Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သင့်ရဲ့ကမ္ဘာကြီးကို ပြောင်းလဲဖို့ သံမဏိလူသား နယ်လ်ဆင် မင်ဒဲလားရဲ့ အခြေခံစည်းမျဉ်း (၉) ခု

by Thutamm
July 30, 2019
Reading Time: 1min read
0
သင့်ရဲ့ကမ္ဘာကြီးကို ပြောင်းလဲဖို့ သံမဏိလူသား နယ်လ်ဆင် မင်ဒဲလားရဲ့ အခြေခံစည်းမျဉ်း (၉) ခု
Share on FacebookShare on Twitter

“လုပ်မပြီးသေးသရွေ့တော့ အဲဒီအရာဟာ မဖြစ်နိုင်ဘူးလို့ ထင်ရလေ့ရှိတယ်”

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) ကို အထူးမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ သူဟာ တောင်အာဖရိကမှာ မတရားဖိနှိပ်အုပ်ချုပ်မှုတွေကို တွန်းလှန်ခဲ့ရာမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် သူဟာ ထောင်ထဲမှာ နှစ်ပေါင်း ၂၇ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ နောက်ဆုံးတော့ .. ၁၉၉၀ ခုနှစ်မှာ သူ ပြန်လည်လွတ်မြောက်လာပြီး တောင်အာဖရိကကို ပြောင်းလဲဖို့နဲ့ ပြန်လည်စုစည်းဖို့ ကူညီပေးခဲ့တဲ့ သမ္မတ ဖြစ်လာခဲ့ပါတယ်။

သင်ကိုယ်တိုင်မှာရော၊ သင့်ရဲ့ ကမ္ဘာကြီးကိုပါ အပြောင်းအလဲလုပ်ဖို့ မင်ဒဲလားဆီက ရတဲ့ ကျနော်အကြိုက်ဆုံး အခြေခံစည်းမျဉ်း (၉)ခုကတော့ ဒီမှာပါ။

၁။ သင့်ကိုယ်သင် သို့မဟုတ် သင့်ရဲ့ ရည်မှန်းချက်တွေကို လျှော့မတွက်ပါနဲ့

နည်းနည်းလေးပဲ မှန်းပြီး လုပ်ဖို့ဆိုတာ တည်ငြိမ်ပါတယ်၊ လွယ်ကူပါတယ်။ သေချာပါတယ်… အဲဒါက ပိုပြီးတော့တောင် လွယ်ကူပါလိမ့်မယ်၊ ရေတိုအတွက်ပဲဆိုရင်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သင်အမှန်တကယ်အလိုရှိတဲ့ အရာနောက်ကို လိုက်ဖို့ရာ အချိန်တွေ၊ အားထုတ်မှုတွေ၊ လမ်းခရီးတစ်လျှောက်မှာ တွေ့ကြုံနိုင်တဲ့ နာကျင်မှုတွေ အများကြီးကို လိုအပ်လို့ပါပဲ။ ဒါပေမယ့် အဲဒါကမှ သင်အမှန်တကယ် ကြီးထွားရာ၊ သင် အပြည့်အ၀ နေထိုင်ရာလည်း ဖြစ်ပါတယ်။

သေးသေးလေးကိုပဲ မှန်းပြီးလုပ်နေချိန်မှာ သင့်ရဲ့ ဦးခေါင်းအနောက်ဘက်မှာ ဒီလို အတွေးမျိုးတွေလည်း ပေါ်ပေါက်လာပါလိမ့်မယ် .. ” ဒါ အကုန်ပဲလား? ငါ ဒီထက်ပိုပြီး လုပ်နိုင်သလား?” ကြမ်းတမ်းတဲ့လမ်းကိုသွားတာကတော့ အမှန်တကယ် ပိုပြီး ခက်ခဲပါတယ်။ ဒါပေမယ့် အဲဒီလမ်းကသာ သင် ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ရဘူးတဲ့ အံ့သြဖွယ် အချိန်ကာလတွေ၊ အမှန်တကယ် နှစ်လိုဖွယ်ကောင်းတဲ့ အောင်မြင်မှုတွေကို တွေ့ရစေမှာဖြစ်ပါတယ်။

၂။ သင် ကြောက်ရွံ့နေတဲ့အရာကို ရှေ့တိုးလုပ်ပါ

“သတ္တိဆိုတာဟာ အကြောက်တရားမရှိခြင်း မဟုတ်ဘူး။ အကြောက်တရားကို အောင်နိုင်ခြင်းဖြစ်တယ်။ သတ္တိရှိတဲ့သူတစ်ယောက်ဟာ မကြောက်တဲ့သူမဟုတ်ဘူး၊ ဒါပေမယ့် အဲဒီကြောက်စိတ်ကို အောင်နိုင် တဲ့သူဖြစ်တယ်။”

ဘဝမှာ သင်အမှန်တကယ်လိုချင်တဲ့အရာဟာ အဲဒီနောက်ကိုလိုက်ဖို့ သင်အကြောက်ဆုံးအရာလည်း ဖြစ်နေတတ်ပါတယ်။ ကြောက်တဲ့အရာကို ရှေ့တိုးလုပ်ဖို့ဆိုတာ အများအားဖြင့် ကောင်းလေ့ရှိပါတယ်။ ဒါပေမယ့် ကြောက်စရာလည်းကောင်းတာပါပဲ။ သင့်ကို နောက်ပြန်ဆွဲနေတဲ့ ကြောက်စိတ်ကို သင်ဘယ်လိုကျော်လွှား အောင်မြင်နိုင်သလဲ? ဟောဒီမှာ အကြံဉာဏ်တစ်ချို့ရှိပါတယ်။

ကြောက်စိတ်ဆိုတာဟာ အကျိုးမပြုတဲ့ သတ်မှတ်ချက်တွေအပေါ်မှာ အခြေခံလေ့ရှိပါတယ်။

ကျနော်တို့ဟာ ပုံစံတွေကို ရှာဖွေကြတယ်။ ဒါပေမယ့် ပြဿနာက – ကျနော်တို့ဟာ အရင်က ကြုံတွေ့ခဲ့ဖူးတဲ့ အတွေ့အကြုံ တစ်ခုနှစ်ခုအပေါ်ကို အခြေခံပြီး ကျနော်တို့ဘဝအတွက် အကျိုးမပြုတဲ့ အနှုတ်လက္ခဏာဆောင်တဲ့ ပုံစံတွေကိုသာ ရှာဖွေမိကြတာပါပဲ။ ဒါမှမဟုတ် အခြေအနေတွေအပေါ်မှာ လွဲမှားစွာ ဆုံးဖြတ်ချက်ချပြီးတော့ပေါ့။ ဒါမှမဟုတ် မိုက်မဲတဲ့သူတွေရဲ့ စကားတွေကတစ်ဆင့်ပေါ့။ သင်ဟာ သင့်ရဲ့ အတွေးတွေကို အလွန်အမင်း သတ်မှတ်ဆုံးဖြတ်တဲ့အခါ သင်ဟာ အဲဒီအတွေးတွေကပြောသမျှကို ယုံကြည်ပါတော့တယ်။ ပိုပြီး အကျိုးပြုနိုင်မယ့် အလေ့အကျင့်တစ်ခုကတော့ သင့်ရဲ့ အတွေးတွေကို အရမ်းကြီး မတင်းကြပ်မိစေဖို့ပါပဲ။ အချိန်အများစုမှာ သင့်ရဲ့ အတွေးတွေနဲ့ သင့်ရဲ့မှတ်ဉာဏ်တွေဟာ နည်းနည်းတော့ မမှန်ကန်တတ်ပါဘူး။
စူးစမ်းလိုစိတ် ရှိပါ။

သင်ဟာ ကြောက်စိတ်မှာ ညပ်မိနေတဲ့အခါ သင်ဟာ ပိတ်လှောင်ခံလိုက်ရပါပြီ။ သင်ဟာ သင့်ရဲ့ ကမ္ဘာကြီးနဲ့ သင့်ရဲ့စိတ်ကို တစ်ကွဲတစ်ပြားစီဖြစ်အောင် ခွဲခြားပါတော့မယ်။ သင်နဲ့ တခြားအရာ၊ တခြားလူတွေရဲ့ကြားမှာ အတားအဆီးတွေကို သင် ဖန်တီးပါတော့တယ်။ တစ်ဖက်မှာတော့ သိလိုစိတ်၊ စူးစမ်းလိုစိတ်ဟာ မျှော်လင့်ချက်တွေ၊ စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါက သင့်ကို လွတ်မြောက်စေပါတယ်။ အဲဒီအခါ သင်ဟာ ကြောက်စိတ်ကို အာရုံစိုက်ရမယ့်အစား ပိုပြီး ပျော်စရာကောင်းတဲ့အရာတွေ ရရှိလာပါလိမ့်မယ်။ စူးစမ်းလိုစိတ်ဟာ သင့်ကို တစ်စုံတစ်ခုကို နားလည်မှုကိုလည်း ရရှိစေပါတယ်။ စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေတဲ့အရာတစ်ခုကို ရှင်းရှင်းလင်းလင်း သိမြင်သွားတဲ့အခါ မြူခိုးတွေနဲ့တူတဲ့ ကြောက်စိတ်တွေဟာလည်း ပျောက်ကွယ်သွားပါတယ်။
ဘေးကင်းမှုဆိုတဲ့ လှည့်ကွက်တွေကို ဆုပ်ကိုင်မထားပါနဲ့။

လူတွေဟာ ဘာကြောင့် သူတို့ရှိနေတဲ့နေရာမှာပဲ ထိုင်နေကြသလဲ? သူတို့ဟာ ကြောက်စိတ်နဲ့ လေဖြတ်နေကြလို့လား? မဟုတ်ပါဘူးလို့ ကျနော် ပြောချင်ပါတယ်။ လူတွေ သူတို့ရဲ့ ကြောက်စိတ်ကို ရင်မဆိုင်ရဲတဲ့ အကြောင်းအရင်းကြီးတစ်ခုက သူတို့ဟာ သူတို့ရှိနေတဲ့နေရာမှာ အန္တရာယ်ကင်းတယ်လို့ ထင်နေကြလို့ပါပဲ။ ဒါပေမယ့် အမှန်တရားက- အန္တာရယ်ကင်းတယ်ဆိုတာ စိတ်ထဲက ယုံကြည်နေမှုတစ်ခုသာ ဖြစ်တယ်ဆိုတာပါပဲ။ တကယ့်အပြင်မှာတော့ အန္တရာယ်ကင်းမှုဆိုတာ အမှန်တကယ်မရှိပါဘူး။ အဲဒါဟာ လုံး၀ မသေချာတဲ့၊ မသိနိုင်တဲ့ အရာတစ်ခုပါပဲ။ သင့်ရဲ့ အန္တရာယ်ကင်းတဲ့ဘဝကို ဆုပ်ကိုင်နေတာကို ရပ်လိုက်တဲ့အခါ ဘဝဟာ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းလာပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းလာပါတယ်။ ဒါဆို သင်ဟာ တစ်စုံတစ်ခုရဲ့ လှည့်စားမှုကို မခံရတော့ဘူး။ သင် ဘယ်လောက်လုပ်နိုင်ဆိုတာကို သင်ကိုယ်တိုင် သတ်မှတ်တာပဲဆိုတာ သဘောပေါက်လာပါလိမ့်မယ်၊ ပြီးတော့ ဒီကမ္ဘာကြီးထဲမှာ သင့်ရဲ့ ကိုယ်ပိုင်လွတ်လပ်မှုကိုလည်း ဖန်တီးနိုင်ပါလိမ့်မယ်။

 

၃။ စိတ်ရှည်ပါ၊ ခံနိုင်ရည်ရှိပါ။

” ကြီးမားတဲ့ တောင်တစ်ခုကို တက်ပြီးတဲ့အခါ၊ နောက်ထပ်တက်စရာ တောင်တွေ အများကြီးရှိနေသေးတယ်ဆိုတာကိုပဲ တွေ့ရလိမ့်မယ်”

ကျနော်တို့ လိုချင်နေတဲ့ ဘယ်အရာကိုမဆို အခုချက်ချင်းရမယ်ဆိုရင် တကယ်ကောင်းလိမ့်မယ်။ အဲဒီလိုမျိုးကလည်း ဖြစ်မလာတတ်တာက များပါတယ်။ အောင်မြင်တဲ့သူတွေရဲ့ အမူအကျင့်တစ်ခု၊ သော့ချက်တစ်ခုကတော့ တခြားသူတွေ ရိုးရှင်းစွာပဲ လက်လျှော့ပြီး အိမ်ပြန်သွားတဲ့အချိန်မှာ သူတို့ဟာ စိတ်ရှည်ကြတယ်၊ ခံနိုင်ရည်ရှိကြတယ်ဆိုတာပါပဲ။

ပြဿနာက – အောင်မြင်မှုအတွက် ကျနော်တို့စိတ်ထဲမှာ သတ်မှတ်ထားတဲ့ အချိန်ကာလ ဘောင်ဟာ နည်းနည်းတော့ အကောင်းမြင်ဆန်လွန်းနေပါတယ်။ ကြော်ငြာတွေက ကျနော်တို့ဟာ မြန်မြန်ဆန်ဆန်အောင်မြင်နိုင်တယ်လို့ ပြောနေကြတယ်။ မြန်ဆန်လွယ်ကူစွာအောင်မြင်ခြင်းဆိုတဲ့ အတွေးဟာ လူမှုဝန်းကျင်မှာ စိမ့်ဝင်နေတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ အဲဒီအတွေးကိုယ်တိုင်ဟာ ပျင်းရိနေတတ်ပြီး ဖြတ်လမ်းတွေကို လိုချင်နေတတ်ပါတယ်။ လူတွေကို သူတို့ရဲ့ ပြဿနာတွေ ဖြေရှင်းပေးမယ့် “မှော်ဆေးလုံး” ရောင်းဖို့ဆိုတာ လွယ်ကူပါတယ်။

အခု ကျနော်ပြောနေတာက သင်ဟာ တစ်ခါတစ်ရံမှာ အောင်မြင်မှုကြီးကြီးမားမားကို မြန်မြန်ဆန်ဆန်နဲ့ ရနိုင်တယ်လို့ ပြောနေတာမဟုတ်ပါဘူး။ အများအားဖြင့် အဲဒါက အချိန်ယူတတ်ပါတယ်။ သင် မျှော်လင့်ထားတာထက်ပိုပြီး အချိန်ကြာတတ်ပါတယ်။
ဒီတော့ ဖြစ်လာနိုင်တဲ့အတားအဆီးတွေကိုပါ ထည့်သွင်းထားတဲ့ အချိန်ကာလ ဘောင်တစ်ခုကို သင် ဘယ်လိုသတ်မှတ်နိုင်ပါသလဲ?

၄။ သင့်ကိုယ်သင် အသိပညာပေးပါ

” ပညာရေးဟာ ကမ္ဘာကြီးကိုပြောင်းလဲဖို့ သင်အသုံးပြုနိုင်တဲ့ စွမ်းအားအရှိဆုံး လက်နက်ပါပဲ”

သင်လိုချင်တဲ့အရာ၊ သင်အောင်မြင်ချင်တဲ့အရာတစ်ခုနဲ့ ပတ်သက်ပြီး သိစရာရှိတာတွေကို သင့်ကိုယ်သင် အသိပညာပေးခြင်းအားဖြင့် သင်ဟာ စွမ်းအင်တွေအများကြီးကို ရရှိနိုင်ပါတယ်။ ဒါကြောင့် စာအုပ်တွေဖတ်ပါ၊ ကိုယ့်အတွက် ဗဟုသုတ အသိပညာတွေကိုရမယ့် Page တွေ Blog တွေဖတ်ပါ။ စာအုပ်ဆိုင်တွေမှာ စာအုပ်မဝယ်ခင် အညွှန်းကို အရင်ဖတ်ကြည့်ပါ။ သင်အမှန်တကယ်လုပ်ချင်တဲ့အရာတစ်ခုကို လုပ်ပြီးသွားတဲ့လူတွေကို သူတို့ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ မေးမြန်းပါ။ တစ်စုံတစ်ယောက်က သင့်ကို ကူညီခဲ့သလိုမျိုးပဲ တခြားတစ်ယောက်ယောက်ကို ကူညီဖို့ ကြိုးစားပါ။ အဲဒါဟာ သင်ပြုလုပ်နေတဲ့အရာနဲ့ပတ်သက်လို့ ပိုပြီး နားလည်လာဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။

သင့်ကိုယ်သင် အသိပညာပေးခြင်းဟာ၊ စူးစမ်းလိုစိတ်လိုပါပဲ၊ မြူဖုံးနေတဲ့ ကြောက်ရွံ့စိတ်တွေကို ဖယ်ရှားပေးပါတယ်။ သင့်ကို လက်တွေ့မလုပ်ဆောင်ဖြစ်အောင်၊ သင်အမှန်တကယ်လိုချင်တဲ့အရာဆီကို မရောက်အောင် သင့်ကိုနောက်ပြန်ဆွဲနေတဲ့အရာတွေကိုလည်း ဖယ်ရှားပေးပါတယ်။

၅။ ရန်သူကို မိတ်ဆွေဖွဲ့ပါ

“သင်ဟာ သင့်ရန်သူနဲ့ ငြိမ်းချမ်းရေး ရယူချင်တယ်ဆိုရင်၊ သူနဲ့ အလုပ်တွဲလုပ်ရပါလိမ့်မယ်။ အဲဒီနောက်မှ သူဟာ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်လာမှာပါ”

ရန်သူတစ်ယောက် ဒါမှမဟုတ် ကျနော်တို့မနှစ်သက်တဲ့လူတစ်ယောက်ကို မိတ်ဆွေအဖြစ် ပြောင်းလဲဖို့ဆိုတာ ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး တွေ့ကြုံမှုဟာ အင်အားကြီးမားလို့ပါပဲ။ ကျနော်တို့ ရှေ့ကိုဆက်ပြီး တွန်းမကြည့်ဘူး၊ မေးခွန်းတွေထုတ်မကြည့်ဘူး၊ ပြီးတော့ မစူးစမ်းကြည့်ဘူးဆိုရင် ကျနော်တို့ရဲ့လူတစ်ယောက်အပေါ်အမြင်ဟာ မူသေ ဖြစ်နေတတ်ပါတယ်။

သေချာတာပေါ့၊ သင့်ရဲ့ အတွင်းစိတ် အဇ္ဈတက သင်မှန်တယ်၊ အဲဒီလူဟာ မှားတယ်လို့ပြောနေတဲ့အတွက် တစ်စုံတစ်ယောက်နဲ့ပတ်သက်တဲ့ သင့်ရဲ့ အမြင်ကို ပြောင်းလဲဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ အဲဒီနည်းလမ်းကနေ လွတ်မြောက်ဖို့အတွက် သော့ချက်ကတော့ သင့်ရဲ့အတွေးတွေကို တစ်သမတ်တည်း ဆုပ်ကိုင်မထားဖို့ပါပဲ။ အတွေးတွေကို သင့်ကို လွှမ်းမိုးချုပ်ကိုင်လာစေမယ့်အစား သင်က အတွေးတွေရဲ့အပေါ်မှာ နေပါ။

ဒါက သင့်ရဲ့ စိတ်ကို ဖွင့်ပေးပါလိမ့်မယ်၊ တစ်စုံတစ်ယောက်နဲ့ ဆက်ဆံရေးကိုလည်း ပြောင်းလဲစေနိုင်ပါလိမ့်မယ်။
ကဲ.. အခု သင် အဲဒီလူကို ဘယ်လိုမျိုး မိတ်ဆွေဖွဲ့နိုင်သလဲ။ အမြန်ဆုံးအကြံပြုရရင်တော့ အဲဒီလူနဲ့ပတ်သက်ပြီး ကောင်းတဲ့အချက်တွေကို ရှာဖွေကြည့်ပါ။

၆။ သင် အရှုံးမပေးသ၍ သင် မရှုံးသေးဘူး

” လွတ်လပ်ခြင်းကိုရောက်ဖို့ အလွယ်လမ်းဆိုတာ မရှိဘူး။ ကျနော်တို့ အလိုရှိရာ တောင်ထိပ်ကိုမရောက်ခင်မှာ သေမင်းအရိပ်တွေ ထင်ဟပ်နေတဲ့ တောင်ကြားတွေကိုလည်း ဖြတ်ကျော်ကြရလိမ့်မယ်”

သင့်ရဲ့ အောင်မြင်ရေးခရီးလမ်းဟာ မင်ဒဲလားနဲ့ တောင်အာဖရိကက လူတွေရဲ့ အောင်မြင်ရေးခရီးလမ်းလောက် မဆိုးရွားနိုင်ပါဘူး။ ဒါပေမယ့် သင့်မှာလည်း ဆိုးရွားတဲ့အချိန်တွေ၊ အခက်အခဲနဲ့ နာကျင်မှုအချိန်တွေ ရှိမှာပါပဲ။
သင်ဟာ တစ်ခုခုကို စတင်လိုက်တဲ့အခါ၊ သင့်မှာ စိတ်အားထက်သန်မှုတွေ၊ အိပ်မက်တွေ ရှိလာပါတယ်။ တချို့နေရာတွေမှာတော့ ရှုပ်ထွေးမှုတွေ မသေချာမှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

အဲဒီလိုအခါမျိုးမှာ သင်အရှုံးပေးသင့်သလား?
ဟုတ်ပါတယ်.. တစ်ခါတစ်လေမှာတော့ အဲဒီအချိန်ဟာ ရပ်ရမယ့်အချိန်ဖြစ်ပြီး အသစ်တစ်ခုကို ပြောင်းလုပ်ရမယ့်အချိန် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အများအားဖြင့် ကမ္ဘာကြီးဟာ သင့်ကို စမ်းသပ်လေ့ရှိပါတယ်။ သင် အဲဒီအရာကို အမှန်တကယ်လိုချင်ရဲ့လားဆိုတာ ကမ္ဘာကြီးက သိချင်တယ်။ အဲဒီအချိန်ဟာ သင် အမှန်တကယ် ရှေ့ကို ဆက်သွားရမယ့်အချိန်၊ ဘယ်လိုအတားအဆီးတွေကမှ သင့်ကို ရပ်တန့်အောင်လုပ်ဖို့ ခွင့်မပြုရမယ့်အချိန်ပါပဲ။

ရှုံးနိမ့်တယ်ဆိုတာဟာ ပုံမှန်ပါပဲ။ အမှားတွေကို ပြုလုပ်တယ်ဆိုတာဟာလည်း ပုံမှန်ပါပဲ။ အအောင်မြင်ဆုံးဆိုတဲ့လူတွေဟာ ရှုံးနိမ့်မှုအများဆုံးလူတွေဖြစ်ခဲ့ကြတယ်။ သူတို့ဟာ အမှားတွေ၊ ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာယူကြတယ်။ တခြားသူတွေ အရှုံးပေးနေချိန်မှာ သူတို့ဟာ ပိုပြီး ခွန်အားရှိလာကြတယ်၊ ပိုပြီး ပျော့ပြောင်းလာကြတယ်၊ ပိုပြီး ခံနိုင်ရည်ရှိလာကြပါတယ်။

၇။ အခု လုပ်ပါ

” ကျနော်တို့ဟာ အချိန်ကို ပညာရှိစွာ အသုံးချရမယ်၊ ပြီးတော့ မှန်တဲ့အရာကိုလုပ်ဖို့အတွက်ဆိုရင် အမြဲတမ်း အချိန်ကောင်းပဲဆိုတာကို သဘောပေါက်ကြရမယ်”

အခြေအနေတွေဟာ ဘယ်တော့မှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ လက်တွေ့စလုပ်ဖြစ်ဖို့အတွက် အရာရာ ပြီးပြည့်စုံတဲ့နေ့ကို စောင့်နေမယ်ဆိုရင်တော့ သင့်ရဲ့ တစ်ဘဝလုံးကို စောင့်ဆိုင်းခြင်းနဲ့ပဲ ကုန်လွန်စေရပါလိမ့်မယ်။ အဲဒီလိုနေ့မျိုးဟာ ဘယ်တော့မှဖြစ်မလာတာ များတယ်လေ။

သင်ဟာ တစ်ခုခုကို ပြုလုပ်ချင်တယ်၊ ဒါပေမယ့် အနာဂတ်ကာလ တစ်နေ့နေ့မှာ လုပ်ဖြစ်လိမ့်မယ်ဆိုတဲ့ လူအများစု ကြုံတွေ့နေရတဲ့ ထောင်ချောက်ထဲကို မဝင်မိပါစေနဲ့။ ပထမဆုံးခြေလှမ်းကို စလှမ်းဖို့အတွက် မှန်ကန်တဲ့အချိန်ဟာ အများအားဖြင့်တော့ အခုလက်ရှိအချိန်ပါပဲ။ အကယ်၍ သင်ဟာ အဲဒီအရာကို မလုပ်ချင်သေးဘူး၊ မစချင်သေးဘူးဆိုရင်လည်း သင့်ရဲ့ အတွင်းထဲက ခုခံမှုတွေကို လက်မခံပါနဲ့။ သင့်ရဲ့ အတွေးတွေနဲ့ စိတ်ခံစားမှုတွေက ဘာကိုပဲပြောနေပြောနေ သင်ဟာ တစ်ခုခုကို စလုပ်နိုင်ပါတယ်။

၈။ ရွေ့နေတာကို အခု မရပ်လိုက်ပါနဲ့

” ရေ စတင် ဆူပွက်လာချိန်မှာ အပူပေးနေတာကို ရပ်လိုက်ခြင်းဟာ ရူးမိုက်တာပါပဲ”

ဒါကို လူအတော်များများ သတိမထားမိကြဘူးလို့ ကျနော် ထင်ပါတယ်။ အောင်မြင်မှုတစ်ခုကို ရပြီးတဲ့အခါ သင် ဘာလုပ်သလဲ? အများအားဖြင့် လုပ်ဆောင်နေကြတာကတော့ အေးအေးဆေးဆေး လဲလျောင်းပြီး အောင်မြင်မှုကို ကျေနပ်နှစ်သက်နေကြတာပါပဲ။ အဲဒါနဲ့ပတ်သက်လို့ ဘာမှ မမှားပါဘူး။ ဒါပေမယ့် သင်ဟာ အကြာကြီး နားလိုက်တဲ့အခါ သင့်ရဲ့ အရှိန်ကို ဆုံးရှုံးသွားပါတယ်။ အဲဒီနောက် သင်ဟာ အသစ်တစ်ဖန် ပြန်စရပါလိမ့်မယ်။

အောင်မြင်မှုတစ်ချို့ကို တွေ့မြင်ရတဲ့အခါ သင် ရပ်မနေသင့်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်ဟာ သင့်ရဲ့ အောင်မြင်မှုကို ကျေနပ်ခံစားရမယ့်အချိန်ဖြစ်သလို သင် ဖန်တီးခဲ့ရလာဒ်တွေ၊ လုပ်ဆောင်မှုတွေ၊ အရှိန်အဟုန်တွေနဲ့ ရှေ့ကို ဆက်သွားရမယ့်အချိန်လည်း ဖြစ်ပါတယ်။

၉။ လူတိုင်းလူတိုင်းဟာ လူသားတွေပဲဖြစ်တယ်ဆိုတာကို နားလည်ပါ

” သင်ဟာ နတ်ဘုရားတစ်ပိုင်းအဖြစ် အဆင့်တိုးမြင့်သွားပြီဆိုရင် သင်ဟာ လူသားတစ်ယောက် မဟုတ်တော့ပါဘူး။ ကျနော့်ကို မင်ဒဲလားအဖြစ်ပဲ သိကြစေချင်ပါတယ်၊ အခြေခံကျတဲ့ အားနည်းချက်တွေနဲ့ လူသားတစ်ယောက်၊ ထောင်သွင်း အကျဉ်းချခံရဖူးတဲ့ လူသားတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်”

သင်ဟာ လူတွေနဲ့ ပတ်သက်လို့ ဒဏ္ဍာရီတွေကို ဖန်တီးတဲ့အခါ – သူတို့ဟာ ပုံမှန်ထက်ပိုတဲ့ ရလာဒ်တွေကို ပြုလုပ်နိုင်ခဲ့ရင် သင်လည်း သူတို့လိုအရာတွေကို မပြုလုပ်နိုင်ဘူး၊ သူတို့ဟာ သင်နဲ့ မတူဘူးလို့ ခံစားလာရပါလိမ့်မယ်။ သူတို့တွေဟာ ဘယ်သူတွေပဲဖြစ်နေဖြစ်နေ လူတိုင်းလူတိုင်းဟာ လူသားတွေပဲဖြစ်တယ်ဆိုတာ စိတ်ထဲမှာ သိနေဖို့ အရေးကြီးပါတယ်။

ကျနော်တို့အားလုံးဟာ လူသားတွေပဲဖြစ်တယ်၊ အမှားတွေကို ကျူးလွန်မိတတ်ကြတယ်ဆိုတာကို သတိရဖို့လိုတယ်လို့ ကျနော်ထင်ပါတယ်။ လူတွေနဲ့ ပတ်သက်ပြီး ကျိုးကြောင်းမဆီလျော်တဲ့ စံသတ်မှတ်ချက်တွေကို ဖန်တီးလိုက်တဲ့အခါ သင့်ကိုယ်သင် အဆိုးမြင်အတွေးတွေ ဝင်လာနိုင်ပါတယ်။ ဘားရက်ခ် အိုဘားမား (Barack Obama)ဟာ သူ့ရဲ့ သမ္မတခရီးကို စတင်ခဲ့တုန်းကလို စိတ်မျိုး ရှိဖို့လိုပါလိမ့်မယ်။

ပြီးတော့ သင်လုပ်ခဲ့တဲ့ အမှားတွေအတွက် သင့်ကိုယ်သင် ဒဏ်ခတ်အပြစ်ပေးတာလိုမျိုး အသုံးမဝင်တဲ့ အလေ့အကျင့်တွေကိုလည်း ရှောင်ကျဉ်ဖို့ အရေးကြီးပါတယ်။ အဲဒီအစား- သင် ဘယ်နေရာမှာ မှားသွားတယ်၊ သင့်ရဲ့ အမှားကနေ ဘာတွေ သင်ယူနိုင်တယ်ဆိုတာကို ရှင်းလင်းစွာ ကြည့်ပါ။ အဲဒီနောက် တစ်ဖန်ထပ်ကြိုးစားပါ။

Your Life Success

Tags: successfulworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
တယော ၃လက်နဲ့တူတဲ့ လုပ်ငန်းခွင် ၃မျိုး

တယော ၃လက်နဲ့တူတဲ့ လုပ်ငန်းခွင် ၃မျိုး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!