• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူတွေကို အကျိုးအပြုဆုံး တိရစ္ဆာန် ၁၀ မျိုး

by Thutamm
March 8, 2020
Reading Time: 1min read
0
လူတွေကို အကျိုးအပြုဆုံး တိရစ္ဆာန် ၁၀ မျိုး
Share on FacebookShare on Twitter

ကမ္ဘာပေါ်က သက်ရှိတွေအားလုံးမှာ လူသားတွေဟာဉာဏ်ရည်၊ဉာဏ်သွေးအထက်မြက်ဆုံး ဖြစ်နေတာကြောင့် အရာခပ်သိမ်းအပေါ်စိုးမိုးထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့သမိုင်းတစ်လျှောက် ကနေ ယခုလို သိပ္ပံခေတ်ကာလတွေအထိ လူသားတွေကို အကျိုးပြုတဲ့ တိရစ္ဆာန်မျိုးစိတ်တွေဆိုတာလည်း ရှိနေလို့နေပြန်ပါတယ်။ ဒီနေရာမှာ သုတဇုန် မိတ်ဆွေတွေကို မျှဝေပေးချင်တာကတော့ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေကို အကျိုးပြုတဲ့တိရစ္ဆာန်(၁၀)မျိုးအကြောင်းပဲဖြစ်ပါတယ်။

(၁၀) Pigeons ( ခို)

နည်းပညာခေတ်ရဲ့ဆက်သွယ်ရေးကွန်ယက်တွေ၊လျှပ်စစ်ဓာက်အား ပေးလွှတ်ရာကမတော်တဆဖြစ်စဉ်တွေကြောင့် သေဆုံးရတဲ့ငှက်စာရင်းမှာခိုတွေဟာလည်းအပါအဝင်ဖြစ်ပါတယ်။ အချို့တွေဆိုရင်ခိုတွေရဲ့လူညည်းသလိုဖြစ်တဲ့အသံကြောင့်ခိုတွေ ကိုနိမိတ်မကောင်းတဲ့ငှက်တွေအဖြစ် ရည်ညွှန်းကြပေမဲ့ အတိတ်ကာလသမိုင်းကြောင်းမှာ တော့ ခိုတွေဟာလူတွေအတွက်အလွန်အသုံးဝင်တဲ့ဆက်သွယ်ရေးလုပ်သားတွေဖြစ်ကြ ပါတယ်။

Homing sense လို့သိကြတဲ့နေရာဒေသတစ်ခုကိုစွဲစွဲမြဲမြဲသိနိုင်တဲ့ခိုတွေဟာမိုင် အလွန်ဝေးတဲ့နေရာတစ်နေရာကနေတစ်နေရာအထိ ပျံသန်းနိုင်ကြပြီး အရေးပါတဲ့စာချွန် လွှာတွေကိုသယ်ဆောင်ပေးခဲ့ကြပါတယ်။ အထူးသဖြင့်ဆက်သွယ်ရေးနည်းပညာအားနည်း တဲ့စစ်ပွဲတွေမှာဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလကဆိုရင် ခိုငှက်ပေါင်း (၃၂)ကောင်လောက် ဟာဗြိတိန်စစ်တပ်ရဲ့စစ်ရေးဆိုင်ရာဂုဏ်ပြုဆုတံဆိပ်ဖြစ်တဲ့ Dickin Medal ကိုပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ (ကျန်းမာရေးဘက်က ပြန်ကြည့်ရင်တော့ ခိုတွေဟာ လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ခိုမှတစ်ဆင့်ကူးစက်နိုင်သည့်ရောဂါပေါင်း ၆၀ ကျော်အထိ ရှိနေတယ်လို့ သိရပါတယ်)

(၉) Chickens (ကြက်)

ဒီစာရင်းထဲမှာကြက်တွေပါဝင်လာတာကတော့ သိပ်အံသြစရာမကောင်းလှပါဘူး။ မိတ်ဆွေတို့သိတဲ့ အတိုင်းပဲ ကြက်တွေကနေရရှိတဲ့ဥနဲ့ အသားဟာ လူသားတွေရဲ့အရေးပါတဲ့စားသောက်ဖွယ်ရာဖြစ်နေတယ်ဆိုတဲ့အချက်ကြောင့်ဖြစ်ပါတယ်။ ကြက်တွေဟာနေရာ၊ဒေသမရွေးရှင်သန်နိုင်ကြတာဖြစ်ပြီး လူသားတွေအတွက်လိုအပ်တဲ့ အဟာရဓာတ်ကိုပုံစံမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့အချက်က လူသားတွေကို သူတို့ရဲ့သွေးသားနဲ့ရင်းပြီး ကူညီရာရောက်ပါတယ်။

(၈) Sea Creatures (ရေနေတိရစ္ဆာန်များ)

လူသားတွေကိုကူညီပေးတဲ့ Sea Creatures အုပ်စုမှာတော့ ပင်လယ်ဖျံတွေ၊ ဝေလငါးဖြူ တွေပါဝင်နေပြီး သိပ္ပံပညာရှင်တွေဆိုရင် ပင်လယ်ရေပြင်ရဲ့အပူချိန်အပြင်အထူးထူးသော သမုဒ္ဒရာကြမ်းပြင်အချက်အလက်တွေကို ယင်းသတ္တဝါတွေကိုကြည့်ရှုပြီးမှတ်တမ်းတင်လေ့ လာကြတယ်လို့သိရပါတယ်။

ပင်လယ်ဖျံတွေနဲ့ ဝေလငါးတွေမှာ သေးငယ်တဲ့ sensors (အာရုံခံကိရိယာ)တွေကို တပ်ဆင်ပေးပြီး သက်ဆိုင်ရာ ကွန်ပျူတာဖန်သားပြင်ကနေ သမုဒ္ဒရာ ဆိုင်ရာလေ့လာမှုတွေပြုလုပ်ကြတာဖြစ်ပါတယ်။ ပင်လယ်ဖျံတွေဆိုရင် အမေရိကန်ရေ တပ်မှာဝင်ရောက်တာဝန်ထမ်းဆောင်နေကြတာကို တွေ့ရမှာဖြစ်ပြီး စစ်ရေယာဉ်တွေရဲ့ဘေး ဖြစ်စေမယ့် ရေအောက်ပေါက်ကွဲရေးပစ္စည်းတွေကိုရှာဖွေဖို့လေ့ကျင့်ပေးထားပါတယ်။

(၇) Electric eel (လျှပ်စစ်ဓာက်ထုတ်ပေးတဲ့ငါးရှဉ့်)

လျှပ်စစ်ငါးရှဉ်တွေရဲ့သိပ္ပံအမည်ကတော့ Electrophorus electricus ဖြစ်ပြီးသူတို့ဒေါသ ထွက်ချိန်မှာတော့ လူတစ်ယောက်ထုံကျင်သွားလောက်တဲ့လျှပ်စစ်စွမ်းအင်ကိုထုတ်လုပ် နိုင်ကြပါတယ်။ ယင်းလျှပ်စစ်ငါးရှဉ်တွေဟာ ဆေးဘက်ဆိုင်ရာလုပ်ငန်းတွေမှာဆိုရင် လည်း Pace-maker လို့သိကြတဲ့ နှလုံးခုန်မှန်စေတဲ့အီလက်ထရောနစ်ကိရိယာ (နှလုံး အနီးမြှုပ်သွင်းထားရသော) တွေကိုဖြစ်ပေါ်လာစေဖို့လမ်းပြခဲ့တာဖြစ်ပြီး သိပ္ပံပညာရှင်တွေ ကတော့ လျှပ်စစ်ငါးရှဉ့်တွေဆီကနေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုဦးတည်တဲ့ bio-electronic ကိရိယာတွေထုတ်လုပ်ဖို့ကြိုးစားလျက်ရှိပါတယ်။

(၆) Rats (ကြွက်)

အများအားဖြင့်ကြွက်တွေဟာ လူသားတွေရဲ့စိုက်ခင်းတွေကိုဖျက်ဆီးတတ်ကြတယ်၊ ပလိပ်ရောဂါလိုရောဂါဆိုးတွေကိုသယ်ဆောင်လာကြတယ်၊ လူအစားအသောက်အဝတ်အထည် တွေကို ကိုက်ဖျက်စားသောက်တတ်ကြတယ်ဆိုတဲ့အချက်နဲ့ လူတွေရဲ့မနှစ်မြို့စရာတိရစ္ဆာန်တွေဖြစ်တယ်လို့ သတ်မှတ်ကြရမှာပါ။

ဒါပေမဲ့ အာဖရိကကြွက်အမျိုးအစားဖြစ်တဲ့ African giant pouched ကြွက်တွေကတော့ သူရဲကောင်းတွေဖြစ်ပြီး Hero Rats တွေလို့တောင်ဂုဏ်ပြုခေါ်ဆိုခဲ့ကြရပါတယ်။ အကြောင်းကတော့ အာဖရိက နဲ့ ကမ္ဘာတဝှမ်းမှာဖြစ်ပွားခဲ့သော စစ်ပွဲတွေရဲ့ဆိုးမွေဖြစ်တဲ့မြေမြှုပ်မိုင်း တွေကို ဖော်ထုတ်ရာမှာအလွန်အသုံးဝင်ခဲ့လို့ဖြစ်ပါတယ်။ သူတို့ကျေးဇူးနဲ့ လူပေါင်းသန်းနဲ့ချီပြီး အကျိုးကျေးဇူးရရှိခဲ့ပြီး ယခုအချိန်ထိတိုင် မြေမြုပ်မိုင်းရှာဖွေရေးလုပ်ငန်းတွေမှာ အသုံးပြုနေကြဆဲဖြစ်ပါတယ်။

(၅) Horses (မြင်း)

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မြင်းရထားဆိုတာ လူသားတွေရဲ့အထူးစီးတော်ယာဉ်တွေဖြစ်ခဲ့ ကြောင်း ခိုင်မာတဲ့သမိုင်းမှတ်တမ်းတွေမှာသာက ကမ္ဘာကျော် ပုံပြင်တွေ ၊ ဒဏ္ဍာရီတွေကနေသိနိုင်ပါတယ်။ ခရီးသွားလာရေးအတွက်သာမက စိုက်ပျိုးရေးအတွက်ထယ်ထိုးတဲ့လုပ်ငန်းတွေ၊ သစ်ပင်လှဲတာတွေ ၊ သီးနှံသယ်ပို့ရေး လုပ်ငန်းတွေမှာဆိုရင်လည်း မြင်းတွေဟာအရေးပါခဲ့ပြီး မြင်းပြိုင်ပွဲတွေဆိုရင် ယနေ့အထိ ကမ္ဘာကျော်ဖျော်ဖြေရေးအားကစားပွဲတွေဖြစ်နေဆဲပါ။ စက်မှုခေတ်သစ်ကိုမရောက်ခင်အထိ မြင်းတွေဟာ မင်းဧကရာဇ်၊စစ်ဘုရင်တွေအတွက် အဓိကအသုံးအဆောင်အဖြစ် လူသမိုင်းမှာ နှစ်ထောင်နဲ့ချီရပ်တည်ခဲ့ကြပါတယ်။

(၄) Meat Animal

Meat Aniamal ဆိုတာကတော့ လူသားတွေအဟာရအဖြစ်စားသုံးတဲ့ နွား၊ဆိတ်၊သိုး နဲ့ဝက် လိုတိရစ္ဆာန်တွေကိုခေါ်ဆိုတာပါ။ လူသားတွေရဲ့ကျန်းမာရေး၊အဟာရအတွက် ယင်းတို့ကို မှီဝဲနေကြတာဟာ လူသမိုင်းမတင်ကာလကနေ ယနေ့အချိန်ထိဖြစ်ပြီးကွာခြားသွားတာဆို လို့ အမဲလိုက်ရတာနဲ့ ယနေ့မှာအသားဈေးမှာသွားဝယ်ရတာပဲ ကွာပါတော့တယ်။

နွားဆိုရင် လယ်ယာစိုက်ပျိုးလုပ်ငန်းရဲ့အရေးပါတဲ့နေရာကနေရှိနေပြီးအချို့နိုင်ငံတွေမှာဆိုရင် ကိုးကွယ်ယုံကြည်မှုအဖြစ်နဲ့ပါရှိနေတာပါ။ ဒါအပြင် နွားသားရည်နဲ့ သိုးမွှေးကိုအသုံးပြု ပြုလုပ်ထားတဲ့ ကမ္ဘာကျော်လူအသုံးအဆောင်ပစ္စည်းတွေဆိုတာလည်း ကမ္ဘာဈေးကွက်မှာရေပန်းစားမှုဟာ တစ်ကြိမ်မှလျော့ကျသွားတာမျိုးမရှိတာကြောင့် Meat Animal တွေ ဟာလူသားတွေကို အတော်လေးအကျိုးပြုနေတယ်ဆိုတာထင်ရှားပါတယ်။

(၃) Dairy

နွားနဲ့ဆိတ်တွေကနေရရှိတဲ့ နို့တွေဟာ လူသားတွေရဲ့နေ့စဉ်ဘဝမှာ အလွန်ကိုအရေးပါ နေပါတယ်။ နို့စားနွားခြံတွေကပဲ တစ်နေ့ကိုနို့တန်ချိန်များစွာထုတ်လုပ်ပေးနေတာဖြစ်ပြီး ယင်းနို့တွေကနေဆင့်ပွားပြီးဒိန်ချဉ်၊ဒိန်ခဲ၊ချိစ် အပြင် နို့နဲ့ ပတ်သက်တဲ့စားသောက်ကုန်များစွာကို ကမ္ဘာစားသုံးသူဈေးကွက်ကို တင်ပို့လျက်ရှိနေတာကြောင့် နို့ထုတ်လုပ်ပေးတဲ့ Dairy တွေ ကလည်း လူသားတွေအတွက်အရေးပါတဲ့နေရာကကို ပါဝင်နေတာဖြစ်ပါတယ်။

(၂) Dogs (ခွေး)

ခွေးတွေဟာ လူတွေရဲ့အကောင်းဆုံးမိတ်ဆွေပါဆိုတဲ့စကားရှိပါတယ်။ ဒါကိုတော်တော်များများလည်း လက်ခံကြမယ်ထင်ပါတယ်။ ခွေးတွေဟာ လူသား တွေအတွက်နေအိမ်၊ခြံစောင့်တွေသာမကပဲ အမဲလိုက်ခြင်းလုပ်ငန်းတွေအထိ ပါဝင်နေခဲ့တာဖြစ်ပါတယ်။ ဒါအပြင်စစ်မြေပြင် မှိုင်းရှာတဲ့လုပ်ငန်းတွေ၊ဘိန်းလို တရားမဝင်ပစ္စည်းရှာဖွေရေးလုပ်ငန်းတွေအထိ ခွေးတွေဟာ လူအသိုင်းအဝိုင်းအတွက်အကောင်းဆုံးမိတ်ဆွေဖြစ်ခဲ့ပါတယ်။

အိမ်မွေးတိရစ္ဆာန်လောကမှဆိုရင်လည်း ဈေးကွက်အဝင်ဆုံး လူသားတွေတန်ဖိုးအထားဆုံးအချစ်တော်တွေဖြစ်ပြီး ခွေးတွေရဲ့သစ္စာတရားစောင့်ထိန်းမှုနဲ့ ပတ်သက်တဲ့ တကယ့်ဖြစ်ရပ်တွေဆိုတာလည်း မရေမတွက်နိုင်တဲ့အထိကို ကမ္ဘာပေါ်မှာရှိနေခဲ့တာပါ။ ဒါကြောင့်ခွေးတွေဟာ လူသားတွေအတွက် အကျိုးရှိတဲ့တိရစ္ဆာန်တွေအဖြစ် ရှိနေပြီး တစ်ဖက်မှာတော့ တရုတ်နိုင်ငံ Yulinရဲ့ အထင်ကရပွဲတော်ဖြစ်တဲ့ ခွေးသားစားပွဲတော်ဆို တာဟာလည်း လူသားမိတ်ဆွေခွေးတွေအတွက် စိတ်မကောင်းစရာ ကမ္ဘာကြီးမှာ ရှိလို့နေပြန်ပါတယ်။

(၁) Bees

ပျားတွေဟာ လူသားတွေအတွက် လက်ပွန်းတတီးနေတဲ့ မိတ်ဆွေတော့မဟုတ်ပေမဲ့ လူသားတွေကိုအကျိုးပြုရာ မှာတော့ ပျားတွေမရှိပဲ (၅)နှစ်လောက်ကြာရင် ကမ္ဘာကြီးဟာအငတ်ဘေးနဲ့ ကျိန်းသေရင် ဆိုင်ရမှာဖြစ်ပါတယ်။ အမှန်လည်း လူသားတွေစားသုံးနေတဲ့ကောက်ပဲသီးနှံတွေဖြစ်ထွန်းလာဖို့ အဓိကနေရာကနေကူညီနေသူတွေဟာ ပျားတွေဖြစ်ကြပါတယ်။ လူသားတွေရဲ့ အဓိကအစားအစာဖြစ်တဲ့ ဂျုံ၊စပါး နဲ့စတော်ဘယ်ရီသီး၊ပန်းသီးစတာတွေဟာ ပျားတွေရဲ့ ကျေးဇူးနဲ့ ဝတ်မှုန်ကူးကာ အောင်မြင်တဲ့ သီးပင်တွေဖြစ်လာကြရတာဖြစ်ပါတယ်။

ပျားတွေ သာမရှိရင် ယင်းသီးနှံတွေဟာဖြစ်ထွန်းလာဖို့မရှိပဲ ကမ္ဘာကြီးဟာနှစ်အနည်းငယ်အတွင်း အငတ်ဘေးကိုကျရောက်မှာဖြစ်ပါတယ်။ ဒါအပြင်ပျားတွေကရရှိတဲ့ ပျားရည်ဆိုတာကလည်း လူသားတွေအတွက် များစွာသောအကျိုးကျေးဇူးကိုဖြစ်ပေါ်စေတာကြောင့်လည်း ပျားတွေဟာ လူသားတွေကိုနံပါတ်(၁)နေရာကနေ အကျိုးပြုနေတဲ့တိရစ္ဆာန်တွေလို့ပြောရင် မမှားပါဘူး။ ဒါပေမယ့် လူသား တွေအသုံးပြုတဲ့ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေးတွေမှာပါတဲ့ nicotinids လိုအဆိပ်ဓာက် တွေကြောင့် ပျားကောင်ရေ သန်းနဲ့ချီပြီးသေဆုံးမှုတွေဖြစ်နေတာကိုလည်းဝမ်းနည်းဖွယ် တွေ့မြင်ရပါတယ်

Tags: animals
Next Post
စပိန်အင်ပါယာကို အဆုံးသတ်စေခဲ့သော စပိန်-အမေရိကန် စစ်ပွဲ

စပိန်အင်ပါယာကို အဆုံးသတ်စေခဲ့သော စပိန်-အမေရိကန် စစ်ပွဲ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!