Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သခင့်အတွက် အသက်ပေးကာကွယ်ခဲ့တဲ့ ခွေးကလေး

by Thutamm
August 16, 2019
Reading Time: 1min read
0
သခင့်အတွက် အသက်ပေးကာကွယ်ခဲ့တဲ့ ခွေးကလေး
Share on FacebookShare on Twitter

ဒီဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့တစ်ပတ်က တောင်အာဖရိက နိုင်ငံ ကိတ်တောင်းမြို့ Mitchells Plain နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ပါ။

ကိတ်တောင်းမြို့ Portlands ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၀နှစ်အရွယ် Gino Wentzel ဆိုသူဟာ အဲဒီနေ့ညနေက အရင်နေ့တွေလိုပဲ သူ့ရဲ့ခွေးနဲ့အတူ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူ့ရဲ့ခွေးကတော့ Duke လို့အမည်ပေးထားတဲ့ ၄နှစ်အရွယ် German Shepherd ခွေးလေးဖြစ်ပါတယ်။

အဲဒီလိုလျှောက်နေစဉ်မှာပဲ town centre အနီးက လူသူကင်းတဲ့ လမ်းကြားတစ်ခုကို ရောက်တဲ့အချိန်မှာ လူတစ်ယောက် က ဓါးကိုဆွဲထုတ်ရင်း သူတို့ရှေ့မှာ ပိတ်ရပ်လိုက်ပါတယ်။ သခင်ကို လူဆိုးက အန္တရာယ်ပြုမှာ သိလိုက်တာကြောင့် ခွေးကလေး Duke ဟာ အသည်းအသန်ဟောင်ရင်း လူူဆိုးကို ကိုက်ဖို့ကြိုးစားပါတယ်။

လူဆိုးဖြစ်သူကလည်း သခင်ကို အန္တရာယ်ပြုချိန်မရပဲ သူ့ဆီဝင်လာတဲ့ ခွေးကို ဓါးနဲ့ ထိုးလိုက်ပါတယ်။ ဓါးဟာ ခွေးရဲ့ဦးခေါင်းတည့်တည့်ကို စိုက်ဝင်သွားပါတယ်။ ဒီလိုဓါးစိုက်ရင်း တန်းလန်းနဲ့တောင်မှ ခွေးကလေး Duke ဟာ လူဆိုးဆက်လက် တိုက်ခိုက်နေပါတယ်။ အဲဒီနောက်တော့ လူဆိုးဟာထွက်ပြေးသွားသလို ခွေးကလေးဟာလည်း လူဆိုးရဲ့နောက်ကို ဆက်လိုက်သွားခဲ့ပါတယ်။

သခင်ဖြစ်သူဟာ လဲကျနေတဲ့ ခွေးကလေးကို မူလတန်းကျောင်းတစ်ကျောင်း အနီးမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ တွေ့တွေ့ချင်းမှာပဲ အနီးဆုံးမှာရှိတဲ့ တိရစ္ဆာန်ကုသရေးစင်တာ AWS(Animal Welfare Society)ကို ခွေးကလေးကို ခေါ်သွားခဲ့ပါတယ်။

ခွေးကလေး ကံကောင်းသွားတာကတော့ ဓားသွားဟာ ဦးနှောက်နဲ့ ၂စင်တီမီတာပဲ ကပ်လွဲသွားတာပါ။ ညာဘက်မျက်လုံးအိမ်ဘက်ကို ထိသွားပြီး ဒါဏ်ရာအနက်က ၅စင်တီမီတာ ရှိပါတယ်။ ဆရာဝန်က ဓါးကို ဖယ်ရှားခဲ့ပြီးနောက် ခွေးကလေးကို ဆေးကုပေးခဲ့ပါတယ်။

ကာကွယ်ဆေး နဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ တစ်ပတ်အကြာ ကုသအပြီးမှာတော့ ခွေးကလေးဟာ နလန်ပြန်ထလာခဲ့ပါတယ်။ လက်ရှိမှာတော့ အရင်လို ကျန်းမာရေးပြန်ကောင်းနေပြီဖြစ်ပြီး သခင်ဖြစ်သူနဲ့အတူ ပြန်နေပြီဖြစ်ပါတယ်။

“သူကျွန်တော့်ရဲ့အသက်ကို ကောင်းကောင်းကာကွယ်ပေးခဲ့ပါတယ်။ ကျွန်တော့်ခွေးလေးကို အခုလို ပြန်ကောင်းလာအောင် ကုသပေးတဲ့အတွက် AWS စင်တာက ဆရာဝန်တွေကို ကျေးဇူးတင်ပါတယ်” လို့ သခင်ဖြစ်သူ Gino က ဆိုပါတယ်။

ခွေးတွေဟာ ကမ္ဘာပေါ်မှာ သစ္စာအရှိဆုံး တိရစ္ဆာန်ဖြစ်သလို သခင့်အတွက်ဆိုရင် အသက်တောင် ပေးဖို့ ဝန်မလေးဖူးဆိုတဲ့ ဖြစ်ရပ်ပေါင်းများစွာရှိတဲ့အထဲမှာ ခွေးကလေး Duke ရဲ့ ဖြစ်ရပ်ကလည်း တစ်ခုအပါအဝင် ဖြစ်သွားခဲ့ပါတယ်။

VIDEO

Tags: animals

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!