Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဗာတီကန်က နာမည်ကျော် ဝတ်ပြုခန်းမကြီး Sistine Chapel

by Thutamm
August 31, 2020
Reading Time: 3min read
0
ဗာတီကန်က နာမည်ကျော် ဝတ်ပြုခန်းမကြီး Sistine Chapel
Share on FacebookShare on Twitter

Sistine Chapel ကတော့ ပုပ်ရဟန်းမင်းကြီးနေထိုင်ရာ ဗာတီကန်စီးတီး Apostolic နန်းတော်က ဝတ်ပြုခန်းမကြီးဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် အလျား ၁၃၄ပေ ၊ အနံ ၄၄ပေ နဲ့ အမြင့် ၆၈ပေ ရှိတဲ့ ဒီခန်းမကြီးကို ၁၅ ရာစုကတည်းက ဝတ်ပြုခန်းမအဖြစ်အသုံးပြုခဲ့ပြီး မူလအမည်က Great Chapel ဖြစ်ပါတယ်။ Sistine Chapel ဆိုတဲ့အမည်ကိုတော့ ပုပ်ရဟန်းမင်းကြီး Sixtus IV လက်ထက်မှာ ပြောင်းလဲခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။

Exterior of the Sistine Chapel

ဒီဝတ်ပြုခန်းမကြီးကိုလာကြတဲ့သူတွေအနေနဲ့ အီတလီက ပန်းချီပန်းပုအကျော်အမော်တွေဖြစ်ကြတဲ့ မိုက်ကယ်အိန်ဂျလို ၊ Botticelli,Ghirlandaio နဲ့ Pinturicchio တို့ရဲ့၁၅ရာစုကာလ လက်ရာမြောက်ပန်းချီတွေကို ခန်းလုံးပြည့်မြင်ရမှာဖြစ်ပါတယ်။ နံရံတွေ မျက်နှာကျက်တွေပေါ်မှာ ရီနေးဆွန်းခေတ်ပန်းချီလက်ရာတွေက အသက်ဝင်လှတဲ့အတွက် ဝတ်ပြုခန်းမကြီးထဲ ရောက်သွားသူတွေအနေနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်ရပါတယ်။

ဘုရားသခင်က သူ့ရဲ့လက်ညိုးကို ပထမဆုံးလူသား အာဒမ်ရဲ့လက်ညိုးနဲ့ထိနေဟန် မိုက်ကယ်အိန်ဂျလိုရဲ့ပန်းချီကား အာဒမ်ကိုဖန်ဆင်းခြင်း က Sistine Chapel ရဲ့ မျက်နှာကျက်မှာ နေရာယူထားပါတယ်။ ဒီဝတ်ပြုခန်းမကြီးထဲက ပန်းချီအနုပညာလက်ရာတွေကို အသေးစိတ်မြင်နိုင်ဖို့ LED မီးလုံးပေါင်း ၇၀၀၀ ထွန်းပေးထားပါတယ်။
“Sistine Chapel တခုလုံးနဲ့ နံရံဆေးရေးပန်းချီတခုချင်းစီရဲ့အသေးစိတ်ကို မြင်နိုင်ဖို့ သဘောပေါက်နိုင်ဖို့ LED မီးတွေက အပိုအလိုမရှိလင်းပေးထားပါတယ်။ Sistine Chapel ကို အခုမြင်တွေ့နေရသလို လင်းလင်းကျင်းကျင်း နဲ့ အရင်က မမြင်ခဲ့ရပါဘူး။ နောင်လာတဲ့ ဧည့်သည်တွေကတော့ အသေးစိတ်မြင်နိုင်ကြတော့မှာပါ” လို့ ဗာတီကန်ပြတိုက် ညွှန်ကြားရေးမှူး Antonio Paolucci က ဆိုပါတယ်။


A reconstruction of the appearance of the chapel in the 1480s

လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ ကတည်းက အသစ်တင်မြှောက်မယ့် ပုပ်ရဟန်းမင်းကြီးတွေကို Sistine Chapel ဝတ်ပြုခန်းမကြီးထဲမှာ ကာဒီနယ်ဘုန်းတော်ကြီးတွေက ရွေးချယ်လာခဲ့တာ အခုလက်ရှိပုပ်ရဟန်းမင်းကြီး ဖရန်စစ်လက်ထက် အထိပါ။ ရိုမန်ကက်သလစ်ဘာသာဝင်တို့အတွက် ဘာသာရေးအရ အထွတ်အမြတ်ဖြစ်တဲ့ ခန်းမကြီးကို ထိခိုက်ပျက်စီးမှု မရှိအောင် ထိမ်းသိမ်းနိုင်ဖို့မှာ မီးထွန်းအလင်းပေးတာကိုလည်း ဂရုစိုက်ရပါတယ်။

ခန်းမကြီးပတ်လည်မှာရှိတဲ့ ပြတင်းပေါက်တွေကနေ ဝင်တဲ့ နေရောင်က ခရမ်းလွန်ရောင်ခြည်ကြောင့် နံရံပေါ်က ပန်းချီဆေးတွေမှိန်ကုန်တာကို ပြတိုက်မှူးတွေက သတိထားမိခဲ့တဲ့အတွက် ပြတင်းပေါက်တွေကို ၁၉၈၀ ခုနှစ်ကတည်းက အလုံပိတ်ထားခဲ့ပါတယ်။ အီးယူရဲ့ငွေကြေးထောက်ပံ့မှုနဲ့ ရေရှည်ခံနည်းပညာသုံးအလင်းပေးစနစ်ကို အခုတော့ တပ်ဆင်ထားပါတယ်။

ခေတ်မီနည်းပညာတွေနဲ့ ပြုလုပ်ထားတဲ့ LED မီးအလင်းရောင်က နေရောင်အလင်းလိုထွက်တဲ့အတွက် သဘာဝအလင်းရောင်နီးပါး ဖြစ်နေပါတယ်။ တချို့နေရာမှာနီ ၊ တချို့နေရာမှာပြာ နေတာမျိုးလည်း မဖြစ်ပါဘူး။ ပုံမှန် LED မီးတွေက ပြာလွန်းပေမယ့် အမျိုးမတူတဲ့ LED မီးတွေအများကြီးကို တစုတည်းသုံးထားတဲ့အတွက် တရောင်တည်း အလင်းဖြာနေသလို ဖြစ်နေပါတယ်။

“ဝတ်ပြုခန်းမကြီးကို အနုပညာရှင်ကြီး မိုက်ကယ်အိန်ဂျလိုတို့ မြင်တွေ့ခဲ့ရလောက်တုန်းကနီးပါးကို အခုအလင်းရောင်ရနေပါတယ်။ မီးလုံးတွေကို အမိုးဘောင်တွေအောက်မှာ မြုပ်တပ်လိုက်တဲ့အတွက် ဒီကိုလာကြည့်ကြတဲ့သူတွေကတော့ မီးလုံးတွေကို မြင်ရမှာ မဟုတ်ပါဘူး။ ဒီခန်းမကြီးအတွက်ကို သေသေချာချာ အလင်းရောင် အရည်အသွေးကို ချိန်ထားပါတယ်။ အလင်းရောင်အမျိုး ၂၈၀ လောက်စမ်းသပ်ပြီးတော့မှ သေသေချာချာ တွက်ချက်တပ်ဆင်ထားတာပါ။ သိပ်ကို စိတ်လှုပ်ရှားရပါတယ်။ ကျွန်တော့ဘဝအတွက် အမှတ်တရအဖြစ်ဆုံး ပရောဂျက်လို့လည်း ပြောလို့ရပါတယ်။” လို့ အင်ဂျင်နီယာ Martin Reuter က ဆိုပါတယ်။

စွမ်းအင်ကုန်သက်သာစေတဲ့ LED မီးအလင်းရောင်တွေက အရင်တပ်ဆင်ခဲ့တဲ့ မီးအလင်းရောင်တွေထက်ကို ၅ဆလောက်ပိုပြီးတော့ လင်းတဲ့အတွက် ဝတ်ပြုခန်းမကြီးထဲ နေအလင်းရောင်ဝင်နေသလို ဖြစ်နေပါတယ်။ ဒါကြောင့် အရင်တုန်းက အမှောင်ကျနေလို့ သေသေချာချာ မမြင်ခဲ့ရတဲ့ နံရံဆေးရေးပန်းချီတွေကို အခုတော့ သေသေချာချာ မြင်ကြရမှာပါ။ မျက်နှာကျက်နဲ့ ဘေးနံရံတွေမှာ ရေးဆွဲထားတဲ့ မိုက်ကယ်အိန်ဂျလိုရဲ့ နောက်ဆုံး ဆုံးဖြတ်ချက် The Last Judgment ပန်းချီ ၊ ယေရူခရစ် ၊ တမန်တော်မိုးဇက် တို့ရဲ့ပုံတွေကို အခုအခါ အသေအချာမြင်နိုင်ပါပြီ။

အင်မတန်မှ အဖိုးမဖြတ်နိုင်တဲ့ အနုပညာလက်ရာတွေ ဆေးရောင်တွေကို မထိခိုက်မပျက်စီးအောင် စမ်းသပ်မှုပေါင်းများစွာကို လုပ်ပြီးမှ ဒေါ်လာ ၄သန်းနီးပါးခန့် အကုန်ခံပြီးတော့ LED မီးလုံးတွေကို Sistine Chapel ထဲမှာ တပ်ဆင်ထားတာပါ။ ရီနေးဆွန်းခေတ် ပန်းချီအကျော်အမော်ကြီးတွေရဲ့လက်ရာတွေ ခန်းလုံးပြည့်နဲ့ ထူးခြားလှတဲ့ Sistine Chapel ဝတ်ပြုခန်းမကြီးဆီ လာကြည့်ကြတဲ့ ကမ္ဘာလှည့်ခရီးသွား ၁နှစ်ကို ၆သန်းလောက်ရှိပါတယ်။

Trials of Moses by Botticelli

The Creation of Adam

The Delivery of the Keys by Perugino

Drawing by Pinturicchio of Perugino’s lost Assumption

ဗီအိုအေရဲ့ ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှ

——– ——- ——–

(Zawgyi)

ဗာတီကန္က နာမည္ေက်ာ္ ၀တ္ျပဳခန္းမႀကီး Sistine Chapel

Sistine Chapel ကေတာ့ ပုပ္ရဟန္းမင္းႀကီးေနထုိင္ရာ ဗာတီကန္စီးတီး Apostolic နန္းေတာ္က ၀တ္ျပဳခန္းမႀကီးျဖစ္ပါတယ္။ အက်ယ္အ၀န္းအားျဖင့္ အလ်ား ၁၃၄ေပ ၊ အနံ ၄၄ေပ နဲ႔ အျမင့္ ၆၈ေပ ရွိတဲ့ ဒီခန္းမႀကီးကို ၁၅ ရာစုကတည္းက ၀တ္ျပဳခန္းမအျဖစ္အသုံးျပဳခဲ့ၿပီး မူလအမည္က Great Chapel ျဖစ္ပါတယ္။ Sistine Chapel ဆုိတဲ့အမည္ကိုေတာ့ ပုပ္ရဟန္းမင္းႀကီး Sixtus IV လက္ထက္မွာ ေျပာင္းလဲေခၚေ၀ၚခဲ့တာျဖစ္ပါတယ္။

ဒီဝတ္ျပဳခန္းမႀကီးကိုလာၾကတဲ့သူေတြအေနနဲ႔ အီတလီက ပန္းခ်ီပန္းပုအေက်ာ္အေမာ္ေတြျဖစ္ၾကတဲ့ မိုက္ကယ္အိန္ဂ်လို ၊ Botticelli,Ghirlandaio နဲ႔ Pinturicchio တို႔ရဲ႕၁၅ရာစုကာလ လက္ရာေျမာက္ပန္းခ်ီေတြကို ခန္းလုံးျပည့္ျမင္ရမွာျဖစ္ပါတယ္။ နံရံေတြ မ်က္ႏွာက်က္ေတြေပၚမွာ ရီေနးဆြန္းေခတ္ပန္းခ်ီလက္ရာေတြက အသက္ဝင္လွတဲ့အတြက္ ဝတ္ျပဳခန္းမႀကီးထဲ ေရာက္သြားသူေတြအေနနဲ႔ ရင္သပ္ရႈေမာဖြယ္ျဖစ္ရပါတယ္။

ဘုရားသခင္က သူ႔ရဲ႕လက္ညိဳးကို ပထမဆုံးလူသား အာဒမ္ရဲ႕လက္ညိဳးနဲ႔ထိေနဟန္ မိုက္ကယ္အိန္ဂ်လိုရဲ႕ပန္းခ်ီကား အာဒမ္ကုိဖန္ဆင္းျခင္း က Sistine Chapel ရဲ႕ မ်က္ႏွာက်က္မွာ ေနရာယူထားပါတယ္။ ဒီဝတ္ျပဳခန္းမႀကီးထဲက ပန္းခ်ီအႏုပညာလက္ရာေတြကို အေသးစိတ္ျမင္ႏိုင္ဖို႔ LED မီးလုံးေပါင္း ၇၀၀၀ ထြန္းေပးထားပါတယ္။
“Sistine Chapel တခုလုံးနဲ႔ နံရံေဆးေရးပန္းခ်ီတခုခ်င္းစီရဲ႕အေသးစိတ္ကို ျမင္ႏိုင္ဖို႔ သေဘာေပါက္ႏိုင္ဖို႔ LED မီးေတြက အပိုအလိုမရွိလင္းေပးထားပါတယ္။ Sistine Chapel ကို အခုျမင္ေတြ႕ေနရသလို လင္းလင္းက်င္းက်င္း နဲ႔ အရင္က မျမင္ခဲ့ရပါဘူး။ ေနာင္လာတဲ့ ဧည့္သည္ေတြကေတာ့ အေသးစိတ္ျမင္ႏိုင္ၾကေတာ့မွာပါ” လို႔ ဗာတီကန္ျပတိုက္ ၫႊန္ၾကားေရးမႉး Antonio Paolucci က ဆိုပါတယ္။

လြန္ခဲ့တဲ့ႏွစ္ေပါင္း ၅၀၀ ကတည္းက အသစ္တင္ေျမႇာက္မယ့္ ပုပ္ရဟန္းမင္းႀကီးေတြကို Sistine Chapel ဝတ္ျပဳခန္းမႀကီးထဲမွာ ကာဒီနယ္ဘုန္းေတာ္ႀကီးေတြက ေ႐ြးခ်ယ္လာခဲ့တာ အခုလက္ရွိပုပ္ရဟန္းမင္းႀကီး ဖရန္စစ္လက္ထက္ အထိပါ။ ႐ိုမန္ကက္သလစ္ဘာသာဝင္တို႔အတြက္ ဘာသာေရးအရ အထြတ္အျမတ္ျဖစ္တဲ့ ခန္းမႀကီးကို ထိခိုက္ပ်က္စီးမႈ မရွိေအာင္ ထိမ္းသိမ္းႏိုင္ဖို႔မွာ မီးထြန္းအလင္းေပးတာကိုလည္း ဂ႐ုစိုက္ရပါတယ္။

ခန္းမႀကီးပတ္လည္မွာရွိတဲ့ ျပတင္းေပါက္ေတြကေန ဝင္တဲ့ ေနေရာင္က ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ နံရံေပၚက ပန္းခ်ီေဆးေတြမွိန္ကုန္တာကို ျပတိုက္မႉးေတြက သတိထားမိခဲ့တဲ့အတြက္ ျပတင္းေပါက္ေတြကို ၁၉၈၀ ခုႏွစ္ကတည္းက အလုံပိတ္ထားခဲ့ပါတယ္။ အီးယူရဲ႕ေငြေၾကးေထာက္ပံ့မႈနဲ႔ ေရရွည္ခံနည္းပညာသုံးအလင္းေပးစနစ္ကို အခုေတာ့ တပ္ဆင္ထားပါတယ္။

ေခတ္မီနည္းပညာေတြနဲ႔ ျပဳလုပ္ထားတဲ့ LED မီးအလင္းေရာင္က ေနေရာင္အလင္းလိုထြက္တဲ့အတြက္ သဘာဝအလင္းေရာင္နီးပါး ျဖစ္ေနပါတယ္။ တခ်ိဳ႕ေနရာမွာနီ ၊ တခ်ိဳ႕ေနရာမွာျပာ ေနတာမ်ိဳးလည္း မျဖစ္ပါဘူး။ ပုံမွန္ LED မီးေတြက ျပာလြန္းေပမယ့္ အမ်ိဳးမတူတဲ့ LED မီးေတြအမ်ားႀကီးကို တစုတည္းသုံးထားတဲ့အတြက္ တေရာင္တည္း အလင္းျဖာေနသလို ျဖစ္ေနပါတယ္။

“ဝတ္ျပဳခန္းမႀကီးကို အႏုပညာရွင္ႀကီး မိုက္ကယ္အိန္ဂ်လိုတို႔ ျမင္ေတြ႕ခဲ့ရေလာက္တုန္းကနီးပါးကို အခုအလင္းေရာင္ရေနပါတယ္။ မီးလုံးေတြကို အမိုးေဘာင္ေတြေအာက္မွာ ျမဳပ္တပ္လိုက္တဲ့အတြက္ ဒီကိုလာၾကည့္ၾကတဲ့သူေတြကေတာ့ မီးလုံးေတြကို ျမင္ရမွာ မဟုတ္ပါဘူး။ ဒီခန္းမႀကီးအတြက္ကို ေသေသခ်ာခ်ာ အလင္းေရာင္ အရည္အေသြးကို ခ်ိန္ထားပါတယ္။ အလင္းေရာင္အမ်ိဳး ၂၈၀ ေလာက္စမ္းသပ္ၿပီးေတာ့မွ ေသေသခ်ာခ်ာ တြက္ခ်က္တပ္ဆင္ထားတာပါ။ သိပ္ကို စိတ္လႈပ္ရွားရပါတယ္။ ကြၽန္ေတာ့ဘဝအတြက္ အမွတ္တရအျဖစ္ဆုံး ပေရာဂ်က္လို႔လည္း ေျပာလို႔ရပါတယ္။” လို႔ အင္ဂ်င္နီယာ Martin Reuter က ဆိုပါတယ္။

စြမ္းအင္ကုန္သက္သာေစတဲ့ LED မီးအလင္းေရာင္ေတြက အရင္တပ္ဆင္ခဲ့တဲ့ မီးအလင္းေရာင္ေတြထက္ကို ၅ဆေလာက္ပိုၿပီးေတာ့ လင္းတဲ့အတြက္ ဝတ္ျပဳခန္းမႀကီးထဲ ေနအလင္းေရာင္ဝင္ေနသလို ျဖစ္ေနပါတယ္။ ဒါေၾကာင့္ အရင္တုန္းက အေမွာင္က်ေနလို႔ ေသေသခ်ာခ်ာ မျမင္ခဲ့ရတဲ့ နံရံေဆးေရးပန္းခ်ီေတြကို အခုေတာ့ ေသေသခ်ာခ်ာ ျမင္ၾကရမွာပါ။ မ်က္ႏွာက်က္နဲ႔ ေဘးနံရံေတြမွာ ေရးဆြဲထားတဲ့ မိုက္ကယ္အိန္ဂ်လိုရဲ႕ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ The Last Judgment ပန္းခ်ီ ၊ ေယ႐ူခရစ္ ၊ တမန္ေတာ္မိုးဇက္ တို႔ရဲ႕ပုံေတြကို အခုအခါ အေသအခ်ာျမင္ႏိုင္ပါၿပီ။

အင္မတန္မွ အဖိုးမျဖတ္ႏိုင္တဲ့ အႏုပညာလက္ရာေတြ ေဆးေရာင္ေတြကို မထိခိုက္မပ်က္စီးေအာင္ စမ္းသပ္မႈေပါင္းမ်ားစြာကို လုပ္ၿပီးမွ ေဒၚလာ ၄သန္းနီးပါးခန႔္ အကုန္ခံၿပီးေတာ့ LED မီးလုံးေတြကို Sistine Chapel ထဲမွာ တပ္ဆင္ထားတာပါ။ ရီေနးဆြန္းေခတ္ ပန္းခ်ီအေက်ာ္အေမာ္ႀကီးေတြရဲ႕လက္ရာေတြ ခန္းလုံးျပည့္နဲ႔ ထူးျခားလွတဲ့ Sistine Chapel ဝတ္ျပဳခန္းမႀကီးဆီ လာၾကည့္ၾကတဲ့ ကမာၻလွည့္ခရီးသြား ၁ႏွစ္ကို ၆သန္းေလာက္ရွိပါတယ္။

ဗီအုိေအရဲ႕ ကမာၻတလႊားခရီးသြား အစီအစဥ္မွ

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Next Post
ပိုလန်တောင်ပိုင်းက မြေအောက်မြို့တော်

ပိုလန်တောင်ပိုင်းက မြေအောက်မြို့တော်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!