Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူသားတို့လပေါ်သို့ ခြေချရန်အတွက် ပံ့ပိုးပေးခဲ့တဲ့ ပညာရှင် မာဂရက်ဟာမီလ်တန်

by Thutamm
August 7, 2019
Reading Time: 1min read
0
လူသားတို့လပေါ်သို့ ခြေချရန်အတွက် ပံ့ပိုးပေးခဲ့တဲ့ ပညာရှင် မာဂရက်ဟာမီလ်တန်
Share on FacebookShare on Twitter

လွန်ခဲ့သောနှစ်ပေါင်း ၅၀ခန့် ဇူလိုင်လ ၂၀ရက် ၊ ၁၉၆၉ခုနှစ်တွင် လူသားတို့သည် အပိုလို ၁၁ ခရီးစဉ်အတွင်း လပေါ်သို့ ပထမဆုံးခြေချနိုင်ခဲ့ကြသည်။ ခြေချခဲ့သော အာကာသယဉ်မှူးများမှာ Neil Armstrong နှင့် Buzz Aldrin တို့ဖြစ်သည်။

ဒီမတိုင်ခင်ကတည်းက ဆိုဗီယက်ရုရှားနှင့် အမေရိကန်တို့သည် လပေါ်သို့ ခြေချရန်အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း လူမဲ့(စက်ရုပ်) ယာဉ်များသာရောက်ရှိခဲ့ပြီး လူအစစ်များခြေချရန်အတွက်မှု အောင်မြင်မှုမရခဲ့ကြပေ။ အပိုလို ၁၁ ခရီးစဉ်မှအောင်မြင်ခဲ့ပြီးနောက် လပေါ်မှ မြေသားနမူနာ ၄၇.၅ပေါင်(၂၁.၅) ကီလိုဂရမ်ကို လေ့လာရန်အတွက် ယူဆောင်နိုင်ခဲ့ကြသည်။

အပိုလို ၁၁ ခရီးစဉ်အောင်မြင်ပြီး လပေါ်သို့ခြေချနိုင်ရန်အတွက် ပညာရှင်တစ်ယောက်၏ အကူအညီမပါလျှင်မှု ဖြစ်နိုင်ဖို့မရှိချေ။ ထိုပညာရှင်မှာ ခရီးစဉ်အတွက် ကုဒ်များကိုရေးပေးခဲ့သည့် အမျိုးသမီး ဆော့ဝဲအင်ဂျင်နီယာ မာဂရက်ဟာမီလ်တန် ဖြစ်သည်။

သူမကို ၁၉၃၆ခုနှစ် သြဂုတ်လ ၁၇ရက်နေ့တွင် အမေရိကန် အင်ဒီယားနားပြည်နယ် Paoli မြို့၌ မွေးဖွားခဲ့သည်။ ၁၉၅၄ခုနှစ်တွင် Hancock အထက်တန်းကျောင်းမှအောင်မြင်ပြီးနောက် Earlham ကောလိပ်တွင်တက်ရောက်ပြီး သင်္ချာဘွဲ့ ကိုရရှိခဲ့သည်။ ငယ်စဉ်မှ ဘွဲ့ရသည့်အချိန်အထိ သူမသည် သာမန်သာဖြစ်သည်။ သူမကိုယ် သူမလည်း ပါရမီရှင်တစ်ယောက်မှန်း သတိမထားမိခဲ့ပါ။

အဲဒီနောက်တော့ သူမပညာရေးခရီးကို မဆက်နိုင်တော့ပဲ အထက်တန်းပြ ဆရာမတစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ အကြောင်းမှာ ဟားဗတ်တက္ကသိုလ်၌ ဥပဒေပညာသင်နေသော ခင်ပွန်းသည်အား ပံ့ပိုးလို၍ ဖြစ်သည်။ ထို့နောက်သူမသည် Brandeis တက္ကသိုလ်မှ အဆင့်မြင့်သင်္ချာဘွဲ့တစ်ဘွဲ့ကို ထပ်ယူရန်အတွက် ဘော်စတွန်သို့ ပြောင်းရွှေ့ခဲ့သည်။

၁၉၆၀ တွင် မန်ဆာချူးဆက် နည်းပညာတက္ကသိုလ်(MIT) သို့ဆက်သွယ်ခဲ့ပြီး မိုးလေဝသခန့်မှန်းမှု နှင့် ရန်သူ့လေယာဉ်ထောက်လှမ်းမှု ဆော့ဝဲဌာနတွင် အလုပ်လုပ်ခဲ့သည်။ တစ်နှစ်ကြာပြီးတဲ့နောက် SAGE (လေယာဉ်တန်ပြန်ကာကွယ်ရေး) ပရောဂျက် ရဲ့ ဒီဇိုင်နာများထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။ ထိုဌာနသည် စစ်ဘက်ဆိုင်ရာကို အဓိကပံ့ပိုးပေးသည့် ဌာနဖြစ်သည်။

SAGE တွင် ၂နှစ်ကြာအလုပ်လုပ်ခဲ့ပြီးနောက် အထူးချွန်ဆုံး ပရိုဂရမ်မာတစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။ ထိုအခါမှ သူမသည် ပါရမီရှင်တစ်ယောက် ဖြစ်မှန်းအားလုံးသိသွားခဲ့ကြသည်။ ထို့ကြောင့်သူမအား အပိုလို ၁၁ မစ်ရှင်တွင်ပါဝင်သည့် MIT အဖွဲ့မှ ဖိတ်ခေါ်ခဲ့သည်။

ထို့နောက်တွင်တော့ သူမသည် Apollo နှင့် Skylab ပရောဂျက်များတွင် Supervisor တစ်ယောက်အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုအတွင်းတွင် ကွန်ပျူတာ နှင့် အင်ဂျင်နီယာပညာရပ်ကိုပေါင်းစပ်၍ computer engineering ဟူသော စာလုံးကို သူမက စတင်သုံးစွဲခဲ့သည်။ ယနေ့ခေတ်တွင်တော့ ထိုအသုံးအနှုန်းကို ကမ္ဘာအဝှမ်းသုံးနေကြပြီဖြစ်သည်။

မာဂရက်စတင်ရောက်ရှိချိန်က နာဆာတွင် အပိုလိုအတွက် ပြည့််စုံသောဆော့ဝဲမရှိခဲ့ပါ။ သူမရဲ့အချိန်အားလုံးနီးပါးကို အလုပ်ခန်းတွင်ကုန်ဆုံးစေခဲ့ပြီး ကုဒ်များကို ရေးသားခဲ့သည်။ အလုပ်ကိုဝါသနာကြီးလွန်းသဖြင့် သမီးဖြစ်သူကိုပင် ကြည့်ရှု့ပေးမည့်သူမရှိသည့်အတွက် အလုပ်ကိုခေါ်လာခဲ့သည်။ သမီးငယ်သည် ဆော့ရင်းမောပန်းသောအခါ မာဂရက် အလုပ်ခန်း၏ ကြမ်းပြင်တွင်အိပ်ပျော်သွားတတ်သည်။ မာဂရက်ကတော့ သူမ၏ လူ ၄၀၀ ပါဝင်သော ဆော့ဝဲအဖွဲ့နှင့်အတူ ကုဒ်များကို မမောမပန်းနိုင် ဦးဆောင် ရေးသားဆဲ။ တစ်နေ့လျှင် နာရီပေါင်း ၁၈နာရီခန့် ၃နှစ်ခန့် လုပ်ခဲ့သည် ဟုသိရသည်။

၃နှစ်ကြာပြီးသည့်နောက် မာဂရက်ဦးဆောင်သည့် ဆော့ဝဲအဖွဲ့မှ အပိုလိုအာကာသယာဉ်အတွက် ဆော့ဝဲကိုရေးသားပြီးစီးခဲ့သည်။ နာဆာသည် အပိုလို ၁၁ မတိုင်မီ အပိုလို ၈ နှင့် အပိုလို ၁၀ တို့ကို ၁၉၆၈ခုနှစ် နှင့် ၁၉၆၉ခုနှစ်တို့တွင် လပေါ်သို့လွှတ်တင်ခဲ့ဖူးသည်။ လပတ်လမ်းကြောင်းကိုသာ ပတ်နိုင်ခဲ့ပြီး ကမ္ဘာပေါ်သို့ပြန်လည်ဆင်းသက်ခဲ့ရသည်။ ၁၉၆၉ ဇူလိုင်လ ၂၀ ရက်သည် နာဆာအတွက် အကြီးကျယ်ဆုံးနေ့ဖြစ်ခဲ့သည်။ အပိုလို ၁၁ သည် ကမ္ဘာမြေမှထွက်ခွာပြီး လသို့ သွားခဲ့သည့်နေ့ဖြစ်သည်။ ပျံသန်းနေစဉ် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ လမျက်နှာပြင်ပေါ်သို့ မရောက်မီ မိနစ်အနည်းငယ်တွင် အဖွဲ့အစည်းမှ ကွန်ပျူတာများတွင် သတိပေးချက် alarm များ မြည်ခဲ့သည်။ အားလုံးက ဒီတစ်ကြိမ်လည်း မအောင်မြင်တော့ဟု ထင်မှတ်ခဲ့ကြသည်။

သူမတို့အဖွဲ့ရေးသားခဲ့သည့် ကုဒ်စာအုပ်များနှင့်အတူ မာဂရက်အား တွေ့ရစဉ်

ထိုပြသနာတက်ရခြင်းမှာ ဆော့ဝဲကြောင့်မဟုတ်ပဲ lander’s radar သို့ ပါဝါအားပေးသွင်းမှု မမှန်ကန်မှုကြောင့်ဟု သိရသည်။ သို့သော် ပြသနာစစ်ဆေးဖြေရှင်းခြင်း နှင့် recovery program များစွာထည့်သွင်းရေးထားသည့် အပိုလိုဆော့ဝဲက ထိုအခက်အခဲကိုကယ်တင်ခဲ့ပြီး လူသားတို့အား လပေါ်သို့အောင်မြင်စွာ ဆင်းသက်စေခဲ့နိုင်သည်။

ထို့နောက်တွင်တော့ မာဂရက်သည် သိပ္ပံနှင့်နည်းပညာ ကဏ္ဍတွင် ကျော်ကြားသူတစ်ဦးဖြစ်လာခဲ့သည်။ ထိုအချိန်က သူမ၏အသက်မှာ ၃၃နှစ်သာ ရှိသေးသည်။ ထိုအချိန်က အမျိုးသားများအတွက်သာ ဖြစ်နေသော ထိုအလုပ်များတွင် သူမသည် ဦးဆောင်သူတစ်ယောက်ဖြစ်ခဲ့ပြီး အမေရိကန် သိပ္ပံ နှင့် နည်းပညာကဏ္ဍ အတွက် အရေးကြီးသောနေရာမှ ပါဝင်လာခဲ့သည်။

MIT မှ သူမထွက်ပြီးနောက် Higher Order ဆော့ဝဲကုမ္ပဏီကို ပူးပေါင်းတည်ထောင်ခဲ့ပြီး ထိုကုမ္ပဏီတွင် ၁၉၇၆ခုနှစ်မှ ၁၉၈၄ခုနှစ်အထိ CEO ရာထူးကို ထမ်းဆောင်ခဲ့သည်။ ထို ကုမ္ပဏီသည် သိပ္ပံနည်း နည်းပညာ အကြံဉာဏ်ပေးခြင်း ၊ error များဖြေရှင်းပေးခြင်း နှင့် အမေရိကန်အစိုးရဌာနများတွင် အသုံးပြုရန် ဆော့ဝဲများစွာထုတ်လုပ်ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။ ၁၉၈၅တွင်တော့ ထိုကုမ္ပဏီမှ ထွက်ခွာခဲ့သည့် မာဂရက်သည် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Hamilton Technologies ကိုတည်ထောင်ခဲ့သည်။ သူမလုပ်ဆောင်ခဲ့သည့် ပရောဂျက်စုစုပေါင်း ၇၀ခန့် ရှိသည်။

၂၀၀၃ခုနှစ်တွင် နာဆာမှ သူမအား အပိုလိုဆော့ဝဲအတွက် ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။ ၂၀၁၆တွင် ဆော့ဝဲအင်ဂျင်နီယာပညာရပ်အတွက် သမ္မတအိုဘားမားမှ ချီးမြှင့်သည့် အမေရိကန်နိုင်ငံသားတို့အတွက်အမြင့်ဆုံးဆုဖြစ်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု ၊ ၂၀၁၇တွင် ကွန်ပျူတာသမိုင်းအတွက် Museum Fellow ဆု ၊ ၂၀၁၇တွင် နာဆာမှ ထပ်မံချီးမြှင့်သည့် Women of NASA ဆု စသည်ဖြင့် ဂုဏ်ပြုဆုများကို ရရှိခဲ့သည်။

လက်ရှိအချိန်တွင်တော့ မာဂရက်သည် အသက် ၈၁နှစ် အရွယ်သို့ရောက်နေပြီဖြစ်ပြီး အမေရိကန်တွင် အေးချမ်းစွာနေထိုင်လျှက်ရှိသည်။ သို့သော် သူမ၏ လုပ်ဆောင်ချက်များကြောင့် လူသားတို့သမိုင်းအတွက် အရေးကြီးသောနေရာမှ ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ယောက်အဖြစ်ယနေ့တိုင် ချီးကျူးနေကြဆဲဖြစ်လေသည်။

“အခြားသူတွေကို အားကျပြီး ထိုင်ကြည့်မနေနဲ့ ၊ ဝေဖန်ပြီးတော့ အချိန်တွေ မဖြုန်းနဲ့ ၊ ဘာအတွက်နဲ့မှ မသိမ်ငယ်နဲ့ ၊ ကျွန်မတို့ မိန်းမသားတွေမှာလည်း အကန့်အသတ်မဲ့စွမ်းရည်တွေပါလာပြီးသားပါ ၊ ယုံယုံကြည်ကြည် နဲ့ တစိုက်မတ်မတ်သာလုပ်ရင် အောင်မြင်မှုဆိုတာရရှိလာမှာပါ”

 

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
တုံးမောင်း ၊ အုံးမောင်း နှင့် ကလတက် တို့အကြောင်း

တုံးမောင်း ၊ အုံးမောင်း နှင့် ကလတက် တို့အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!