• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူသိနည်းတဲ့ လူသားအကျိုးပြုပညာရှင်ကြီး တစ်ယောက် (သို့) လူးဝစ္စပါစတာ

by Thutamm
August 15, 2019
Reading Time: 1min read
0
လူသိနည်းတဲ့ လူသားအကျိုးပြုပညာရှင်ကြီး တစ်ယောက် (သို့) လူးဝစ္စပါစတာ
Share on FacebookShare on Twitter

ဆေးပညာသမိုင်းတွင် အထူးချွန်ဆုံးဟု သတ်မှတ်ကြသော ပြင်သစ်လူမျိုး ဇီဝဗေဒပညာရှင် လူးဝစ္စ ပါစတာအား ၁၈၂၂က ပြင်သစ်နိုင်ငံအရှေ့ပိုင်းရှိ ဒိုးလ်(Dole) တွင်ဖွားမြင်သည်။ သာမာန်အလုပ်သမားမိသားစုက မွေးဖွားခဲ့သူဖြစ်ပြီး ဘိုးဘေးဆွေစဉ်မျိုးဆက်တွေအားလုံး လယ်သမားတွေဖြစ်ကြသည်။ ဖခင်က အတန်းပညာမတက်ခဲ့ဖူးခဲ့သော စစ်သားတစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာ ဖိနပ်စက်ရုံက အလုပ်သမားဖြစ်ခဲ့သည်။ မိခင်က အတန်းပညာမတက်ဖူးခဲ့သော်လည်း အလုပ်ကြိုးစားပြီး စဉ်းစားတွေးတောနိုင်သည့် အမျိုးသမီးဖြစ်သည်။

မိမိတို့ကိုယ်တိုင် ပညာရေးတွင် မထွန်းကားခဲ့သည့်အတွက် သားဖြစ်သူကိုတော့ ပညာရေးတွင် ထူးချွန်စေရမည်ဟု ဆုံးဖြတ်ကာ ပါစတာ အား ပညာရေးဘက်တွင် အထူးပံ့ပိုးခဲ့သည်။ ပါစတာ ကျောင်းစရိတ်အတွက် မိဘများက ချို့ခြံစွာနေထိုင်ခဲ့ကြသည်။ ပါစတာကလည်း ကြိုးစားပမ်းစားသင်ယူခဲ့သည်။ အတန်းတိုင်းတွင် အလယ်အလတ်နေရာမှသာ အောင်မြင်ခဲ့သော်လည်း ဇွဲရှိသူအဖြစ် အားလုံးက အသိအမှတ်ပြုကြသည်။

ထို့နောက် ပါရီကောလိပ်တွင် သိပ္ပံကျောင်းသားအဖြစ် အလုပ်လုပ်ရင်းတစ်ဖက် နှင့် ပညာသင်ယူသည်။ ပညာရေးတွင် များစွာထူးချွန်မည့် အနေအထားမရှိလှသဖြင့် ပါမောက္ခကပင် သာမာန်အလယ်အလတ်စား ကျောင်းသားဟုသတ်မှတ် ခဲ့သည်။ သို့သော် ၁၈၄၇တွင် ဒေါက်တာဘွဲ့ရလျှင် အများမှင်တက်လောက်သည့် သုသေတနပြုချက်များကို စတင်ပြုလုပ်သည်။ ထိုစဉ်က အသက် ၂၆နှစ်အရွယ် ပါစတာ၏ တာတာရစ်အက်ဆစ် နှင့်ပက်သက်သည့် ဖော်ထုတ်ချက်ကြောင့် လူအများ၏ အသိအမှတ်ပြုခံပြီး နာမည်ကျော်တစ်ဦးဖြစ်လာသည်။

ထိုနောက် အချဉ်ဖောက်ခြင်းနှင့် ပက်သက်၍ သုသေတနပြုလုပ်ရှာဖွေရာ အလွန်သေးငယ်သည့် အဏုဇီဝရုပ်ရှိသော ပိုးမွှားငယ်လေးများကြောင့် ဖြစ်သည်ကို နားလည်လာပြီး ကိုယ်တိုင် လက်တွေ့ပြသခဲ့သည်။ ထိုသို့ပိုးမွှားများအထဲမှ မလိုလားအပ်သည့် ပိုးမွှားများ ပါဝင်လာပြီး လူနှင့် တိရိစ္ဆာန်များအား အန္တရာယ်ပေးခြင်း အကြောင်းကိုပါ တစ်ဆက်တည်း ဖော်ထုတ်လိုက်နိုင်သည်။

ရောဂါပိုးမွှားများကြောင့် ရောဂါဖြစ်သည်မှာ မှန်လျှင် ရောဂါပိုးအား တားဆီး၍ ရောဂါကာကွယ်ခြင်းမှာလည်း ဖြစ်နိုင်သည့် အနေအထား ယုတ္တိတန်မှုကြောင့် ရောဂါပိုးမွှားများ လူ့ကိုယ်ခန္ဓာအတွင်းသို့ မဝင်ရောက်နိုင်စေရန် ကာကွယ်မည့် နည်းလမ်းများကို ပါစတာတစ်ယောက် ဆက်လက်၍ ရှာဖွေတော့သည်။ သို့ဖြင့် အနာအား ပိုးမဝင်စေရန် စနစ်တကျ သန့်ရှင်းသောနည်းလမ်းများ(antiseptic) ကိုဖော်ထုတ်သည်။ ထိုနည်းကို “ပါစတာပိုးသတ်နည်း” ဟုခေါ်သည်။  ယနေ့ထက်တိုင် ဆေးပညာလောက၊ အရက်ချက်လုပ်ငန်းများတွင် တွင်ကျယ်စွာသုံးနေကြဆဲဖြစ်သည်။

ထို့နောက် ပြင်သစ်နိုင်ငံ Strasbourg  တက္ကသိုလ်တွင် ဓာတုဗေဒ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အသက် ၅၅နှစ်တွင် ပါစတာသည် ထောင့်သန်းရောဂါ(Antharax) အားလေ့လာပြီး ရောဂါပိုးကြောင့်ဖြစ်သည့် အချက်ကို ဖော်ထုတ်ပြသခဲ့သည်။

ထိုနောက်တွင် အားနည်းသည့် ထောင့်သန်းပိုးအား နွားတစ်ကောင်ကိုယ်တွင်း ထည့်၍ ရောဂါဝေဒနာ မပြင်းထန်သည့် အဖြစ်ကိုရပြီးနောက်တွင် သေစေလောက်သည့် ထောင့်သန်းရောဂါ ထိုနွားတွင် ထပ်မံမဖြစ်ပွားတော့ကြောင်းကို ပြသ၍ ရောဂါကာကွယ်နည်းကိုပါ ဖော်ထုတ်လိုက်သည်။ ထိုမှအစပြု၍ ပါစတာ၏ နည်းလမ်းကိုလိုက်ကာ အခြားကူးစက်ရောဂါများအတွက်လည်း အလားတူ ကာကွယ်ဆေးများကို ဖော်ထုတ်ကြသည်။

လူသားများအား အကျိုးရှိစေသည့်အရာများစွာကို တီထွင်ကာ အောင်မြင်နေခဲ့သော်လည်း တစ်ဖက်တွင် အကျအဆုံးများခဲ့သည်။ ဖခင်သေဆုံး ၊ သမီးသေဆုံးခဲ့သလို သားဖြစ်သူကလည်း ရှေ့တန်းစစ်မြေပြင်တွင်ရောက်ရှိနေခဲ့သည်။ သို့သော် ပါစတာသည် ကိုယ်ရေးကိုယ်တာ သောကများကိုမေ့ထားပြီး အလုပ်ကိုသာ ဖိလုပ်ခဲ့သည်။ တစ်နေ့လျှင် ၁၈နာရီ ခန့် အလုပ်လုပ်ခဲ့သည်။ ထို့ကြောင့်လည်း “အလုပ်လုပ်ခြင်းက နာကျင်ခြင်းတွေကို မေ့ပျောက်စေနိုင်တယ်” လို့ သူပြောခဲ့ခြင်းဖြစ်သည်။

ပါစတာသည် ခွေးရူးရောဂါ (Rabies) နှင့် ပက်သက်၍ ကာကွယ်ဆေး ထုတ်လုပ်ပေးခြင်းကြောင့်လည်း ကျော်ဇောသည်။ (ခွေးရူးရောဂါ ကာကွယ်ဆေးကို ပါစတာ နှင့် Émile Roux တို့က ၁၈၈၅ ခုနှစ်တွင်စတင် ထုတ်လုပ်ပေးခဲ့သည်)။ ထိုနည်းအတိုင်း နောင်းခေတ် ပညာရှင်တို့အနေဖြင့် အူရောင်ငန်းဖျားရောဂါ(Typhus) ၊ ပိုလီယိုရောဂါ (poliomyelitis) အစရှိသည့် ရောဂါမျိုးများကိုပင် ကာကွယ်လာနိုင်သည်။

၁၈၆၈ခုနှစ်တွင် ရုတ်တရက်ဦးနှောက်သွေးယိုခဲ့ကာ ကိုယ်တစ်ခြမ်းလှုပ်မရဖြစ်ခဲ့သည်။ ဆေးကုသရင်း အနားယူရင်း နှင့် ပြန်သက်သာလာလျှင် အလုပ်ကိုပြန်လုပ်သည်။ လူသားအကျိုးပြု သုတေသနလုပ်ငန်းများကို ထပ်မံရှာဖွေခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် ကျောက်ကပ်အလုပ်မလုပ်နိုင်တော့သည့်ရောဂါ ထပ်မံဖြစ်ခဲ့ပြီး ထို့နောက်တွင် ပြန်လည်သက်သာခြင်း မရှိတော့ချေ။

၁၈၉၅ခုနှစ် အသက် ၇၂နှစ်အရွယ်တွင် ပါရီမြို့အနီး၌ ဆေးပညာရှင်၊ ဇီဝဗေဒပညာရှင်၊ သုတေသီ လူးဝစ္စ ပါစတာကွယ်လွန်ခဲ့လေတော့သည်။ နိုင်ငံတော်အဆင့် ဈာပနပွဲကျင်းပကာ ပါရီမြို့ Notre-Dame de Paris ဘုရားကျောင်းတွင် ထားရှိသြင်္ဂိုဟ်ခဲ့သည်။

Myanmar Wikipedia
https://en.wikipedia.org/wiki/Louis_Pasteur

Tags: world people
Next Post
စက်ဘီးတွေရဲ့ သမိုင်းကြောင်း

စက်ဘီးတွေရဲ့ သမိုင်းကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!