Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူသားတို့ တည်ဆောက်ခဲ့တဲ့ ရှေးအကျဆုံး အဆောက်အဦး ၁၀ ခု

by Thutamm
August 18, 2020
Reading Time: 6min read
0
လူသားတို့ တည်ဆောက်ခဲ့တဲ့ ရှေးအကျဆုံး အဆောက်အဦး ၁၀ ခု
Share on FacebookShare on Twitter

သုတဇုန် မိတ်ဆွေတွေကို ဒီတခါမျှဝေမှာကတော့ လွန်ခဲ့တဲ့နှစ်ထောင်ချီကာလကတည်းက လူသားတို့ဖန်တီးတည်ဆောက်ခဲ့သော ရှေးအကျဆုံး အဆောက်အဦးကြီး ၁၀ ခုရဲ့ အကြောင်း ဖြစ်ပါတယ်။ ဒီအထဲမှာပါဝင်တဲ့ အဆောက်အဦးတွေက လက်ရှိအချိန်ထိ ထိန်းသိမ်းထားနိုင်တဲ့ အဆောက်အဦးတွေဖြစ်ပါတယ်။

(၁၀) Listoghil


ဘီစီ ၃၅၅၀ ကာလကတည်းက တည်ဆောက်ခဲ့တဲ့ ဒီအဆောက်အဦးဟာ ကြီးမားတဲ့ဂူသင်္ချိုင်းတခုဖြစ်ပြီး အိုင်ယာလန်နိုင်ငံ County Sligo နယ်မြေမှာတည်ရှိပါတယ်။ ဒီနေရာမှာ ဒီလိုဂူပေါင်းများစွာရှိနေပြီး ဒီဂူတွေကိုတော့ Carrowmore လို့ခေါ်ပါတယ်။ Listoghil ကတော့ အစောဆုံးဖြစ်ပြီး သူ့ကို Carrowmore 51 လို့လည်းခေါ်ကြပါတယ်။ ကုန်းမို့မို့ပုံသဏ္ဍာန်ဒီအဆောက်အဦးကိုတော့ စနစ်တကျတည်ဆောက်ထားတာဖြစ်ပါတယ်။

ဂူထဲကိုဝင်ဖို့ လျှောက်လမ်းတခုကိုဖြတ်ရမှာဖြစ်ပြီး ဂူကတော့ အချင်း ၁၁၂ပေ နဲ့ အမြင့် ၁၃ပေ ရှိနေပါတယ်။ ကြီးမားတဲ့ကျောက်ပြားကြီးတချပ်ကတော့ ဂူရဲ့အလယ်တည့်တည်မှာရှိနေပါတယ်။ ၁၉ရာစုမှာ ဒီဂူကို ပညာရှင်တွေလေ့လာကြတဲ့အခါ ဂူထဲမှာ မြင်းအရိုးတွေ ၊ သစ်သား နဲ့ လှံတွေရှိနေတာကိုတွေ့ရပြီး ထိုပစ္စည်းတွေကို Alnwick ရဲတိုက်မှာ ပြသထားရှိပါတယ်။

(၉) West Kennet Long Barrow


အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းက Avebury ရွာအနီးမှာတည်ရှိနေတဲ့ အဆောက်အဦးဖြစ်ပြီး South Long Barrow လို့လည်းခေါ်ကြပါတယ်။ အပြင်ဘက်ကြည့်ရင်တောင်ကုန်းပုံသဏ္ဍာန် တည်ဆောက်ထားတာဖြစ်ပြီး ဒီအဆောက်အဦးထဲမှာတော့ များစွာသော ယောင်္ကျား ၊ မိန်းမ ၊ လူငယ်လူရွယ် နဲ့ ကလေးငယ်တွေရဲ့ အရိုးစုတွေကိုတွေ့ရှိရတာကြောင့် ဂူသင်္ချိုင်းအဖြစ်တည်ဆောက်ထားတာလို့ ခန့်မှန်းကြပါတယ်။ ဒီအဆောက်အဦးကိုတော့ ၃၆၅၀ ဘီစီ ခန့်က တည်ဆောက်ထားတာလို့ ဆိုပါတယ်။

(၈) Dolmen of Menga


စပိန်နိုင်ငံ Antequera မြို့အနီးမှာတည်ရှိတဲ့ အဆောက်အဦးဖြစ်ပါတယ်။ megalithic နည်းနဲ့ ကျောက်ဂူပုံသဏ္ဍာန်တည်ဆောက်ထားတာဖြစ်ပြီး အရှည် ၉၀ပေ ၊ အကျယ် ၂၀ပေ နဲ့ အမြင့် ၁၁ပေ ရှိပါတယ်။ ဧရာမကျောက်တုံးကြီးပေါင်း ၃၂တုံးနဲ့ တည်ဆောက်ထားတာဖြစ်ပြီး အကြီးဆုံးကျောက်တုံးရဲ့အလေးချိန်က တန် ၂၀၀ ခန့်ရှိပါတယ်။

ဒီလိုဏ်ဂူအဆောက်အဦးကို သုတေသနပညာရှင်တွေဟာ ၁၉ရာစုမှာ တွေ့ရှိခဲ့ကြတာဖြစ်ပြီး အတွင်းမှာတွေ့ရတဲ့ အရိုးစုတွေအရ လူပေါင်း ရာနဲ့ချီပြီး နေထိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆောက်အဦးကို ဘီစီ ၃၆၅၀ ခန့်က ဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။

(၇) Ġgantija


ဒီအဆောက်အဦးတွေကတော့ မြေထဲပင်လယ်ထဲက မော်လ်တာနိုင်ငံပိုင်ကျွန်းတကျွန်းဖြစ်တဲ့ Gozo ကျွန်းပေါ်မှာ တည်ရှိနေပါတယ်။ ကျောက်ပြားကြီးတွေကို ဆင့်စီ ထောက်ကာ တည်ဆောက်တဲ့ megalithic နည်းနဲ့တည်ဆောက်ထားတဲ့ ရှေးခေတ်ဘုရားကျောင်းဖြစ်ပါတယ်။

မော်လ်တာက Megalithic ဘုရားကျောင်းတွေထဲမှာတော့ အစောဆုံးဖြစ်ပြီး အီဂျစ်ပိရမစ်တွေထက်တောင် ပိုရှေးကျပါသေးတယ်။ Ġgantija မှာ ဘုရားကျောင်းအဆောက်အဦးနှစ်ခုပါဝင်ပြီး ဒီဘုရားကျောင်းတွေကို ဘီစီ ၃၆၀၀ နဲ့ ၂၅၀၀ ကြား ကာလမှာ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။

(၆) Knap of Howar


ဒီအဆောက်အဦးကတော့ စကော့တလန်နိုင်ငံ Papa Westray ကျွန်းပေါ်မှာတည်ရှိနေပါတယ်။ ဥရောပမြောက်ပိုင်းမှာတော့ လက်ရှိတိုင်ထိန်းသိမ်းထားဆဲ ရှေးအကျဆုံး အဆောက်အဦးလည်းဖြစ်ပါတယ်။ ကမ်းခြေအနီးမှာရှိနေပြီး အိမ်တွေကိုမြေကျင်းသဏ္ဍာန် ကျောက်တွေပတ်လည်ကာရံကာတည်ဆောက်ထားတာဖြစ်ပါတယ်။

မီးဖို ၊ အိပ်ယာ ၊ သိုလှောင်ရာနေရာစတာတွေပါဝင်ပြီး ၅ပေခန့်မြင့်တဲ့ နံရံနဲ့ ကာရံထားပါတယ်။ ရေဒီယိုကာဘွန်နည်းနဲ့ ဒီအဆောက်အဦးရဲ့သက်တမ်းကို ခန့်မှန်းတဲ့အခါမှာတော့ ဘီစီ ၃၇၀၀ နဲ့ ၂၈၀၀ ကြား ကာလက တည်ဆောက်ထားခဲ့တယ်လို့ သိရပါတယ်။

(၅) Monte d’Accoddi


ဒီအဆောက်အဦးကတော့ မြေထဲပင်လယ်ထဲက အီတလီပိုင်ကျွန်းတကျွန်းဖြစ်တဲ့ Sardinia ကျွန်းမှာတည်ရှိနေတာပါ။ ဒီအဆောက်အဦးကိုတော့ အဲဒီဒေသမှာ ဘီစီ ၃၀၀၀ ဝန်းကျင်လောက်ကနေထိုင်ခဲ့တဲ့ Ozieri လူမျိုးတွေ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ အလျား အနံ ၈၈ပေစီရှိကာ အမြင့်ကတော့ ၁၈ပေ ရှိပါတယ်။ အခန်းတွေ ဝင်ပေါက်တွေမရှိပဲ အပေါ်ကိုတက်လို့ရတဲ့ ဘုရားကျောင်းတခုအဖြစ်သာ တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။ ဒီအဆောက်အဦးကိုတော့ ဘီစီ ၄၀၀၀ နဲ့ ၃၆၅၀ကြား ကာလမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

(၄) Anu ziggurat of Uruk


ကမ္ဘာ့စတုတ္ထအစောဆုံး အဆောက်အဦးကတော့ အီရတ်နိုင်ငံ Urak မှာတည်ရှိနေပါတယ်။ Urak ဟာ တချိန်က ဆူးမားလူမျိုးတို့ရဲ့မြို့တော်ဖြစ်ခဲ့သလို နောက်ပိုင်းမှာလည်း ဘေဘီလုံအင်ပါယာရဲ့မြို့တမြို့ဖြစ်ခဲ့ပါတယ်။ ဒီအဆောက်အဦးကတော့ Ziggurat တခုပေါ်မှာတည်ဆောက်ထားတဲ့ အဖြူရောင်ဘုရားကျောင်းဖြစ်ပါတယ်။

Ziggurat ဆိုတာကတော့ ရှေးခေတ်ဆူးမားရီးယန်းလူမျိုးတွေတည်ဆောက်ခဲ့ကြတဲ့ ထုထည်ကြီးမားပြီး ပရစ်မစ်ကဲ့သို့ မြင့်မားသောအဆောက်အဦးကြီးတွေဖြစ်ပါတယ်။ ကောင်းကင်နတ်ဘုရား Anu ကို ရည်မှန်းတည်ဆောက်ထားတဲ့ ဒီဘုရားကျောင်းကို ဘီစီ ၄၀၀၀ နဲ့ ၃၈၀၀ ကြားကာလမှာ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။

(၃) Saint-Michel tumulus


ဒီအဆောက်အဦးကတော့ ပြင်သစ်နိုင်ငံ Carnac ဒေသမှာ တည်ရှိနေပါတယ်။ လက်ရှိရှိနေဆဲ ကမ္ဘာ့အစောဆုံးအဆောက်အဦး ၃ခုဟာ ပြင်သစ်နိုင်ငံမှာပဲ ရှိနေပါတယ်။ အဲဒီခေတ်က လူတွေဟာ အဆောက်အဦးတွေကို Tumulus စတိုင်နဲ့ တည်ဆောက်ခဲ့ကြတာပါ။

Tumulus ဆိုတာကတော့ ကျောက်တုံးတွေကိုဆင့်စီကာ အပေါ်က မြေဖို့ပြီး ကုန်းမို့မို့သဏ္ဍာန်တည်ဆောက်ထားခြင်းကို ဆိုလိုပါတယ်။ ဒီအဆောက်အဦးကိုတော့ ၁၈၆၂ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အလျား ၄၁၀ပေ ၊ အနံ ၁၆၀ပေ နဲ့ အမြင့် ၃၃ပေ တောင်ရှိတဲ့ အဆောက်အဦးကြီးဖြစ်ပါတယ်။ ၄၅၀၀ ဘီစီခန့်မှာတည်ဆောက်ခဲ့တာလို့ သိရပါတယ်။

(၂) Tumulus of Bougon


ရှေးခေတ်အဆောက်အဦး ၅ခုရှိနေတဲ့ နေရာဖြစ်ပြီး ဒီနေရာကိုတော့ Tumulus of Bougon (သို့) Necropolis of Bougon လို့လည်းခေါ်ကြပါတယ်။ Neolithic ခေတ်က မြေအောက်ကျင်းတူးနေထိုင်မှုပုံစံ ဖန်တီးထားတဲ့အဆောက်အဦးတွေဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ Bougon ဒေသမှာတည်ရှိနေတာဖြစ်ပြီး ၁၈၄၀ ခုနှစ်မှာ ရှာဖွေတွေ့ရှိထိန်းသိမ်းထားတာဖြစ်ပါတယ်။

ဘီစီ ၄၈၀၀ လောက်က တည်ဆောက်ထားတယ်လို့ ခန့်မှန်းရပြီး ကမ္ဘာပေါ်မှာတော့ ဒုတိယရှေးအကျဆုံး အဆောက်အဦးဖြစ်ပါတယ်။ ကျောက်တွေကို ဆင့်စီတည်ဆောက်ထားတဲ့ အဝိုင်းပုံသဏ္ဍာန်အဆောက်အဦးတွေဖြစ်ပြီး Tumulus C ကတော့ အကြီးဆုံးအဆောက်အဦးဖြစ်ကာ အချင်း ၁၈၇ပေ နဲ့ အမြင့် ၁၆ပေ ရှိပါတယ်။

(၁) Cairn of Barnenez


ဒီအဆောက်အဦးကတော့ ပြင်သစ်နိုင်ငံ Finistère ဒေသမြောက်ပိုင်းမှာ တည်ရှိနေပါတယ်။ သူ့ကို Barnenez Tumulus (သို့) Barnenez Mound လို့လည်း ခေါ်ကြပါတယ်။ ဘီစီ ၄၈၅၀ Neolithic ကာလက တည်ဆောက်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ယနေ့တိုင်တည်ရှိနေဆဲအဆောက်အဦးတွေထဲမှာ ရှေးအကျဆုံး အဆောက်အဦးဖြစ်ပါတယ်။

ကျောက်တုံးတွေကို အဆင့်ဆင့်စီကာတည်ဆောက်ထားတဲ့ ဒီအဆောက်အဦးကို သမိုင်းမတင်မီခေတ်က ဘုရားကျောင်းတခုဖြစ်နိုင်တယ်လို့ ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ ဒီအဆောက်အဦးဟာ အတိုင်းအတာအားဖြင့် အလျား ၂၃၆ေပေ ၊ အနံ ၈၂ပေ နဲ့ အမြင့် ၂၆ပေ ရှိပါတယ်။

———- —— ———-

(Zawgyi)

လူသားတို႔ တည္ေဆာက္ခဲ့တဲ့ ေရွးအက်ဆုံး အေဆာက္အဦး ၁၀ ခု

သုတဇုန္ မိတ္ေဆြေတြကို ဒီတခါမွ်ေ၀မွာကေတာ့ လြန္ခဲ့တဲ့ႏွစ္ေထာင္ခ်ီကာလကတည္းက လူသားတုိ႔ဖန္တီးတည္ေဆာက္ခဲ့ေသာ ေရွးအက်ဆုံး အေဆာက္အဦးႀကီး ၁၀ ခုရဲ႕ အေၾကာင္း ျဖစ္ပါတယ္။ ဒီအထဲမွာပါ၀င္တဲ့ အေဆာက္အဦးေတြက လက္ရွိအခ်ိန္ထိ ထိန္းသိမ္းထားႏုိင္တဲ့ အေဆာက္အဦးေတြျဖစ္ပါတယ္။

(၁၀) Listoghil

ဘီစီ ၃၅၅၀ ကာလကတည္းက တည္ေဆာက္ခဲ့တဲ့ ဒီအေဆာက္အဦးဟာ ႀကီးမားတဲ့ဂူသခၤ်ုိင္းတခုျဖစ္ၿပီး အုိင္ယာလန္ႏုိင္ငံ County Sligo နယ္ေျမမွာတည္ရွိပါတယ္။ ဒီေနရာမွာ ဒီလုိဂူေပါင္းမ်ားစြာရွိေနၿပီး ဒီဂူေတြကိုေတာ့ Carrowmore လုိ႔ေခၚပါတယ္။ Listoghil ကေတာ့ အေစာဆုံးျဖစ္ၿပီး သူ႔ကုိ Carrowmore 51 လုိ႔လည္းေခၚၾကပါတယ္။ ကုန္းမုိ႔မုိ႔ပုံသ႑ာန္ဒီအေဆာက္အဦးကိုေတာ့ စနစ္တက်တည္ေဆာက္ထားတာျဖစ္ပါတယ္။ ဂူထဲကို၀င္ဖုိ႔ ေလွ်ာက္လမ္းတခုကိုျဖတ္ရမွာျဖစ္ၿပီး ဂူကေတာ့ အခ်င္း ၁၁၂ေပ နဲ႔ အျမင့္ ၁၃ေပ ရွိေနပါတယ္။ ႀကီးမားတဲ့ေက်ာက္ျပားႀကီးတခ်ပ္ကေတာ့ ဂူရဲ႕အလယ္တည့္တည္မွာရွိေနပါတယ္။ ၁၉ရာစုမွာ ဒီဂူကို ပညာရွင္ေတြေလ့လာၾကတဲ့အခါ ဂူထဲမွာ ျမင္းအရုိးေတြ ၊ သစ္သား နဲ႔ လွံေတြရွိေနတာကိုေတြ႔ရၿပီး ထုိပစၥည္းေတြကို Alnwick ရဲတုိက္မွာ ျပသထားရွိပါတယ္။

(၉) West Kennet Long Barrow

အဂၤလန္ႏုိင္ငံ အေနာက္ေတာင္ပုိင္းက Avebury ရြာအနီးမွာတည္ရွိေနတဲ့ အေဆာက္အဦးျဖစ္ၿပီး South Long Barrow လုိ႔လည္းေခၚၾကပါတယ္။ အျပင္ဘက္ၾကည့္ရင္ေတာင္ကုန္းပုံသ႑ာန္ တည္ေဆာက္ထားတာျဖစ္ၿပီး ဒီအေဆာက္အဦးထဲမွာေတာ့ မ်ားစြာေသာ ေယာက်ၤား ၊ မိန္းမ ၊ လူငယ္လူရြယ္ နဲ႔ ကေလးငယ္ေတြရဲ႕ အရုိးစုေတြကိုေတြ႔ရွိရတာေၾကာင့္ ဂူသခၤ်ုိင္းအျဖစ္တည္ေဆာက္ထားတာလုိ႔ ခန္႔မွန္းၾကပါတယ္။ ဒီအေဆာက္အဦးကိုေတာ့ ၃၆၅၀ ဘီစီ ခန္႔က တည္ေဆာက္ထားတာလုိ႔ ဆုိပါတယ္။

(၈) Dolmen of Menga

စပိန္ႏုိင္ငံ Antequera ၿမုိ႕အနီးမွာတည္ရွိတဲ့ အေဆာက္အဦးျဖစ္ပါတယ္။ megalithic နည္းနဲ႔ ေက်ာက္ဂူပုံသ႑ာန္တည္ေဆာက္ထားတာျဖစ္ၿပီး အရွည္ ၉၀ေပ ၊ အက်ယ္ ၂၀ေပ နဲ႔ အျမင့္ ၁၁ေပ ရွိပါတယ္။ ဧရာမေက်ာက္တုံးႀကီးေပါင္း ၃၂တုံးနဲ႔ တည္ေဆာက္ထားတာျဖစ္ၿပီး အႀကီးဆုံးေက်ာက္တုံးရဲ႕အေလးခ်ိန္က တန္ ၂၀၀ ခန္႔ရွိပါတယ္။ ဒီလုိဏ္ဂူအေဆာက္အဦးကို သုေတသနပညာရွင္ေတြဟာ ၁၉ရာစုမွာ ေတြ႔ရွိခဲ့ၾကတာျဖစ္ၿပီး အတြင္းမွာေတြ႔ရတဲ့ အရိုးစုေတြအရ လူေပါင္း ရာနဲ႔ခ်ီၿပီး ေနထုိင္ခဲ့တယ္လုိ႔ သိရပါတယ္။ အေဆာက္အဦးကို ဘီစီ ၃၆၅၀ ခန္႔က ေဆာက္လုပ္ခဲ့တယ္လုိ႔ သိရပါတယ္။

(၇) Ġgantija

ဒီအေဆာက္အဦးေတြကေတာ့ ေျမထဲပင္လယ္ထဲက ေမာ္လ္တာႏုိင္ငံပုိင္ကြ်န္းတကြ်န္းျဖစ္တဲ့ Gozo ကြ်န္းေပၚမွာ တည္ရွိေနပါတယ္။ ေက်ာက္ျပားႀကီးေတြကုိ ဆင့္စီ ေထာက္ကာ တည္ေဆာက္တဲ့ megalithic နည္းနဲ႔တည္ေဆာက္ထားတဲ့ ေရွးေခတ္ဘုရားေက်ာင္းျဖစ္ပါတယ္။ ေမာ္လ္တာက Megalithic ဘုရားေက်ာင္းေတြထဲမွာေတာ့ အေစာဆုံးျဖစ္ၿပီး အီဂ်စ္ပိရမစ္ေတြထက္ေတာင္ ပိုေရွးက်ပါေသးတယ္။ Ġgantija မွာ ဘုရားေက်ာင္းအေဆာက္အဦးႏွစ္ခုပါ၀င္ၿပီး ဒီဘုရားေက်ာင္းေတြကုိ ဘီစီ ၃၆၀၀ နဲ႔ ၂၅၀၀ ၾကား ကာလမွာ တည္ေဆာက္ခဲ့တယ္လုိ႔ သိရပါတယ္။

(၆) Knap of Howar

ဒီအေဆာက္အဦးကေတာ့ စေကာ့တလန္ႏုိင္ငံ Papa Westray ကြ်န္းေပၚမွာတည္ရွိေနပါတယ္။ ဥေရာပေျမာက္ပုိင္းမွာေတာ့ လက္ရွိတုိင္ထိန္းသိမ္းထားဆဲ ေရွးအက်ဆုံး အေဆာက္အဦးလည္းျဖစ္ပါတယ္။ ကမ္းေျခအနီးမွာရွိေနၿပီး အိမ္ေတြကိုေျမက်င္းသ႑ာန္ ေက်ာက္ေတြပတ္လည္ကာရံကာတည္ေဆာက္ထားတာျဖစ္ပါတယ္။ မီးဖုိခန္း ၊ အိပ္ယာ ၊ သိုေလွာင္ရာေနရာစတာေတြပါ၀င္ၿပီး ၅ေပခန္႔ျမင့္တဲ့ နံရံနဲ႔ ကာရံထားပါတယ္။ ေရဒီယိုကာဘြန္နည္းနဲ႔ ဒီအေဆာက္အဦးရဲ႕သက္တမ္းကို ခန္႔မွန္းတဲ့အခါမွာေတာ့ ဘီစီ ၃၇၀၀ နဲ႔ ၂၈၀၀ ၾကား ကာလက တည္ေဆာက္ထားခဲ့တယ္လုိ႔ သိရပါတယ္။

(၅) Monte d’Accoddi

ဒီအေဆာက္အဦးကေတာ့ ေျမထဲပင္လယ္ထဲက အီတလီပုိင္ကြ်န္းတကြ်န္းျဖစ္တဲ့ Sardinia ကြ်န္းမွာတည္ရွိေနတာပါ။ ဒီအေဆာက္အဦးကိုေတာ့ အဲဒီေဒသမွာ ဘီစီ ၃၀၀၀ ၀န္းက်င္ေလာက္ကေနထုိင္ခဲ့တဲ့ Ozieri လူမ်ုိးေတြ တည္ေဆာက္ခဲ့တယ္လုိ႔ သိရပါတယ္။ အလ်ား အနံ ၈၈ေပစီရွိကာ အျမင့္ကေတာ့ ၁၈ေပ ရွိပါတယ္။ အခန္းေတြ ၀င္ေပါက္ေတြမရွိပဲ အေပၚကုိတက္လုိ႔ရတဲ့ ဘုရားေက်ာင္းတခုအျဖစ္သာ တည္ေဆာက္ခဲ့တာလုိ႔ ဆုိပါတယ္။ ဒီအေဆာက္အဦးကိုေတာ့ ဘီစီ ၄၀၀၀ နဲ႔ ၃၆၅၀ၾကား ကာလမွာ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။

(၄) Anu ziggurat of Uruk

ကမာၻ႔စတုတၳအေစာဆုံး အေဆာက္အဦးကေတာ့ အီရတ္ႏုိင္ငံ Urak မွာတည္ရွိေနပါတယ္။ Urak ဟာ တခ်ိန္က ဆူးမားလူမ်ဳိးတုိ႔ရဲ႕ၿမဳိ႕ေတာ္ျဖစ္ခဲ့သလုိ ေနာက္ပုိင္းမွာလည္း ေဘဘီလုံအင္ပါယာရဲ႕ၿမဳိ႕တၿမဳိ႕ျဖစ္ခဲ့ပါတယ္။ ဒီအေဆာက္အဦးကေတာ့ Ziggurat တခုေပၚမွာတည္ေဆာက္ထားတဲ့ အျဖဴေရာင္ဘုရားေက်ာင္းျဖစ္ပါတယ္။ Ziggurat ဆုိတာကေတာ့ ေရွးေခတ္ဆူးမားရီးယန္းလူမ်ဳိးေတြတည္ေဆာက္ခဲ့ၾကတဲ့ ထုထည္ႀကီးမားၿပီး ပရစ္မစ္ကဲ့သို႔ ျမင့္မားေသာအေဆာက္အဦးႀကီးေတြျဖစ္ပါတယ္။ ေကာင္းကင္နတ္ဘုရား Anu ကို ရည္မွန္းတည္ေဆာက္ထားတဲ့ ဒီဘုရားေက်ာင္းကို ဘီစီ ၄၀၀၀ နဲ႔ ၃၈၀၀ ၾကားကာလမွာ တည္ေဆာက္ခဲ့တယ္လုိ႔ သိရပါတယ္။

(၃) Saint-Michel tumulus

ဒီအေဆာက္အဦးကေတာ့ ျပင္သစ္ႏုိင္ငံ Carnac ေဒသမွာ တည္ရွိေနပါတယ္။ လက္ရွိရွိေနဆဲ ကမာၻ႔အေစာဆုံးအေဆာက္အဦး ၃ခုဟာ ျပင္သစ္ႏုိင္ငံမွာပဲ ရွိေနပါတယ္။ အဲဒီေခတ္က လူေတြဟာ အေဆာက္အဦးေတြကို Tumulus စတုိင္နဲ႔ တည္ေဆာက္ခဲ့ၾကတာပါ။ Tumulus ဆုိတာကေတာ့ ေက်ာက္တုံးေတြကိုဆင့္စီကာ အေပၚက ေျမဖုိ႔ၿပီး ကုန္းမုိ႔မုိ႔သ႑ာန္တည္ေဆာက္ထားျခင္းကို ဆုိလုိပါတယ္။ ဒီအေဆာက္အဦးကိုေတာ့ ၁၈၆၂ ခုႏွစ္မွာ ရွာေဖြေတြ႔ရွိခဲ့တာျဖစ္ၿပီး အလ်ား ၄၁၀ေပ ၊ အနံ ၁၆၀ေပ နဲ႔ အျမင့္ ၃၃ေပ ေတာင္ရွိတဲ့ အေဆာက္အဦးႀကီးျဖစ္ပါတယ္။ ၄၅၀၀ ဘီစီခန္႔မွာတည္ေဆာက္ခဲ့တာလုိ႔ သိရပါတယ္။

(၂) Tumulus of Bougon

ေရွးေခတ္အေဆာက္အဦး ၅ခုရွိေနတဲ့ ေနရာျဖစ္ၿပီး ဒီေနရာကိုေတာ့ Tumulus of Bougon (သုိ႔) Necropolis of Bougon လုိ႔လည္းေခၚၾကပါတယ္။ Neolithic ေခတ္က ေျမေအာက္က်င္းတူးေနထိုင္မႈပုံစံ ဖန္တီးထားတဲ့အေဆာက္အဦးေတြျဖစ္ပါတယ္။ ျပင္သစ္ႏုိင္ငံ Bougon ေဒသမွာတည္ရွိေနတာျဖစ္ၿပီး ၁၈၄၀ ခုႏွစ္မွာ ရွာေဖြေတြ႔ရွိထိန္းသိမ္းထားတာျဖစ္ပါတယ္။ ဘီစီ ၄၈၀၀ ေလာက္က တည္ေဆာက္ထားတယ္လို႔ ခန႔္မွန္းရၿပီး ကမာၻေပၚမွာေတာ့ ဒုတိယေရွးအက်ဆုံး အေဆာက္အဦးျဖစ္ပါတယ္။ ေက်ာက္ေတြကို ဆင့္စီတည္ေဆာက္ထားတဲ့ အ၀ုိင္းပုံသ႑ာန္အေဆာက္အဦးေတြျဖစ္ၿပီး Tumulus C ကေတာ့ အႀကီးဆုံးအေဆာက္အဦးျဖစ္ကာ အခ်င္း ၁၈၇ေပ နဲ႔ အျမင့္ ၁၆ေပ ရွိပါတယ္။

(၁) Cairn of Barnenez

ဒီအေဆာက္အဦးကေတာ့ ျပင္သစ္ႏုိင္ငံ Finistère ေဒသေျမာက္ပုိင္းမွာ တည္ရွိေနပါတယ္။ သူ႔ကို Barnenez Tumulus (သုိ႔) Barnenez Mound လုိ႔လည္း ေခၚၾကပါတယ္။ ဘီစီ ၄၈၅၀ Neolithic ကာလက တည္ေဆာက္ခဲ့တာျဖစ္ၿပီး ကမာၻေပၚမွာေတာ့ယေန႔တုိင္တည္ရွိေနဆဲအေဆာက္အဦးေတြထဲမွာ ေရွးအက်ဆုံး အေဆာက္အဦးျဖစ္ပါတယ္။ ေက်ာက္တုံးေတြကို အဆင့္ဆင့္စီကာတည္ေဆာက္ထားတဲ့ ဒီအေဆာက္အဦးကို သမုိင္းမတင္မီေခတ္က ဘုရားေက်ာင္းတခုျဖစ္ႏုိင္တယ္လုိ႔ ပညာရွင္ေတြကခန္႔မွန္းထားၾကပါတယ္။ ဒီအေဆာက္အဦးဟာ အတုိင္းအတာအားျဖင့္ အလ်ား ၂၃၆ေေပ ၊ အနံ ၈၂ေပ နဲ႔ အျမင့္ ၂၆ေပ ရွိပါတယ္။

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Next Post
ရှေးခေတ်နာမည်ကျော်တွေကို ဒီဇိုင်းပညာနဲ့ ပြန်လည်ဖန်တီးလိုက်တဲ့အခါ

ရှေးခေတ်နာမည်ကျော်တွေကို ဒီဇိုင်းပညာနဲ့ ပြန်လည်ဖန်တီးလိုက်တဲ့အခါ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!