မြင်းတွေကို ယခုအခါ သိပ်မသုံးကြတော့ပေမယ့် ရှေးအခါကတော့ မြင်းတွေဟာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် မရှိမဖြစ်ဆိုတာ သိကြမှာပါ။ အဲဒီမြင်းတွေရဲ့အကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်။
မြင်းတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၅သန်းခန့်က ရှိခဲ့တဲ့ Eohippus ဆိုတဲ့ တိရစ္ဆာန်ကနေ ဆင်းသက်လာပါတယ်။
မြင်းတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ခန့်(ဘီစီ ၃၀၀၀ ဝန်းကျင်) ကတည်းက အာရှအလယ်ပိုင်းမှာ အိမ်မွေးတိရစ္ဆာန်အဖြစ်အသုံးချနေပါပြီ။
ကမ္ဘာပေါ်မှာ မြင်းမျိုးကွဲပေါင်း ၃၀၀ ကျော် ရှိပြီး အကောင်အရေအတွက်နဲ့ဆိုရင်တော့ သန်း ၆၀ ကျော် ရှိပါတယ်။
ယနေ့မှာ မြင်းအမျိုးအစားတိုင်းနီးပါးကို လုပ်ငန်းတွေမှာအသုံးချနေပေမယ့် Przewalski လို့ခေါ်တဲ့ မြင်းရိုင်းတစ်မျိုးလည်း ရှိပါသေးတယ်။ သူ့ကို တော့ မွန်ဂိုလီးယားမှာ တခါတရံရှားပါးစွာ တွေ့ရတတ်ပါတယ်။
မြင်းကို horse လို့ခြုံပြီးခေါ်ကြပေမယ့် မြင်းထီးကို stallion လို့ခေါ်ပြီး မြင်းမကို mare လို့ခေါ်ပါတယ်။
ပုံမှန်အားဖြင့် မြင်းတွေဟာ ၅၆ လက်မ ကနေ ၇၂လက်ခန့်မြင့်ပြီး အလေးချိန် ၈၄၀ပေါင် ကနေ ၂၂၀၀ ပေါင်အထိ ရှိတတ်ပါတယ်။
မြင်းတွေဟာ အကြားအာရုံ နဲ့ အရသာခံတဲ့ အာရုံတွေမှာ အထူးကောင်းမွန်ကြပါတယ်။ အသိဉာဏ်ရှိပြီး လူတွေနဲ့လွယ်ကူစွာအကျွမ်းတဝင်ဖြစ်တတ်တဲ့ တိရစ္ဆာန်တွေဖြစ်ပါတယ်။ သူတို့ရဲ့မျက်လုံးတွေဟာ ကမ္ဘာ့ကုန်းနေသတ္တဝါတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။
ပုံမှန်အရွယ်ရောက်ပြီး မြင်းတစ်ကောင်မှာ အရိုးပေါင်း ၂၀၅ ခု ပါရှိပါတယ်။
မြင်းတွေရဲ့ပုံမှန်သွားနှုန်းကတော့ တစ်နာရီ ၂၅မိုင်ကနေ ၃၀မိုင်ဖြစ်ပြီး အမြန်ဆုံးစံချိန်တင်ထားတဲ့မြင်းကတော့ တစ်နာရီကို ၅၅မိုင်နှုန်းအထိ မြန်ပါတယ်။
မြင်းတွေဟာ ရဲဌာနတွေအတွက်လည်း အလွန်အသုံးဝင်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ လန်ဒန်ရဲတွေက ၁၇ရာစုမှာ စသုံးခဲ့ပြီး မကြာမီမှာ အမေရိကန် နဲ့ သြစတြေးလျတို့ကပါ လိုက်သုံးခဲ့ပြီး မြင်းတွေအရမ်းပေါ်ပြူလာဖြစ်ခဲ့ပါတယ်။ ၂၀ရာစုမှာ မော်တော်ကားတွေပေါ်လာပြီးနောက်မှာ မြင်းအသုံးပြုမှုလည်း နည်းသွားပါတယ်။
မြင်းတွေဟာ အိမ်မွေးတိရစ္ဆာန်ဖြစ်နေပေမယ့် တောထဲကိုပြန်လွှတ်လိုက်ရင်လည်း တောရိုင်းသဘာဝနဲ့ ချက်ချင်း အကျွမ်းတဝင်ဖြစ်တဲ့ တိရစ္ဆာန်တွေဖြစ်ပါတယ်။
မြင်းတွေဟာ ဟီသံအတိုးအကျယ်လုပ်တာ ၊ နှာမှုတ်တာ ၊ ခေါင်းယမ်းတာ စတာတွေနဲ့ သူ့ရဲ့အမူအရာကို လူတွေအကဲခတ်မိအောင် ဖော်ပြတတ်ပါတယ်။
မြင်းမတွေဟာ ၁၁လကိုယ်ဝန်ဆောင်ပြီး မြင်းကလေးကို မွေးပါတယ်။ မွေးကာစမြင်းကလေးဟာ ချက်ချင်း ထပြေးနိုင်ပါတယ်။ ၅နှစ်မှာတော့ အရွယ်ရောက်ပါတယ်။ မြင်းတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၂၅နှစ် ဖြစ်ပါပေမယ့် Old Billy ဆိုတဲ့မြင်းကတော့ အသက် ၆၂နှစ် အထိရှည်ပြီး စံချိန်တင်ထားပါတယ်။
မြင်းတွေဟာ မြည်းတွေ ၊ မြင်းကြားတွေ နဲ့ မိတ်လိုက်နိုင်စွမ်းလည်းရှိပါတယ်။ မြင်းတွေဟာ သူတို့ရဲ့ဦးခေါင်းကို စက်ဝိုင်းတစ်ပတ်(၃၆၀ဒီဂရီ) နီးပါး လှည့်ပတ်နိုင်ကြပါတယ်။
မြင်းရဲ့ ထူးခြားချက် တခုက သွားအပေါ်အောက် အစုံပါတာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခွာ လုံးဖြစ်နေတော့ မြေပြန့်မြေမာ လွင်ပြင် ကျယ် များမှာအပြေးသန် ခြေမြဲ စေပါတယ်။ အိမ်မွေးသတ္တဝါ တွေ ထဲ မှာ ဆင်ပြီးရင်ဒုတိယ အခန့်ညားဆုံး သတ္တဝါ ဖြစ်ပါတယ်။
မြင်းသားကိုနိုင်ငံအများစုမှာ ပိတ်ပင်ထားပေမယ့် ခွင့်ပြုပြီး အထူးတလည်စားတဲ့နိုင်ငံတွေရှိပါတယ်။ ဒီအထဲမှာ ပြင်သစ်နိုင်ငံက နာမည်ကြီးဖြစ်ပြီး သူတို့ဟာ မြင်းနှလုံး နဲ့ ဦးနှောက်ကို အလွန်ကြိုက်ကြပါတယ်။
ကမ္ဘာပေါ်က ထင်ရှားတဲ့မြင်းအမျိုးအစားတွေရဲ့ပုံရိပ်တွေကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
Discussion about this post