Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သက်ကြီး ပင်စင်စား တဦးရဲ့ အကြံပေး ပြောစကားများ

by Thutamm
August 21, 2020
Reading Time: 1min read
0
သက်ကြီး ပင်စင်စား တဦးရဲ့ အကြံပေး ပြောစကားများ
Share on FacebookShare on Twitter

ရေးသားသူ – Saya Aung Ko Latt

သင်ပင်စင်စားပြီဖြစ်စေ၊ အလုပ်လုပ်နေသေးသည်ဖြစ်စေ၊ အသက် ၆၀ နှီးသူတိုင်း ဒီစာလေးတော့ ဖတ်ကြည့်စေချင်ပါတယ်။

၁။ ရေဆိုတာ အစုန်ပဲ စီးဆင်းပါတယ်၊ အဆန် စီးဆင်းရိုး မရှိပါ။ သားသမီးများကို အနားမှာ တစ်သက်လုံးခေါ်ထားဖို့ အားမထုတ်သင့်ပါ။ သူတို့မှာ ယော့က္ခထီး ယော့က္ခမ တွေရှိပါသေးတယ်။ သူတို့ အလုပ်တွေ ရှိသေးတယ်။ သူတို့ဘဝတက်လမ်းအတွက် သူတို့ရုန်းကန်ရသေးတယ်။ သူတို့ သားသမီးနဲ့ လွတ်လွတ်လပ်လပ်နေချင်ကြသေးတယ်။

၂။ ဒီအချိန်မှာ သားသမီးအပေါ် ချစ်တယ်ဆိုရင် သူတို့ကို ပြသနာလျှော့ပေးပါ။ စိတ်သဘောထား ကြီးပေးပါ။ စိတ်ပျော်အောင် နေပေးပါ။ ကျန်းမာအောင် ဂရုစိုက်ပါ။ အပြစ်တင်တာ၊ ညည်းတွားတာ ရှောင်ကျဉ်ပါ။ ဖြစ်နိုင်ရင် လက်ဖြန့်မတောင်းရပါစေနဲ့၊

၃။ အသက်ကြီးလာရင် သုံးဖို့၊ ဆေးကုဖို့ အိုစာတော့ လုံလုံလောက်လောက် ချန်ထားသင့်ပါတယ်။ အမွေအကုန်လုံး မခွဲပေးသင့်ပါ။ ကလေးနားပြန်တောင်းရင် လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါ။

၄။ ပိုင်ဆိုင်မှု လျှော့ဝယ်ပါ။ အသုံးအဆောင် လျှော့ဝယ်ပါ။ ပစ္စည်းများလေ ဝန်ထုတ်ဝန်ပိုး များလေ ဖြစ်တယ်။

၅။ အိမ်ပုန်းမလုပ်ပါနဲ့၊ လမ်းများများလျှောက်ပေးပါ။ မနက်တိုင်းမှာ လေ့ကျင့်ခန်းလုပ်တဲ့ အဖွဲ့တွေနဲ့ ဝင်ရောပါ။ အကကပါ။ ငါးစာကျွေးပါ။ အင်တာနက်တက်တတ်ရင် စိတ်ဝင်စားတာ ဝင်ကြည့်ပါ။ စာဖတ်ပါ။

၆။ ပင်စင်စားခါစ၊ အလုပ်မှ အနားယူခါစ ကျန်းကျန်းမာမာ ရှိနေသေးပေမဲ့ တစ်ရက်ရက်တော့ သတိမေ့လာမှာပါ။ အိုစာကြောင်လာမှာပါ။ အဲဒီတော့ ရှင်းရှင်းလင်းလင်း သတိရတုန်း ချန်စရာရှိတာချန်၊ ခွဲစရာရှိတာ ရှင်းရှင်းလင်းလင်းဖြစ်အောင် ခွဲထားပေးလိုက်ပါ။ သားသမီးတွေ ပြသနာနဲ့ ဝေးတာပေါ့၊

၇။ လောကကြီးမှာ မင်းကို အချစ်ဆုံးဟာ မင်းရဲ့ အိုဖေါ်ပါ။ အခုအချိန်မှာ အချင်းချင်း တန်ဖိုးထားတတ်ဖို့ အရေးကြီးဆုံး အချိန်ဖြစ်ပါတယ်။

၈။ သားသမီးများအတွက် အကောင်းဆုံးချန်ထားသင့်ခဲ့တဲ့ အမွေအနှစ်ကတော့ မေတ္တာထားတတ်ခြင်း၊ သဘောထားကြီးခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ အလုပ်ကျိုးစားခြင်းနဲ့ မှန်မှန်ကန်ကန် နေထိုင်တတ်ခြင်း ဆိုတဲ့ နာမည်ကောင်းပါ။ သားသမီးများ နောင်အခက်အခဲ၊ အကြပ်အတည်း ကြုံခဲ့ရင် ဖေဖေဆိုရင် ဒီအနေအထားမှာ ဘယ်လိုတုန့်ပြန်မလဲ၊ မေမေသာ ဒီလိုကြုံခဲ့ရင် ဘယ်လိုရင်ဆိုင်မလဲ ဆိုတဲ့ အတွေးမျိုး သားသမီးမှာ ရှိစမြဲပါ။

၉ ။ မျော်လင့်ချက်မထားထားရင် စိတ်ပျက်တာတွေ နည်းပါးတာပေါ့၊ မိမိက အိုလာလို့ မိမိရဲ့ စိတ်ချမ်းသာမူကို သားသမီးအပေါ် ပုံအပ်မထားသင့်ပါ။ ကိုယ့်တတ်နိုင်တဲ့ ဘောင်အတွင်းကနေပြီး ကိုယ်တိုင်ရဲ့ အိုဘဝကို စီမံသင့်ပါတယ်။

၁၀။ နာတာရှည် လဲလျောင်းနေတဲ့ မိဘလူနာများအတွက် တာဝန်ကျေပွန်တဲ့ သားကောင်းသမီးကောင်း ရှားပါးပါတယ်ဆိုတဲ့ စကားပုံရှိပါတယ်။ အဲဒီစကားပုံကို သတိရပါ။

၁၁။ ထိုက်သင့်တဲ့ အကွာအဝေးဆိုတာ မေတ္တာကို ပိုမိုနွေးထွေးစေတတ်ပါတယ်။ သားသမီးနဲ့လည်း ထိုက်သင့်တဲ့ အကွာအဝေး ရှိသင့်ပါတယ်။ မေတ္တာ ဝန်ထုတ်ဝန်ပိုး လျှော့တာပေါ့။

၁၂။ သားသမီးအရေးမှာ မဆိုင်တာ သိပ်ဝင်မရူပ်တော့ဘူး၊ နားထိုင်းသင့်ရင် နားထိုင်းတော့မယ်၊ ပါးစပ် “ အ” သင့်ရင်လည်း၊ “ အ” လိုက်တော့မယ်။

၁၃။ လောကကြီးကို သင်ပိုင်ဆိုင်ပါတယ်၊ ကျွန်တော်လည်း ပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့ အဆုံးမှာတော့ ကျန်းမာပြီး အသက်ရှည်တဲ့လူတွေက ပိုပြီးပိုင်ဆိုင်ပါတယ်။

၁၄။ ကိုယ့်ကိုယ်ကို အချိန်ပိုပေးတော့မယ်။ ကိုယ်စိတ်ပျော်တဲ့ အလုပ်ကို ပိုလုပ်တော့မယ်၊ သူများအတွက်နဲ့ သိပ်အနစ်နာမခံတော့ဘူး၊ ကိုယ့်အတွက်နဲ့ ကိုယ်အသက်ရှင်ဖို့ အချိန်ဖြစ်သင့်ပါပြီ။

၁၅။ သားရေး သမီးရေးမှာ ကိုယ်တို့ အစွမ်းကုန်ကြိုးစားပမ်းစား ပျိုးထောင်ခဲ့ပြီးပြီ၊ မြေးတွေအလှည့်မှာတော့ အပျော်ထိန်းလောက်ပဲ ဝန်ဆောင်မူ ပေးတော့မယ်။ မျိုးဆက်ကျော်ပျိုးထောင်မူမျိုး မလုပ်တော့ဘူး။

၁၆။ လူ့လောကကို ရှင်းအောင်မြင်တတ်ပြီ၊ လွှတ်ချတတ်အောင် စိတ်ထားတတ်ပြီ၊ ဘာသာရေးမှာ အာရုံဝင်စားပြီ၊ သက်ရှိသက်မဲ့ အားလုံးအပေါ် မေတ္တာထားတတ်နေပါပြီ။

———— —— ———-

(Zawgyi)

သက္ႀကီး ပင္စင္စား တဦးရဲ႕ အႀကံေပး ေျပာစကားမ်ား

ေရးသားသူ – Saya Aung Ko Latt

သင္ပင္စင္စားၿပီျဖစ္ေစ၊ အလုပ္လုပ္ေနေသးသည္ျဖစ္ေစ၊ အသက္ ၆၀ ႏွီးသူတိုင္း ဒီစာေလးေတာ့ ဖတ္ၾကည့္ေစခ်င္ပါတယ္။

၁။ ေရဆိုတာ အစုန္ပဲ စီးဆင္းပါတယ္၊ အဆန္ စီးဆင္း႐ိုး မရွိပါ။ သားသမီးမ်ားကို အနားမွာ တစ္သက္လုံးေခၚထားဖို႔ အားမထုတ္သင့္ပါ။ သူတို႔မွာ ေယာ့ကၡထီး ေယာ့ကၡမ ေတြရွိပါေသးတယ္။ သူတို႔ အလုပ္ေတြ ရွိေသးတယ္။ သူတို႔ဘဝတက္လမ္းအတြက္ သူတို႔႐ုန္းကန္ရေသးတယ္။ သူတို႔ သားသမီးနဲ႔ လြတ္လြတ္လပ္လပ္ေနခ်င္ၾကေသးတယ္။

၂။ ဒီအခ်ိန္မွာ သားသမီးအေပၚ ခ်စ္တယ္ဆိုရင္ သူတို႔ကို ျပသနာေလွ်ာ့ေပးပါ။ စိတ္သေဘာထား ႀကီးေပးပါ။ စိတ္ေပ်ာ္ေအာင္ ေနေပးပါ။ က်န္းမာေအာင္ ဂ႐ုစိုက္ပါ။ အျပစ္တင္တာ၊ ညည္းတြားတာ ေရွာင္က်ဥ္ပါ။ ျဖစ္ႏိုင္ရင္ လက္ျဖန႔္မေတာင္းရပါေစနဲ႔၊

၃။ အသက္ႀကီးလာရင္ သုံးဖို႔၊ ေဆးကုဖို႔ အိုစာေတာ့ လုံလုံေလာက္ေလာက္ ခ်န္ထားသင့္ပါတယ္။ အေမြအကုန္လုံး မခြဲေပးသင့္ပါ။ ကေလးနားျပန္ေတာင္းရင္ လြယ္ကူတဲ့ကိစၥေတာ့ မဟုတ္ပါ။

၄။ ပိုင္ဆိုင္မႈ ေလွ်ာ့ဝယ္ပါ။ အသုံးအေဆာင္ ေလွ်ာ့ဝယ္ပါ။ ပစၥည္းမ်ားေလ ဝန္ထုတ္ဝန္ပိုး မ်ားေလ ျဖစ္တယ္။

၅။ အိမ္ပုန္းမလုပ္ပါနဲ႔၊ လမ္းမ်ားမ်ားေလွ်ာက္ေပးပါ။ မနက္တိုင္းမွာ ေလ့က်င့္ခန္းလုပ္တဲ့ အဖြဲ႕ေတြနဲ႔ ဝင္ေရာပါ။ အကကပါ။ ငါးစာေကြၽးပါ။ အင္တာနက္တက္တတ္ရင္ စိတ္ဝင္စားတာ ဝင္ၾကည့္ပါ။ စာဖတ္ပါ။

၆။ ပင္စင္စားခါစ၊ အလုပ္မွ အနားယူခါစ က်န္းက်န္းမာမာ ရွိေနေသးေပမဲ့ တစ္ရက္ရက္ေတာ့ သတိေမ့လာမွာပါ။ အိုစာေၾကာင္လာမွာပါ။ အဲဒီေတာ့ ရွင္းရွင္းလင္းလင္း သတိရတုန္း ခ်န္စရာရွိတာခ်န္၊ ခြဲစရာရွိတာ ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ခြဲထားေပးလိုက္ပါ။ သားသမီးေတြ ျပသနာနဲ႔ ေဝးတာေပါ့၊

၇။ ေလာကႀကီးမွာ မင္းကို အခ်စ္ဆုံးဟာ မင္းရဲ႕ အိုေဖၚပါ။ အခုအခ်ိန္မွာ အခ်င္းခ်င္း တန္ဖိုးထားတတ္ဖို႔ အေရးႀကီးဆုံး အခ်ိန္ျဖစ္ပါတယ္။

၈။ သားသမီးမ်ားအတြက္ အေကာင္းဆုံးခ်န္ထားသင့္ခဲ့တဲ့ အေမြအႏွစ္ကေတာ့ ေမတၱာထားတတ္ျခင္း၊ သေဘာထားႀကီးျခင္း၊ ေျဖာင့္မတ္မွန္ကန္ျခင္း၊ အလုပ္က်ိဳးစားျခင္းနဲ႔ မွန္မွန္ကန္ကန္ ေနထိုင္တတ္ျခင္း ဆိုတဲ့ နာမည္ေကာင္းပါ။ သားသမီးမ်ား ေနာင္အခက္အခဲ၊ အၾကပ္အတည္း ႀကဳံခဲ့ရင္ ေဖေဖဆိုရင္ ဒီအေနအထားမွာ ဘယ္လိုတုန႔္ျပန္မလဲ၊ ေမေမသာ ဒီလိုႀကဳံခဲ့ရင္ ဘယ္လိုရင္ဆိုင္မလဲ ဆိုတဲ့ အေတြးမ်ိဳး သားသမီးမွာ ရွိစၿမဲပါ။

၉ ။ ေမ်ာ္လင့္ခ်က္မထားထားရင္ စိတ္ပ်က္တာေတြ နည္းပါးတာေပါ့၊ မိမိက အိုလာလို႔ မိမိရဲ႕ စိတ္ခ်မ္းသာမူကို သားသမီးအေပၚ ပုံအပ္မထားသင့္ပါ။ ကိုယ့္တတ္ႏိုင္တဲ့ ေဘာင္အတြင္းကေနၿပီး ကိုယ္တိုင္ရဲ႕ အိုဘဝကို စီမံသင့္ပါတယ္။

၁၀။ နာတာရွည္ လဲေလ်ာင္းေနတဲ့ မိဘလူနာမ်ားအတြက္ တာဝန္ေက်ပြန္တဲ့ သားေကာင္းသမီးေကာင္း ရွားပါးပါတယ္ဆိုတဲ့ စကားပုံရွိပါတယ္။ အဲဒီစကားပုံကို သတိရပါ။

၁၁။ ထိုက္သင့္တဲ့ အကြာအေဝးဆိုတာ ေမတၱာကို ပိုမိုေႏြးေထြးေစတတ္ပါတယ္။ သားသမီးနဲ႔လည္း ထိုက္သင့္တဲ့ အကြာအေဝး ရွိသင့္ပါတယ္။ ေမတၱာ ဝန္ထုတ္ဝန္ပိုး ေလွ်ာ့တာေပါ့။

၁၂။ သားသမီးအေရးမွာ မဆိုင္တာ သိပ္ဝင္မ႐ူပ္ေတာ့ဘူး၊ နားထိုင္းသင့္ရင္ နားထိုင္းေတာ့မယ္၊ ပါးစပ္ “ အ” သင့္ရင္လည္း၊ “ အ” လိုက္ေတာ့မယ္။

၁၃။ ေလာကႀကီးကို သင္ပိုင္ဆိုင္ပါတယ္၊ ကြၽန္ေတာ္လည္း ပိုင္ဆိုင္ပါတယ္။ ဒါေပမဲ့ အဆုံးမွာေတာ့ က်န္းမာၿပီး အသက္ရွည္တဲ့လူေတြက ပိုၿပီးပိုင္ဆိုင္ပါတယ္။

၁၄။ ကိုယ့္ကိုယ္ကို အခ်ိန္ပိုေပးေတာ့မယ္။ ကိုယ္စိတ္ေပ်ာ္တဲ့ အလုပ္ကို ပိုလုပ္ေတာ့မယ္၊ သူမ်ားအတြက္နဲ႔ သိပ္အနစ္နာမခံေတာ့ဘူး၊ ကိုယ့္အတြက္နဲ႔ ကိုယ္အသက္ရွင္ဖို႔ အခ်ိန္ျဖစ္သင့္ပါၿပီ။

၁၅။ သားေရး သမီးေရးမွာ ကိုယ္တို႔ အစြမ္းကုန္ႀကိဳးစားပမ္းစား ပ်ိဳးေထာင္ခဲ့ၿပီးၿပီ၊ ေျမးေတြအလွည့္မွာေတာ့ အေပ်ာ္ထိန္းေလာက္ပဲ ဝန္ေဆာင္မူ ေပးေတာ့မယ္။ မ်ိဳးဆက္ေက်ာ္ပ်ိဳးေထာင္မူမ်ိဳး မလုပ္ေတာ့ဘူး။

၁၆။ လူ႔ေလာကကို ရွင္းေအာင္ျမင္တတ္ၿပီ၊ လႊတ္ခ်တတ္ေအာင္ စိတ္ထားတတ္ၿပီ၊ ဘာသာေရးမွာ အာ႐ုံဝင္စားၿပီ၊ သက္ရွိသက္မဲ့ အားလုံးအေပၚ ေမတၱာထားတတ္ေနပါၿပီ။

Tags: successfulthinking

Related Posts

ကျောင်းအိမ်စာကို ကမ္ဘာကျော် လုပ်ငန်းအဖြစ် ပြောင်းလဲပစ်ခဲ့သူ
People

ကျောင်းအိမ်စာကို ကမ္ဘာကျော် လုပ်ငန်းအဖြစ် ပြောင်းလဲပစ်ခဲ့သူ

Messenger News Journal မှ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် ဆိုင်မွန်လီသည် ဘာသာစကားနဲ့ ပတ်သက်ပြီး သဘာဝပေး အရည်အသွေးရှိသူဟု ဆိုလျှင် မမှား။ အသက် (၃၂) နှစ် အရွယ် တောင်ကိုရီးယားသားသည် ကိုရီးယား၊...

တချို့အရာတွေကို လျစ်လျူရှုတတ်အောင် ကြိုးစားပါ
Successful

တချို့အရာတွေကို လျစ်လျူရှုတတ်အောင် ကြိုးစားပါ

Via : Your Life Success Blog ” လူငယ်တွေ မင်းတို့ အောင်မြင်ချင်သလား၊ ကြီးပွားချမ်းသာချင်သလား၊ အဲဒါဆိုရင် သည်းခံပါ ” -တဲ့။ အာ.. ဘယ်လိုကြီးလဲ။ စိတ်ဓာတ်တက်ကြွအောင် ပြောရမယ့်အစား အောင်မြင်ချင်ရင်...

ဆိုက်ကားဆရာ မှ ကားဝပ်ရှော့ပိုင်ရှင် အဖြစ်သို့ ၊ ညစောင့်မှ ကုမ္ပဏီအရာရှိကြီး အဖြစ်သို့
motivation

ဆိုက်ကားဆရာ မှ ကားဝပ်ရှော့ပိုင်ရှင် အဖြစ်သို့ ၊ ညစောင့်မှ ကုမ္ပဏီအရာရှိကြီး အဖြစ်သို့

ဆိုက်ကား ဆရာ နဲ့ ကားဝပ်ရှော့ပိုင်ရှင် ဘာဆိုင်လို့လဲ ..ဘာမှ မဆိုင်ဘူးလို့ ထင်ကောင်းထင်နိုင်တယ်။ ဒါဆို ကျွန်တော်တွေ့ဖူးခဲ့တဲ့ ဆိုက်ကားဆရာတစ်ယောက် အကြောင်း ပြောပြမယ်.. ကျွန်တော်တို့ တက္ကသိုလ်စတက်တုန်းက အဆောင်နားမှာ ဆိုက်ကားဆရာ တစ်ယောက်ရှိတယ်။ ရိုးတယ် ၊...

မာလာဝီက ၁၄နှစ် သားလေးရဲ့ စွမ်းပကား
Amazing

မာလာဝီက ၁၄နှစ် သားလေးရဲ့ စွမ်းပကား

ရေးသားသူ - Chit Min အာဖရိကတိုက်ရဲ့ အရှေ့တောင်ဘက်မှာ လူဦးရေ သန်း ၂၀ လောက်ပဲ ရှိတဲ့ မာလာဝီ (Malawi) ဆိုတဲ့ နိုင်ငံလေးရှိတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၇ ခုနှစ် လူတဦးချင်းရဲ့ GDP...

Next Post
နေရာတနေရာတည်းမှာပဲ နှစ်ပေါင်း ၄၀ နီးပါး ဓာတ်ပုံရိုက်ခဲ့ကြတဲ့သားအဖ

နေရာတနေရာတည်းမှာပဲ နှစ်ပေါင်း ၄၀ နီးပါး ဓာတ်ပုံရိုက်ခဲ့ကြတဲ့သားအဖ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!