Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူသိနည်းတဲ့ ဖားမျိုးစိတ် ပုံရိပ်များ

by Thutamm
August 26, 2020
Reading Time: 8min read
0
လူသိနည်းတဲ့ ဖားမျိုးစိတ် ပုံရိပ်များ
Share on FacebookShare on Twitter

ဖားတွေဟာ ကုန်းနေရေနေ သတ္တဝါမျိုးဖြစ်ပြီး ဇီဝဗေဒအမည်အားဖြင့် Anura ဆိုတဲ့ အုပ်စုကြီးထဲမှာပါဝင်ပါတယ်။ Anura ဆိုတာကတော့ ဂရိစကားကနေ လာတာဖြစ်ပြီး အမြီးမရှိသောလို့ အဓိပ္ပါယ်ရပါတယ်။ အားလုံးသိကြတဲ့အတိုင်း သူတို့အများစုရဲ့ ထင်ရှားတဲ့လက္ခဏာတွေက ရှည်လျားတဲ့နောက်ခြေ၊ တိုတဲ့ခန္ဓာကိုယ်၊ ပြူးကျယ်နေတဲ့မျက်လုံးနှင့် အမြီးမရှိတာတွေဖြစ်ပါတယ်။ ဖားအများစုဟာ ရေအိုင်ကြီးငယ်များနှင့် ရေစပ်စပ်နေရာတွေမှာ နေထိုင်ကျက်စားလေ့ရှိကြပါတယ်။

ကျွန်တော်တို့ အများစု မြင်ဖူးတွေ့ဖူးကြလေ့ရှိတဲ့ ဖားအမျိုးအစားဟာ ၁၀ မျိုးဝန်းကျင်ခန့်ပဲ ရှိပေမယ့် ကမ္ဘာပေါ်မှာ စုစုပေါင်း ဖားမျိုးစိတ် ၆၀၀၀ ကျော်တောင်ရှိပါသတဲ့။ ကျွန်တော်တို့ ဖားပြုပ်လို့ခေါ်ကြတဲ့ toad တွေဟာလည်း ဖားမျိုးစိတ်အောက်မှာပဲ ပါဝင်နေပါတယ်။ အများအားဖြင့် မြင်တွေ့ရလေ့ရှိတဲ့ ဖားတွေကတော့ Common frog လို့ခေါ်တဲ့ ဖားတွေဖြစ်ပါတယ်။

အရွယ်ရောက်ပြီး ဖားတွေဟာ အမျိုးအစားအလိုက် လက်မဝက် အရွယ်ကနေ ၁၃လက်မထိတိုင် ခန္ဓာကိုယ်အလျားရှိကြပါတယ်။ ဖားမျိုးစိတ်တွေထဲမှာ အကြီးဆုံးဖားအမျိုးအစားကတော့ Goliath လို့ခေါ်တဲ့ ဖားအမျိုးအစားပါ။ ဒီဖားတွေဟာ ခန္ဓာကိုယ်အလျား ၁၃လက်မထိ ရှည်လျားသလို အလေးချိန်အားဖြင့်လည်း ၇ပေါင် ဝန်းကျင်အထိ ရှိတတ်ပါတယ်။ သူတို့ကိုတော့ အာဖရိကမှာရှိတဲ့ ကင်မရွန်း နဲ့ အက်ကွာတိုရီယယ်ဂီနီယာ နိုင်ငံတွေမှာ တွေ့ရလေ့ရှိပါတယ်။

ရေတဝက် ကုန်းတဝက်နေတတ်တဲ့ဖားတွေဟာ ကုန်းပေါ်တွင် ခုန်ခြင်း တွယ်ကပ်ခြင်းတို့ဖြင့် ရွေ့လျားသွားလာကြပါတယ်။ ပုံမှန်အားဖြင့် ဥများကို ရေအိုင်ငယ်လေးများ၊ ရေအိုင်များနှင့် ကန်များတွင် ဥ ဥတတ်လေ့ရှိပါတယ်။ သူတို့ရဲ့ အကောင်ပေါက်လောင်း(larvae) များကို ဖားလောင်းများ(tadpoles) ဟုခေါ်ကြပြီး ပါးဟက်များရှိကာ ရေထဲတွင် ကြီးထွားကြပါတယ်။ ဖားတွေဟာ အသားစားသတ္တဝါတွေဖြစ်ပါတယ်။ ဖားငယ်တွေက ခြင် ၊ ပိုးဖလံ ၊ ပုစဉ်း စတာတွေကို စားကြသလို ဖားကြီးတွေကတော့ နှံကောင် ၊ တီကောင် နဲ့ မြွေငယ် ၊ ကြွက်ငယ်တွေကိုတောင် စားလေ့ရှိကြပါတယ်။

ဖားတွေထဲမှာ တချို့ဖားတွေဟာ အဆိပ်ရှိပါတယ်။ အဆိပ်အပြင်းဆုံးဖားကတော့ ကိုလံဘီယာ ရွှေရောင်ဖားဖြစ်ပါတယ်။ တခါတရံ လိမ္မော်ရောင် ၊ အစိမ်းနုရောင်တွေကိုလည်း ပြောင်းလဲ တတ်ပါသေးတယ်။ အရွယ်အစား ၂ လက်မလောက်ပဲ ရှိတဲ့ ဒီဖားဟာ အကောင်ငယ်ပေမယ့် အရွယ်ရောက်ပြီးသား လူတစ်ယောက်ကို ၃ မိနစ်အတွင်း အသက်ဆုံးရှုံးစေနိုင်တဲ့ အဆိပ်တွေရှိပါတယ်။ ဒီဖားရဲ့ အရေခွံကို ဘက်ထရက်ရှိုတောက်စင် လို့ခေါ်တဲ့ ပြင်းထန်တဲ့အဆိပ်တွေပါတဲ့ အခွံနဲ့ဖုံးအုပ်ထားပါတယ်။

အမျိုးအစားအလိုက်ဖားတွေရဲ့ သက်တမ်းဟာ ၃နှစ်ကနေ ၂၁နှစ်အထိ ရှိနိုင်ပါတယ်။ ဖားအများစုဟာ ပုံသဏ္ဍာန် နဲ့ သဘောသဘာ၀ တူညီကြလေ့ရှိပေမယ့် တချို့မျိုးစိတ်တွေကတော့ ပုံမှန်ဖားတွေနဲ့ ကွဲပြားလှပါတယ်။ ဒီတခါတော့ ကွဲပြားခြားနားတဲ့ ဖားမျိုးစိတ်အချို့ရဲ့ပုံရိပ်တွေကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

Black Rain Frog

Cuban Tree Frog Eating A Lightbulb

I Am Lord Of All I Survey

Flying Frog

Camouflaged Toads

Mossy Frog

Real Life Kermit The Frog

Indian Bullfrog

Pacman Frog

Surinam horned frog

Happy Frog

Atelopus Frog

What The Hell Is That ?

Strawberry Poison Arrow Frog.

Grandad Green Tree Frog

Glass Frog

Purple Frog Amplexus

Blue American Bullfrog

Blue poison dart frog

Red-Eyed Tree Frog

Golden Poison Frog

Amazon Milk Frog

Tomato Frog

Goliath Frog

Mimic Poison Frog

Phantasmal Poison Frog

Green and Black Poison Dart Frog

Corroboree Frog

Sarayacu treefrog

Ranitomeya fantastica

Blue-legged Mantella

Tags: animals
Next Post
၀န်ထမ်းတယောက်ကို ၁နှစ်လုပ်ခလစာ ဒေါ်လာ ၇၀၀၀၀ ပေးတဲ့ သူဌေး

၀န်ထမ်းတယောက်ကို ၁နှစ်လုပ်ခလစာ ဒေါ်လာ ၇၀၀၀၀ ပေးတဲ့ သူဌေး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!