• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သက်တမ်း နှစ် ၂၀၀၀ နီးပါးရှိ နာမည်ကျော် ပန်သီနွန်ဘုရားကျောင်းကြီး

by Thutamm
December 10, 2020
Reading Time: 2min read
0
သက်တမ်း နှစ် ၂၀၀၀ နီးပါးရှိ နာမည်ကျော် ပန်သီနွန်ဘုရားကျောင်းကြီး
Share on FacebookShare on Twitter

အီတလီနိုင်ငံ ရောမမြို့မှာတည်ရှိတဲ့ ပန်သီနွန်ဘုရားကျောင်းကို လာရောက်လည်ပတ်သူတွေအနေနဲ့ ပထမဆုံးသတိထားမိတဲ့အရာကတော့ အလွန်ကြီးမားတဲ့ အမိုးခုံးကြီးဖြစ်ပါတယ်။ ယင်းအတွေ့အကြုံဟာ လွန်ခဲ့တဲ့နှစ်(၂၀၀၀) ကာလလောက်ကတည်းက ဒီနေရာကို ရောက်လာသူတိုင်းအပေါ် သက်ရောက်မှုရှိခဲ့တာလည်းဖြစ်ပါတယ်။

အဆောက်အဦးတည်ဆောက်သူတွေရဲ့အံ့ဖွယ်ဖန်တီးမှုစွမ်းရည်ကို ခံစားရမှာဖြစ်တယ်လို့ ရောမမှာရှိတဲ့ အမေရိကန်အကယ်ဒမီရဲ့ ဦးဆောင်ဒါရိုက်တာဖြစ်တဲ့ John Ochsendorf ကညွှန်းဆိုပါတယ်။ ပန်သီနွန်ဘုရားကျောင်းရဲ့ အမိုးခုံးဟာ သံကွန်ကရစ်မထည့်ပဲ တည်ဆောက်ထားတဲ့ အမိုးခုံးအမျိုးအစားတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။

သူကပဲ ပန်သီနွန် ရဲ့အပေါ်ပိုင်းမျက်နှာစာအပြင်အဆင်နဲ့ အတွင်းအစိတ်အပိုင်းတွေကိုမြင်လိုက်ရင်ပဲ လာရောက်သူတွေ အနေနဲ့ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ဝန်းကျင် ကာလက ဒီလို အဆောက်အအုံမျိုးကို ဘယ်လိုနည်းပညာတွေနဲ့ တည်ဆောက်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကိုသာကျိန်းသေမေးမြန်းပါလိမ့်မယ်။

ပန်သီနွန် ဟာဆိုရင် ယနေ့ကာလအထိ ရှေးဟောင်းအဆောက်အအုံတွေအနက်က ရှေးအကျဆုံးဗိသုကာလက်ရာကို ပိုင်ဆိုင်ထားပြီး (၇)ရာစုက တည်းက ရောမရဲ့ရိုမန်ကတ်သလစ်ဘုရားကျောင်းအဖြစ် တည်ရှိခဲ့တာ ယနေ့ထိတိုင်ပါပဲ။ လက်ရှိတိုင်အသုံးပြုနေဆဲ ရှေးအကျဆုံး အဆောက်အဦးလို့ ဆိုရမှာဖြစ်ပါတယ်။

အမှန်တော့ ပန်သီနွန် ဟာ ယင်းအချိန်တည်းက (၃)ကြိမ်မြောက် ပြန်လည်တည်ဆောက်ခဲ့ရတဲ့အဆောက်အအုံတစ်ခုဖြစ်ပြီး ဒီနေရာမှာ ပထမဆုံးအဆောက်အဦးကိုတော့ ဘီစီ ၂၇ ရောမပြည့်ရှင် Marcus Agrippa လက်ထက်ကတည်းက ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအဆောက်အဦးဟာ အေဒီ ၈၀ခန့်မှာတော့ မီးလောင်မှုကြောင့် ပျက်စီးသွားခဲ့ရပါတယ်။ ရောမဧကရာဇ် Domitian က ထပ်မံတည်ဆောက်ခဲ့ပေမယ့် အေဒီ ၁၁၀ မှာတော့ မိုးကြိုးဒဏ်ကြောင့် ထပ်မံပျက်စီးသွားရပြန်ပါတယ်။ အေဒီ(၁၂၅)ခုနှစ်ဝန်းကျင်ကာလမှာတော့ ရောမအင်ပါယာဧကရာဇ်တစ်ပါးဖြစ်တဲ့ Hadrian က အခုထိတိုင်ရှိနေဆဲ ပန်သီနွန် ဘုရားကျောင်းကို ထပ်မံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ပန်သီနွန် ရဲ့အရှေဘက်မျက်နှာစာပိုင်းဟာဆိုရင် ရှေးဂရိတွေရဲ့ဗိသုကာဒီဇိုင်း ပုံစံဖော်ကျူးထားပြီး ဆင်ဝင်ပိုင်းဟာတိုင်လုံးကြီးတွေနဲ့ လှပစွာ ဒီဇိုင်းဖော်ဖန်တီးထားရှိပါတယ်။ အတွင်းပိုင်းမှာဆိုရင် ကျယ်ပြန့်ပြီးလေဝင်လေထွက်ကောင်းမွန်အောင်တည်ဆောက်ထားပါတယ်။ ပန်သီနွန် ဆိုတဲ့အဓိပ္ပါယ်ကတော့ နတ်ဘုရားအားလုံးလို့ အဓိပ္ပါယ်ရပြီး ရောမခေတ်ကာလနတ်ဘုရား အားလုံးကိုစုပေါင်းဝတ်ပြုရာနေရာတစ်ခုအဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။ ဘုရားကျောင်းကြီးရဲ့ ဒီဇိုင်းကို ရေးဆွဲခဲ့သူကတော့ ဒမတ်စကတ်ရဲ့အပိုလိုဒေါရပ်လို့ အမည်ရတဲ့ နာမည်ကျော် ဂရိဗိသုကာပညာရှင်ကြီး ဖြစ်ပါတယ်။

ပန်သီနွန် ဆိုရင်ရောမခေတ်ကာလရဲ့ ကြွယ်ဝချမ်းသာမှု၊ ဗိသုကာပညာရပ်ရဲ့အမြင့်ဆုံးအဆင့်အထိ ပေါက်ရောက်မှုရဲ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ပန်သီနွန် ကိုတည်ဆောက်ပြီး ရာစုနှစ်ကာလများစွာ ကြာမြင့်ပြီးနောက်မှာတော့ ပန်သီနွန် ဘုရားကျောင်းမှာလက်ရှိမြင်တွေ့ရတဲ့ Neoclassical လက်ရာဖန်တီးတဲ့လိပ်ခုံးပုံဒီဇိုင်း တွေအပြင် ဆင်ဝင်မှာရှိတဲ့တိုင်လုံးကြီးတွေကိုနမူနာထားပြီး အမေရိကန်ပြည်ထောင်စု၊ဝါရှင်တန်ဒီစီမှာရှိတဲ့ Capotol နဲ့ လန်ဒန် မှာရှိတဲ့ Somerset House တွေမှာဒီဇိုင်းတူ တည်ဆောက်လာခဲ့ကြပါတယ်။ မျက်နှာစာကို ထောက်ထားတဲ့ တိုင်လုံးကြီး ၁၆ ခု ဟာ အလေးချိန် တန် ၆၀ စီ ရှိပါသတဲ့။

ပန်သီနွန် ဘုရားကျောင်း ဟာဆိုရင် ရောမရဲ့ နာမည်ကျော်ဗိသုကာအမွေအနှစ်တခုဖြစ်ပြီး ကောင်းကင်ဘုံကို ကိုယ်စားပြုတဲ့ Oculus လို့သိကြတဲ့ (လက်တင်ဘာသာစကားနဲ့ မျက်လုံးဟု အဓိပ္ပါယ်ရ)အမိုးပေါက်ကြီးတစ်ခုလည်း အတွင်းပိုင်းမှာပါဝင်နေပါတယ်။ နေရောင်ဟာ ယင်း Oculus ကိုဖြတ်သန်းပြီးဘုရားကျောင်းအတွင်းပိုင်းကိုကျရောက်လာလေ့ရှိသလို မိုးနဲ့နှင်းကျတဲ့ရာသီတွေမှာဆိုရင်လည်း ယင်းနေရာကနေပဲ ရေစက်မှုန်၊နှင်းမှုန်တွေဟာ ကဗျာဆန်ဆန်ဘုရားကျောင်းအတွင်း ကျဆင်းနေလေ့ရှိပါတယ်။ တခြားပြတင်းပေါက်တွေ ပါဝင်ခြင်းမရှိပဲ အမိုးပေါက် ကနေ အဆောက်အအုံတခုလုံးကို အလင်းရောင် ရနေစေတာဖြစ်ပါတယ်။

မြေထဲပင်လယ်ဒေသကယူဆောင်လာတဲ့ အဖြူ၊ အဝါ၊ အနက်နဲ့ ခရမ်းရောင် ကျောက်တွေကို ရောမတွေကို ကွန်ကရစ်အဖြစ်ပုံသွင်းကာ ပန်သီနွန် ဘုရားကျောင်းရဲ့တိုင်တွေ၊ လိပ်ခုံးအမိုးတွေမှာထည့်သွင်းတည်ဆောက်ခဲ့ကြတာလို့ ဆိုပါတယ်။ လိပ်ခုံးအမိုးကြီးများစွာဖြစ်ပေါ်စေဖို့ အတွက် ကွန်ကရစ်လွှာအဆင့်ဆင့်ကိုပုံဖော်တည်ဆောက်ခဲ့ရပြီး ထူးကဲတဲ့အုတ်ချပ်ကြီးများကိုတော့ အောက်ခြေခုံတွေအဖြစ်ထားရှိပါတယ်။ ယင်းအုပ်ချပ်အများစုကတော့ပေါ့ပါးတဲ့ မီးသင့်ကျောက်သားပြင်တွေသာဖြစ်ပါတယ်။

ဘုရားကျောင်းကြီးရဲ့မျက်နှာစာမှာတာ့ M.AGRIPPA.L.F.COS.TERTIUM.FECIT ဆိုတဲ့စာကြောင်းကို ရေးသားထားပါတယ်။ အဓိပ္ပါယ်ကတော့ Lucius ရဲ့သားဖြစ်သူ Marcus Agrippa က စတင်တည်ဆောက်ခဲ့ပြီး သုံးကြိမ်ပြန်တည်ဆောက်ခဲ့ရတယ် ဆိုပြီးဖြစ်ပါတယ်။ ပန်သီနွန်ဟာအဆောက်အအုံဟာ ၁၄၂ပေ အချင်းရှိတဲ့ စက်လုံးကြီးတလုံးကို ထည့်ထားတဲ့အထိ ကြီးပါသတဲ့။ ပန်သီနွန်ဟာ ရောမဧကရာဇ်တွေ နာမည်ကျော် ဂန္တဝင်အနုပညာရှင်ကြီးတွေ ရဲ့ဂူဗိမာန်တွေရှိရာနေရာလည်းဖြစ်ပါတယ်။ ဒီအထဲမှာ အကျော်ကြားဆုံးကတော့ ဉာဏ်သစ်အရေးတော်ပုံခေတ်က အထင်ရှားဆုံး ပန်းချီ နဲ့ ဗိသုကာပညာရှင်ကြီးဖြစ်တဲ့ Raphael ရဲ့ ဂူဗိမာန်ဖြစ်ပါတယ်။

ပန်သီနွန် နဲ့ပတ်သက်ပြီး ပညာရှင်တွေလေ့လာနေဆဲဖြစ်ရပ်တွေလည်း ရှိနေပါပြီး အထူးသဖြင့် ကောင်းကင်ကနေ ပန်သီနွန် ဘုရားကျောင်းအတွင်းနေရောင်ကျရောက်ရာနေရာတွေမှာဆိုရင်လည်း အလွန်ကြီးမားတဲ့ နေနာရီတွေကိုပုံဖော်တည်ဆောက်ခဲ့တာလားဆိုတဲ့ မေးခွန်းမျိုးတွေဖြစ်ပါတယ်။ ပန်သီနွန်ဟာ ကမ္ဘာပေါ်မှာ အနည်းငယ်သာရှိနေတဲ့ ရှေးဟောင်းလက်ရာ အဆောက်အဦတွေအနက်က တစ်ခုဖြစ်ပြီး ရောမရဲ့ ကမ္ဘာလှည့်ခရီးသွားအများဆုံး လာရောက်လေ့ရှိတဲ့ ကမ္ဘာကျော်နေရာတွေထဲက တခုဖြစ်ပါတယ်။

Tags: world places
Next Post
သာမန်ပန်းချီ လို့ထင်ရာကနေ ကမ္ဘာ့ဈေးအကြီးဆုံးဖြစ်သွားတဲ့ ပန်းချီကား

သာမန်ပန်းချီ လို့ထင်ရာကနေ ကမ္ဘာ့ဈေးအကြီးဆုံးဖြစ်သွားတဲ့ ပန်းချီကား

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!