(Uni)
တရုတ်အနုပညာရှင်တဦးက ထွင်းထုခဲ့တဲ့ ဒီအနုပညာလက်ရာဟာ ၂၀၁၃ ခုနှစ်ကတည်းက ကမ္ဘာ့အရှည်ဆုံးပန်းပုရုပ်အဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်ပြည်က ကျော်ကြားတဲ့ ပန်းပုဆရာတယောက်ဖြစ်သူ Zheng Chunhui ဟာ ဒီပန်ုးပုဖြစ်လာဖို့အတွက် အချိန် ၄နှစ်ကြာ ထုလုပ်ခဲ့ရတာဖြစ်ပါတယ်။ ဒီပန်းပုရှုခင်းဟာ သစ်တပင်တည်းရဲ့ သစ်လုံးကနေ ထွင်းထုထားတာဖြစ်ပြီး အရှည်ပေ ၄၀ ရှိပါတယ်။
ဒီပန်းပုမြင်ကွင်းဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀၀ကျော်ကတည်းက တရုတ်ပြည်မှာ ထင်ရှားခဲ့သော ပန်းချီကားတချပ်ဖြစ်တဲ့ Along the River During the Qingming Festival ပန်းချီအတိုင်း ထွင်းထုထားခဲ့တာဖြစ်ပါတယ်။
ဒီပန်းချီကားဟာ တရုတ်ပြည်ရဲ့မိုနာလီဇာပန်းချီလို့ခေါ်ရတဲ့အထိ ကျော်ကြားခဲ့ပြီး ရေးဆွဲခဲ့သူကတော့ Song မင်းဆက်က နာမည်ကျော် ပန်းချီဆရာတဦးဖြစ်သူ Zhang Zeduan ဖြစ်ပါတယ်။ အဲဒီခေတ်အခါက ချမ်းသာသူတွေ နဲ့ ဆင်းရဲနွမ်းပါးသူတွေရဲ့ ဘဝကို ပန်းချီအဖြစ် သရုပ်ဖော်ထားခဲ့တာဖြစ်ပါတယ်။
အနုပညာရှင်ပေါင်းများစွာဟာ ဒီပန်းချီကားကို အမျိုးမျိုးပုံတူဖန်တီးကြတဲ့အထဲမှာ Chunhui ဖန်တီးမှုဟာ လက်ရာအမြောက်ဆုံးလို့ ဆိုရမှာဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒီပန်းပုရှုခင်းလို ရှုပ်ထွေးပြီး လက်ရာမြောက်စွာထုလုပ်ထားတဲ့ ပန်းပု နောက်ထပ်မရှိပါဘူး။ ဒီရုပ်တုရှုခင်းရဲ့ အမြင့်ဆုံးနေရာဟာ ၁၀ပေ ရှိပြီး အကျယ်ကတော့ ၈ပေ နီးပါးရှိပါတယ်။
ဒီပန်းပုရှုခင်းကို Chunhui ရဲ့ လက်ရာအမြောက်ဆုံးဖန်တီးမှုလို့ ဆိုရမှာဖြစ်ပါတယ်။ ပန်းချီကားထဲကအတိုင်း သစ်ပင်တွေ ၊ တောင်တွေ၊ လှေတွေ ၊ အိမ်တွေ ၊ မြစ်တွေ ၊ တံတားတွေကိုသာမက လူပေါင်း ၅၀၀ အရုပ် ကိုပါ အနုစိတ် လက်ရာမြောက်စွာ ထုလုပ်ထားခဲ့တာဖြစ်ပါတယ်။ ဒီလို အသေးစိတ်ထုလုပ်ရတဲ့အတွက်ကြောင့် ၄နှစ် ကြာ အချိန်ယူရတယ်ဆိုတာ ယုံမှားသံသယရှိဖို့ မလိုပါဘူး။
လက်ရှိအချိန်မှာတော့ ဒီပန်းချီရှုခင်းကို တရုတ်နိုင်ငံ ဘေဂျင်းမြို့က နန်းတော်ပြတိုက်မှာ မူရင်းပန်းချီကားနဲ့ အတူ ပြသထိန်းသိမ်းထားပါတယ်။
——— ———- ———-
(Zawgyi)
သစ္တပင္တည္းကေန ၄ႏွစ္ၾကာ ထြင္းထုခဲ့ရတဲ့ ပန္းပုလက္ရာ ရႈခင္း
တရုတ္အႏုပညာရွင္တဦးက ထြင္းထုခဲ့တဲ့ ဒီအႏုပညာလက္ရာဟာ ၂၀၁၃ ခုႏွစ္ကတည္းက ကမာၻ႔အရွည္ဆုံးပန္းပုရုပ္အျဖစ္ ဂင္းနစ္စံခ်ိန္၀င္ခဲ့တာ ျဖစ္ပါတယ္။
တရုတ္ျပည္က ေက်ာ္ၾကားတဲ့ ပန္းပုဆရာတေယာက္ျဖစ္သူ Zheng Chunhui ဟာ ဒီပန္ုးပုျဖစ္လာဖုိ႔အတြက္ အခ်ိန္ ၄ႏွစ္ၾကာ ထုလုပ္ခဲ့ရတာျဖစ္ပါတယ္။ ဒီပန္းပုရႈခင္းဟာ သစ္တပင္တည္းရဲ႕ သစ္လုံးကေန ထြင္းထုထားတာျဖစ္ၿပီး အရွည္ေပ ၄၀ ရွိပါတယ္။
ဒီပန္းပုျမင္ကြင္းဟာ လြန္ခဲ့တဲ့ ႏွစ္ ၁၀၀၀ေက်ာ္ကတည္းက တရုတ္ျပည္မွာ ထင္ရွားခဲ့ေသာ ပန္းခ်ီကားတခ်ပ္ျဖစ္တဲ့ Along the River During the Qingming Festival ပန္းခ်ီအတုိင္း ထြင္းထုထားခဲ့တာျဖစ္ပါတယ္။
ဒီပန္းခ်ီကားဟာ တရုတ္ျပည္ရဲ႕မုိနာလီဇာပန္းခ်ီလုိ႔ေခၚရတဲ့အထိ ေက်ာ္ၾကားခဲ့ၿပီး ေရးဆြဲခဲ့သူကေတာ့ Song မင္းဆက္က နာမည္ေက်ာ္ ပန္းခ်ီဆရာတဦးျဖစ္သူ Zhang Zeduan ျဖစ္ပါတယ္။ အဲဒီေခတ္အခါက ခ်မ္းသာသူေတြ နဲ႔ ဆင္းရဲႏြမ္းပါးသူေတြရဲ႕ ဘ၀ကို ပန္းခ်ီအျဖစ္ သရုပ္ေဖာ္ထားခဲ့တာျဖစ္ပါတယ္။
အႏုပညာရွင္ေပါင္းမ်ားစြာဟာ ဒီပန္းခ်ီကားကို အမ်ဳိးမ်ဳိးပုံတူဖန္တီးၾကတဲ့အထဲမွာ Chunhui ဖန္တီးမႈဟာ လက္ရာအေျမာက္ဆုံးလုိ႔ ဆုိရမွာျဖစ္ၿပီး ကမာၻေပၚမွာ ဒီပန္းပုရႈခင္းလုိ ရႈပ္ေထြးၿပီး လက္ရာေျမာက္စြာထုလုပ္ထားတဲ့ ပန္းပု ေနာက္ထပ္မရွိပါဘူး။ ဒီရုပ္တုရႈခင္းရဲ႕ အျမင့္ဆုံးေနရာဟာ ၁၀ေပ ရွိၿပီး အက်ယ္ကေတာ့ ၈ေပ နီးပါးရွိပါတယ္။
ဒီပန္းပုရႈခင္းကို Chunhui ရဲ႕ လက္ရာအေျမာက္ဆုံးဖန္တီးမႈလုိ႔ ဆုိရမွာျဖစ္ပါတယ္။ ပန္းခ်ီကားထဲကအတုိင္း သစ္ပင္ေတြ ၊ ေတာင္ေတြ၊ ေလွေတြ ၊ အိမ္ေတြ ၊ ျမစ္ေတြ ၊ တံတားေတြကိုသာမက လူေပါင္း ၅၀၀ အရုပ္ ကိုပါ အႏုစိတ္ လက္ရာေျမာက္စြာ ထုလုပ္ထားခဲ့တာျဖစ္ပါတယ္။ ဒီလုိ အေသးစိတ္ထုလုပ္ရတဲ့အတြက္ေၾကာင့္ ၄ႏွစ္ ၾကာ အခ်ိန္ယူရတယ္ဆုိတာ ယုံမွားသံသယရွိဖုိ႔ မလုိပါဘူး။
လက္ရွိအခ်ိန္မွာေတာ့ ဒီပန္းခ်ီရႈခင္းကို တရုတ္ႏုိင္ငံ ေဘဂ်င္းၿမဳိ႕က နန္းေတာ္ျပတုိက္မွာ မူရင္းပန္းခ်ီကားနဲ႔ အတူ ျပသထိန္းသိမ္းထားပါတယ္။
Discussion about this post