Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူပေါင်း ၁၅၂ ယောက် ၆ရက်လောက် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်ရပ်ရဲ့ အဖြေ

by Thutamm
October 2, 2019
Reading Time: 1min read
0
လူပေါင်း ၁၅၂ ယောက် ၆ရက်လောက် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်ရပ်ရဲ့ အဖြေ
Share on FacebookShare on Twitter

(Unicode)

ကျေးရွာငယ်လေး(၂)ခုက လူပေါင်း ၁၅၂ယောက်ဟာ (၆)ရက်ကျော်လောက်ကြာအောင် ရုတ်တရက် အိပ်ပျော်သွားပြီး အမျိုးအမည်မသိတဲ့ဖြစ်စဉ်တွေကို အိပ်ပျော်နေလျက်နဲ့ ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ ပြန်လည်နှိုးထလာချိန်မှာလည်း ကာယကံရှင်တွေဟာ ဘာကိုမှရေရေရာရာ မမှတ်မိပဲ မောပန်းနွမ်းနယ်ခြင်း၊အားအင်ကုန်ခမ်းခြင်းစတာတွေကို သာခံစားခဲ့ရပါတယ်။ ဒေသခံတွေရဲ့ နောက်ကြောင်းပုံပြင်တွေ၊ဝိညဉ်တွေနဲ့ ဆက်စက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကာဇက်စတန်သိပ္ပံပညာရှင်တွေက ဒီဖြစ်စဉ်ရဲ့အဖြေကို သိပ္ပံနည်းကျကျ အဖြေထုတ် ပေးနိုင်ခဲပါတယ်။

ကာဇက်စတန်မြောက်ပိုင်းမှာရှိတဲ့ Kalachi နဲ့ Krasnogorsk ကျေးရွာ(၂)ရွာဖြစ်ပွားခဲ့တဲ့ ဒီထူးဆန်းတဲ့ဖြစ်ရပ်ဟာ (၂၀၁၃)ခုနှစ်၊မတ်လကတည်းကဖြစ်ပွားခဲ့တာလို့ ကာဇက် စတန်အစိုးရရဲ့ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။ ပုံမှန်အလုပ်တွေပြုလုပ်နေစဉ်မှာပဲ ထူးဆန်းတဲ့ ရုတ်တရက်အိပ်ပျော် သွားတဲ့ရောဂါကို ခံစားရသူပေါင်းဟာ ယင်းဒေသတွေမှာရှိတဲ့ ရုရှားနဲ့ဂျာမန်နွယ်ဝင် (၈၁၀) ဦးအနက် ၁၅၂ယောက် ခံစားခဲ့ရတယ်လို့သိရပြီး လူနာအများစုက တော့အလွန်ကြီးမားတဲ့ Kazakh မြက်ခင်းလွင်ပြင်ဒေသမှာ အခြေချနေထိုင်ကြသူတွေ ဖြစ်ပါတယ်။

လူနာတွေဟာ ရုတ်တရက်အိပ်ပျော်သွားစဉ်ကာလအတွင်းမှာ လမ်းလျှောက်ခြင်း၊လန့်နိုးချိန်တွေမှာလည်း အားအင်ကုန်ခမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ အားနည်းပြီးမူးလဲခြင်းတို့ကို ခံစားခဲ့ရပါတယ်။ တစ်ခါအိပ်ပျော်ချိန်ဟာ(၆)ရက်ကျော် ကြာအောင်ကြာမြင့်တတ်ပြီး အချို့ဆိုရင် ယင်းအချိန်တွေအတွင်းမှာ ဒါဇင်ဝက်ကျော် တဲ့ လမ်းလျှောက်ခြင်း၊ဟစ်အော်ခြင်းစတဲ့ထူးဆန်းတဲ့ဖြစ်စဉ်တွေကိုကြုံတွေ့ရပါတယ်။

လူနာတွေဟာ အိပ်ပျော်နေစဉ်အတွင်းမှာ ဟောက်ခြင်း၊ လူကောင်းတစ်ယောက်လို အရာဝတ္ထုတွေကို ရှောင်ကွင်းပြီးသွားလာနိုင်ခြင်း၊ အချို့ဆိုအိမ်တွင်းမှုကိစ္စတွေကိုပါ ဟန်မပျက်လုပ်ဆောင်နိုင်ခြင်းတို့ကိုတောင် ပြုလုပ်လေ့ရှိပေမဲ့ အိပ်ရာနှိုးထချိန်မှာတော့ ဘယ် အရာကိုမှ မှတ်မိခြင်းတော့မရှိကြပါဘူးလို့ Komsomolskaya Pravda သတင်းစာရဲ့ (၂၀၁၄)အတွင်း ကွင်းဆင်းလေ့လာမှုတွေအရသိရပါတယ်။

ရောဂါခံစားရသူတွေကတော့ သက်ကြီး၊သက်ငယ်၊ကလေးတွေအထိ စုံလင်ကြပါတယ်။ ယင်းဒေသခံကလေးတွေဖြစ်တဲ့ Rudolf Boyarinos နဲ့ Misha Plyukhin တို့ရဲ့အဆိုအရတော့ သူတို့အိပ်ပျော်နေစဉ်အတွင်းမှာ မြင်းပျံတွေ၊ နဂါးပျံတွေလို ထူးဆန်းတဲ့အရာတွေကို သူတို့ရဲ့ကုတင်အောက် မှာမြင်တွေ့ရသလို သူတို့ရဲ့လက်တွေကိုလည်း တီကောင်တွေရဲ့ကိုက်ခဲမှုကို နာကျင်စွာ ခံစားရတယ်လို့ မရေမရာထုတ်ဖော်ပြောကြားမှုတွေ ရှိပါတယ်။

Kalachi နဲ့ Krasnogorsk ကျေးရွာ(၂)ရွာမှဖြစ်ပွားခဲ့တဲ့ အချို့သောဖြစ်ရပ်တွေမှာဆိုရင် အိမ်မွေးတိရိစ္ဆာန်တွေအထိ ရုတ်တရက်အိပ်ပျော်ပြီး ကယောင်ကတမ်းတွေ လိုက်လံပြုလုပ်တဲ့ ဖြစ်ရပ်တွေအထိ ရှိနေခဲ့တာကိုတွေ့ရပါတယ်။ ဒေသခံအမျိုးသမီး Yelena Zhavoronkova ရဲ့ Marquis အမည်ရတဲ့ကြောင်လေးဟာ သောကြာနေ့ ညနေတစ်ခုမှာတော့ အိပ်ပျော်နေရာက နေရုတ်တရက် စိတ်ဖောက်ပြန်ပြီး အနီးဝန်းကျင်နံရံတွေ၊ ပရိဘောဂပစ္စည်းတွေနဲ့ အိမ်မှာ ရှိတဲ့ခွေးတွေကိုတောင် လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။

နောက်တော့ကြောင်ဟာ လူတစ်ယောက်ရဲ့ဟောက်သံ တွေအတိုင်းအိပ်ပျော်သွားခဲ့ပြီး စနေနေ့ နံနက်ပိုင်းအထိ အိပ်ပျော်နေခဲ့တယ်လို့ဆိုပါတယ်။ အိပ်ရာနှိုးချိန်မှာလည်း မျက်စိပွင့်နေရုံမှတစ်ပါးမည်သည်အမူအရာမျှမပြပဲ အစာစားတာမျိုးတောင်မလုပ်တော့ပဲ အားနည်းသွားတဲ့သဏ္ဍာန်ဖြစ်သွားခဲ့တယ်လို့ Zhavoronkova က ဒေသခံမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ လူပေါင်း များစွာဟာ ရက်ပေါင်းများစွာ အိပ်ပျော်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုအဖြစ် Sleep hollow လို့ နာမည်ကြီးလာခဲ့ပြီးနောက် ပညာရှင်ပေါင်းများစွာက တိတိကျကျ အဖြေထုတ်ဖို့ ကြိုးစားခဲ့ကြပါတော့တယ်။

ဆရာဝန်တွေဘက်ကတော့ Marquis အပါအဝင်အခြားရောဂါခံစားနေရသူတွေကို စမ်း သပ်လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ အစောပိုင်းစမ်းသပ်ချက်တွေအရတော့ ဆရာဝန်တွေ ဟာ လူနာတွေရဲ့သွေးအတွင်း Vodka အရက်ရဲ့အာနိသင်တွေကြောင့် အမူးလွန်နေတာ ဖြစ်တယ်လို့ အဖြေထုတ်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ Vodka တွေလိုအာနိသင် ရှိတဲ့ဓာတ်တွေဟာ ဦးနှောက်အတွင်းကအမျိုးအမည်မသတ်မှတ်နိုင်တဲ့ရောဂါရဲ့ တစ်စိတ် တစ်ပိုင်းအနေနဲ့ဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ အဖြေထွက်ပါတယ်။ ဒါဆိုရင် ဒီဖြစ်ရပ်တွေရဲ့တရားခံဟာ စိတ်နယ်လွန်ကိစ္စတစ်ခုမဟုတ်ပဲ လူဦးနှောက်ကိုတိုက်ရိုက် ရောဂါရစေတဲ့ ဓါတုပစ္စည်း (သို့) ဓာတ်ငွေ့တွေကြောင့်ဖြစ်ရမယ်လို့ အဖြေထွက်သွားခဲ့ပါတယ်။

ဆိုဗီယက်ပြည်ထောင်စု ကောင်းစားစဉ်အခါက တူးဖော်ခဲ့တဲ့ ယူရေနီယံမှိုင်းတွင်းတွေ ဟာ အခင်းဖြစ်ပွားနေတဲ့နေရာအနီးတစ်ဝိုက်မှာရှိနေခဲ့တာဖြစ်ပြီး ယင်းနေရာတွေက ထွက်တဲ့ ရေဒီယိုသတ္တိကြွတွေကြောင့် ယင်းနေရာမှာပဲရှိခဲ့တဲ့ ယခင်လူပေါင်း (၆၅၀၀) လောက်ရှိတဲ့ Krasnogorsk မြို့ဟာ အသက်ရှင်သူ(၁၃၀)လောက်သာ ကျန်ခဲ့တဲ့အထိ အခြေအနေဆိုးခဲ့ဖူးတယ်ဆိုတဲ့ သမိုင်းတစ်ခုကိုပညာရှင်တွေဘက်က စတင်သတိထားမိခဲ့ပါတယ်။

ကာဇက်စတန်နိုင်ငံကျန်းမာရေးအဖွဲ့ရဲ့ စစ်ဆေးချက်တွေမှာတော့ ယင်း ယူရေနီယံမှိုင်းတွင်းတွေအနီးက လူနေအိမ်(၇၀၀၀)လောက်ကနေထိုင်သူတွေကို စစ်ဆေး ချိန်မှာတော့ သူတို့ရဲ့သွေးတွင်းမှာ ဦးနှောက်ရောဂါခံစားရလောက်တဲ့အထိ ရေဒီယိုသတ္တိကြွပမာဏမရှိတာကိုတွေ့ခဲ့ရပါတယ်။ အချို့အိမ်တွေမှာဆိုရင် ရေဒီယို သတ္တိကြွ ပမာဏများလွန်းတဲ့အနေအထားရှိသူတွေကို တွေ့ရပေမဲ့ ဦးနှောက်ကို ထိခိုက်သွားလောက်တဲ့ ဖြစ်ရပ်မျိုးအတွက်တော့လုံလောက်ခြင်းတော့မရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ (၂၀၁၄)ခုနှစ်အတွင်းက အိမ်မွေ့ချပညာရှင်တစ်ဦးကတော့ ဒီဖြစ်ရပ်တွေ ဟာ စိတ်ပိုင်းဆိုင်ရာအားနည်းချက်ရှိသူတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ Bin Laden Itch လိုရောဂါအမျိုးအစားဖြစ်ပြီး အလားတူဖြစ်ရပ် မျိုးဟာ (၂၀၀၂)ခုနှစ်က ရှေမှောက်မှာလူသတ်ပွဲကိုမြင်တွေ့ခဲ့ရတဲ့ အမေရိကန် ပြည်ထောင်စုက ကလေးငယ်တစ်စု မှာလည်း ဖြစ်ပွားခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေဘက်က ဆက်လက်လေ့လာမှုရလဒ်တွေရတော့ ဒီဖြစ်ရပ်တွေဟာ ယူရေနီယံမိုင်းတွင်းတွေကထွက်ရှိတဲ့ ကာဗွန်မိုအောက်ဆိုဒ်နဲ့ ဟိုက်ဒရိုကာဗွန် ဓာတ်ငွေ့တွေဟာ ယင်းနေရာကလေထုအတွင်းမှာ သိပ်သည်းစွာ နေရာယူထားတာ ကြောင့်ဖြစ်တယ်လို့ အဖြေထွက်ပါတယ်။ ယင်းအဖြေအတွက် ပညာရှင်တွေဟာ ရောဂါဝေသနာရှင်တွေကို ဓာတ်ခွဲမှုတွေ၊ဆေးစစ်ချက်တွေ အပြန်အလှန်ပြုလုပ်စိစစ်ပြီး မှ အတည်ပြုခဲ့တာဖြစ်ပါတယ်။

ယူရေနီယံမိုင်းတွင်းတွေဟာ အခင်းဖြစ်ရာနေရာတွေနဲ့ နီးနီးကပ်ကပ်ရှိနေတာဖြစ်လို့ ရေဒီယိုသတ္တိကြွမှုမဟုတ်တဲ့ အခြားသောဘေးဖြစ်စေတဲ့ ကာဗွန်မိုအောက်ဆိုဒ်ဓာတ် တွေဟာ နှစ်နဲ့ချီပြီး Kalachi နဲ့ Krasnogorsk ကျေးရွာသားတွေနေ့စဉ်ရှူရှိုက်ရတဲ့ လေထုထဲကိုရောက်နေခဲ့တာဖြစ်ပါတယ်။ ဒီဓာတ်တွေဟာ အောက်ဆီဂျင်ကိုလျော့ကျစေပြီး ညစ်နွမ်းတဲ့ဝန်းကျင်တစ်ခုကို ဖန်တီးပါတယ်။ ဒီလိုဦးနှောက်ပိုင်းနဲ့ ဆိုင်တဲ့ ရောဂါမျိုးကတော့ လူတိုင်းတော့မဖြစ်နိုင်ပါဘူး၊မျိုးရိုးဗီဇဆိုင်ရာ နဲ့လည်းသက်ဆိုင်နေ ပါသေးတယ်လို့ ကာဇက်စတန်အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Berdibek Saparbaev ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယနေ့အချိန်မှာတော့ ကာဇက်စတန်အစိုးရဘက်က Kalachi နဲ့ Krasnogorsk ကျေးရွာတွေကို ဖျက်သိမ်းဖို့ရှိနေပြီး ဒေသခံတွေကိုပြောင်းရွှေ့မှုတွေပြုလုပ်နေခဲ့ရာ စုစုပေါင်း မိသားစု (၂၂၃)စုအနက် (၆၈)စုကိုဘေးလွတ်ရာနေကိုရွေပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Ref :
BBC : The Mysterious Sleeping Sickness of a Kazakh Village Health Check
Guardian News : Mystery of Kazakhstan sleeping sickness solved, says government
Wiki : Sleep hollow

Tags: amazing
Next Post
ခိုးယူခံခဲ့ရတဲ့ ရွှေရောင်ခေါင်းတလား နယူးယောက်မှ အီဂျစ်သို့ပြန်လည်ရောက်ရှိ

ခိုးယူခံခဲ့ရတဲ့ ရွှေရောင်ခေါင်းတလား နယူးယောက်မှ အီဂျစ်သို့ပြန်လည်ရောက်ရှိ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!