နေ့စဉ်ရနိုင်မယ်ဆိုရင်ရင် သင်ဟာပြည့်စုံတဲ့ထိပ်တန်း လူအဖွဲ့ အစည်းတစ်ခုမှာရှင်သန်နေထိုင်ရသူဖြစ်တယ်လို့ ယေဘုယျအာဖြင့်သတ်မှတ်နိုင် ပါတယ်။

ကမ္ဘာပေါ်ကလူအများစုဟာ သောက်သုံးရေရှားပါးမှုကိုရင်ဆိုင်နေရတာဟာ ကာလအလွန်ရှည်ကြာနေပြီး အထူးသဖြင့် မိုးခေါင်ရေရှားဒေသ၊ ဆင်းရဲနွမ်းပါးတဲ့ ဒေသ တွေမှာဆိုရင် သောက်သုံးရေပြသာနာရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ ကပ်ရောဂါ ကျရောက်တဲ့အဖြစ်တွေကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးရတဲ့ အခြေအနေထိ ဖြစ်ခဲ့ရပါတယ်။ ဒါအပြင်လေ့လာမှုစစ်တမ်းတွေအရ ကမ္ဘာပေါ်မှရှိတဲ့သောက်သုံးရေကန် အများစုဟာ နည်းစနစ်တကျ ရေသန့်စင်မှုအပိုင်းမှာအားနည်းလွန်းတာကိုတွေ့ရပြီး အဆိပ်အ တောက်၊ရောဂါပိုးမွှားများစွာဟာ ယင်းရေကန်တွေအတွင်းမှာ ပျော်ဝင်နေတာကို စစ်ဆေးတွေ့ရှိရပါတယ်။

ဒါဆိုရင်သန့်ရှင်းတဲ့သောက်သုံးရေရရှိနိုင်ဖို့ ဘယ်လိုကြိုးစားသင့်သလဲ။ ဆိုလိုချင်တာက တော့ ငွေကြေးစိုက်ထုတ်မှုအနည်းဆုံးနဲ့ သန့်ရှင်းတဲ့သောက်သုံးရေကို ဘယ်လိုနည်း နဲ့ ကမ္ဘာနေရာအနှံ့ရနိုင်မလဲ။ ရေဆိုတာကတော့ သံသရာစက်ဝိုင်းတစ်ခုလိုလည်ပတ် တည်ရှိနေတာကို ကျွန်တော်တို့ အခြေခံကျကျသိရှိထားပါတယ်။ နေအပူရှိန်ကြောင့် ကမ္ဘာနေရာမျိုးစုံက ရေခိုး၊ရေငွေ့တွေဟာ ကောင်းကင်ပေါ်တက်သွားပြီး ငွေ့ရည်ဖွဲ့ ကာ မိုးတွေအဖြစ်ရွာသွန်းတယ်။

ဒီနေရာမှာမိုးရေဆိုတာ ကမ္ဘာလူထုအားလုံးနီးပါးရဲ့ အသန့်ရှင်းဆုံးသောက်ရေအဖြစ် သတ်မှတ်အသုံးပြုနေတာပါ။ သိပ္ပံနည်းပညာပိုင်းအရ ကြည့်ရင်လည်း လေထုထဲမှာရေငွေ့ ကနေဖြစ်ပေါ်လာတဲ့ စိုစွတ်တဲ့အရည်တွေဟာ လူသားတွေအတွက် အသန့်စင်ဆုံးရေဖြစ်နေပါတယ်။ ဒါပေမဲ့မိုးရေဟာ မိုးရာသီရောက် ချိန်မှာရရှိနိုင်တာဖြစ်သလို ကမ္ဘာပေါ်မှာလည်း မိုးခေါင်ရေရှားဒေသများစွာရှိနေတာ ကြောင့် သောက်သုံးရေရှားပါးမှုပြသနာက ဆက်လက်တည်ရှိနေဦးမှာပဲဖြစ်ပါတယ်။

အထက်ကဖော်ပြခဲ့သလို သန့်စင်တဲ့ရေဟာ ကောင်းကင်ကနေရရှိတယ်ဆိုတဲ့ အခြေခံအချက်ကိုမူတည်ပြီး အီတလီလူမျိုးပညာရှင် Auturo Vittori ကWarka Tower လို့အမည်ရတဲ့ ကောင်းကင်ကနေရေ ထုတ်ယူတဲ့မျှော်စင်ငယ်တွေကို တီထွင်ခဲ့ပါတယ်။ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင်တော့ ဝါးနဲ့တည်ဆောက်ထားတဲ့မျှော်စင်တစ်ခုအနေ နဲ့သာတွေ့ရမှာဖြစ်ပြီး Warka Tower တွေရဲ့တည်ဆောက်မှုဟာ စရိတ်စခလည်းအလွန် ကိုနည်းပါးပါတယ်။

လိုအပ်တာကတော့မျှော်စင်ပုံဝါးဖရိန်၊biodegradable mesh လို့သိကြတဲ့ ဘတ်တီးရီးယားပိုးမွှားနဲ့ အခြားသက်ရှိတွေကို ကာကွယ် ပေးနိုင်တဲ့ပိုတ်ကွက် ဇကာအနည်းငယ်နဲ့ ရေပိုက်ခေါင်းတစ်ခုတို့ဖြစ်ပါတယ်။ Warka Tower တွေကိုတည်ဆောက်ချိန်ဟာ ရက်အနည်းငယ်လောက်သာကြာမှာ ဖြစ်ပြီး အထူးသဖြင့်တော့ ဆင်းရဲချိုတဲ့ တဲ့မိုးခေါင်ရေရှားဒေသတွေ၊ နွေအခါရေရှားပါးပြီးကန်ရေနဲ့လက်ယက်တွင်းတွေကို အမှီ ပြုနေကြရတဲ့ ကမ္ဘာလူဦးရေသန်းပေါင်းများစွာအတွက် ပညာရှင် Auturo Vittori က ရည်ရွယ်ဖန်တီးခဲ့တာဖြစ်ပါတယ်။

ကျေးလက်နေပြည်သူတွေရဲ့ အိမ်သုံးပစ္စည်းတွေအသုံးပြုပြီး ကောင်းကောင်းတည် ဆောက်နိုင်တဲ့ Warka Towerတွေဟာ ပြုပြင်ထိန်းသိမ်းမှုအပေါ်မူတည်ပြီး အနည်းဆုံး(၁၀)နှစ် သက်တမ်းလောက် အသုံးပြုနိုင်ပါ တယ်။ Warka Towerတွေကို တိုင်ပေမှာပြုလုပ်ခဲ့တဲ့ World Design Impact ပြပွဲမှာ စတင်ပြ သခဲ့တာဖြစ်ပြီး လာရောက်လေ့လာတဲ့ပညာရှင်တွေထံကလည်း နည်းစနစ်သစ်၊အကြံ ပြုချက်အသစ်တွေကို ရယူနိုင်ဖို့ရည်ရွယ်ချက်နဲ့ ပြသခဲ့တဲ့သဘောလည်း ပါပါတယ်။

Warka Tower ဆိုတဲ့အမည်ကတော့ အာဖရိကတိုက်က အီသီယိုးပီးယားနိုင်ငံမှာ ရှိတဲ့ သဖန်းပင်ပုံစံကိုခေါ်ဆိုတာဖြစ်ပြီး အဲဒီအပင်ဟာ ယင်းနိုင်ငံရဲ့သမိုင်းစဉ်ဆက် ကျန်းမာရေးအရ တန်ဖိုး ကြီးမားတဲ့ဆေးပင်လည်းဖြစ်ပါတယ်။ Vittori ဟာအဲဒီ သဖန်းပင်ပုံစံကိုအခြေခံပြီး သူတီထွင်တဲ့ Warka Tower ကိုဒီဇိုင်းထုတ်ရေးဆွဲခဲ့တာဖြစ်ပြီး ပထမဆုံးစတင်စမ်းသပ်ခဲ့တဲ့နေရာဟာလည်း အီသီယိုးပီးယားနိုင်ငံမှာပဲဖြစ်ပါတယ်။

Warka Tower တွေဟာ Fog harvesting (ရေငွေ့ခံတဲ့နည်း)နဲ့အနည်းငယ် ဆင်တူ ပြီးသူရဲ့လုပ်ဆောင် ပုံကတော့ကောင်းကင်အထက်ကရေခိုး၊ရေငွေ့တွေ့ကို ဝါးမျှော်စင် ထိပ်ပိုင်း နေရာတွေကပဲ စုဆောင်းပြီး အတွင်းမှာပဲ ရေငွေ့ ပျံစေကာ အရည်အဖြစ်ကိုပြောင်းလဲစေတာပဲဖြစ်ပါတယ်။ ယင်းနောက်ရရှိလာတဲ့ အရည် တွေကို ဝါးဖရိန်အတွင်းမှာပဲတည်ရှိတဲ့ ပိုက်ကွန်ဇကာအတွင်းကိုဖြတ်သန်းစေပြီး မလို လားအပ်တဲ့ရောဂါပိုးမွှားနဲ့ သက်ရှိအကောင်ငယ်တွေကို ဖယ်ထုတ်ပါတယ်။ ပြီးတော့ မှ ဖြတ်သန်းပြီးတဲ့အရည်တွေကို ရေလှောင်ကန်ကနေတစ်ဆင့် တပ်ဆင်ထားတဲ့ရေပိုက် ခေါင်းကနေ ရေကိုပြန်လည်ထုတ်ယူတဲ့ရိုးရှင်းတဲ့ လမ်းစဉ်ပဲဖြစ်ပါတယ်။

Fog harvesting (ရေငွေ့ခံတဲ့နည်း)ကိုလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကာလကတည်းက မိုးခေါင်ရေရှားဒေသအရပ်ကသူတွေ ကျင့်သုံးခဲ့ကြတာဖြစ်ပြီး ပြန်လည်ရရှိတဲ့ ရေပမာဏဟာနည်းပါးလွန်းတာကြောင့် လက်တွေ့မှာ ထင်သလောက်တော့ အလုပ်မဖြစ်ခဲ့ကြ ပါဘူး။ Warka Tower တစ်ခုလုံးဟာ ပိုက်ကွန်ဇကာဖုံးအုပ်ထားမှာဖြစ်ပြီး အရပ်မျက်နှာပေါင်း စုံကနှင်းရည်၊နှင်းစက်အပါအဝင် ရေခိုးငွေ့တွေဟာယင်းကနေတစ်ဆင့် တစ်ဖြည်းဖြည်း များပြားစွာတိုးဝင်လာကြမှာဖြစ်ပါတယ်။

Warka Tower တွေကို ၂၀၁၂မှာ V 0.1 , ၂၀၁၃ မှာ V 1.7, ၂၀၁၄ မှာ V 2.0, ၂၀၁၅ မှာ V 3.2 , ၂၀၁၇ မှာ V 3.7 စသည်ဖြင့် ဗားရှင်းအမျိုးမျိုးကို ဆင့်ပွားတည်ဆောက်ခဲ့ပါတယ်။ V 3.2 ဗားရှင်းမှာတော့ ဝါးတာဝါရဲ့အမြင့်ဟာ ၃၁ပေမြင့်ပြီး အလေးချိန် ၁၇၆ပေါင် ရှိပါတယ်။ ကုန်ကျစရိတ်အနေနဲ့ကတော့ ဒေါ်လာ ၅၀၀ ကနေ ၁၀၀၀ ကြားကုန်ကျခဲ့ပါတယ်။ Warka Tower တစ်ခုကနေ ရရှိတဲ့နေ့စဉ်ရေပမာဏကတော့ ရာသီဥတုကိုလိုက်ပြီး ၄၀လီတာကနေ ၁၀၀ လီတာအထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ဖန်တီးသူ Auturo Vittori ဟာ Warka Tower ကိုတည်ဆောက်ရာမှာ ကန္တာရဒေသမှာတည်ရှိတဲ့ ရှာစောင်းပင်နဲ့ ပိုးတောင်မာသတ္တဝါ တွေရဲ့ ပြုမှုနေထိုင်ပုံကိုလည်း လေ့လာပြီးဆင့်ပွားတည်ဆောက်ခဲ့တာလည်း ဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ရှားစောင်းပင်နဲ့ ပိုးတောင်မာတွေဟာ မြူနှင်းရည်တွေ ကိုစုဆောင်းတက်ကြပြီး သူတို့ကိုယ်သူတို့အစဉ်အေးမြနေအောင် ဖန်တီးတတ်တဲ့ အလေ့ရှိလို့လည်းဖြစ်ပါတယ်။

Warka Towerတွေကိုတည်ဆောက်ရာမှာတော့ လေပြင်းမုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိ အောင်နဲ့ ဟန်ချက်ညီအောင်၊ တည်ဆောက်မဲ့မြေပြင်အခြေအနေကအစ အသေအချာ ပြင်ဆင်ထားဖို့တော့လိုပါတယ်။ Warka Towerတွေဟာ ရာသီဥတုဒဏ်ကြောင့် ပြိုလဲ နိုင်သလို မျှော်စင်ရဲ့ထိပ်ပိုင်းတွေကို ငှက်တွေအစုလိုက်လာရောက် နားခြင်းကြောင့် လည်းပျက်စီးသွားနိုင်တာကြောင့် အထူးသတိပြုဖို့တော့လိုပါတယ်။

ကမ္ဘာလေထုအလွှာအသီးသီးက စစ်ထုတ်ထားပြီးဖြစ်တဲ့ Warka Tower ကနေရရှိတဲ့ ရေဟာ လူသားတွေအတွက် သန့်ရှင်းတဲ့သောက်သုံးရေဖြစ်တယ်ဆိုတာကိုတော့ သံသယဖြစ်ဖွယ်မရှိပါဘူး။ အသုံးပြုသူတွေအနေနဲ့က Warka Towerရဲ့အောက်ခြေမှာ ခံထားတဲ့သောက်ရေကန်ကိုသာ သန့်ရှင်းအောင်အမြဲဂရုပြုဖို့လိုမှာလည်း ဖြစ်ပါတယ်။ ဖန်တီးသူ Auturo Vittoriရဲ့သူအဖွဲ့ကတော့ Warka Towerရဲ့ ရေသန့်စင်တဲ့စနစ်ကို မူလထက်ပိုမိုကောင်းမွန်အောင် နည်းပညာပိုင်းအရမြှင့်တင်ဖို့ ပြင်ဆင်နေကြဆဲပါ။

မြန်မာစကားပုံတွေမှာ ထမင်းအသက်(၇)ရက်၊ရေအသက်တစ်မနက်ဆိုတဲ့ စကားကို ကြည့်ခြင်းဖြင့် သောက်သုံးရေရဲ့အသုံးဝင်မှုကို အမှတ်ရစေမှာပါ။ ပုံမှန်အားဖြင့်တော့ ညနေချိန်မှာရေထမ်း(ရေအိုးရွက်)သယ်ဆောင်ခြင်းအလေ့ဟာ အမျိုးသမီးငယ်တွေသာ အဓိကလုပ် ဆောင်ကြရတာဖြစ်ပါတယ်။ ဒီအလေ့ဟာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာနဲ့အဝှမ်းက နိုင်ငံတိုင်းလိုလိုမှာလို ဖြစ်နေတာပါ။ အထူးသဖြင့် အာဖရိကတိုက်က ဆင်းရဲနွမ်းပါးတဲ့နိုင်ငံမျိုး တွေမှာဆိုရင် အမျိုးသမီးငယ်လေးတွေရဲ့ အချိန်အများစုဟာ ဝေးလံစွာခရီးရှိတဲ့ သောက်သုံးရေသယ်ဆောင်နေတဲ့ နေရာမှာပဲအချိန်ကုန်နေတယ်လို့ သိရပါတယ်။

Warka Tower တွေကိုဖန်တီးရခြင်းရဲ့ ရည်ရွယ်ချက်မှာ ရေရရှိရုံသာမက အထက်ကဖော် ပြသလို ရေရှားတဲ့ဒေသက လူငယ်၊လူရွယ်တွေရဲ့ တန်ဖိုးကြီးအချိန်တွေကို အလဟာသမဖြစ်စေလိုပဲ တခြားနေရာမှာ အသုံးချပြီး ဘဝတွေမြင့်တက်လာဖို့စတဲ့ ဘုံရည်မှန်းချက်တွေပါဝင်လို့နေပြန်ပါတယ်။  ယခုချိန်မှာတော့ Auturo Vittori ရဲ့သူအဖွဲ့ဝင်တွေဟာ Warka Tower တွေကို အီသီယိုး ပီးယားနိုင်ငံရဲ့ ကျေးလက်ဒေသအတော်များများမှာတည်ဆောက်ပေးခဲ့ပြီး ကောင်းမွန် တဲ့ရလဒ်တွေကိုလည်း ယူဆောင်ပေးနိုင်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ Auturo Vittori ဦးဆောင်တဲ့ Warka အဖွဲ့သားတွေကတော့ ကမ္ဘာအနှံ့မှာ ဒီလိုမျှော်စင်မျိုးတွေအများကြီး တည်ဆောက်ဖို့ အားခဲထားကြသလို Warka Tower ရဲ့အသေးစိတ် အစိတ်အပိုင်း တစ်ခုချင်းစီကအစ နည်းပညာပိုင်းဆိုင်ရာ အတတ်နိုင်ဆုံးမြှင့်တင်နိုင်ဖို့ ကြိုးစားနေကြ ဆဲဖြစ်ပါတယ်။

VIDEO

Tags: techworld knowledge
Next Post
နေမရှိ လမရှိ ကောင်းကင်မရှိတဲ့မြို့ (သို့) သဲကန္တာရထဲက မြေအောက်မြို့တော်

နေမရှိ လမရှိ ကောင်းကင်မရှိတဲ့မြို့ (သို့) သဲကန္တာရထဲက မြေအောက်မြို့တော်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!