Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူတစ်ယောက်အတွက် မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး ဆိုတာ

by Thutamm
August 10, 2019
Reading Time: 1min read
0
လူတစ်ယောက်အတွက် မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး ဆိုတာ
Share on FacebookShare on Twitter

ရေးသားသူ – နိုင်းနိုင်းစနေ

သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။
“သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်”တဲ့။

သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။

လျင်သူစားစတမ်း၊ သာသူမြတ်ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင်ဆိုတာကို ခွဲခြားဖို့ခက်ခဲသွားတယ်။ “သူငယ်ချင်း”ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန့်လာခဲ့ကြတယ်။

ဒီလိုဆိုရင် ဘယ်လိုအရာမျိုးကို သူငယ်ချင်းအစစ်အမှန်လို့ ခေါ်သလဲ? လူတစ်သက်မှာ အဲဒီလို သူငယ်ချင်းမျိုး ဘယ်နှယောက်လိုသလဲ?

အမေရိကန်စာရေးဆရာ Todd Parrက “အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့”လို့ ဆိုထားတယ်။ အမေရိကန်စာရေးဆရာ Tom Rathက လူတစ်ယောက်မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး လိုအပ်တယ်ဆိုပြီး အခုလို့ရေးသားခဲ့ပါတယ်။

(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း

သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။

(၂) ဖေးမကူညီတဲ့သူငယ်ချင်း

သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း… ဒီလိုသူငယ်ချင်းမျိုးက “နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ”ဆိုတဲ့ အချင်းချင်း ကူညီအားပေးတဲ့သူဖြစ်တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။

(၃) စိတ်တူကိုယ်တူ သူငယ်ချင်း

သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို “နားလည်မှု”လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။

(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း

ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။

(၅) အားပေးဖော် သူငယ်ချင်း

ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။

(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း

သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ “ကမ္ဘာ့စာကြည့်တိုက်”ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။

(၇) လမ်းပြသူ သူငယ်ချင်း

သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။

(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း

ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။
သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။

သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ?
တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။

နိုင်းနိုင်းစနေ

————————-
လူတဈယောကျအတှကျ မရှိမဖွဈတဲ့ သူငယျခငြျး(၈)မြိုး ဆိုတာ (unicode)


























Tags: to know

Related Posts

စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ဖို့ သိပ္ပံနည်းကျ အာမခံထားတဲ့ အချက် (၁၀) ချက်
Health

စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ဖို့ သိပ္ပံနည်းကျ အာမခံထားတဲ့ အချက် (၁၀) ချက်

ရေးသားသူ - ကိုထိုက်( Messenger News) စိတ်ဖိစီး၊ စိတ်ရှုပ်၊ အလုပ်တွေ ပိနေခြင်းသည် ကိုယ့်လုပ် ကိုင်နိုင်စွမ်းရည်ကို ကျဆင်း စေသည်။ ပေါင်းသင်းဆက်ဆံရေး ကိုလည်း ထိခိုက်စေသည်။ အိမ်ထောင်သာယာရေး ကိုလည်း ဖျက်ဆီးနိုင်သည်။ ပစ္စုပ္ပန်...

သူဌေးတွေရဲ့ပိုက်ဆံသုံးနည်း
Successful

သူဌေးတွေရဲ့ပိုက်ဆံသုံးနည်း

တကယ့်သူဌေးတွေဟာ ငွေကိုရှာပြီး ပရမ်းပတာ သုံးစွဲနေတယ်လို့ သင်မထင်ပါနဲ့။ သူတို့ဟာ ငွေရှာနည်းကို ကျွမ်းကျင်သလို ငွေသုံးစွဲနည်းကိုလည်း ကျွမ်းကျင်ကြတာ အသေအချာပါပဲ။ အခုဖော်ပြပေးမှာတော့ သင့်အတွက်အသုံးဝင်စေနိုင်မယ့် ချမ်းသာသူတွေရဲ့ ငွေသုံးစွဲနည်းလျှို့ဝှက်ချက်တွေပဲ ဖြစ်ပါတယ်။ ၁။ကယ်မလိုအပ်တဲ့ အရာတွေကို မဝယ်ယူမိပါစေနဲ့ တကယ့်သူဌေးတွေဟာ...

မန်ကျည်းပင် နဲ့ လူနှစ်ယောက်
Successful

မန်ကျည်းပင် နဲ့ လူနှစ်ယောက်

ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ကို ပြန်လည်မျှဝေချင်ပါတယ်။ တစ်ခါတုန်းက ဒိသာပါမောက္ခဆရာကြီးဆီမှာ တပည့်တွေ ပညာသင်ကြတယ်၊ အဲဒီဆရာကြီးမှာ အရမ်းချောတယ် သမီးတစ်ယောက် ရှိတယ်ဆိုပါတော့။ သူရဲ့ တပည့်တွေထဲက ၂ ယောက်က သူတို့ဆရာကြီးရဲ့ သမီးကို စိတ်ဝင်စားလို့...

ဖခင်တစ်ယောက်ရဲ့ မကွယ်လွန်မီ မှာတမ်းစာ
Thinking

ဖခင်တစ်ယောက်ရဲ့ မကွယ်လွန်မီ မှာတမ်းစာ

အသက် ၄၅ နှစ် အရွယ်ရှိ ကျောင်းဆရာဖြစ်သူ ပေါလ်ဟာ အရေပြား ကင်ဆာရောဂါနဲ့ သူ မကြာမီ လူ့လောကမှ စွန့်ခွာရတော့မှန်း သိပြီးနောက် လူလား မမြောက်သေးတဲ့ ၅ နှစ်နဲ့ ၁ နှစ်ခွဲ အရွယ်ကလေးငယ်များ...

Next Post
စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ဖို့ သိပ္ပံနည်းကျ အာမခံထားတဲ့ အချက် (၁၀) ချက်

စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ဖို့ သိပ္ပံနည်းကျ အာမခံထားတဲ့ အချက် (၁၀) ချက်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!