Via : သုတကြယ်စင်
၉။ The forest lake, Russia
ရုရှားနိုင်ငံ Tyumen ဒေသ သစ်တောတွင်းမှာရှိတဲ့ ရေအိုင်ဟာ သာမန်လူတွေ ရောက်ရှိလည်ပတ်လို့ မဖြစ်နိုင်တာကြောင့် ယခုထက်တိုင် တောအုပ်အလယ်မှာ လှပစွာ တည်ရှိနေပါတယ်။
အဆိုပါရေအိုင်ဆီကို သွားချင်တယ်ဆိုရင် တောအစပ်ကနေ ၆-၇ ရက်လောက် လူသူရိက္ခာ အပြည့်အစုံနဲ့သွားမှ ရောက်ရှိနိုင်ပါတယ်။ အဲဒါကြောင့် အဲဒီရေအိုင်ရဲ့ အလှတရားကို လေယာဉ်မှတဆင့် ဝေဟင်ကသာ ကြည့်ရှု့နိုင်ပါတယ်။
၈။ Tepui, Venezuela
တောင်အမေရိတိုက် မြောက်ပိုင်း နိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလား Tepui ဒေသမှပြတ်ရွေ့ တောင်တန်းတွေဟာ ယနေ့ထက်တိုင် လူသားတွေ လာရောက်ခြေချခြင်းမရှိသေးတဲ့အတွက် သဘာဝအတိုင်း အလွန်လှပစွာ တည်ရှိနေသေးတဲ့ ကမ္ဘာကြီးရဲ့နေရာဒေသ တစ်ခုဖြစ်ပါတယ်။
အလွန်လှပတဲ့ ပြတ်ရွေ့တောင်တန်းတွေရှိတဲ့ အဆိုပါနေရာကို ” Home of the Gods”ဆိုပြီးဒေသခံ ဗင်နီဇွဲယားတွေက တင်စားကြပါတယ်။
၇။ Honokohau Falls, Maui
အမေရိကန်ပြည်ထောင်စုရဲ့ ကမ်းဝေးပြည်နယ်တစ်ခုဖြစ်တဲ့ ဟာဝိုင်အီကျွန်း Maui မှာရှိတဲ့ ရေတံခွန်ဟာ ကမ္ဘာ့အလှဆုံး ရေတံခွန်များထဲက တစ်ခုဖြစ်ပါတယ်။ ပေ၁၁၀၀ လောက်အမြင့်ကနေ အဆင့်ဆင့်ကျဆင်းနေတဲ့ ရေတံခွန်လမ်းကြောင်းမှာ အမြဲစိမ်းနေတဲ့ သစ်တောများရှိတာကြောင့် အဲဒီရှု့ခင်းဟာ မြင်ရတဲ့သူတိုင်းကို ရင်သပ်ရှု့မောဖြစ်စေပါတယ်။
ဒါပေမယ့် အဲဒီရေတံခွန်ဆီကို ခရီးသွားများသွားရောက်လည်ပတ်ဖို့အတွက် ဟာဝိုင်အီပြည်နယ်အစိုးရက ခွင့်မပြုသေးပါဘူး။
၆။ The Amazon rainforest
ကမ္ဘာပေါ်မှာ အကောင်းအတိုင်းကျန်ရှိနေသေးတဲ့ အမြဲစိမ်း မိုးသစ်တောတွေရှိတဲ့ ဒေသဟာ တောင်အမေရိကတိုက်က အမေဇုန်သစ်တောတွေပဲဖြစ်ပါတယ်။ နေ့စဉ်သစ်တောပြုန်းတီးမှု့ဟက်တာ သိန်းချီရှိနေပေမဲ့ အခုထက်ထိ အမေဇုန်တောရဲ့ အတွင်းပိုင်းထဲကို လူတွေသွားရောက် နိုင်ခြင်းမရှိသေးပါဘူး။
ကြမ်းတမ်းလွန်းလှတဲ့ ရာသီဥတုနဲ့ သားရဲတိရိစ္ဆာန်များရဲ့ အန္တာရာယ်အပြင် ၊ ရိုင်းစိုင်းလွန်းလှတဲ့ လူရိုင်းမျိုးနွယ်စုတွေ ရှင်သန်နေထိုင်ကြတာကြောင့်ဖြစ်ပါတယ်။ အဲဒါကြောင့် လူတွေ မတွေ့မမြင်ရသေးတဲ့ သဘာဝရဲ့ အလှတရားတွေဟာ အမေဇုန်တောတွင်းမှာ အမြောက်အများပဲ လူားတို့ရဲ့ အနှောက်အယှက် ကင်းစွာ တည်ရှိနေကြပါတယ်။
၅။ Gangkhar Puensum, Bhutan
တိဗက်ကုန်းမြင့်၊ ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်နေတဲ့ ဘူတန်နိုင်ငံ မြောက်ဘက်ခြမ်းက Gangkhar Puensum နှင်းတောင်တန်းတွေဟာ သူတို့ရဲ့ အလှတရားကြောင့် ကမ္ဘာကျော်ပါတယ်။
ဒါပေမယ့် အနီးအနားဝင်းကျင်မှာ လူနေထိုင်တဲ့ ရွာတွေ ၊ ခရီးထောက်စခန်းတွေ မရှိတဲ့ အတွက် အလည်အပတ်ခရီးသွားဖို့ မဖြစ်နိုင်သေးပါဘူး။
၄။ Tsingy de Bemaraha, the ’stone forest’ of Madagascar
အာဖရိကတောင်ပိုင်း မာဒါဂတ်စကာကျွန်းမှာ တည် ရှိတဲ့ ကျောက်တုံးသစ်တောဟာ အလွန်လှပတဲ့ ကမ္ဘာကြီးရဲ့ သဘာဝအလှတစ်ခုပါ။ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းက ရေအောက်မီးတောင်ကျွန်းစုများပေါက်ကွဲမှု့ကြောင့် ရေပေါ်ကျွန်းတစ်ခုဖြစ်လာတဲ့ မာဒါဂတ်စကာ ကျွန်းရဲ့ အတွင်းပိုင်းကျကျမှာတည်ရှိနေတဲ့ ထုံးကျောက် လှိုမြောင် ချိုင့်ဝှမ်းတစ်ခုဖြစ်ပါတယ်။
နှစ်ပေါင်းသန်းချီ မိုးရေတိုက်စားခံရမှု့ကြောင့် အတွင်း ထုံးကျောက်တန်းများသာ ကျန်ရှိတော့တဲ့ အဆိုပါထုံးကျောက် သစ်တောဟာ ခရီးသွားတွေ သွားရောက်ဖို့အတွက် အလွန်ကြမ်းတမ်းလွန်းလှပါတယ်။
စောက်နက်တဲ့ ချောက်တွေဟာ ပေ၂၀၀ လောက်နက်ပြီး ဝင်္ကပါလိုရှုပ်ထွေးလှတဲ့ ထုံးကျောက်လှိုဏ်ဂူတွေပြည့်နေပါတယ်။ အဲဒါကြောင့်လူသားတွေရဲ့ဖျက်ဆီးမှု့ဒဏ်ကင်းဝေးပြီး သဘာဝအတိုင်းလှပစွာ တည်ရှိနေပါတယ်။
၃။ Kerguelen Islands
ကမ္ဘာ့ကုန်းမြေတိုက်ကြီးများနဲ့ အလှမ်းဝေးလှ တောင်ပိုင်း သမုဒ္ဒရာ ကျွန်းစု များဖြစ်တဲ့ Kerguelen Islands တွေဟာ ထူးဆန်းအံ့သြဖွယ်ရာ သဘာဝ အလှတရားတွေ တည်ရှိနေတဲ့ ကမ္ဘာ့နေရာဒေသဖြစ်ပါတယ်။
ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့ဖူးတဲ့ အဆိုပါကျွန်းစုဟာ လူနေထိုင်မှု့ကျဲပါးပြီး ကမ္ဘာ့အခြားနေရာဒေသများနဲ့ ဆက်သွယ်ရေး အလွန်ခက်ခဲလှပါတယ်။
အဲဒါကြောင့် ခရီးသွားလုပ်ငန်းအတွက် အခြေခံအဆောက်အဦးများ တည်ဆောက်နိုင်ခြင်းမရှိတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်လည်ပတ်မှု့အလွန်နည်းပါးလှပါတယ်။ ဒါပေမယ့်အဲဒီကျွန်းစုတွေရဲ့ အလှတရားကတော့ ကမ္ဘာကျော်လှပါတယ်။
၂။ Rock Islands, Palau
ဖိလစ်ပိုင်ကျွန်းစု တွေရဲ့ အရှေ့ဘက်မှာ သီးခြားတည်ရှိနေတဲ့Rock Islands, Palau ဟာ အလွန်လှပတဲ့ ရေပေါ်ရေအောက်ရှု့ခင်းများရဲ့ အဏ္ဏဝါ အလှတရားကြောင့် အလွန်ကျော်ကြားလှပါတယ်။
ဒါပေမယ့် သွားလာရေး နဲ့ ဆက်သွယ်ရေး ခက်ခဲမှု့တွေကြောင့် ခရီးသွားလုပ်ငန်းတွေဟာ အဆိုပါကျွန်းစုတွေကို လက်ရှောင်လေ့ရှိတဲ့အတွက် ယခုထက်တိုင် ပုံစံမပျက် သဘာဝအတိုင်းလှပစွာ တည်ရှိနေပါတယ်။
၁။ Dallol, Ethiopia
ကမ္ဘာ့အလှဆုံး လူနေထိုင်လို့မရတဲ့ ကန္တာရတစ်ခု လိုဖြစ်နေပါတယ်။ အာဖရိကတိုက် အီသီယိုးပီးယား နိုင်ငံမှာတည်ရှိပါတယ်။
သိပ်သည်းဆပြင်းထန်လှတဲ့ အယ်ကာလိုင်း ဆားဓာတ်တွေပြည့်နေတဲ့ အဆိုပါနေရာဒေသဟာ သာမာန်သက်ရှိတွေ နေထိုင်ရှင်သန်ဖို့အတွက် သင့်တော်မှု့မရှိပါဘူး။
ဆားပေါက်နေတဲ့ ရေအိုင်ငယ်တွေ များစွာရှိပြီး ဒီဒေသရဲ့မြေမျက်နှာသွင်ပြင်ဟာ ကြာသပတေးဂြိုလ် ဂျူပီတာရဲ့ မျက်နှာပြင်နဲ့ ဆင်တယ်လို့ သိပ္ပံပညာရှင်များက ဆိုပါတယ်။ ဘာပဲပြောပြော လှတာကတော့ တော်တော်လှတဲ့နေရာလို့ပြောရပါလိမ့်မယ်။
Discussion about this post