• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တိရစ္ဆာန်တွေရဲ့ မိခင်မေတ္တာ

by Thutamm
August 12, 2019
Reading Time: 1min read
0
တိရစ္ဆာန်တွေရဲ့ မိခင်မေတ္တာ
Share on FacebookShare on Twitter

ရေးသားသူ – မြန်ဂုဏ်ဆောင် (Messenger News Journal)

အသိ ဉာဏ်မဲ့သော တိရစ္ဆာန်သည် အသိ ဉာဏ်ရှိသော လူသားထက် နိမ့်ကျသည်။ အသိ ဉာဏ မြင့်မားသော လူသားက အဟိတ်တိရစ္ဆာန်ကို စေခိုင်းနိုင်သည်။ အသုံးပြုနိုင်သည်။ လူသားအလွှာ၏ အကျိုးပြု လုပ်ငန်းများတွင် တိရစ္ဆာန်များ ပူးတွဲဝန်ဆောင်နေကြသည်။ လူသားတို့ မသိမမြင်နိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်သည့် လေမုန်တိုင်း၊ ငလျင်၊ မိုးသည်ထန်မှု၊ ရေကြီးမှု၊ ရေရှားပါးမှုများကို တိရစ္ဆာန်များက လူသားတို့ထက် ကြိုတင်သိနိုင်စွမ်း ရှိသည်။

သတ္တလောကတွင် အသိ ဉာဏ် အမြင့်ဆုံး ဖြစ်သောလူသားသည် မိခင်စိတ်ဖြင့် သားသမီးကို ပဋိသန္ဓေတည် ကတည်းက ကြင်နာယုယမှု အပြည့်အဝဖြင့် ဆက်ဆံသည်။ မေတ္တာဓာတ်ကို ပေးစွမ်းသည်။ ကျိုးကြောင်းဖြူမည်း မကွဲခင်ကပင် အသည်းနင့်အောင် ချစ်တတ်ကြသည်။ မိခင်ရင်တွင် သန္ဓေသားကို လွယ်ထားစဉ် သန္ဓေသား အသက်သုံးလမှ စတင်၍ ရင်သွေးအတွက် ဝတ်စရာအထည် အသုံးအဆောင်များကို စုဆောင်းတတ်ကြသည်။ မိခင်စိတ်ဖြင့် ကိုးလလွယ်၍ ဆယ်လမဖွားမီ စိတ်ကူး စိတ်မှန်းဖြင့် ကြင်နာမှုများစွာကို ဖြည့်ဆည်း ပြင်ဆင်ထားကြသည်။

လူသားထက် ဉာဏ်ရည်နိမ့်ကျသော တိရစ္ဆာန်မိခင်များက ထူးခြားသော အသိစိတ်၊ ကြင်နာသောမေတ္တာ၊ ယုယသော ကရုဏာ အပြုအမူများဖြင့် ကြင်နာယုယမှု ပေးနိုင်စွမ်းသည်။ တိရစ္ဆာန်လောကမှ အံ့သြဖွယ်ရာ မိခင်များစွာ တည်ရှိနေသည်ကို တိရစ္ဆာန်အလွှာတွင် မြင်တွေ့ကြရသည်။

မိခင်တိရစ္ဆာန်သည် တောကြိုတောကြား သစ်တစ်ပင်အောက် ဝါးတစ်ပင်အောက်တွင်မှီခိုပြီး မြစ်ချောင်းအင်းအိုင်ကို သောက်ရေသုံးရေ အဖြစ် မှီခိုအသက်ရှင်စဉ်ကပင် သန္ဓေသားကောင် တိရစ္ဆာန်ငယ် အတွက် ထူးခြားသော အပြုအမူ၊ အပြောအဆိုများစွာဖြင့် လောကကို အကောင်းဆုံး အလှခြယ်သည်။ ရင်သွေးသားကောင် အတွက် ကိုယ်ဝန်သန္ဓေသားလေး ပြင်ပလောကသို့ မရောက်မချင်း သွေးသားချင်း ဆက်နွယ်၍ ပြုစုယုယစောင့်ထိန်းသည်။ ဝမ်းဗိုက်တွင်း သန္ဓေသားကောင် အသက်ရှင်ဖို့ရန် ဝန်ဆောင်ပေးရသည်။

လိပ်မိခင်

အဟိတ်တိရစ္ဆာန် လိပ်မကြီးက လိပ်ဥများကိုဥပြီး သဲသောင်ပြင်ပေါ်မှာဥထားသော လိပ်ဥများကို ရန်သူများ မမြင်မတွေ့ရအောင် သဲဖြင့်ဖုံးအုပ်သည်။ ရန်သူ့ကို ခြေရာဖျောက်သော အနေဖြင့် ဥများရှိရာနေရာမှ နောက်ပြန်၍ ရေသို့ဆင်းသည်။ အဝေးတစ်နေရာမှ ကိုက်နှစ်ဆယ်ခန့်တွင် မိခင်မေတ္တာရင်ငွေ့ဖြင့် ရှေ့ရှုပြီး လိပ်ဥကို ပေါက်ဖွားစေနိုင်စွမ်းသည်။ မိခင်စိတ်၏ မေတ္တာရှေ့ရှုမှုက လိပ်ရင်သွေးများကို မွေးဖွားသန့်စင်စေနိုင်စွမ်းသည်။

ကြက်မိခင်

တောချုံပုတ်မှာ တောကြက်မကြီးက ဥဥထားပြီး ကြက်ဥများကို ရင်ငွေ့ဖြင့် မေတ္တာစိတ်ပေး၍ ဝပ်သည်။ ချုံပုတ်ကြားဝယ် ဥထားသော ကြက်ဥများကို လူမမြင်အောင် အကာအကွယ်ပြုပြီး ရန်သူ၏ အန္တရာယ်ကို ဖယ်ရှားသည်။ ရှောင်ရှားသည်။ ကြက်ကလေးများ ကြက်ဥမှ အကောင်ပေါက်သည် အထိ မိခင်မေတ္တာစိတ်ဖြင့် ဥစေ၊ ပေါက်စေသည်။

ဆင်မိခင်

သတ္တလောက ကုန်းနေသတ္တဝါများတွင် အသေးငယ်ဆုံး ပုရွက်ဆိတ်မှသည် မျက်မှောက်ကာလ အကြီးဆုံး ဆင်အထိ မိခင်မေတ္တာစိတ် ပြည့်ဝရင့်ကျက်ခိုင်မာကြသည်။ ကုန်းမြေပြင်ပေါ်တွင် အကြီးဆုံး မိခင်ဆင်ကြီးက ပျှမ်းမျှအလေးချိန် ပေါင် (၂၀၀) ရှိသော ဆင်သားပေါက်ငယ်ကို ရင်ဖြင့်လွယ်၍ မွေးဖွားသည်။ မိခင်ဝမ်းကြာတိုက်တွင် ဆင်မိခင်က (၂၂) လကြာ ကိုယ်ဝန်ဆောင်ရသည်။

ဆင်ပေါက်ကလေး ပြင်ပလောကသို့ ရောက်သောအခါ မျက်စိဖြင့် မြင်အားမရှိသော ဆင်ပေါက်ကို မိခင်ဆင်မကြီးက နှာမောင်းကို အသုံးပြု၍ ဆင်ကို လမ်းလျှောက်ကျင့်သည်။ ဆင်ပေါက်ကလေး လမ်းလျှောက်ရာသို့ ဆင်မိခင်ကြီးက နှာမောင်းအားဖြင့် စမ်းတဝါးဝါး လမ်းပြရှေ့ဆောင်သည်။ လမ်းလျှောက် လေ့ကျင့်သည်။ ဆင်မိသားစုဝင် ဆင်အမေ၊ ဆင်အဘွား၊ ဆင်အစ်မ၊ ဆင်ညီမ၊ ဆင်တစ်ဝမ်းကွဲ မိသားစုဝင်များပင် ဆင်သားပေါက်ငယ်ကို ဝိုင်းဝန်း စောင့်ရှောက်ကြသည်။ ဆင်မိသားစုဝင်များ အားလုံး ဆင်သားပေါက်ငယ်ကို မိခင်စိတ် အပြည့်အဝဖြင့် မိမိရင်သွေးပမာ ပြုစုသဘောထားနိုင်သည်။

အောက်ချင်းငှက်မိခင်

အမောက်နီ အောက်ချင်းငှက်များက အင်ဒိုနီးရှား၊ ဆူလာဝေစီကျွန်းတွင် နေထိုင်ကျက်စားသည်။ သစ်ပင်ကြီးများကို သူတို့နှုတ်သီးဖြင့် ဖောက်ထွင်း၍ အသိုက်အမြုံ ပြုလုပ်နေထိုင်ကြသည်။ အောက်ချင်း ငှက်မိခင်သည် သန္ဓေသားဥကို ပုတ်သင်ညိုများက ကြိုက်နှစ်သက်၍ ပုတ်သင်ညိုရန်မှ ကင်းပစေရန် သစ်ခေါင်းကို အပေါက်ဖောက်၍ အသိုက်အမြုံ ပြုလုပ်သည်။

အသိုက်တွင်းဥများ ဥထားပြီး အသိုက်၏ ဝင်ပေါက်ကို ကျဉ်းသည်ထက် ကျဉ်းအောင် မစင်ဖြင့် အထပ်ထပ် ပိတ်ဆို့သည်။ ရန်သူမှကင်းဝေးရန် ဥများကို အသိုက်အတွင်း သိုဝှက်စွာထားပြီး နှစ်လကြာဥကို ဝပ်ထားသည်။ ဥဝပ်စဉ် မိခင်စိတ်ဖြင့် အစာမစားဘဲ ဆာလောင်မှု ဝေဒနာကို ကြံ့ကြံ့ခံနိုင်စွမ်းသည်။

ကိုလာဝက်ဝံမိခင်

တောပျော် ကိုလာဝက်ဝံသည် အဆိပ်ရှိသော သစ်ရွက်များ ကိုက်စားနိုင်သော သတ္တဝါ ဖြစ်သည်။ ကိုလာဝက်ဝံ၏ အစာခြေလမ်းကြောင်းတွင် အဆိပ်ဒဏ်ကို ခံနိုင်စွမ်းသော၊ လည်ချောင်းထဲတွင် အဆိပ်ဟူသမျှကို ခြေဖျက်နိုင်စွမ်းသော ဘက်တီးရီးယားများ ခိုအောင်းမှီတွယ်နေသည်။ ကိုလာဝက်ဝံသည် ရင်သွေးငယ်ကို မွေးဖွားစတွင် ဝက်ဝံပေါက်ကလေး၌ အဆိပ်ခြေဖျက်နိုင်သော ဘက်တီးရီယား မပါရှိသဖြင့် ဝက်ဝံမကြီးက မွေးစဝက်ဝံငယ် အတွက် အစာကို တိုက်ရိုက်မကျွေးနိုင် ဖြစ်ရသည်။

ထို့ကြောင့် အစာကျွေးရာတွင် သွယ်ဝိုက်သော နည်းဗျူဟာဖြင့် မိခင်က ဦးစွာစားပြီး စွန့်ထုတ်လိုက်သော မစင်ကိုသာ နှုတ်သီးဖြင့်ကော်၍ ကျွေးရသည်။ ကိုလာဝက်ဝံများသည် တစ်နေ့လျှင် (၂၂) နာရီကြာ အိပ်တတ်သော သတ္တဝါဖြစ်၍ မိခင် ကိုလာဝက်ဝံက ဝက်ဝံပေါက်လေး အတွက် အိပ်ရေး မမက်နိုင်ပါ။ မိခင်စိတ်ဖြင့် ကိုလာဝက်ဝံငယ်ကို ပြုစုကြရသည်။

ပိုလာဝက်ဝံမိခင်

ပိုလာဝက်ဝံသည် ဝက်ဝံထီးက မိသားစုစိတ်နည်းသည်။ ဝက်ဝံထီးက မိခင်ကို လုံးဝစောင့်ရှောက်ခြင်း မရှိဘဲ ဝက်ဝံမနှင့် တစ်ကြိမ် မိတ်လိုက်ပြီးလျှင် အဝေးသို့ ထွက်ခွာနေလေ့ရှိသည်။ ပိုလာဝက်ဝံမကြီးက ကိုယ်ဝန်ဆောင်ချိန်တွင် ရင်သွေးငယ်၏ဝန်ကို ဆောင်ရ၍ ကိုယ်ဝန်အလေးကြောင့် အလေးချိန်ပေါင် (၄၀၀) ထိတိုးမြင့်လာသည်။ ကိုယ်ဝန်သန္ဓေသား အတွက် ညမိုးချုပ်ချိန်တွင် ခန္ဓာကိုယ် အလေးချိန်ဖြင့် လိုက်လျောညီထွေ ဖြစ်အောင် အစာစားရသည်။ နေ့ခင်းအစာရှာရာတွင် မိမိခန္ဓာကိုယ် အတွက် လိုအပ်သော အစာကို ခက်ခက်ခဲခဲ ရှာယူရသည်။

ပိုလာဝက်ဝံမိခင်သည် ကိုယ်ဝန်မှ သန္ဓေသားမွေးခါနီး အချိန်တွင် အသိုက်တစ်ခု ရှာကြံတည်ဆောက်ပြီး အသိုက်အမြုံတွင် နှစ်လကြာမျှ အစာအစားဘဲ ကလေးမွေးဖွားချိန်ကို စောင့်နေနိုင်သည်။ ပိုလာဝက်ဝံကလေးများသည် မွေးဖွားစအချိန်တွင် မျက်စိမမြင်နိုင်စွမ်းပါ။ စားရန်သွားလည်မပါပါ။ ထို့ကြောင့် ဝက်ဝံမိခင်ကြီးက ရင်သွေးငယ် ဝက်ဝံကို မိခင်နှင့်အတူ အသိုက်အမြုံတွင် နှစ်နှစ်ကြာနေရာ မေတ္တာစိတ်ပြည့်ဝစွာ၊ ယုယကြင်နာစွာ ပြုစုကြသည်။

အော်ရီဂူတန် လူဝံမိခင်

တိရစ္ဆာန်လောကတွင် ဉာဏ်ရည် ဉဏ်သွေး မြင့်မားသော တိရစ္ဆာန် တစ်မျိုးဖြစ်သော အော်ရီဂူတန် မျောက်ဝံသည် သူတို့ဘဝတစ်လျှောက်လုံး သစ်တော သစ်ပင်ကြားတွင် အသိုက်အမြုံ ဆောက်လုပ်ပြီး အချိန်ကုန်စေသည်။ ညပိုင်းအေးချမ်း တိတ်ဆိတ်ချိန်တွင် သစ်ရွက်သစ်ခက်များကို စုဆောင်း၍ အသိုက်ဆောက်လုပ်သည်။ အော်ရီဂူတန် မျောက်ဝံတစ်ကောင်က ဘဝတစ်လျှောက်လုံး အသိုက်အမြုံပေါင်း သုံးသောင်းကျော်ထိ ဆောက်လုပ်နိုင်စွမ်းသည်။

မိခင်အော်ဂီဂူတန် မျောက်ဝံ၏ဘဝတွင် မိမိ၏မိသားစုဝင် ရင်သွေး မျောက်ဝံကလေးများကို အသိုက်အမြုံမှ မြေပြင်သို့ အကျမခံ။ ရင်သွေးမျောက်ဝံများကို အသက် (၆) နှစ် (၇) နှစ်တိုင် မိခင်နှင့် အတူနေစေပြီး မိခင်စိတ်ဖြင့် ပြုစုကြသည်။ တိရစ္ဆာန်လောကတွင် မိခင်နှင့်ရင်သွေးတို့ အတူနေထိုင်မှု အကြာဆုံး စံချိန်ချိုးထားသော သတ္တဝါဖြစ်သည်။ မိခင်စိတ်အားကြီးလွန်းသည်။ မိခင်စိတ် ခိုင်မာလွန်းသည်။

မျောက်ဝံအထီးများသည် မိတ်လိုက်ရန်သာ မျောက်ဝံအမများထံ လာရောက် ချဉ်းကပ်ကြပြီး၊ ကျန်သော အချိန်ကာလများတွင် တောပျော်သတ္တဝါအဖြစ် မိသားစုနှင့် ခပ်ဝေးဝေးမှာသာ နေထိုင်ပျော်ပါးကြသည်။ မိခင်အော်ရီဂူတန် မျောက်ဝံမကြီးကသာ မိခင်စိတ် အပြည့်အဝဖြင့် ရင်သွေးငယ်အား အသိုက်အမြုံဆောက်ခြင်း၊ အစာရှာကျွေးခြင်း၊ တောလိုက်နည်း သင်ကြားပေးခြင်းများကို ပြုမူကြရသည်။

ကျားသစ်မိခင်

တောနေသတ္တဝါထဲတွင် ကျားသစ်မိခင်များက အခြား တောကောင်များထက် မိခင်စိတ်ပြည့်ဝ ရင့်ကျက်သည်။ စိတ်ရှည်သည်။ မိခင်ကျားသစ်က တစ်ကြိမ် ကိုယ်ဝန်ဆောင်သားမွေးလျှင် သားကောင် လေးကောင်မှ ခြောက်ကောင်ထိ မွေးလေ့ရှိသည်။

ကျားသစ်ပေါက်ကလေးများသည် အစုလိုက် နေထိုင်ကြပြီး၊ ဘဝရပ်တည် စားသောက်မှု၊ အစာရှာဖွေမှု၊ စုပေါင်းနေထိုင်မှု အတတ်ပညာကို မကျွမ်းကျင် မတတ်မြောက်ကြပါ။ မိခင်ကျားသစ်မကြီးက သားပေါက် ကျားသစ်ကလေးများကို အမဲလိုက်နည်း၊ အစာရှာနည်း၊ သားကောင် စားကျက်ရှာနည်း၊ မုဆိုးလက်မှ လွှတ်မြောက်အောင် ရှောင်ပြေးနည်းများကို မိမိအတွေ့အကြုံအရ သင်ကြားပေးသည်။ ကျားသစ်မိခင်ကြီးက ရင်သွေးကျားသစ်မများကို မွေးဖွားသန့်စင်ပြီးနောက် ကျားသစ်အုပ်စု အသိုက်အဝန်းထဲက သီးသန့်ခွဲထွက်သည်။ ကျားသစ်အထီးများကို မိခင်နှင့်အတူ နေစေသည်။

ရေဘဝဲမိခင်

ရေဘဝဲမိခင်သည် သားပေါက်ချိန်တွင် ရေဘဝဲအထီးများက အစ်မနားသို့ နားခိုခြင်းမရှိ။ ရေဘဝဲအစ်မ တစ်ကောင်သည် ဥပေါင်းငါးသောင်းခန့်ကို ဥ ဥပြီး ဥအကောင်ပေါက်ရန် အချိန် ရက် (၄၀) ခန့်ကြာ ဆိုင်းငံ့ရသည်။ ဥထားသော ရေဘဝဲဥများကို အခြားသတ္တဝါများ လာမစားအောင် မိခင်စိတ်ဖြင့် အကာအကွယ်ပြုသည်။ ဥများအတွက် အောက်စီဂျင်ရရန် ရေစီးကြောင်းကို ဖန်တီးပေးသည်။

သည်အချိန်တွင် မိခင်ရေဘဝဲက အစာသွားရှာရန် အချိန်မပေးနိုင်သဖြင့် အဆာပြေစေရန် မိမိလက်ကိုမိမိ ပြန်စားရသည်။ ရေဘဝဲတွင် လက်ရှစ်ချောင်းရှိရာ အစာပြေစားသောက်၍ လက်များပြတ်သွားပါက မိခင်စိတ်ဖြင့် လက်များ ပြန်လည်ရှင်သန်ပေါက်လေ့ ရှိသည်။

မိကျောင်းမိခင်

ရေပျော်မိကျောင်းများသည် သဘာဝပတ်ဝန်းကျင်တွင် အလိုက်ဖက်ဆုံး သတ္တဝါဖြစ်သည်။ မိကျောင်း၏ အသိုက်က ပုပ်ပွဆွေးမြည့်သော အသီးအနှံ၊ သစ်ရွက်များဖြင့် ဖန်တီးပြုလုပ်ပြီး၊ မိကျောင်းမိခင်က ရင်သွေးဥများကို အသိုက်အမြုံတွင် ဥသည်။ အသိုက်အမြုံက ပုပ်ပွဆွေး မြည့်သောကြောင့် အပူဓာတ်အမြဲရှိပြီး မိကျောင်းမိခင်က ဥများကို ဝပ်စရာမလိုဘဲ ရင်သွေးမိကျောင်းကလေးငယ်များကို မွေးဖွားနိုင်စွမ်းသည်။

မိကျောင်းမိခင်က ရင်သွေးငယ် မိကျောင်းလေးများ မွေးဖွားသန့်စင်သောအခါ သူတို့ရင်သွေးငယ်များကို သဘာဝဘေးအန္တရာယ်မှ လွတ်ကင်းစေရန်၊ တောရိုင်းမုဆိုးများ မဖမ်းနိုင်ရန် ရင်သွေးငယ်များကို အာခံတွင်း၌ ငုံထားသည်။ သဘာဝဘေးအန္တရာယ်ကိုလည်း အကာအကွယ်ပြုသည်။ မိကျောင်းငယ်ကလေးများ တွားသွားနိုင်ချိန် ရောက်လာသောအခါ အစာရှာတတ်ရန် ငါးကလေး၊ ခရုနှင့် အင်းဆက်ပိုးမွှားများကို စားတတ်အောင် လေ့ကျင့်သင်ကြားပေးပြီး မိခင်စိတ်ဖြင့် ဘဝထဲသို့ တွန်းပို့ပေးနိုင်သည်။

ပင်လယ်ဖျံမိခင်

ဆင်ပင်လယ်ဖျံသည် ဖျံအကြီးစားတစ်မျိုး ဖြစ်သည်။ အစ်မဖျံ မိခင်တစ်ကောင်၏ ခန္ဓာကိုယ် အလေးချိန်က ပေါင် (၁၇၀၀) ခန့်ရှိသည်။ ပင်လယ်ဖျံ အမ၏ အလေးချိန်ထက် ပင်လယ်ဖျံ အထီး၏ အလေးချိန်က လေးဆပိုများသည်။ ပင်လယ်ဖျံ အစ်မမိခင်များသည် ကိုယ်ဝန်ဆောင်စဉ်တွင် ခန္ဓာကိုယ်အလေးချိန် တိုးလာသည်။

ပင်လယ်ဖျံမိခင်က သန္ဓေသားကို (၁၁) လကြာ ကိုယ်ဝန်ဆောင်ပြီးနောက် ရင်သွေးမွေးဖွားပြီး တစ်လအတွင်း ကိုယ်အလေးချိန် လျော့နည်းကျဆင်းသွားရာ ကိုယ်အလေးချိန် (၆၀၀) ခန့်ကျဆင်းလျော့နည်းသွားသည်။ သို့သော် မိခင်စိတ်ဖြင့် ရင်သွေးငယ်ကို ပြုစုလေ့ကျင့်ပေးနေချိန်တွင် မိခင်ပင်လယ်ဖျံ၏ ကိုယ်ခန္ဓာအလေးချိန် ပြန်တက်လာပြီး နဂိုအလေးချိန် ပေါင် (၁၇၀၀) ဖြစ်သွားသည်။

မြီးညှပ်ကောင်မိခင်

မြီးညှပ်ကောင် အင်းဆက်တစ်မျိုးသည် တိရစ္ဆာန် လောကတွင် သားသမီးများ အတွက် အနစ်နာခံနိုင်မှု စွမ်းရည်မြင့်မားသည်။ မိခင်က ရင်သွေးအတွက် ဥ ဥပြီးနောက် အခြားတောတိရစ္ဆာန်၊ အင်းဆက်ကောင်များ လာရောက် မစားသောက်နိုင်ရန် မိခင်စိတ်ဖြင့် အကာအကွယ်ပြု ထိန်းသိမ်းစောင့်ရှောက်သည်။ အချိန်ပြည့်ဥများကို ကြပ်မတ်ကြည့်ရှု၍ အချိန်ကုန်လွန်စေသည်။ ဥများစွာ ဥပြီးနောက် “မျိုးစေ့မမှန် ပင်မသန်”သောဥများ၊ ဥညံ့၊ ဥဖျင်းများကို စားပစ်ပြီး မိခင်အသက်ကို ဆက်ယူသည်။

ဥအတွင်းမှ သားငယ် အကောင်ပေါက်သောအခါ အစာကို ရှာစားရန်အချိန်တွင် အစာမရှာပေးနိုင်ခြင်း၊ မိခင်ကိုယ်တိုင်ကလည်း အစာထွက်ရှာရန် အချိန်မပေးနိုင်ခြင်း၊ ရင်သွေးငယ်ကို မျက်ခြည်မပြတ် ကြည့်ရှုစောင့်ရှောက်လိုခြင်း အလို့ငှာ မိခင်မြီးညှပ်ကောင်က မိခင်စိတ်အပြည့်အဝဖြင့် မိမိခန္ဓာကိုယ်က အသွေးအသားများကို ရင်သွေးငယ်၏ အစာအာဟာရအဖြစ် စတေးခံသည်။

ရင်သွေးငယ် မြီးညှပ်ကောင်ကလေးများ ကိုယ်ခန္ဓာရပ်တည်နိုင်ရန် မိခင်မြီးညှပ်ကောင်က အရွယ်ရောက်သည့် အချိန်အထိ မိမိခန္ဓာကိုယ်တစ်ခုလုံးကို ပေးဆပ်ရသည်။ ရင်သွေးမြီးညှပ်ကောင်များ၏ ကြီးထွားရှင်သန်မှုနှင့်အတူ မိခင်မြီး ညှပ်ကောင်သေဆုံးခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံး ပေးဆပ်ခြင်း ပြုရသည်။

အာဂမိခင်စိတ် …..။

တိရစ္ဆာန်လောကမှ အံ့သြဖွယ်ရာ မိခင်များ၏ မိခင်စိတ်ကို အသိ ဉာဏ်ရှိသော လူသားများ စာနာငဲ့ညှာသင့်သည်။ အတုယူစံပြုသင့်သည်။ ဥမှပေါက်ဖွားသော တိရစ္ဆာန်များက မေတ္တာစိတ်ဖြင့် ရင်ငွေ့လှုံ၍ သားကောင်များကို ပေါက်ဖွားစေနိုင်သည်။ နို့တိုက်သတ္တဝါများက မိမိခန္ဓာကိုယ်မှရသော အနီရောင်သွေးကို မေတ္တာစိတ်ဖြင့် အဖြူရောင် နို့ရည်အဖြစ် ဖန်တီးကာ မိမိရင်သွေးငယ်ကို ရှင်သန်ကြီးထွားစေသည်။

ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွင် အစုအဝေးဖြစ်သော နို့ရည်သည် သီးခြားမပါ။ မိခင်စိတ်ဖြင့် ချစ်ခင်လေးမြတ်အပ်သော မေတ္တာအဟုန်ကြောင့်သာ သွေးဓာတ်မှ ယိုဆင်းလျက် ဖြူဝင်းကြည်အေးစွာသော နို့ရည်ကို ပေါ်ပေါက်စေသည်။ မိခင်စိတ်သည် ခန္ဓာကိုယ်မှ သွေးနီဥများကို ဂလင်းဓာတ်ပြောင်းလဲမှုကြောင့် နို့တိုက်တိရစ္ဆာန် ကျွဲနို့၊ နွားနို့၊ ဆိတ်နို့၊ သိုးနို့တို့ကို မှီဝဲသုံးဆောင်နိုင်သည်။

အဟိတ်တိရစ္ဆာန်များပင် မိခင်စိတ်ကို အမြတ်တနိုး ထိန်းသိမ်း တန်ဖိုးထားရှိနိုင်လျှင် အသိ ဉာဏ် ရှိသော လူသားတို့က မေတ္တာအနန္တ၊ မေတ္တာများစွာဖြင့် လောကကြီးကို အကောင်းဆုံး ပုံဖော်ထုဆစ်၍ တိရစ္ဆာန်လောကမှ အံ့ဖွယ်ကြီးမားသော မေတ္တာစိတ်ကို အသိအမှတ် ပြုနိုင်ကြပါစေ….။

မြန်ဂုဏ်ဆောင် (Messenger News Journal)

 

Tags: amazinganimals
Next Post
ဖရန်စစ်ဘေကွန် (သို့) သိပ္ပံခေတ်သစ်ကို ဦးဆောင်ဖွင့်လှစ်သူ

ဖရန်စစ်ဘေကွန် (သို့) သိပ္ပံခေတ်သစ်ကို ဦးဆောင်ဖွင့်လှစ်သူ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!