• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူပုကလေးတွေရဲ့ရွာ

by Thutamm
August 15, 2019
Reading Time: 1min read
0
လူပုကလေးတွေရဲ့ရွာ
Share on FacebookShare on Twitter

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း Sichuan ပြည်နယ်အတွင်းမှာတည်ရှိတဲ့ Yangsi ကျေးရွာဟာလည်း အာရှရဲ့ထူးဆန်းဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဒေသတစ်ခုဖြစ်နေ ပါတယ်။ အကြောင်းကတော့ လူပုမျိုးနွယ်စုများစွာ တည်ရှိနေတဲ့အချက်ကြောင့်ဖြစ်ပါ တယ်။ ဘာကြောင့်ဒီလို လူပုများစွာတစ်နေရာတည်းမှာတည်ရှိနေတယ်ဆိုတဲ့ အချက်ကို မျိုးရိုးဗီဇဆိုင်ရာပညာရှင်များစွာက ခုချိန်ထိ တိကျတဲ့ အဖြေကိုပေးနိုင်ခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။

Yangsi ကျေးရွာဟာ မြို့ပြနဲ့အလွန်ဝေးကွာတဲ့ အရပ်မှာ တည်ရှိနေတာဖြစ်ပြီး လူနေအိမ်ခြေအလွန်နည်းပါးပါတယ်။ ဒီကျေးရွာရဲ့ ပတ်လည်မှာတောင်တန်းတွေ၊စပါးခင်းတွေသာဝန်းရံထားပြီး ယနေ့အထိလူဦးရေ (၈၀)လောက်သာ အခြေချနေထိုင်ပါတယ်။ လူဦးရေရဲ့ (၄၀)ရာခိုင်နှုန်းဖြစ်တဲ့ (၃၆) ယောက်ဟာ လူပုလေးတွေဖြစ်ပြီး သူတို့တွေရဲ့အရှည်ဆုံးအရပ်ဟာ (၃)ပေ(၁၀) လက်မ ဖြစ်ပြီး အပုဆုံးအနေနဲ့ (၂)ပေနဲ့ (၁)လက်မအရွယ်အစားသာ ရှိပါတယ်။

ထူးခြားတာကတော့ အဲဒီ လူပုမျိုးနွယ်အားလုံးဟာ အခြားသောတရုတ်ပြည်ဒေသအသီးသီးက ပြောင်းရွေ့လာတာ မျိုးမဟုတ်ပဲ Yangsiဒေသမှာပဲ ဘိုးဘွားစဉ်ဆက်နေထိုင်လာခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ အများစုကတော့ အခြားသောအရပ်ကို ပြောင်းရွေအခြေချနေထိုင်ခြင်း မရှိပဲ ဒေသစွဲပြင်းထန်သူတွေဖြစ်ကြပါတယ်။

မျိုးရိုးဗီဇဆိုင်ရာလေ့လာမှုတစ်ရပ်မှာတော့ Yangsi ကျေးရွာကလူပုမျိုးနွယ်တွေရဲ့ ဗီဇမျိုးဟာ လူပေါင်း(၂၀၀၀၀)လောက်မှာ(၁)ဦးဖြစ်ဖို့တောင် ရာခိုင်နှုန်းအလွန်နည်းပါး တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီကျေးရွာမှာတော့ ဒီလိုလူပုမျိုးနွယ်အများကြီး ရှိနေတဲ့အချက်က သိပ္ပံပညာရှင်တွေအတွက် ခေါင်းရှုပ်စရာ ဖြစ်လာခဲ့ပါတယ်။ သာမန်ထက်ထူးကဲနေတဲ့ ဖြစ်ရပ်အဖြစ်သာ မှတ်ချက်ပြုထားကြတာကို တွေ့ရပါတယ်။

ယင်းဒေသနဲ့ဆက်စပ်တည်ရှိနေတဲ့ စိုက်ပျိုးသီးနှံ၊မြေဆီလွှာ၊ ရေစတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေဟာလည်း ပုံမှန်အတိုင်းသာရှိတာကြောင့် အတော်ကို အံ့သြသင့်စရာဖြစ်လို့နေပြန်ပါတယ်။ ဒါအပြင် လူပုမျိုးနွယ်ရဲ့ တစ်ဦးချင်းကို Genetic Engineering နည်းနဲ့ ဆန်းစစ်ခဲ့ပေမဲ့ ထူးဆန်းတဲ့ အချက်အလက်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်းမရှိခဲ့ပြန်ပါဘူး။ ယနေ့အချိန်မှာတော့ Yangsiကျေးရွာရဲ့ လူဦးရေဟာ (၈၀)ဦးသာရှိပေမဲ့ ဒေသခံတွေက တော့ သေလွန်ခဲ့ပြီးတဲ့ လူပုမျိုးနွယ်(၁၁၉)ဦးအပြင် အခြားသောဝိညဉ်တွေပါ ယင်းဒေ သမှာပေါင်းစဉ်းနေထိုင်ကြတယ်လို့ဆိုပါတယ်။

ဒါအပြင်ကွယ်လွန်ပြီးတဲ့ လူပုမျိုးနွယ် တွေဟာ ဒီရွာမှာပဲ လူပြန်ဝင်စားတယ်ဆိုတဲ့ ယုံကြည်ချက်လည်းရှိနေပါတယ်။ ဒီလိုထူးဆန်းတဲ့ လူပုမျိုးနွယ်တွေတည်ရှိနေတဲ့ Yangsiကျေးရွာရဲ့သတင်းဟာ (၁၉၁၁) ခုနှစ်လောက်ကတည်းက တရုတ်နိုင်ငံတွင်း ကျော်ကြားခဲ့တာဖြစ်ပေမဲ့ အစိုးရကတော့ (၁၉၅၁)ခုနှစ်လောက်ကမှ စတင်လေ့လာမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ဒါကလည်း အင်္ဂလိပ်သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ Karyl Robin Evans ရဲ့လေ့လာမှု Yangsi ကျေးရွာအနီး ခရီးစဉ်တစ်ခုအတွင်းမှာ လူပုမျိုးနွယ်တစ်ရာနီးပါးကို စတင်တွေ့ ရှိခဲ့ရာမှ အစိုးရအဆင့်စတင်စုံစမ်းဖို့အကြောင်းဖန်လာတာပဲဖြစ်ပါတယ်။ တွေ့ရှိသူ Karyl Robin Evansကိုယ်တိုင်(၄)နှစ်ခန့်လောက်အချိန်ယူ လေ့လာခဲ့ပြီးမှ သူရဲ့တွေ့ရှိ ချက်ကို ကြေငြာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

စိတ်ဝင်စားစရာအချက်ကတော့ အဲဒီအချိန်တုန်းက တရုတ်အစိုးရဟာ  ဒီလူပုမျိုးနွယ်တွေ တည်ရှိနေတယ်ဆိုတဲ့ အကြောင်းကို ကမ္ဘာကိုချပြခဲ့ခြင်းမရှိတဲ့ အပြင် နိုင်ငံခြားဧည့်သည်တွေကိုလည်း ယင်းနေရာကို သွားရောက်ဖို့ခွင့်မပြုခဲ့ပါဘူး။ ယခုလိုယင်းထူးဆန်းတဲ့ လူပုမျိုးနွယ်တွေရှိနေတယ်ဆိုတဲ့အကြောင်း ကိုလည်း သတင်းမုဆိုးတွေရဲ့ဖော်ပြချက်တွေ ပျံ့နှံ့လာမှသာ အကန့်အသတ် နဲ့ လာရောက်လေ့လာ ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

Yangsi ဒေသခံတွေရဲ့ပြောပြချက်ကတော့ ဟိုးယခင်အချိန်ကာလ တုန်းကတော့ ရွာခံတွေရဲ့ အရပ်အမောင်းဟာ သာမန်အတိုင်းရှိနေခဲ့ပါတယ်။ ဒါပေမဲ့တစ်ခုသော နွေရာသီအချိန်မှာ တော့ထူးဆန်းတဲ့ ကပ်ရောဂါဆန်ဆန်ကူးစက်ရောဂါတစ်မျိုးဟာ ရွာခံအသက်(၅)နှစ်ကနေ(၇)နှစ်အကြား ကလေးငယ်အချို့ ကိုကူးစက်ခဲ့ပါတယ်။ ယင်းရောဂါကျရောက်ပြီးချိန်မှာတော့ ကလေးငယ်တွေရဲ့ ကြီးထွားမှုနှုန်းဟာရပ်တန့် သွားခဲ့ပါတယ်။ ဝေဒနာခံစားခဲ့ရတဲ့ ကလေးငယ်တွေအနေနဲ့ ကြီးထွားမှုရပ်တန့်သွားခဲ့ တာကလွဲပြီး အခြားခန္ဓာကိုယ်ဆိုင်ရာ ကြီးကြီးမားမားထိခိုက်မှုတော့မရှိခဲ့ဖူးလို့ ဆိုပါတယ်။

အချို့ကလည်း Yangsiကျေးရွာက လူပုမျိုးနွယ်တွေများပြားနေရခြင်းဟာ ဂျပန်စစ်တပ်က တရုတ်ကို ကျူးကျော်တိုက်ခိုက်ချိန်က အဆိပ်သင့်ဓာတ်ငွေ့တွေကိုအသုံးပြု တိုက်ခိုက်ခဲ့ခြင်းကနေ ရရှိတဲ့အကျိုးဆက်ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဆန်းစစ်ချက်တွေအရတော့ ဂျပန်တွေရဲ့ကျူးကျော်စစ်ဆင်နွှဲတဲ့နယ်မြေအတွင်းမှာ ဂျပန်စစ်တပ်ဟာ Yangsi ကျေးရွာဧရိယာထိ မရှိခဲ့တာကြောင့် ဒီသုံးသပ်ချက်ဟာ ပျက်ပြယ်ခဲ့ရပါတယ်။ အချို့ကလည်း ဒါဟာ ကျိန်စာတစ်ခုဖြစ်ပြီး သူတို့ရဲ့ဘိုးဘေးဘီဘင်တွေကို ကောင်းမွန် စွာမြုပ်နှံသဂြိုလ်ခြင်း မရှိခဲ့တာကြောင့်လည်းဖြစ်တယ်လို့ဆိုကြပြန်ပါတယ်။

ဒီလူပုကျေးရွာအပေါ်အခြားများစွာသောထင်မြင်မှု၊ အကြောင်းပြချက်တွေရှိနေတဲ့အပြင် သိပ္ပံနည်းပညာအရ စမ်းသပ်ချက်တွေမှာလည်း ယခုတိုင် တိကျတဲ့ အဖြေထွက်ပေါ်လာခဲ့ခြင်း မရှိတာတွေကြောင့် လူစိတ်ဝင်စားမှု တစ်နေ့ တစ်ခြားများပြားလျက်ရှိနေပါတယ်။ ရိုးရာပုံပြင်တစ်ခုမှာတော့ Yangsi ရွာသား Wang လို့အမည်ရတဲ့သူတစ်ဦးဟာ တစ်ပါးသောအရပ်ကနေ ထူးဆန်းတဲ့ ခြေထောက်တွေပါ ရှိတဲ့ ပင်လယ်လိပ်တစ်ကောင်ကို ရွာကိုသယ်ဆောင်လာခဲ့ပါတယ်။ ရွာသားတွေအနေနဲ့ ယင်းလိပ်ကြီးကို သတ်ဖြတ်စားသောက်ရမလား ပြန်လွှတ်ပေးရမလာဆိုတာ ဝေခွဲမရ ဖြစ်နေခဲ့ပါတယ်။

Yangsi ရွာမှာရှိတဲ့ အဆိုးမြင်ဝါဒီတွေက သတ်ဖြတ်စားသောက်ပြီး ရိုးရာအတိုင်းကျင်းပတဲ့ ရွာစားသောက်ဝိုင်းမှာတည့်ခင်းတဲ့ ဟင်းလျာအဖြစ်သဘောတူ ကြပါတယ်။ အချို့ကလည်း ဒီကမ္ဘာလိပ်ကြီးရဲ့ အသားဟာဘေးရန်ကို ဖြစ်စေတတ်ကြောင်းပြောဆိုဖျောင်းဖြမှုတွေရှိပေမဲ့ နောက်ပိုင်းမှာတော့ ကမ္ဘာလိပ်ကြီး ကိုသတ်ဖြတ်စားသောက်ခဲ့ကြပါတယ်။ ယင်းနောက်မှာ ကမ္ဘာလိပ်ရဲ့အသားကို စားသောက်မိတဲ့သူတိုင်း မျိုးရိုးစဉ်ဆက် ယခုလိုကြီးထွားမှုရပ်တံ့တဲ့ ရောဂါကိုကြုံလာ ရပါတယ်လို့ ဒီပုံပြင်ကဆိုပါတယ်။

Yangsi ကျေးရွာမှာရှိတဲ့ လူပုမျိုးနွယ်တွေဟာ နှစ်ပေါင်း(၆၀)ထက်မက ယခုလို ကြီးထွား မှုရပ်တန့်တဲ့ရောဂါကို ခံစားနေခဲ့ရတာပဲဖြစ်ပါတယ်။ ယင်းလူပုမျိုးနွယ်ထဲကမှ အချို့သောမိသားစုအနည်းငယ်ကတော့ ဒီဗီဇဆိုင်ရာကွဲပြားမှုဖြစ်စဉ်က လွတ်ကင်းမှု အနည်းငယ်တော့ရှိခဲ့ပါတယ်။

ယနေ့တိုင် သိပ္ပံနည်းပညာတွေနဲ့ အဖြေရှာမရတဲ့ ပြသနာဖြစ်နေတာကြောင့်လည်း Yangsi ရွာနဲ့ပတ်သက်တဲ့ ရှေးပုံပြင်လာကျိန်စာ တွေဟာတကယ်ပဲ မှန်ကန်နေခဲ့တာလားလို့လည်း သံသယဖြစ်စရာကောင်းနေပါတယ်။ နောင်တစ်ချိန်ချိန်မှာ Yangsi ကျေးရွာရဲ့ ဒီထူးခြားမှုဖြစ်စဉ်အတွက် မှန်ကန်တဲ့အဖြေ တစ်ခုထွက်လာကောင်း ထွက်လာနိုင်ပေမဲ့ ယနေ့အချိန်ထိတော့ ဒီကျေးရွာကို ထူးဆန်းတဲ့ အရပ်ဒေသလို့ပဲ သတ်မှတ်ထားရမှာပဲဖြစ်ပါတယ်။

သုတဇုန်

Tags: world places
Next Post
တီတီကာကာ ရေကန်ကြီး အောက်က မြို့တော်ဟောင်း

တီတီကာကာ ရေကန်ကြီး အောက်က မြို့တော်ဟောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!