ရေးသားသူ – Mr.Vampire(မြန်မာမိသားစု)
ဒီနည်းလေးတွေက အခုခေတ်မှာ သိတဲ့သူအင်မတန်ရှားပါးနေပါပြီ။ ဒါကြောင့် ကျွန်တော်လက်လှမ်းမှီသလောက် လေ့လာရင်း ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ဒီလိုဝေမျှပေးလိုက်လို့ မသိသေးတဲ့သူတွေအတွက်ပဲ ဖြစ်ဖြစ် ဗဟုသုတရသွားတယ်ဆိုရင်ပဲ ကျွန်တော်ကျေနပ်ပါတယ်။ ကျွန်တော်တင်ပြပေးမယ့် စာရေးနည်းတွေကတော့……
(၁) ပိတုန်းပျံဝဲ ရေးနည်းဖတ်နည်း
(၂) ဝါးခွဲ ရေးနည်းဖတ်နည်း
(၃) ရင်စေ့ ရေးနည်းဖတ်နည်း
(၄) ရင်ခွဲ ရေးနည်းဖတ်နည်း
(၅) ငပြေတက်သက် ရေးနည်းဖတ်နည်း
(၆) သုဝဏ္ဏလိပ် ရေးနည်းဖတ်နည်း
တို့ပဲဖြစ်ပါတယ်။
(၁) ပိတုန်းပျံဝဲ ရေးနည်းဖတ်နည်း
အဆုံးအက္ခရာကစပြီး (၂) လုံးကျော် ပိတုန်းပျံဝဲသကဲ့သို့ ဖတ်ပြီးလျှင် အစအက္ခရာ (၃) လုံး၌ အဆုံးသက်၍ ရေးရဖတ်ရမည်။
ရေးနည်း ။ ။ လှည့်ပါဆွတ် ကြည့်နေဝန်း ရှုမင်းရံ တူဝခြံနေ ရွှေရွှေသည်နေ၌ မ္ဗူဌာယံဇ ကျွန်းကမ်းဆင်း ရွှေရွှေသူကို ကြံရပ်ပန်းဆင်း မြေနွယ်ချောင်း ရွှေရွှေရွှေ ။ ။
ဖတ်နည်း ။ ။ ရွှေချောင်းစင်းကြံ ရွှေကမ်းယံ၌ ရွှေခြံရံဝန်း ရွှေနွယ်ပန်းကို ရွှေကျွန်းဌာန ရွှေဝမင်းနေ ရွှေမြေရပ်သူ ဆင်းဇမ္ဗူသည် နေတူရှုကြည့် ဆွတ်ပါလှည့် ။ ။
(၂) ဝါးခွဲ ရေးနည်းဖတ်နည်း
အလယ်အက္ခရာကစ၍ ဓါးခွဲသကဲ့သို့ ရှေ့နောက်တစ်လုံးစီ တိုးသဖြင့် အဆုံးအက္ခရာ၌ အစသက်၍ ရေးဖတ်ရမည်။
ရေးနည်း ။ ။ စေတံ့ရှည် အဝရမ်စု မိမြန်မာသား ဖိုထာရ ဓွန့်တည်ပါ။ ။
ဖတ်နည်း ။ ။ မြန်မာမိသားစုဖိုရမ် ထာဝရ အဓွန့်ရှည် တည်တံံ့ပါစေ။ ။
(၃) ရင်စေ့ ရေးနည်းဖတ်နည်း
အရင်းတစ်လုံး ၊ အဖျားတစ်လုံး ဘယ်ပြန်ညာပြန် ဖတ်၍ အလယ်အက္ခရာတွင် အဆုံသတ်ရမည်။
ရေးနည်း ။ ။ မှန်ချပ်ပြရှိ လိုတကောင်းချိန် ပင်မှားနိုင်သည် ပါရှိအမှာ နေရားကံသ ဒါးမှာတစ်။ ။
ဖတ်နည်း ။ ။ မှန်တစ်ချပ်မှာ ပြဒါးရှိသလို ကံတရားကောင်းနေချိန်မှာပင် အမှားရှိနိုင်ပါသည်။ ။
(၄) ရင်ခွဲရေးနည်းဖတ်နည်း
ဝါးခွဲရေးနည်းနှင့်သဘောတူသည်။
ရေးနည်း ။ ။ တယ်ကြီးအတတ် အောင်တိုင်ကို အအကိုယ်တာ အောင်မြင်သူ အရည်ပိုင် မိမိကိုယ်စွမ်းကိုခြားများသာ ပြထက်ပိုင်ရည်ချင်း ကိုယ်မြင်ကြည့်ဖို့ရေးပါ။ ။
ဖတ်နည်း ။ ။ မိမိကိုယ်ပိုင်စွမ်းရည်ကို အခြားသူများမြင်သာအောင် ပြတာထက် ကိုယ်ပိုင်အရည်အချင်းကို ကိုယ်တိုင်မြင်အောင် ကြည့်တတ်ဖို့အရေးကြီးပါတယ်။
(၅) ငပြေတက်သက်ရေးနည်း
အစအက္ခရာကစပြီး တစ်လုံးကျော် ၊ အဆုံးအက္ခရာ နောက်အက္ခရာတစ်လုံးကျော် ရေးရ ၊ ဖတ်ရမည်။
ရေးနည်း ။ ။ ရွှေသိအမှ ကြောင်းပေါင်းဖကြောင်းယောင်း အမှလူသိ ။
ဖတ်နည်း ။ ။ ရွှေအကြောင်းဖယောင်းမှသိ လူအကြောင်းပေါင်းမှသိ ။
(၆)သုဝဏလိပ် ရေးနည်းဖတ်နည်း
အဆုံးအက္ခရာရဲ့ရှေ့ဖြစ်တဲ့ အက္ခရာကစပြီး အပြန်ဖတ်ပြီး အဆုံးအက္ခရာ၌အစသက်၍ ရေးဖတ်ရမည်။
ရေးနည်း ။ ။ကိုနှယ်ဇူမည် မုန်းဂဆုံးကြိုင် မွှေးပျံ့သည်ပေး၍ ကုံးလေးမြတ်မက်စုံ နှင့်လက်ခင် သရက်ခေါက်ရည်းတင့်လည်းသော်ရပန်မှ။
ဖတ်နည်း ။ ။ ပန်ရသော်လည်း တင့်ရည်းခေါက်ရက် သခင်လက်နှင့် စုံမက်မြတ်လေး ကုံး၍ပေးသည်ပျံ့မွှေးကြိုင်ဆုံး ဂမုန်းမဉ္ဇူ နှယ်ကိုမှ။
ဗဟုသုတ အနည်းငယ်တော့ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်
Mr.Vampire
မြန်မာမိသားစု
Discussion about this post