• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူတိုင်းချစ်တဲ့ သူရဲကောင်းမလေး ဟွားမုလန်

by Thutamm
August 11, 2019
Reading Time: 1min read
0
လူတိုင်းချစ်တဲ့ သူရဲကောင်းမလေး ဟွားမုလန်
Share on FacebookShare on Twitter

Mulan ဆိုတဲ့ကာတွန်းကားလေးဟာ ဒစ္စနေးက ထုတ်တဲ့ကာတွန်းကားတွေထဲက လူကြိုက်အများဆုံးရုပ်ရှင်တစ်ခုဖြစ်ပါတယ်။  ဒီဇာတ်လမ်းဟာ တရုတ်ပြည်က ဟွားမုလန်ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဟွားမုလန် ဆိုတာ တရုတ်ပြည် တောင်မြောက်မင်းဆက်(အေဒီ ၄၂၀-၅၈၉) လက်ထက်မှာပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ အမျိုးသမီးသူရဲကောင်းတစ်ယောက် ဖြစ်ပါတယ်။ တကယ်တော့ မုလန်ရဲ့အကြောင်းတွေကို မှတ်တမ်းတိတိကျကျတင်ထားခြင်းမရှိပဲ ရှေးခေတ်ကဗျာတွေထဲက တွေ့ရတာဖြစ်ပါတယ်။ ဒီကဗျာထဲမှာ ပါဝင်တဲ့အကြောင်းကတော့ အသက်ကြီးနေပြီဖြစ်တဲ့ ဖခင်ကိုယ်စား စစ်တပ်မှာ ခိုးချောင်ခိုးဝှက် နဲ့ ၁၂နှစ်ကျော် အမှုထမ်းခဲ့တဲ့ သူရဲကောင်းအမျိုးသမီးလေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ မုလန်ရဲ့ ဇာတ်ကြောင်းကတော့ ဒီလိုပါ။

တခါတုန်းက တရုတ်နိုင်ငံ ဟဲဘေပြည်နယ်က ရွာလေးတစ်ရွာမှာ မုလန်ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်နေထိုင်ပါတယ်။ မုလန် ရဲ့ဖခင်ဖြစ်သူကတော့ အနားယူသွားပြီဖြစ်တဲ့ စစ်ဗိုလ်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အသက်ကြီးပြီဖြစ်တာကြောင့် အားအင်ချိနဲ့နေပြီဖြစ်ပြီး ကောင်းကောင်း မတိုက်ခိုက်နိုင်တော့ပါဘူး။ ဒါပေမယ့် သူဟာ သမီးဖြစ်သူ မုလန်ကို မြင်းစီးခြင်း နဲ့ ဓားရေး လှံရေး သိုင်းပညာတွေကို သင်ပေးခဲ့ပါတယ်။ အဲဒီခေတ်က မိန်းကလေးတွေဟာ ဒီလိုသိုင်းပညာတွေကို သင်ယူလေ့မရှိပေမယ့် မုလန်ရဲ့ဖခင်ဖြစ်သူက ခုခံကာကွယ်ဖို့အတွက် သိုင်းပညာကို မည်သူမဆို တတ်သင့်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိသူဖြစ်တာကြောင့် မုလန်ကို သိုင်းသင်ပေးခဲ့ခြင်းဖြစ်ပါတယ်။

တစ်နေ့မှာတော့ ဘုရင့်ရဲ့အမိန့်နဲ့ စစ်သားတချို့ဟာ မုလန်တို့နေတဲ့ ရွာလေးကို ရောက်ရှိလာပါတယ်။ စစ်ပွဲဖြစ်နေပြီဖြစ်တဲ့အတွက် စစ်အင်အားတွေ လိုအပ်လာပြီဖြစ်လို့ လာရောက်စုဆောင်းခြင်းဖြစ်ပါတယ်။ ဒီလိုစုဆောင်းရာမှာ မိသားစုတစ်စုအတွက် စစ်ထဲကိုလိုက်ရမယ့် လူတစ်ယောက်စီရဲ့နာမည်ဟာ အမိန့်စာမှာ ပါဝင်ပါတယ်။ ခေါင်းဆောင်တစ်ယောက်က ကိုင်ထားတဲ့စာရင်း နဲ့ စစ်တပ်ထဲလိုက်ပါရမယ့် သူတွေရဲ့စာရင်းကို ကြေငြာပါတော့တယ်။

အဲဒီစာရင်းမှာ ဖခင်ဖြစ်သူရဲ့နာမည်ပါဝင်နေတာကို မုလန်သိလိုက်ရပါတယ်။ အသက်ကြီးနေပြီဖြစ်တဲ့ ဖခင်ဖြစ်သူကို စစ်ပွဲတွေဆီကို ပြန်မသွားစေချင်ပါဘူး။ ဒါပေမယ့် ဖခင်ဖြစ်သူနေရာမှာ အခြားတစ်ယောက်အစားထိုးရမှာဖြစ်ပါတယ်။ မိသားစု လေးယောက်မှာ မိခင် ဖခင် သူမ နဲ့ မောင်လေးတို့ပဲရှိပါတယ်။ မောင်လေးကလည်း ကလေးအရွယ်ပဲရှိပါသေးတယ်။ ဒါကြောင့် သူမလုပ်စရာတစ်ခုပဲ ရှိပါတော့တယ်။ ဒါကတော့ ဖခင်ဖြစ်သူရဲ့နေရာမှာ သူမအစားထိုး အမှုထမ်းဖို့ပါ။ ဒါပေမယ့် စစ်တပ်က မိန်းကလေးတွေကို စစ်မှုထမ်းခွင့်မပြုတာကြောင့် သူမအခက်တွေ့ခဲ့ပါတယ်။

နောက်တစ်နေ့ မနက်အစောကြီး ဖခင်ဖြစ်သူ စစ်မှုထမ်းဖို့ သတင်းမပို့ခင်အချိန်မှာ မုလန်ဟာ ဖခင်ဖြစ်သူရဲ့ စစ်ဝတ်အင်္ကျီကို ခိုးယူခဲ့ပြီး သူမကိုယ်လည်း ယောင်္ကျားလေးနဲ့ တူနိုင်သလောက်တူအောင် ပြုပြင်ခဲ့ပါတယ်။ အဲဒီနောက်တော့ ဖခင်အစား စစ်တပ်ရှိရာကို သွားပါတော့တယ်။ စစ်တပ်က သူမကို နုနယ်တဲ့ယောင်္ကျားလေးလို့ ထင်မှတ်ပြီး ဖခင်ကိုယ်စား စစ်မှုထမ်းခွင့်ပြုခဲ့ပါတယ်။ မုလန်ဖခင်ဖြစ်သူက စစ်မှုထမ်းဖို့စာရင်းပေးတဲ့အခါ စစ်တပ်ကမလိုအပ်တော့ဘူးလို့ ငြင်းပယ်လိုက်တဲ့အတွက် ဇဝေဇဝါဖြစ်သွားပါတယ်။ အဲဒီအချိန်ထိ မုလန်ပျောက်နေကြောင်းကို သူမဖခင်မသိသေးပဲ အချိန်အနည်းငယ်ကြာတော့မှ သိပါတယ်။

စစ်တပ်ထဲရောက်တဲ့အချိန်မှာ မုလန်ဟာ သူမကိုယ် အခြားသူတွေ မိန်းကလေးလို့ မသိစေရန် ဂရုတစိုက်နေခဲ့ပါတယ်။ သူမရဲ့ ဓားရေး နဲ့ သိုင်းပညာကျွန်းကျင်မှုတွေကြောင့် တိုက်ပွဲအလီလီမှာအောင်ပွဲ ဆင်နိုင်ခဲ့ပါတယ်။ သူမကို ဆုချီးမြှင့်တဲ့အခါတိုင်းမှာ ဆုကို လက်မခံပဲ အိမ်ပြန်ဖို့ကိုသာ ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်အတွက် သူမဟာ အလွန်အရည်အချင်းရှိတဲ့သူဖြစ်တာကြောင့် ပေးမပြန်ခဲ့ပါဘူး။ ဒီလိုနဲ့ ၁၀နှစ်ကျော် တိုက်ပွဲထမ်းဆောင်ပြီးတဲ့အချိန်မှာတော့ သူမဟာ ရာထူးအဆင့်ဆင့်တက်ကာ စစ်သူကြီးရာထူးအထိ ရရှိခဲ့ပါတယ်။ သူမကို မိန်းမပျိုးလေးမှန်းသိပြီး ကျိတ်ချစ်နေတဲ့ အရာရှိလေးတစ်ယောက်ရှိပါတယ်။

တစ်နေ့မှာတော့ သူတို့စစ်တပ်ဟာ အင်အားကြီးမားတဲ့ ရန်သူစစ်တပ်ကြီးရဲ့ဝိုင်းထားခြင်းကို ခံရပါတယ်။ အင်အားအဆမတန် ကွာခြားတဲ့အတွက် မုလန်စစ်သည်တွေဟာ စိတ်ဓာတ်ကျနေပါပြီ။ ဒီအချိန်မှာ မုလန်ဟာ သူမဟာ ယောင်္ကျားလေးယောင်ဆောင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာ တစ်တပ်လုံးကို သိစေခဲ့ပါတယ်။ ဒီတော့မှ စစ်သည်တွေဟာ သူတို့ရှေ့ကနေ အမြဲရဲဝံ့စွာ တိုက်ခိုက်နေတတ်သူဟာ မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း သိသွားပါတယ်။ သူတို့ကိုယ်သူတို့လည်း ရှက်သွားပြီး မိန်းကလေးတောင်ဒီလိုရဲရင့်နေနိုင်သေးရင် ငါတို့ကပိုရဲရင့်မှာပေါ့ဆိုတဲ့ စိတ်ဓာတ်တွေပြန်လည်တက်ကြွလာခဲ့ပါတယ်။ အဲဒီနောက်တော့ မုလန်ညွှန်ကြားတဲ့ စစ်ဗျူဟာတွေနဲ့ အင်အားကြီးမားတဲ့ ရန်သူတပ်ကြီးကိုအောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပါတယ်။

ဒီလောက်အင်အားကြီးမားတဲ့ ရန်သူတပ်ကြီးကို အင်အားမမျှပေမယ့် အနိုင်ယူနိုင်ခဲ့တဲ့ မုလန်ရဲ့အစွမ်းကို ဘုရင်ကိုယ်တိုင် သဘောကျသွားပြီး နန်းတွင်းကို ဆုချီးမြှင့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ မုလန်ဟာ သူမရဲ့ဘဝဖြစ်စဉ်တွေကို ဘုရင်အား ပြောပြခဲ့ပါတယ်။ ဒီတော့မှ သူ့စစ်တပ်ရဲ့အတော်ဆုံးစစ်သည်ဟာ မိန်းကလေးတစ်ယောက်သာ ဖြစ်ကြောင်း ဘုရင်ဖြစ်သူ သိခဲ့ပါတယ်။ ဒါကြောင့် သူမကို မြောက်များစွာသော ဆုတွေချီးမြှင့်ခဲ့ပေမယ့် မုလန်ကတော့ ဆုတွေကို လက်မခံပဲ အိမ်ပြန်ခွင့်ကိုသာ တောင်းဆိုခဲ့ပါတယ်။ ဘုရင်ကိုယ်တိုင် မုလန်ကို နားချလို့ မရတဲ့အဆုံးမှာတော့ မုလန်ဆန္ဒအတိုင်း အကောင်းဆုံးမြင်းတစ်စီးနဲ့ အတူ အိမ်ပြန်ခွင့်ကိုပေးလိုက်ပါတော့တယ်။

မုလန်ရဲ့ ဂုဏ်ယူဖွယ်အကြောင်းဟာ တရုတ်ပြည်တစ်ခုလုံးကိုပျံ့နှံ့သွားပြီး တဲ့နောက် ငယ်ရွယ်တဲ့မိန်းမပျိုလေးတွေဟာ မြင်းစီးခြင်း နဲ့အတူ ဓားရေး သိုင်းပညာတို့ကို သင်ကြားကြပါတော့တယ်။ ဒါကတော့ ဟွားမုလန်ပုံပြင် ဒဏ္ဍာရီတွေများစွာရှိတဲ့ အထဲက လူသိများတဲ့ပုံပြင်တစ်ခုထဲက အတိုင်းဖြစ်ပါတယ်။ တချို့ပုံပြင်တွေမှာတော့ အခုအကြောင်းနဲ့ အနည်းငယ်စီကွာနေတာကိုတွေ့ရမှာပါ။ မုလန်ရဲ့အကြောင်းကို ရုပ်ရှင်ပေါင်းများစွာ ပြန်လည်ရိုက်ကူးခဲ့ပေမယ့် ဒီအထဲမှာ နာမည်အကြီးဆုံးကတော့ ဒစ္စနေးကရိုက်ကူးခဲ့တဲ့ Mulan(1998) ကိုတော့ လူသိအများဆုံးဖြစ်ပြီး ကြည့်မိတဲ့လူကြီး လူငယ်မရွေးကြိုက်နှစ်သက်တဲ့ ကာတွန်းကားလေးတစ်ကားဖြစ်ပါတယ်။ မကြည့်ရသေးရင်တော့ ရှာပြီးသာကြည့်လိုက်ကြပါ။ သဘောကျသွားပါလိမ့်မယ် 🙂

အိမ်ပြန်လာတဲ့ မုလန်ကို ဖခင်ဖြစ်သူက ကြိုဆိုနေဟန်ရုပ်တု

သုတဇုန္

Tags: world historyworld people
Next Post
အက်ဆစ်မိုးအကြောင်း သိကောင်းစရာ

အက်ဆစ်မိုးအကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!