ကြည်နူးဆွတ်ပျံ့ဖွယ် မေတ္တာဇာတ်လမ်းတွေကိုရုပ်ရှင် ဝတ္ထု ဗီဒီယိုတွေမှာကျွန်တော်တို့မြင်တွေ့နေကျပါ။ အချို့သော ထူးဆန်းတဲ့ အချစ်ဇာတ်လမ်းတွေဟာ လက်ရှိလောကရဲ့ တစ်ကယ့်ဘဝတွေမှာတစ်ကယ်ရှိခဲ့ပါတယ်။ အခုမျှဝေပေးမှာကတော့ အပြင်မှာတစ်ကယ်ရှိခဲ့တဲ့ ထူးထူးခြားခြား အချစ်ဇာတ်လမ်းတွေအကြောင်းပဲဖြစ်ပါတယ်။
၁၀။ နှစ် ၆၀ ကြာမှ ပြန်လည်ဆုံတွေ့ခဲ့တဲ့စုံတွဲ
ဒုတိကမ္ဘာစစ်ကိုနောက်ခံထားတဲ့ ဖြစ်ရပ်လေးပါ။ ဒီစုံတွဲဟာလက်ထပ်ပြီးခါစ သုံးရက်အကြာမှာပဲ အမျိုးသမီးဖြစ်သူ Anna Kozlov ဟာ သူ့အမျိုးသားကို နှုတ်ဆက်ခဲ့ရပါတယ်။ သူမအမျိုးသား ရုရှားတပ်နီအဖွဲ့ဝင်အဖြစ် တိုက်ပွဲဝင်နေချိန်မှာ Anna ဟာစတာလင်ရဲ့အမိန့်နဲ့ ဆာဘီးယားကို ပြည်နှင်ဒဏ်ပေးခံရပြီး သူ့မအိမ်နဲ့ သူ့အမျိုးသားဆီကိုပြန်လာဖို့ ငြင်းဆန်ခံခဲ့ရပါတယ်။ ဒီလိုနဲ့ သူတို့ဟာ တစ်ဦးနဲ့တစ်ဦးဝေးကွာသွားကြပြီး ကိုယ်စီအိမ်ထောင်ဖက်တွေပိုင်ဆိုင်ခဲ့ကြပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် အိမ်ထောင်ဖက်တွေအသီးသီးသေဆုံးခဲ့ကြပြီး မုဆိုးဖို/မအဖြစ်နဲ့ နှစ်(၆၀)အကြာမှာ ပြန်လည်ဆုံတွေ့ခဲ့ရပါတော့တယ်။ သူတို့ဟာနောက်ထပ်ပြန်လည်ပေါင်းစည်းခွင့်ရခဲ့ပြီး နောက်တစ်ကြိမ်လက်ထပ်ခဲ့ကြပါတယ်။ သူတို့ဆုံခဲ့ကြတဲ့ ဇာတိမြို့လေးမှာပဲ ကျန်တဲ့ဘဝသက်တမ်းတွေကို အတူတူဖြတ်သန်းသွားကြပါတော့တယ်။
၉။ လက်တွဲဖော်ခင်ပွန်းကောင်း
နောက်ဇာတ်လမ်းတစ်ခုကတော့ ယာဉ်တိုက်မှုတစ်ခုကြောင့် Michelle Philpts ဟာကြုံတောင့်ကြုံခဲ အတိတ်မေ့ရောဂါ ခံစားခဲ့ရပါတယ်။ သူမဟာ ၁၉၉၄ခုနှစ်အထိ အချိန်တွေကိုသာမှတ်မိပြီး အဲဒီခုနှစ်နောက်ပိုင်း အချိန်တွေကိုတော့ သူယောင်္ကျား Ian အပါအဝင် မည်သည့်အရာကိုမှ မှတ်မိခြင်းမရှိတော့ပါဘူး။ Ian ဟာသူမ မှတ်မိဖို့အတွက် နည်းမျိုးစုံကို အသုံးပြုခဲ့ပါတယ်။
သူမနောက်ဆုံးမှတ်မိခဲ့တဲ့ ၁၉၉၄ခုနှစ် အချိန်တွေဟာ သူတို့နှစ်ဦးရဲ့အထိန်းအမှတ်အချိန်တွေဖြစ်တာကြောင့် သူတို့ရဲ့မင်္ဂလာဆောင်ဓာက်ပုံတွေ ချစ်သူဘဝကပေးခဲ့တဲ့ အမှတ်တရလက်ဆောင်တွေ အမှတ်တရအဖြစ်အပျက်တွေကို သူအမျိုးသား IanကMichelle ရဲ့အခန်းနံရံမှာကပ်ပေးပြီး နှစ်ကာလများစွာ သူ့အတွက်သူမသာ အရာရာဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။
၈။ မသန်စွမ်းတဲ့ ညီငယ်အတွက် ပြိုင်ပွဲဝင်ခဲ့တဲ့ကလေးငယ်
မွေးချင်းညီအစ်ကိုတွေကြားထဲကသံယောဇဉ်ဟာ ကျွန်တော်တို့ကို တောင်ချည်နှောင်နေသလိုဖြစ်ခဲ့တဲ့ ဇာတ်လမ်းကတော့ ညီဖြစ်သူ Cayden Long ဟာ မွေးရာပါဦးနှောက်ချို့ယွင်းမှုကြောင့် ကိုယ်လက်အင်္ဂါများ မလှုပ်ရှားနိုင်ပဲလေဖြတ်သလိုဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် အခြားကလေးတွေပြုမူသလို ပြုမူနိုင်ခြင်းမရှိပါဘူး။ ဒါပေမဲ့အစ်ကိုဖြစ်သူ Conor ဟာ ညီဖြစ်သူကိုပစ်ပယ်ခြင်းမပြုပဲ သူနဲ့အတူ Triathlons ဆိုတဲ့ ရေကူး စက်ဘီးစီး အပြေးပြိုင်ရတဲ့ သုံးမျိုးစပ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ။
ပြိုင်ပွဲဝင်စဉ်မှာ အစ်ကိုဖြစ်သူကပဲ ဦးဆောင်အပင်ပန်းခံပြီးပြိုင်ပွဲဝင်ခဲ့တာပါ။ ပြိုင်ပွဲမှာအနိုင်ရဖို့မလွယ်ပေမယ့် မသန်စွမ်းဖြစ်နေတဲ့ညီဖြစ်သူ သိမ်ငယ်စိတ်မဝင်အောင် ကလေးအရွယ်လေးနဲ့ နှစ်ယောက်စာ ကြိုးစားပေးခဲ့တဲ့ အကိုဖြစ်သူရဲ့ကြီးမားတဲ့သံယောဇဉ်ကိုမြင်ခဲ့ရတာပါ။
၇။ ကမ္ဘာ့မိသားစု
Shoron နဲ့ Mike Deenehey ဇနီးမောင်နှံမှာ အရင်ကတည်းက သားသမီးသုံးယောက်ရှိခဲ့တာပါ။ သူတို့မိသားစုဟာ ရုပ်မြင်သံကြားလိုင်းတစ်ခုမှာ မြင်ခဲ့ရတဲ့ လက်နှစ်ဘက်မရှိတဲ့ မိဘမဲ့ရိုမေးနီးယားကလေးငယ်တစ်ဦးကိုမြင်တွေ့ရာမှ မွေးစားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါအပြင်မိဘမဲ့ဂျော်ဂျီယာကလေးငယ်တစ်ဦး အပါအဝင် နောက်ထပ်ကလေးငယ် ၈ဦးအထိ မွေးစားခဲ့ကြပါတယ်။ စုစုပေါင်းသားသမီး ၁၁ဦးအထိရှိလာပါတယ်။
ကလေးငယ်တွေကို တရုတ် အီသီယိုးပီးယား ထိုင်း အိန္ဒိယစတဲ့ ကမ္ဘာအရပ်ရပ်ကမွေးစားခဲ့ကြတာ ဖြစ်ပါတယ်။ အများစုဟာ မသန်စွမ်းနဲ့ မိဘမဲ့ကလေးတွေဖြစ်ပါတယ်။ သဘောထားကြီးလွန်းတဲ့ ဒီမိသားစုကိုမြင်ရတာဟာ ကမ္ဘာနိုင်ငံတွေစုပေါင်းထားတဲ့ လူမျိုးစုံအဖွဲ့ကြီးကိုမြင်ရသလိုပါပဲ ။သူတို့ဇနီးမောင်နှံရဲ့မေတ္တာတရားဟာ တစ်ကမ္ဘာလုံးကိုဖြန့်ကျက်နေတယ်လို့ ဆိုရမှာပါ။
၆။ မသန်စွမ်းတစ်ဦးရဲ့အိမ်မက်ကိုအသက်ဆက်ပေးခဲ့တဲ့Tyron
ကားတိုက်မှုတစ်ခုကြောင့် Pascle Honore ဟာမသန်စွမ်းတစ်ယောက်ဖြစ်သွားပြီး သူမဝါသနာပါတဲ့ ရေလွှာလျောစီးတဲ့ အလုပ်ကိုစွန့်လွတ်ခဲ့ရပြီး စိတ်ဓာက်အကျကြီးကျနေပါတော့တယ်။ ဒီအချိန်မှာသူ့သားသူငယ်ချင်းဖြစ်သူ Tyron ရောက်ရှိလာပြီး သူမရဲ့အိပ်မက်ဖြစ်တဲ့ ရေလွှာလျောစီးနိုင်အောင် အစွမ်းကုန်ကူညီပေးခဲ့ပါတယ်။
Tyron ဟာ သူမကို သူ့နောက်ကျောမှာချည်နှောင်ခဲ့ပြီး သူမရဲ့ခြေထောက်တွေကိုစကိတ်ပြားမှာ ခိုင်ခံ့အောင်တပ်ဆင်စေပြီး သူနဲ့အတူရေလွှာလျောစီးစေခဲ့တာပါ။ Pascle သေဆုံးခဲ့တာ ၂နှစ်ကြာခဲ့ပြီဖြစ်ပေမယ့် ကျန်ရစ်ခဲ့တဲ့ မိသားစုကတော့ Tyron ရဲ့လုပ်ရပ်ကို ယနေ့တိုင် အမှတ်တရဖြစ်နေကြဆဲပါ။ မသန်စွမ်းတွေကို လူအသိုင်းအဝိုင်းက ပစ်ပယ်မထားဖို့ အကောင်းဆုံးလှုံဆော်မှုဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။
၅။ လူမျိုးရေးခွဲခြားမှုကို အတူတွန်းလှန်ခဲ့ကြတဲ့စုံတွဲ
ဟောလိဝုဒ်ဇာက်ကားတွေထဲက ခက်ခဲကြမ်းတမ်းတဲ့ အခြေနေကိုရင်ဆိုင်ရတဲ့ စုံတွဲတွေနည်းတူ အပြင်မှာ တစ်ကယ်ကြုံတွေ့ခဲ့ရတဲ့ ဇာက်လမ်းတွေလည်းရှိပါတယ်။ အမေရိကန်ပြည်ထောင်စုအတွင်း လူတန်းစားခွဲခြားမှု အမြင့်ဆုံးကာလတွေမှာ ဒီဖြစ်ရပ်ဟာ ဖြစ်ခဲ့ပါတယ်။ လူဖြူဖြစ်သူ Richarel နဲ့ လူမည်းအမျိုးသမီး Mildred တို့ လက်ထပ်ပြီး ၅ပတ်အကြာမှာ ဗာဂျီးနီးယား ပြည်နယ်အစိုးရက သူတို့လက်ထပ်တာကို အသိအမှတ်မပြုပဲ လူတန်းစားခွဲခြားမှုကိုအခြေခံတဲ့ ဥပဒေအရ သူတို့ကိုဖမ်းဆီးတရားစွဲခဲ့ပါတယ်။
သူတို့ဟာ မထွက်ပြေးပဲ တရားဥပဒေအရရင်ဆိုင်ခဲ့ပြီး နောက်ဆုံးမှာ ဝါရှင်တန်ဒီစီအထိရောက်လာခဲ့ပါတယ်။ ၁၉၆၇ခုနှစ်မှာရှေ့နေတစ်ဦးဖြစ်တဲ့ Robert F Kennedy အကူအညီနဲ့ သူတို့တွေ့ကြုံခဲ့ရတဲ့အခက်အခဲတွေကိုတင်ပြပြီး အမေရိကရဲ့အမြင့်ဆုံးတရားရုံးကိုဦးတိုက်လျောက်ထားခဲ့ပါတယ်။ တရားသူကြီးတွေက သေချာစိစစ်ပြီးသူတို့စုံတွဲကို အပြစ်မှတရားသေကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။ ဒါအပြင် အမေရိကန်ပြည်ထောင်စုရဲ့လူမျိုးရေးဆိုင်ရာကန့်သတ်ချက်ဥပဒေတွေကိုလည်း ဖျက်သိမ်းပေးခဲ့ပါတယ်။
၄။ လက်ထပ်ခွင့်တောင်းဖို့ သုံးနှစ်ကြာစောင့်ခဲ့ရတဲ့သူ
Larry Ragsdale ဟာသူ့ရည်းစား Kekcie ကိုသူမမိသားစုနဲ့ အပန်းဖြေခရီးထွက်ချိန်မှာ လက်ထပ်ခွင့်တောင်းဖို့စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့အိမ်ပြန်လမ်းမှာ အမူးသမားတစ်ယောက်ရဲ့ကားဟာ သူ့ကိုဝင်တိုက်ခဲ့ပါတယ်။ သူဟာလပေါင်းများစွာ သတိလစ်မေ့မြောနေခဲ့ပါတယ်။ သူသတိလစ်နေတဲ့ အချိန်တွေမှာသူ့ ရည်းစားဖြစ်သူ Kelcie ဟာ အနားမှာရှိနေပြီး သူရဲ့လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေနဲ့ သန့်ရှင်းရေးကိစ္စတွေကို ကာလကြာလုပ်ပေးခဲ့ပါတယ်။
သတိပြန်ရပြီးတဲ့နောက် Lary ဟာ ထပ်မံခွဲစိတ်ခံရပြီး နလန်ပြန်ထရန် လိုအပ်တဲ့ကာယလေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာလည်း အစွမ်းကုန်ကူညီပေးခဲ့ပါတယ်။ ဒီလိုနဲ့သုံးနှစ်ကြာပြီးနောက်မှ Laryဟာ သူ့ချစ်သူ Kelcie ကိုမူလက သူပေးဖို့ရည်ရွယ်ထားတဲ့ လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းပြီး ဝှီးချဲပေါ်ကပဲ မင်္ဂလာပွဲဆင်နွှဲခဲ့ပါတယ်။
၃။ မပြောင်းလဲတဲ့ ချစ်ခြင်းသင့်လူသားများ
သူတို့ကတော့လိင်တူချစ်သူတွေဖြစ်ပါတယ် William Campbell နဲ့ John Heilton တို့ဟာအသက်(54)ရောက်မှ ပြန်လည်ဆုံတွေ့ခဲ့ကြပြီး သူ့တို့ဘဝလက်ကျန်တွေကိုအတူဖြတ်သန်းခဲ့ကြတာပါ။ ဟီတန်ဟာ ၁၉၆၇ခုနှစ် မှာဥရောပစစ်မြေပြင်ကိုထွက်ခွာသွားခဲ့ရပါတယ်။ သူဟာအိမ်ပြန်လာနိုင်ဖို့ကြိုးစားခဲ့ပေမယ့် အခက်အခဲတွေကြောင့် အချိန်အကြာကြီးခွဲနေခဲ့ရပါတယ်။ Camobell ကတော့ သူတို့အတူနေတဲ့အိမ်လေးကို ထိန်းသိမ်းရင်း ဟီတန်ရဲ့အိမ်ပြန်လမ်းကိုစောင့်နေခဲ့ရှာပါတယ်။
စစ်ကာလဖြစ်လို့ အဆက်အသွယ်မရပဲသေသလား ရှင်သလားတောင်မသိခဲ့ရဘူး။ သူပြန်ရောက်လာတဲ့အချိန်မှာတော့ Campbellဟာ ဆီးချိုရောဂါခံစားနေရပြီး အိပ်ရာထဲလဲနေပါပြီ။ ဒါပေမဲ့ သူစောင့်နေဆဲဖြစ်ပါတယ်။ ဟီတန်ကပဲ Campbell သေဆုံးခဲ့တဲ့ 2011 အထိပြုစုပြီး နေထိုင်ခဲ့ကြပါတယ်။ လိင်တူလက်ထပ်တာကို လက်မခံတဲ့အသိုင်းအဝိုင်းတွေကြား သူတို့ဟာ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ အရာရာရင်ဆိုင်ပြီး ရာစုနှစ်တစ်ဝက်ခိုင်မြဲစွာရပ်တည်ခဲ့ကြတာပါ။
၂။ ဆံဖြူသွားကျိုးတဲ့အချိန်ထိ
Jack Potter ဟာသူ့ရဲ့ဇနီး Phyllis ကို ၁၉၄၁ခုနှစ်(စစ်ပွဲကာလတွေ)မှာ ကပွဲတစ်ခုမှာတွေ့ခဲ့တာပါ။ နောက်၁၆လအကြာမှာ သူတို့စုံတွဲဟာ လက်ထပ်ခဲ့ကြပြီး Jackဟာ အဲဒီအချိန်တည်းက သူတို့နှစ်ဦးရဲ့အမှတ်တရတွေကို နောင်နှစ်ပေါင်း ၇၀ကြာတဲ့အထိ သိမ်းဆည်းထားခဲ့ပါတယ်။ အသက်အရွယ် ကြီးရင့်လာတဲ့အခါ Phyills ဟာ ဆီးချိုရောဂါရရှိပြီး စိတ်ပျံ့လွှင့်တဲ့အခြေအနေထိရောက်လာခဲ့ပါတယ်။
အဲဒီအချိန်မှ Jack ဟာတစ်သက်လုံး သိမ်းထားခဲ့တဲ့ သူတို့ဇနီးမောင်နှံအမှတ်တရကို သူဇနီးနဲ့အတူပြန်လည်ခံစားခဲ့ပါတယ်။ သူမကိုပေးခဲ့တဲ့ မေတ္တာစာတွေကို သူမကြားအောင်ဖတ်ပြပြီး ဓာတ်ပုံဟောင်းလေးတွေကို အတူတူကြည့်ခဲ့ကြတာပါ။ ဒီလိုစုံတွဲမျိုး ရှိတော့ရှိပါလိမ့်မယ် ဒါပေမဲ့ရှားပါးလှပါတယ်။
၁။ ရပ်တန့်ခြင်းမရှိသောသံယောဇဉ်
Taylor ရဲ့သူငယ်ချင်းတွေဟာ A love story in 22 pictures ဆိုတဲ့ခေါင်းစဉ်နဲ့ ဓာက်ပုံတွေကို အင်တာနက်လူမူကွန်ယက်မှာ တင်ပေးလိုက်ပြီးနောက် အံ့သြစရာအချစ်ဇာက်လမ်းလေးတစ်ခုကို လူအများသိရှိခွင့်ရကြတာပါ။ Taylor Morris ဟာအာဖဂန်နစ်စတန်မှာ အမေရိကန်စစ်တပ်နဲ့အတူ မြေမြူပ်မှိုင်းရှာဖွေရေးလုပ်ငန်းတွေဆောင်ရွက်ရင်း လက်နှစ်ဘက် ခြေနှစ်ဘက်လုံးပြတ်တောက်သွားခဲ့ပါတယ်။
သူခွဲစိတ်ခန်းဝင်ရတဲ့အချိန်ကနေ သူပြန်လည်ကောင်းမွန်လာတဲ့အထိ သူ့ချစ်သူDaniella ဟာအနားမှာအတူရှိခဲ့တာပါ။ သူမဟာ Taylor ရဲ့ခြေ လက်အင်္ဂါတွေပြန်လည်ခွဲစိတ်ပြီးတဲ့အထိ သူမအလုပ်တွေကိုနားပြီး အစွမ်းကုန်ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။ ခြေလက်တွေမရှိတော့တဲ့ ချစ်သူအတွက် Danielle ရဲ့ပေးဆပ်မှုတွေဟာ ဂုဏ်ပြုချင်စရာဖြစ်ပြီး သူတို့စုံတွဲအတွက် အမြဲအမှတ်ရနေမှာပဲဖြစ်ပါတယ်။
သုတဇုန်
Discussion about this post