• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သင်မသိလောက်သေးတဲ့ Mr.Bean ရဲ့ အကြောင်းများ

by Thutamm
July 25, 2019
Reading Time: 1min read
0
သင်မသိလောက်သေးတဲ့ Mr.Bean ရဲ့ အကြောင်းများ
Share on FacebookShare on Twitter

Mr.Bean ရဲ့ နာမည်အရင်းက Rowan Atkinson ဖြစ်ပါတယ်။ အဖိုးဖြစ်သူ Atkinson နဲ့ အဖေဖြစ်သူ Rowan ရဲ့နာမည်ကိုပေါင်းပြီး ပေးခဲ့တာပါ။ Mr. Bean ကို အင်္ဂလန်နိုင်ငံ Consett မြို့မှာ ၁၉၅၅ခုနှစ် ဇန်နဝါရီလ ၆ရက်နေ့မှာ မွေးဖွားခဲ့ပြီး လက်ရှိအချိန်မှာ အသက် ၆၂နှစ် ရှိပါပြီ။ သူ့ရဲ့အရပ်အမြင့်ကတော့ ၅ပေ၁၁လက်မ ရှိပါတယ်။

ငယ်စဉ်က Durham Choristers ကျောင်းမှာတက်ခဲ့ပါတယ်။ အဲဒီတုန်းက ကျောင်းနေဖက်သူငယ်ချင်းကတော့ နောင်တစ်ချိန်အင်္ဂလန် ဝန်ကြီးချုပ်ဖြစ်လာမယ့် တိုနီဘလဲ ဖြစ်ပါတယ်။

M.Bean ဟာ ဉာဏ်အလွန်ကောင်းသလို ပညာအလွန်ထူးချွန်သူတစ်ယောက်လည်းဖြစ်ပါတယ်။ နယူးကက်ဆဲတက္ကသိုလ် ကနေ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့တဲ့ အထူးချွန်ဆုံးကျောင်းသားတစ်ယောက်ဖြစ်သလို ကမ္ဘာကျော်အောက်စ်ဖို့တက္ကသိုလ်က Queen’s College နေ မဟာအင်ဂျင်နီယာဘွဲ့ကိုရယူနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ပြုစုခဲ့တဲ့ စာတမ်းကတော့ self-tuning control system ဖြစ်ပါတယ်။

ကာတွန်းရုပ်ရှင်လောကမှာ အအောင်မြင်ဆုံးကားတွေထဲက တစ်ကားဖြစ်တဲ့ The Lion King ဇာတ်ကားမှာ အသံသရုပ်ဆောင်ခဲ့သူပါ။ အောက်ချင်းငှက်ကလေး Zazu နေရာက သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Mr. Bean ဇာတ်ကားကို စရိုက်တော့ ထုတ်လုပ်သူက အပြည့်အဝကုန်ကျမခံနိုင်တဲ့အတွက် သူ့ရဲ့တိုက်ခန်း နဲ့ ကားကို ရောင်းချပြီး ဖြည့်ကာ ရိုက်ကူးခဲ့ရပါတယ်။ အနုပညာလုပ်ခဲ့တာ နှစ်ပေါင်း ၂၀နီးပါးရှိခဲ့ပေမယ့် လူသိပ်မသိခဲ့တဲ့သူ့ကို ဒီကားမှာ စသိလာသလို Mr.Bean ဇာတ်ကားဟာလည်း စံချိန်တင်ဝင်ငွေနဲ့ အအောင်မြင်ဆုံးဟာသဇာတ်ကားတစ်ကား ဖြစ်လာခဲ့ပါတယ်။ အဲဒီဇာတ်ကားအပြီးမှာ Rowan ဆိုတဲ့နာမည်ပျောက်သွားပြီး အားလုံးက Mr.Bean လို့သာခေါ်ကြပါတော့တယ်။ သူ့ရဲ့Teddy Bear အရုပ်ဟာလည်း အဲဒီနှစ်ရဲ့ အရောင်းရဆုံးရုပ်ဖြစ်ခဲ့ပါတယ်။

တစ်ခါတုန်းက ကင်ညာနိုင်ငံကို မိသားစုလိုက် လေယာဉ်နဲ့ အပန်းဖြေခရီးထွက်ခဲ့ပါတယ်။ ကျန်းမာရေးဖောက်ပြီး ရုတ်တရက် လေယာဉ်မှူး မေ့လဲသွားတဲ့အခါ Mr.Bean ဟာ လေယာဉ်မှူးကိုယ်စား လေယာဉ်ကို အန္တရာယ်ကင်းစွာ မောင်းနှင်ဆင်းသက်ခဲ့ပါတယ်။ ဘယ်တုန်းက လေယာဉ်မောင်းသင်ထားတာလဲလို့မေးတဲ့အခါ တစ်ခါမှမမောင်းဖူးပဲ မောင်းနည်းစာအုပ်သာ ဖတ်ဖူးကြောင်း ၊ ဖတ်ထားတဲ့အထဲက မှတ်မိသလိုလုပ်ခဲ့တာလို့ သူကပြန်ဖြေခဲ့ပါတယ်။

Mr.Bean ဇာတ်ကောင်ရဲ့နာမည်ဟာ အစက Mr. White ဖြစ်ပါတယ်။ နောက်တော့ Mr. Cauliflower လို့ပြောင်းခဲ့ပြန်ပါတယ်။ နောက်ဆုံးမှာတော့ Mr.Bean ဆိုတဲ့နာမည် အတည်ဖြစ်သွားခဲ့ခြင်းပါ။ Mr.Bean ဇာတ်လမ်းတွဲဟာ စုစုပေါင်း ၁၄ခုသာရှိပြီး တစ်ခုကိုကြာချိန် ၂၅မိနစ်သာ ရှိပါတယ်။ Mr.Bean ဇာတ်လမ်းတွဲတွေကို နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ထပ်ခါထပ်ခါ ပြသခဲ့ပါတယ်။ သူဟာ Mr.Bean ဇာတ်လမ်းတွဲတွေကို ၂၀၁၂ခုနှစ်မှာ ရပ်နားခဲ့ပြီး ဒီလိုရပ်နားရခြင်းဟာ သူ့အသက်အရွယ်နဲ့ ဆက်ရိုက်လို့မသင့်တော့တာကြောင့် လို့ဆိုပါတယ်။ ဇာတ်လမ်းတွဲတွေရပ်သွားပေမယ့် ကြော်ငြာနဲ့ အခြားဇာတ်ကားတချို့မှာတော့ Mr.Bean ဇာတ်ကောင်ဟာ ပါဝင်လေ့ရှိပါတယ်။ ဟာသသရုပ်ဆောင်ဖြစ်တဲ့သူဟာ စုံထောက် Maigret ဇာတ်ကားလို အတည်အခန့်ဇာတ်လမ်းတွေလည်း ရိုက်ကူးခဲ့ဖူးပါတယ်။

ကားကို အလွန်ဝါသနာပါသလို ကားမောင်းအလွန်ကျွမ်းကျင်သူလည်းဖြစ်ပါတယ်။ ကားမောင်းပြိုင်ပွဲတစ်ခုမှာ ဒုတိယ ရဖူးသလို ကားဂျာနယ် မဂ္ဂဇင်းတွေဟာ ကားနဲ့ပတ်သတ်တဲ့ဆောင်းပါးတွေ ရေးလေ့ရှိသူ လည်းဖြစ်ပါတယ်။ ကား crazy တစ်ဦးဖြစ်ပြီး enault 5 GT Turbo, McLaren F1, Honda Civic Hybrid, Austin Metro, Audi A8 နဲ့ Škoda Superb စတဲ့ကားတွေကို ပိုင်ဆိုင်ထားသူပါ။ လူတွေကိုပျော်ရွှင်အောင်လုပ်ခဲ့တဲ့အတွက် ၂၀၁၃မှာ ဗြိတိသျှအင်ပါယာရဲ့ Commander of the Order ဆုကိုရရှိခဲ့ပါတယ်။

Tags: knowledgeworld people
Next Post
လွန်ခဲ့သော နှစ်ပေါင်း ၂၄၀၀ က စစ်ရထားလုံး၄စီး နဲ့ မြင်းအကောင်ပေါင်း ၁၀၀ခန့် ကို တူးဖော်ရရှိ

လွန်ခဲ့သော နှစ်ပေါင်း ၂၄၀၀ က စစ်ရထားလုံး၄စီး နဲ့ မြင်းအကောင်ပေါင်း ၁၀၀ခန့် ကို တူးဖော်ရရှိ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!