Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သင့်ရဲ့ IQ ကိုမြှင့်တင်ပေးမယ့်နည်းလမ်းလေး (၅) ခု

by Thutamm
June 7, 2020
Reading Time: 1min read
0
သင့်ရဲ့ IQ ကိုမြှင့်တင်ပေးမယ့်နည်းလမ်းလေး (၅) ခု
Share on FacebookShare on Twitter

လူတချို့က IQ (intelligence quotient) ကို ပြုပြင်လို့မရနိုင်ဘူး လို့ အမှတ်မှားနေတတ်ကြပါတယ်။ တကယ်တော့ ဒီ IQ ဆိုတဲ့ဉာဏ်ရည် ဉာဏ်သွေးကို တိုးတက်လာအောင်လုပ်ဆောင်လို့ရပါတယ်။

လုပ်လို့ရတဲ့ လွယ်လွယ်ကူကူ နည်းလမ်းလေးတချို့ကို သုတဇုန် မိတ်ဆွေများအတွက် ဖော်ပြချင်ပါတယ်။ IQ တိုးတက်ဖို့လုပ်ဆောင်သင့်တဲ့ နည်းလမ်းလေးတွေကတော့

၁။ အိပ်ယာမဝင်မီ တစ်နေ့တာလုပ်သမျှကို ပြန်စဉ်းစားပါ ။

အောင်မြင်မှုကိုသွားရာလမ်းကြောင်းမှာ ဉာဏ်ရည်ဉာဏ်သွေး ကောင်းခြင်းဟာလည်း လိုအပ်ချက်တစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဉာဏ်ကောင်းစေဖို့ အိပ်ယာမဝင်ခင် ဦးနှောက်ကို အလုပ်ပေးသင့်ပါတယ်။ ဒီအချိန်မှာ ဦးနှောက်ဟာနိုးကြား နေတဲ့အတွက်ကြောင့်ပါ။

အိပ်ယာဝင်ခါနီးမှာ တစ်နေ့တာလုပ်ခဲ့သမျှကို စဉ်းစားခြင်းအားဖြင့် သင်ဘယ်လောက်မှတ်မိလဲ ဆိုတာကိုစမ်းသပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို မကြာခဏ လေ့ကျင့်ပေးခြင်းအားဖြင့် သင့်ရဲ့ဉာဏ်စွမ်းရည်ကို တဖြည်းဖြည်းတိုးတက် စေမှာအမှန်ပါပဲ။

၂။ စာဖတ်လျှင်မှတ်မိအောင်ဖတ်ပါ

စာများများဖတ်ခြင်းဟာဗဟုသုတကိုတိုးတက်စေရုံသာမက သင့်ရဲ့ IQ ကိုလည်းမြှင့်တင်ပေးနိုင်ပါတယ်။ ဒါ ကြောင့်နေ့စဉ် စာဖတ်ပေးဖို့လိုပါတယ်။ တစ်နေ့ကို အနည်းဆုံးမိနစ် (၃၀) ခန့်အချိန်ပေးပြီးစာဖတ်ပေး သင့်ပါတယ်။

ဖတ်တဲ့နေရာမှာ မြန်မြန်မဖတ်ပဲ ဖြည်းဖြည်းနဲ့ မှတ်မိအောင် ဖတ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာလည်း သင့် IQ တိုးတက် ဖို့ကူညီပေးပါတယ်။

၃။ စာရေးပါ

စာဖတ်ခြင်းကဲ့သို့ စာရေးခြင်းဟာလည်းသင့်မှတ်ဉာဏ်ကို တိုးတက်စေနိုင်ပါတယ်။ နေ့တိုင်းနေ့တိုင်းသင်ရေးချင်တာ ဒါမှမဟုတ် သင်ကြုံ ခဲ့တဲ့အကြောင်းအရာတွေကိုချရေးသင့်ပါတယ်။

ဒီလိုရေးတဲ့အခါမှာ သင့်ရဲ့ဗဟုသုတနဲ့ဦးနှောက်ကို အသုံးပြုပြီးရေးရတာကြောင့် သင့် ဦးနှောက်ကိုအမှန်ပဲတိုးတက်စေမှာဖြစ်ပါတယ်။

၄။ လေ့ကျင့်ခန်း လုပ်ပါ

ချွေးထွက်စေမယ့် ကိုယ်လက်လေ့ကျင့်ခန်းတွေ ပုံမှန်လေး လုပ်ပေးတာကလည်း မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ အချိန်မပေးနိုင်တဲ့အတွက် လေ့ကျင့်ခန်းတွေ တကူးတက မလုပ်နိုင်ရင်တောင် နေ့စဉ် မိနစ် ၃၀ခန့် ဖြည်းဖြည်းပြေးတာတို့ လမ်းလျှောက်တာ စတာတွေကို ပြုလုပ်ပေးခြင်းအားဖြင့် ကျန်းမာရွှင်လန်းပြီး မှတ်ဉာဏ်ကိုတိုးတက်စေနိုင်ပါတယ်။

ဒီလိုကိုယ်လက်လှုပ်ရှားခြင်းဟာ ဦးနှောက်က မှတ်သားမှု နဲ့ ဆိုင်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ hippocampus ကို ဖွံ့ဖြိုးစေပါတယ်။

၅။ တရားထိုင်ပါ

လူတစ်ယောက်ဟာ စိတ်ဖိစီးမှုတွေ စိတ်ရှုပ်စရာတွေများလာတဲ့ အခါ လုပ်သလောက်စိတ်မပါတော့ပဲ မှတ်ဉာဏ်လည်းကျဆင်းလာတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ စိတ်ကိုထွက်ပေါက်ပေးသင့်ပါတယ်။ စိတ်ထွက်ပေါက်ပေးဖို့အတွက် တရားထိုင်ခြင်းဟာ အကောင်းဆုံးပါပဲ။

ကိုယ့်စိတ်ထဲက အရာအားလုံးကို မေ့ပစ်ပြီး တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ ၁၅မိနစ်ခန့် တစ်ကိုယ်တည်း အေးအေးဆေးဆေးထိုင်နိုင်ပါတယ်။ ဒီလိုပုံမှန် အလေ့အကျင့်လေး လုပ်ပေးခြင်းအားဖြင့် စိတ်ဖိစီးမှုတွေကို သိသိသာသာလျှော့ချလာနိုင်တဲ့အပြင် သင့်ရဲ့မှတ်ဉာဏ်ကိုပါ တိုးတက်လာစေမှာပဲ ဖြစ်ပါတယ်။

အထက်ပါနည်း (၅) နည်းစလုံးမှာတူညီတာကတော့ ထပ်ခါထပ်ခါ လေ့ကျင့်ပေးခြင်းပဲဖြစ်ပါတယ်။

ကိုယ်ခန္ဓာကြံခိုင်မှု့ အတွက် အထပ်ထပ်လေ့ကျင့်ပေးရသလို မှတ်ဉာဏ်ကောင်းစေဖို့အတွက် လည်း ဒီနည်း (၅) နည်းနဲ့အကြိမ်ကြိမ် လေ့ကျင့်ပေးခြင်းအားဖြင့်သင့်ရဲ့ IQ ကိုအမှန်တကယ်ပဲ မြှင့်တင့်နိုင်မှာဖြစ်ပါတယ်။

——- ——- ——–

(Zawgyi)

သင့္ရဲ႕ IQ ကိုျမႇင့္တင္ေပးမယ့္နည္းလမ္းေလး (၅) ခု

လူတခ်ိဳ႕က IQ (intelligence quotient) ကို ျပဳျပင္လို႔မရႏိုင္ဘူး လို႔ အမွတ္မွားေနတတ္ၾကပါတယ္။ တကယ္ေတာ့ ဒီ IQ ဆိုတဲ့ဉာဏ္ရည္ ဉာဏ္ေသြးကို တိုးတက္လာေအာင္လုပ္ေဆာင္လို႔ရပါတယ္။

လုပ္လို႔ရတဲ့ လြယ္လြယ္ကူကူ နည္းလမ္းေလးတခ်ိဳ႕ကို သုတဇုန္ မိတ္ေဆြမ်ားအတြက္ ေဖာ္ျပခ်င္ပါတယ္။ IQ တိုးတက္ဖို႔လုပ္ေဆာင္သင့္တဲ့ နည္းလမ္းေလးေတြကေတာ့

၁။ အိပ္ယာမဝင္မီ တစ္ေန႔တာလုပ္သမွ်ကို ျပန္စဥ္းစားပါ ။

ေအာင္ျမင္မႈကိုသြားရာလမ္းေၾကာင္းမွာ ဉာဏ္ရည္ဉာဏ္ေသြး ေကာင္းျခင္းဟာလည္း လိုအပ္ခ်က္တစ္ရပ္ျဖစ္ပါတယ္။ ဒါေၾကာင့္ ဉာဏ္ေကာင္းေစဖို႔ အိပ္ယာမဝင္ခင္ ဦးေႏွာက္ကို အလုပ္ေပးသင့္ပါတယ္။ ဒီအခ်ိန္မွာ ဦးေႏွာက္ဟာႏိုးၾကား ေနတဲ့အတြက္ေၾကာင့္ပါ။

အိပ္ယာဝင္ခါနီးမွာ တစ္ေန႔တာလုပ္ခဲ့သမွ်ကို စဥ္းစားျခင္းအားျဖင့္ သင္ဘယ္ေလာက္မွတ္မိလဲ ဆိုတာကိုစမ္းသပ္ႏိုင္ပါတယ္။ ဒီေလ့က်င့္ခန္းကို မၾကာခဏ ေလ့က်င့္ေပးျခင္းအားျဖင့္ သင့္ရဲ႕ဉာဏ္စြမ္းရည္ကို တျဖည္းျဖည္းတိုးတက္ ေစမွာအမွန္ပါပဲ။

၂။ စာဖတ္လွ်င္မွတ္မိေအာင္ဖတ္ပါ

စာမ်ားမ်ားဖတ္ျခင္းဟာဗဟုသုတကိုတိုးတက္ေစ႐ုံသာမက သင့္ရဲ႕ IQ ကိုလည္းျမႇင့္တင္ေပးႏိုင္ပါတယ္။ ဒါ ေၾကာင့္ေန႔စဥ္ စာဖတ္ေပးဖို႔လိုပါတယ္။ တစ္ေန႔ကို အနည္းဆုံးမိနစ္ (၃၀) ခန႔္အခ်ိန္ေပးၿပီးစာဖတ္ေပး သင့္ပါတယ္။

ဖတ္တဲ့ေနရာမွာ ျမန္ျမန္မဖတ္ပဲ ျဖည္းျဖည္းနဲ႔ မွတ္မိေအာင္ ဖတ္သင့္ပါတယ္။ ဒီလိုလုပ္ျခင္းဟာလည္း သင့္ IQ တိုးတက္ ဖို႔ကူညီေပးပါတယ္။

၃။ စာေရးပါ

စာဖတ္ျခင္းကဲ့သို႔ စာေရးျခင္းဟာလည္းသင့္မွတ္ဉာဏ္ကို တိုးတက္ေစႏိုင္ပါတယ္။ ေန႔တိုင္းေန႔တိုင္းသင္ေရးခ်င္တာ ဒါမွမဟုတ္ သင္ႀကဳံ ခဲ့တဲ့အေၾကာင္းအရာေတြကိုခ်ေရးသင့္ပါတယ္။

ဒီလိုေရးတဲ့အခါမွာ သင့္ရဲ႕ဗဟုသုတနဲ႔ဦးေႏွာက္ကို အသုံးျပဳၿပီးေရးရတာေၾကာင့္ သင့္ ဦးေႏွာက္ကိုအမွန္ပဲတိုးတက္ေစမွာျဖစ္ပါတယ္။

၄။ ေလ့က်င့္ခန္း လုပ္ပါ

ေခြၽးထြက္ေစမယ့္ ကိုယ္လက္ေလ့က်င့္ခန္းေတြ ပုံမွန္ေလး လုပ္ေပးတာကလည္း မွတ္ဉာဏ္ကို တိုးတက္ေစပါတယ္။ အခ်ိန္မေပးႏိုင္တဲ့အတြက္ ေလ့က်င့္ခန္းေတြ တကူးတက မလုပ္ႏိုင္ရင္ေတာင္ ေန႔စဥ္ မိနစ္ ၃၀ခန႔္ ျဖည္းျဖည္းေျပးတာတို႔ လမ္းေလွ်ာက္တာ စတာေတြကို ျပဳလုပ္ေပးျခင္းအားျဖင့္ က်န္းမာ႐ႊင္လန္းၿပီး မွတ္ဉာဏ္ကိုတိုးတက္ေစႏိုင္ပါတယ္။

ဒီလိုကိုယ္လက္လႈပ္ရွားျခင္းဟာ ဦးေႏွာက္က မွတ္သားမႈ နဲ႔ ဆိုင္တဲ့ အစိတ္အပိုင္းျဖစ္တဲ့ hippocampus ကို ဖြံ႕ၿဖိဳးေစပါတယ္။

၅။ တရားထိုင္ပါ

လူတစ္ေယာက္ဟာ စိတ္ဖိစီးမႈေတြ စိတ္ရႈပ္စရာေတြမ်ားလာတဲ့ အခါ လုပ္သေလာက္စိတ္မပါေတာ့ပဲ မွတ္ဉာဏ္လည္းက်ဆင္းလာတတ္ပါတယ္။ ဒီလိုအခါမ်ိဳးမွာ စိတ္ကိုထြက္ေပါက္ေပးသင့္ပါတယ္။ စိတ္ထြက္ေပါက္ေပးဖို႔အတြက္ တရားထိုင္ျခင္းဟာ အေကာင္းဆုံးပါပဲ။

ကိုယ့္စိတ္ထဲက အရာအားလုံးကို ေမ့ပစ္ၿပီး တိတ္ဆိတ္တဲ့ေနရာတစ္ခုမွာ ၁၅မိနစ္ခန႔္ တစ္ကိုယ္တည္း ေအးေအးေဆးေဆးထိုင္ႏိုင္ပါတယ္။ ဒီလိုပုံမွန္ အေလ့အက်င့္ေလး လုပ္ေပးျခင္းအားျဖင့္ စိတ္ဖိစီးမႈေတြကို သိသိသာသာေလွ်ာ့ခ်လာႏိုင္တဲ့အျပင္ သင့္ရဲ႕မွတ္ဉာဏ္ကိုပါ တိုးတက္လာေစမွာပဲ ျဖစ္ပါတယ္။

အထက္ပါနည္း (၅) နည္းစလုံးမွာတူညီတာကေတာ့ ထပ္ခါထပ္ခါ ေလ့က်င့္ေပးျခင္းပဲျဖစ္ပါတယ္။

ကိုယ္ခႏၶာႀကံခိုင္မႈ႕ အတြက္ အထပ္ထပ္ေလ့က်င့္ေပးရသလို မွတ္ဉာဏ္ေကာင္းေစဖို႔အတြက္ လည္း ဒီနည္း (၅) နည္းနဲ႔အႀကိမ္ႀကိမ္ ေလ့က်င့္ေပးျခင္းအားျဖင့္သင့္ရဲ႕ IQ ကိုအမွန္တကယ္ပဲ ျမႇင့္တင့္ႏိုင္မွာျဖစ္ပါတယ္။

Tags: health knowledgetips
Next Post
အိန္ဒိယသမိုင်းထဲက သပ်စ်တို့အကြောင်း

အိန္ဒိယသမိုင်းထဲက သပ်စ်တို့အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!