Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူတွေနဲ့ နှစ်ပေါင်းများစွာ တရင်းတနှီးနေထိုင်သော မိကျောင်းများရှိတဲ့ကျေးရွာ

by Thutamm
August 11, 2019
Reading Time: 1min read
0
လူတွေနဲ့ နှစ်ပေါင်းများစွာ တရင်းတနှီးနေထိုင်သော မိကျောင်းများရှိတဲ့ကျေးရွာ
Share on FacebookShare on Twitter

အာဖရိကတိုက် ဘာကီနာဖာဆိုနိုင်ငံမှာရှိတဲ့ Bazoule ကျေးရွာကိုသွားရောက်လည် ပတ်ကြတဲ့သူတွေအနေနဲ့ ထူးဆန်းတဲ့သဘာဝတရားကို ရယူခံစားနိုင်ပါလိမ့်မယ်။ ဒါကတော့ လူသားတွေအတွက် အန္တရာယ်ရှိတယ်လို့ ယူဆခံရတဲ့ မိကျောင်းသတ္တဝါတွေနဲ့ အနီးကပ်နေထိုင်နိုင်ခြင်းပါ။

ဒီဒေသမှာရှိတဲ့ မိကျောင်းတွေဟာ ဒေသခံတွေရဲ့ အလေးအမြတ်ထားခြင်းကိုခံရပြီး လူသားတွေကိုလည်း အန္တရာယ်ပြုခြင်းမရှိကြပါဘူး။ မိကျောင်းတွေဟာကြောက်စရာအကောင်းဆုံး အမဲလိုက်ဘုရင်တွေဖြစ်ကြပေမဲ့ ဒီရွာငယ်လေးမှာတော့ သူတို့ရဲ့ ကြောက်စရာအကောင်းဆုံးသော တွားသွားသတ္တဝါတွေ ရဲ့ အမှုအကျင့်တွေဟာ ထူးထူးဆန်းဆန်း ပျောက်ဆုံးနေတာပါ။

ဘာကီနာဖာဆိုနိုင်ငံရဲ့ မြို့တော် Ouuagadougou ကနေ မိုင်(၂၀)လောက် ကုန်းလမ်းခရီးကသွားရင်တော့ Bazoule ကျေးရွာကို ရောက်ရှိမှာဖြစ်ပြီး ရွာသားတွေတည်ဆောက်ထားတဲ့ ရေကန်တွေထဲက အကောင်(၁၀၀)ထက်ပိုတဲ့ မိကျောင်းတွေကို ခရီးသွားတွေအနေနဲ့ ကြောက်မက်ဖွယ်အနေအထားနဲ့ မြင်ရမှာပါ။

“ကျွန်တော်ငယ်ငယ်လေးထဲကနေ ခုအရွယ်အထိ ဒီမိကျောင်းတွေနဲ့အတူတူကြီးပြင်း လာတာပါ။ နောက်ဆုံးသူတို့နဲ့ အတူတူတောင် ရေကူးရင်းဆော့ကစားခဲ့ကြတာပါ”လို့ Bazoule ရွာသား Pierre Kabore ကပြောဆိုခဲ့တာပါ။သူဟာ မိကျောင်းတွေစားဖို့ကြက် တစ်ကောင်ကို အစာကျွေးပြီးတဲ့နောက် ရုတ်ရုတ်သဲသဲနဲ့အစာလုစားနေတဲ့ မိကျောင်း အုပ်ကြီးရဲ့ မီတာအနည်းငယ်အနေအထားကနေ အေးအေးလူလူဖြေကြားခဲ့တာပါ။

“ဒီနေရာမှာတော့ မိကျောင်းတွေနဲ့ ပတ်သတ်ပြီး ဘာပြသာနာမှမရှိပါဘူး။ ကျွန်တော် တို့ဆို ဒီမိကျောင်းတွေရဲ့ ကျောကုန်းပေါ်မှာတောင်တက်ထိုင်ကြတာပါ။ ခင်ဗျားလည်း သတ္တိရှိရင်သူတို့နဲ့ အတူရေထဲမှာအတူယှဉ်တွဲနေထိုင်နိုင်ပါတယ်။ သူတို့ကခင်ဗျားကို ဘာအန္တရာယ်မှမပေးပါဘူး ဒီမိကျောင်းတွေက အလွန်မြင့်မြတ်ကြတာပါလို့” kabore ကပဲ လာရောက်လည်ပတ်တဲ့ဧည့်သည်တွေကို ရှင်းပြပေးနေတာပါ။

ဒေသခံဒဏ္ဍာရီတွေအရတော့ အဆိုအရတော့ (၁၅)ရာစုမတိုင်ခင် အချိန်တွေတုန်းကတော့ ဒီကမိကျောင်းတွေဟာ လူသားတွေကို တိုက်ခိုက်ခဲ့ကြပြီး (၁၅) ရာစုနောက်ပိုင်းကနေ ယနေ့အထိတော့ ဆိုးရွား တဲ့အပြုအမူတွေကိုမတွေ့ရတော့ကြောင်း ပြောဆိုခဲ့ကြပါတယ်။  အဲဒီအချိန်တုန်းက Bazoule ရွာဟာဆိုးဆိုး ရွားရွား မိုးခေါင်မှုကိုကြုံတွေ့ခဲ့ရပြီး ဒေသခံတွေများစွာဒုက္ခရောက်နေချိန်မှာ ဒီမိကျောင်း တစ်ကောင်ဟာ လျို့ဝှက်စွာတည်ရှိနေတဲ့ သောက်ရေကန်တစ်ကန်ကို ညွှန်ပြခဲ့ပါတယ်။

ရွာခံအမျိုးသမီးတစ်ဦးကို ကန်ရှိရာနေရာသို့ မိကျောင်းကဦးဆောင်ခေါ်ဆောင်သွားပေးခဲ့တာမို ဒေသခံများစွာဟာ ရေငတ်တဲ့ကပ်ဆိုးကြီးကနေ လွတ်မြောက်ခဲ့ရတာပါ။ အဲအချိန် ကစပြီး ရွာသူ/သားတွေဟာ ဒီမိကျောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ Koom Lakre လို့ခေါ်တဲ့ မိကျောင်းပူဇော်ပွဲကိုနှစ်စဉ် ကျင်းပခဲ့တာပဲဖြစ်ပါတယ်။  ဒီပွဲတော်မှာ ဒေသခံတွေအနေနဲ့ မိကျောင်းတွေအတွက် တိရိစ္ဆာန် အချို့ကို ယစ်ပူဇော်တဲ့အနေနဲ့ အစာကျွေးကြပြီး တစ်နှစ်ပတ်လုံး ကျန်းမာရေးကောင်းမွန်စေရန်၊ စိုက်ပျိုးထားတဲ့သီးနှံတွေ အထွက်တိုး အောင်မြင်စေရန် ဆုတောင်းလေ့ရှိကြပါတယ်။

ဒေသခံရွာသားတွေဟာ ဒီမိကျောင်းတွေနဲ့ သူတို့ Bazoule မျိုး နွယ်စုတွေကြားထဲမှာ ထူးခြားဆန်းပြားတဲ့ ဆက်သွယ်မှုတွေရှိတယ်လို့ အခိုင်အမာယုံကြည်နေတာကြောင့် မိကျောင်းတွေနဲ့ပတ်သတ်ပြီး စိုးရိမ်မှုတစ်စုံတစ်ရာ မရှိတာဖြစ်ပါတယ်။ သူတို့ရဲ့ယုံကြည်မှုကတော့ ဒီမိကျောင်းတွေဟာ သူတို့ရဲ့ကွယ်လွန် ပြီးသော ဘိုးဘေးဘီဘင်တွေရဲ့ ဝိညဉ်တွေဖြစ်တယ်လို့ယူဆကြတာပါ။

ဒါကြောင့် ဒီမိကျောင်းတစ်ကောင်သေဆုံးသွားရင်လည်း လူတွေကဲ့သို့ အသုဘအခမ်းအနားတွေ ပြင်ဆင်ပေးပြီး ကောင်းမွန်စွာ မြုပ်နှံ သဂြိုလ်ပေးတဲ့ ဓလေ့ရှိပါတယ်။ ဒါ့အပြင်ဒီမိကျောင်းတွေဟာ ရွာမှာ ပြသနာတစ်ခုကျရောက်တော့မယ်ဆိုရင် ငိုသံကဲ့သို့သော ပြင်းထန် စွာမြည်ဟီးတတ်ကြပါသေးတယ်။ အဲအချိန်ကျရင်တော့ ရွာရဲ့အကြီးအကဲတွေကစုရုံးပြီး ကံဆိုးမှုတွေ ကျေးရွာအတွင်းမကျရောက်အောင် ငိုသံကဲ့သို့သောအဓိပ္ပါယ်ဆောင်တဲ့ အသံအနေအထားနဲ့ ဆုတောင်းပေးမှုတွေ ပြုလုပ်ကြရတယ် လို့ ဆိုပါတယ်။

ဒီလိုဒေသခံတွေနဲ့ ဒေသမိကျောင်းတွေအကြား သဘာဝလွန်ဆက်ဆံရေးတွေဟာ လာရောက်လည်ပတ်တဲ့ သူတွေအဖို့ ယုံကြည်ဖို့ခက်ခဲနေပေမဲ့ သူတို့မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရချိန်မှာတော့ ပါးစပ်အဟောင်းသားဖြစ်ရတဲ့အထိ အံံ့သြမင်သက်ခဲ့ရပါတယ်။ လာရောက်လည်ပတ် ကြသူတွေဟာ မိကျောင်းစာအဖြစ် ကြက်၊ ငှက်စတဲ့ တိရိစ္ဆာန်တွေကို ဝယ်ယူပြီး အစာကျွေးကြပါတယ်။

အချို့သော သတ္တိကောင်းတဲ့ လည်ပတ်သူတွေကတော့ မိကျောင်းတွေရဲ့ အနီးဆုံးအနေအထားကနေ ဒေသဆိုင်ရာ Tourist Guide အကူအညီနဲ့ အစာကျွေးလေ့ရှိပေမယ့် အများစုကတော့ မိကျောင်းစာကျွေးတဲ့ တုတ်ချောင်းမှာပဲ အစာကိုချိတ် ဆွဲကာ မိကျောင်းတွေနေထိုင်တဲ့ ကန်အပြင်ဘက်ကပဲ ကျွေးလေ့ရှိကြပါတယ်။

“ဒီမိကျောင်းတွေရဲ့လှုပ်ရှားမှုကို အဝေးကနေစောင့်ကြည့်ရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ် ၊ သူတို့ထဲက တစ်ကောင်တလေကတော့ အတော်ကို့ယို့ကားယား နိုင်တယ်ဗျ”လို့ သူအဘိုး/အဘွားတွေနဲ့ Burkina Faso ကိုလာရောက်လည်ပတ်တဲ့ ပြင်သစ်လူငယ်လေး Thomas Baspin ကပြောကြားခဲ့ပါတယ်။ သူကဆက်လက်ပြီး “ကျွန်တော်သူတို့ကိုအစာကျွေးနေတဲ့အချိန်မှာစိတ်လှုပ်ရှားပါတယ် ၊ နောက်ဆုံးပြီးမြောက် အောင်အစာကျွေးနိုင်ခဲ့လို့လဲပျော်ရွှင်ရပါတယ်ဗျာ” လို့ထပ်ပြောပါတယ်။

Bazoule ကျေးရွာဟာ ထူးဆန်းတဲ့ သဘာဝလွန်ကျေးရွာဖြစ်တာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေရဲ့ အာရုံကို အကြီးအကျယ်စွဲ ဆောင်ထားနိုင်ခဲ့ပေမဲ့ Burkina Faso နိုင်ငံရဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် ကန့်သတ်ချက်အချိချို့ရှိနေပါတယ်။ သွားရလာရခက်ခဲတဲ့အတွက် ခရီးသည်တွေဟာ ဒီနေရာကိုသွားရောက်နိုင်ဖို့ ငွေကြေးများစွာကုန်ကျမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၃)နှစ်လောက်ကတည်းက အစိုးရကိုအာဏာဖီဆန်နေတဲ့ အစွန်းရောက်ခွဲထွက်ရေးအဖွဲ့တွေဟာ ဒီနေရာကိုသိမ်းပိုက်လွှမ်းမိုး ထားပြီး ဖြတ်သန်းသွားတဲ့ယာဉ်တွေဆီကနေများစွာသော လမ်း/တံတားဖြတ်သန်းခ တွေတောင်းယူနေတာပါ။ ဒါအပြင် Bazoule ကိုလာရောက်လည်ပတ်တဲ့ခရီးသည်တွေ အတွက် လုံခြုံရေးအရ အာမခံချက်ကိုလည်း အစိုးရဘက်ကရော ၊ခွဲထွက်သူတွေဘက်ကပါ အာမခံခြင်းမရှိတာကြောင့် လာရောက်လည်ပတ်သူတွေအတွက် စိုးရိမ်စရာအခြေအနေပါ။

ဒီအစွန်းရောက်သူပုန်တွေဟာ ကျန်ခဲ့တဲ့ မတ်လအတွင်းမှာတောင် Burkina Faso နိုင်ငံရဲ့ မြို့တော် Quagadougou မှာရှိတဲ့ အစိုးရစစ်ဌာနချုပ်နဲ့ ပြင်သစ်သံရုံးကို (၃) ကြိမ်အထိဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီလိုဒေသတွင်း မတည်ငြိမ်မှုတွေ ကြောင့်လည်း မူလက Bazoule ကိုလာရောက်သူခရီးသည် တစ်နှစ်ကို လူ(၁၀၀၀၀) လောက်ရှိမယ်လို့ ခန့်မှန်းထားခဲ့ပေမဲ့ လက်ရှိအနေအထားအရ လာရောက် လည်ပတ်သူဦးရေ (၄၀၀၀)ကနေ(၅၀၀၀)အထိသာ ရှိတော့ပါတယ်လို့ ဒီဒေသရဲ့ ခရီးသွားလမ်း ညွှန်တွေထဲက တစ်ဦးဖြစ်တဲ့ Raphael Kabore က Bazoule ရွာ(သို့) မိကျောင်းရွာရဲ့ လက်ရှိအနေအထားကို ပြောပြခဲ့တာပါ။

VIDEO

Tags: amazingkaung htetplaces
Next Post
ရာဇဝင်ထဲက အားအသန်ဆုံးသူ (သို့) မင်းလက်ဝါးကြီး

ရာဇဝင်ထဲက အားအသန်ဆုံးသူ (သို့) မင်းလက်ဝါးကြီး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!