Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စင်ကာပူဟာ အကျင့်ပျက် လာဘ်စားမှု ကင်းစင်တဲ့ နိုင်ငံ ဖြစ်လာခဲ့ပုံ

by Thutamm
October 14, 2019
Reading Time: 2min read
0
စင်ကာပူဟာ အကျင့်ပျက် လာဘ်စားမှု ကင်းစင်တဲ့ နိုင်ငံ ဖြစ်လာခဲ့ပုံ
Share on FacebookShare on Twitter

(Unicode)

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းပြောတဲ့ စင်ကာပူရဲ့ ခြစားမှု တိုက်ဖျက်ရေး

ဘာသာပြန်ရေးသားသူ – ကိုငြိမ်းခန့် (NyeinKhant)

ခြစားမှုဆိုတာ နည်းနည်းမှ သည်းခံပေးလို့ မဖြစ်တဲ့ ရောဂါဆိုးပါပဲ။ နိုင်ငံအသီးသီးက ဒီကိစ္စကို တိုက်ထုတ်ဖို့ နည်းပေါင်းစုံနဲ့ ကြိုးပမ်း ခဲ့ကြတယ်။ ခြစားမှုတိုက်ဖျက်ရေး ဌာနဖွဲ့တယ်၊ ပြင်းထန်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းတယ်၊ ပြည်သူ့ဝန်ထမ်းတွေ လိုက်နာဖို့ ကျင့်ဝတ်ဥပဒေတွေ ထုတ်ပြန်တယ်၊ ကုမ္ပဏီတွေဘက်ကလည်း လုပ်ငန်းတွေကို သန့်ရှင်းတဲ့နည်းတွေနဲ့ ဆောင်ရွက်မယ်လို့ ကတိပြုကြတယ်။

ဒါတွေ လုပ်ပါရဲ့နဲ့ ဒီခြစားတဲ့ကိစ္စဟာ လူ့အဖွဲ့စည်းထဲမှာ မြစ်ပွားနာလိုပဲ ရှိနေဆဲပဲ။ ဒါနဲ့တောင် စင်ကာပူ၏ ခြစားမှု လျှော့ချရေးကိစ္စမှာ အတိုင်းအတာတခုအထိ ဘာကြောင့်အောင်မြင်မှုရခဲ့သလဲ ပြန်စဉ်းစားကြည့်ရင် အကြောင်းတရား ၄ ချက်ရှိတယ်လို့ တွေ့ရမယ်။

ပထမအချက်

ပထမ အချက်ကတော့ ဗြိတိသျ ကိုလိုနီအုပ်ချုပ်ရေးရဲ့ သန့်ရှင်းပြီး အလုပ်ဖြစ်တဲ့ စနစ်ကို အမွေခံရတယ်။ ကိုလိုနီစနစ်ချုပ်ငြိမ်းပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးချင်ရတဲ့ အကြောင်းရင်း အများကြီးရှိခဲ့ပေမယ့် ဗြိတိသျှတို့ရဲ့ ကျေးဇူးမကင်းတဲ့ ကိစ္စတွေကတော့ အလုပ်ဖြစ်ပြီး ခိုင်မာတဲ့ အင်္ဂလိပ်ဥပဒေ၊ ပြည်သူဝန်ထမ်းစနစ်နဲ့ သွက်လက်ပြီး သမာသမတ်ရှိတဲ့ တရားစီရင်ရေး စနစ်တွေပါပဲ။ ကိုလိုနီစည်းမျဉ်းခံ ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ပုံ အဆင့်မြင့်မားခဲ့တာကလည်း အရေးကြီးတဲ့ အချက်တချက်ပါပဲ။

စင်ကာပူရဲ့ နောက်ဆုံး ဘုရင်ခံနဲ့ ပထမဆုံးနိုင်ငံ့ ခေါင်းဆောင် ဖြစ်ခဲ့တဲ့ ဆာဝီလယံဂူး ဆိုရင် တာဝန်လည်းသိ ခေါင်းဆောင်ရည်လည်း ပြည့်ဝခဲ့တယ်။ သူဆိုရင် (ယခု မလေးရှား ဆာဘား ပြည်နယ်) အရင် မြောက်ဘော်နီယိုမှာ ဘုရင်ခံအဖြစ် ဆက်လုပ်တော့လည်း စင်ကာပူတုန်းကလို နာမည်ကောင်းကျန်ခဲ့တာပါပဲ။ ဆာဘားပြည်နယ်မှာ နောက်မျိုးဆက်အထိ သူ့ကို အမှတ်ရကြဆဲပဲ။

ဒုတိယအချက်

ဒုတိယ အကြောင်းတရားကတော့ ဗြိတိသျှတွေ ထွက်သွားပြီးတဲ့နောက် စင်ကာပူရဲ့ ခေါင်းဆောင်ကြီးတွေရဲ့ စနစ်ကို သန့်ရှင်းအောင်ထားမယ်ဆိုတဲ့ သန္နိဋ္ဌာန်ပါပဲ။ PAP ပါတီအနေနဲ့ ၁၉၅၉ လွတ်လပ်ရေးရအပြီး အာဏာရလာခဲ့တယ် ဆိုပေမယ့် ၁၉၅၉ ရွေးကောက်ပွဲမှာ လွယ်လွယ် နိုင်ခဲ့တယ်တော့ မဟုတ်ဘူး။

တိုင်းပြည်အနေနဲ့ ဆင်းရဲမွဲတေတာ၊ ကျန်းမာရေး အဆင့်အတန်း နိမ့်ကျတာ၊ အိမ်ယာ မလုံလောက်တာ၊ စီးပွားရေး ကျတာနဲ့ လူဦးရေ ပေါက်ကွဲတာ စတဲ့ ပြသာနာပေါင်း မြောက်မြားစွာ ကြုံခဲ့ရတယ်။ PAP ပါတီအနေနဲ့ ဒီပြသာနာပေါင်း သောင်းခြောက်ထောင်ကို အမွေခံလိုခဲ့တာလား။ ဘာလို့ အတိုက်အခံအဖြစ်ပဲ ရပ်တည်ပြီး တခြားပါတီကို အုပ်ချုပ်စေ၊ ကျဆုံးစေလို့ မလုပ်ခဲ့သလဲ။

ဝန်ထမ်းတွေ ခြစားတဲ့ လမ်းကြောင်းပေါ် မရောက်သွားအောင် ကာကွယ်ဖို့ ကိစ္စက အလွန်အရေးကြီးတယ်ဆိုတဲ့ အချက်ကပဲ ဝန်ကြီးချုပ် လီကွမ်ယူနဲ့ သူအဖွဲ့ကို ဒီလိုဆုံးဖြတ်ဖို့ တွန်းအားပေးခဲ့တယ်။ ညံ့ဖျင်းတဲ့၊ ခြစားတဲ့ အစိုးရတဆက်ကြောင့် ကျကွဲသွားတဲ့ ကြွေပန်းကန် အကောင်းပြန်မဖြစ်နိုင်တော့သလိုပါပဲ။

ဒါကြောင့်ပဲ PAP ပါတီအနေနဲ့ နိုင်အောင်ပြိုင်ပြီး အစိုးရဖွဲ့ခဲ့တယ်။ လီကွမ်းယူနဲ့ သူ့အဖွဲ့ဝင်တွေ ရာထူးလက်ခံဖို့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ အင်္ကျ ီ ဘောင်းဘီ အဖြူဝတ်ခဲ့တယ်။ အစိုးရကို သန့်ရှင်အောင်နဲ့ ခြစားလို့မရအောင် ထားမယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ပြတဲ့သဘောပါပဲ။ အဲဒီအချိန်ကစလို့ စင်ကာပူရဲ့ လမ်းကြောင်းကို ချမှတ်ခဲ့တယ်။

တတိယအချက်

တတိယ အချက်ကတော့ ဥပဒေ ရေးဆွဲတာ၊ ဥပဒေကို စိုးမိုးအောင်လုပ်တာ၊ ဝန်ထမ်းအဖွဲ့အစည်းနဲ့ လူထုတွေပါ ပါတဲ့၊ ပြီးပြည့်စုံပြီး ခိုင်မာတဲ့ ခြစားမှုကာကွယ်ရေး မူဘောင်တွေကို အဖွဲ့အစည်းတွေအားလုံးမှာ သက်ဝင်အောင် နိုင်ငံရေး ခွန်အား အပြည့်နဲ့ ဖေါ်ဆောင်ခဲ့တာပါပဲ။ ခြစားမှုကာကွယ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး၊ ဒီဥပဒေအရ ပိုင်ဆိုင်မှုတွေကို တရားတဲ့ နည်းလမ်းနဲ့ ရထားတာဖြစ်ကြောင်းကို စွပ်စွဲခံရသူဘက်က သက်သေပြရတယ်။ ဝင်ငွေနဲ့ မလျော်ညီတဲ့ မဖြေရှင်းနိုင်တဲ့ ပိုင်ဆိုင်မှုတွေကို လာဘ်ယူထားတာအဖြစ် သတ်မှတ်ပြီး သိမ်းဆည်း ခံရမယ်။

ဒီဥပဒေကို နိုင်ငံရပ်ခြားအထိ သက်ရောက်မှုရှိအောင် ရေးဆွဲထားတဲ့ အတွက်ကြောင့် နိုင်ငံခြားမှာ ကျူးလွန်သည့်တိုင်၊ နိုင်ငံကို မထိခိုက်စေဘူး ဆိုရင်တောင် ပြည်တွင်းမှာ ကျူးလွန်တဲ့ အမှုလိုပဲ သတ်မှတ်တယ်။

ခြစားမှုတိုက်ဖျက်ရေး ဌာနဖြစ်တဲ့ အကျင့်ပျက်မှုစုံစမ်းစစ်ဆေးရေးဗျူရို (CPIB) ဟာဆိုရင် အင်အား အထောက်အပံ့ ပြည့်စုံပြီး လွတ်လပ်စွာ ဆောင်ရွက်နိုင်တယ်။ ဒီအဖွဲ့ အနေနဲ့ ရဲအရာရှိ၊ ဝန်ကြီးတွေအပါအဝင် ဘယ်သူကိုမဆို စုံစမ်း စစ်ဆေးနိုင်ခွင့်အပ်နှင်းထားပြီး၊ လူထုကို အသိပညာပေးဖို့နဲ့ လူမှုအဖွဲ့အစည်းအတွင်းမှာ စံသတ်မှတ်ချက်အဖြစ် ဖေါ်ဆောင်ဖို့တွေပါ တာဝန်ယူတယ်။

နိုင်ငံရဲ့ ဝန်ထမ်းတွေရဲ့ လစာကို ပုဂ္ဂလိကဝန်ထမ်းတွေရဲ့ လစာနဲ့ ချိန်ညှိပြီး သင့်တင့်အောင်၊ လက်တွေ့ကျအောင် သတ်မှတ်ထားတယ်။ ဒီအတွက် ဝန်ထမ်းတွေဘက်ကလည်း မြင့်မားတဲ့ စံ၊ ရိုးသားမှုနဲ့ အားထုတ်မှုတို့ကို ပြန်ပေးရမယ်။

စတုတ္ထအချက်

စတုတ္ထ အချက်ကတော့၊ အကျင့်ပျက်မှုကို လက်မခံတဲ့ ရှောင်ကြဉ်လာတဲ့ လူမှုအဖွဲ့အစည်းနဲ့ ယဉ်ကျေးမှု ပုံစံပါပဲ။ စင်ကာပူ လူ့အဖွဲ့အစည်းဟာ သန့်ရှင်းတဲ့ စနစ်ကို တောင်းဆိုတယ်၊ အလုပ်အဆင်ပြေဖို့ “လူမှုရေးအရ ချူဆီထည့်” ရတာမျိုးကို မထောက်ခံဘူး။ အကျင့်ပျက်မှုကို တွေ့လာရင်လည်း တိုင်တန်းဖို့ ဝန်မလေးဘူး။ နိုင်ငံသားတွေအနေနဲ့ ဒီဥပဒေဟာ လူတိုင်းကို သက်ရောက်တယ် ဆိုတာရယ်၊ အစိုးရအနေနဲ့ အဂတိတရားတွေ မပါပဲ မျက်နှာ ပျက်စရာ ဖြစ်မယ်ဆိုရင်တောင် ဥပဒေအရပဲ ဆောင်ရွက်မယ် ဆိုတာတွေကို ယုံကြည်တယ်။

နိုင်ငံအလိုက် ထုံးစံ အမျိုးမျိုး ကြုံဖူးတဲ့ စီးပွားရေးသမားတယောက် စင်ကာပူရောက်လာပုံ ဇာတ်လမ်း တစ်ပုဒ်ရှိတယ်။ အစိုးရ အဖွဲ့ဝင် အဆင့်ဆင့်အတွက် လာဘ်ထိုးဖို့ ပေါက်ဈေးကို လိုက်စုံစမ်းလို့မရလို့ ခေါင်းကုတ်ပြီး ပြန်သွားခဲ့ရဖူးတယ်။ လာဘ်ထိုးဖို့ ပေါက်ဈေးက သိပ်မြင့်လွန်းလို့ ဖြစ်မယ်လို့တောင် ထင်သွားလေရဲ့။

စင်ကာပူအနေနဲ့ ခြစားမှုပပျောက်ရေးမှာ ထိုက်သင့်သလောက် အောင်မြင်ခဲ့တယ်လို့ ပြောနိုင်ပေမယ့်၊ ဒီပြဿနာကနေ အမြစ်ပြတ် ကင်းလွတ်ပြီးပြီလို့တော့ အထင်မှတ်မှားယူဆဖို့ မဖြစ်နိုင်ပါဘူး။ အကျင့်ပျက်မှုဆိုတာ လူ့သဘာဝရယ် လောဘရယ်ကြောင့် ဖြစ်ရပါတယ်။ ဥပဒေက ဘယ်လို ထိန်းချုပ်ချုပ်၊ စနစ်က ဘယ်လောက် တင်းကျပ်ကျပ်၊ တခါတရံ စည်းကို ကျော်ချင်တဲ့ သူတွေကတော့ ရှိနေဦးမှာပါပဲ။ ဒီလိုလူတွေကို ထုတ်ဖေါ်ဖို့နဲ့ ပြင်းပြင်းထန်ထန် အရေးယူဖို့ မပျက်မကွက်လုပ်တယ်။ အရင် ၂ နှစ်ကပဲ စုံစမ်းစစ်ဆေးရေးဗျူရိုက လက်ထောက်ညွှန်ကြားရေးမှူး တယောက်ကို ဒေါ်လာ ၁၇ သိန်း တလွဲသုံးမှုနဲ့ တရားစွဲခဲ့တယ်။

စနစ်ကို သန့်ရှင်းအောင် လုပ်တာဟာ ကျနော်တို့အတွက်အပြင်၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ဖို့လည်း ပါပါတယ်။ ဒါကြောင့်ပဲ စင်ကာပူရဲ့ ဘဏ်တွေကတဆင့် ငွေကြေးခဝါချတာ၊ မတရားတဲ့ နည်းနဲ့ရတဲ့ ငွေတွေကို လွှဲပြောင်း စုဆောင်းတာတွေကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရတယ်။ ကျနော်တို့ရဲ့ ငွေကြေး ဗဟိုကျမှုနဲ့ စီးပွားရေး အချက်အချာကျမှုကို အားကြိုးမာန်တက် ကာကွယ်သွားမယ်။

“အပေါ်ထုပ်တန်း လိမ်ရင် အောက်ထုပ်တန်း မဖြောင့်နိုင်ဘူး” ဆိုတဲ့ တရုတ်စကားပုံတခု ရှိတယ်။ စနစ်တခု သန့်ရှင်းဖို့ဆိုတာ ထိပ်ဆုံးကနေ စ ရမယ်။ ပြည်ပ သင်တန်းတခု သွားတက်တဲ့ တပ်မတော် အရာရှိ တယောက်ကို သူ့အတန်းဖော် တယောက်က စင်ကာပူရဲ့ စနစ်ကို ဘယ်လို သန့်ရှင်းအောင် လုပ်ထားသလဲလို့ မေးဖူးတယ်။

အဲဒီအရာရှိက ဒီက မူဘောင်တွေနဲ့ စုံစမ်းစစ်ဆေးရေးဗျူရိုအကြောင်းကို ရှင်းပြတဲ့အခါ အဲဒီဗျူရိုက ဘယ်သူ့ကို သတင်းပို့ရသလဲလို့ ထပ်မေးပြန်တယ်။ အရာရှိက ဗျူရိုက ဝန်ကြီးချုပ်ကို သတင်းပို့ရတယ်လို့ ရိုးရိုးဖြေတော့ အတန်းဖော်အတွက် ပိုတောင် ဇဝေဇဝါ ဖြစ်သွားတော့တာပေါ့။ နောက်မှ စဉ်းစားမိတာက တကယ်မေးချင်တဲ့ မေးခွန်းက ထိန်းချုပ်မယ့်သူတွေကို ဘယ်သူက ထိန်းချူပ်မှာလဲ ဆိုတာပေါ့။

ရှေးကတည်းက ရှိခဲ့တဲ့ ဒီပုစ္ဆာအတွက် အဖြေတော့ မရှိပါဘူး။ ဒါပေမယ့် အစိုးရ ထိပ်ဆုံးကနေ ဟိုးအောက်အထိမှာ အမြင့်ဆုံး စံချိန်နဲ့ အစွန်းကုန် ရိုးဖြောင့်မှုကိုတော့ ကာကွယ်သွားမယ်လို့ သန္နိဋ္ဌာန် ချထားပါတယ်။ ၁၉၉၆ တုန်းက မစ္စတာ လီကွမ်ယူနဲ့ ကျနော်တို့နှစ်ယောက် အိမ်ဝယ်တဲ့ ကိစ္စမှာ မမှန်မကန် လျှော့ဈေးနဲ့ ရပါတယ်လို့ သတင်းတွေထွက်တော့ အဲဒီအချိန်က ဝန်ကြီးချုပ်ဖြစ်တဲ့ ဂိုချုပ်တောင်က စုံစမ်းစစ်ဆေးမှုတွေ အပြည့်အစုံ လုပ်ဖို့ အမိန့်ထုတ်ခဲ့တယ်၊ မမှန်မကန်မှုတွေ ရှိခဲ့တယ်လို့ မတွေ့ခဲ့ဘူး။ ဒီကိစ္စကို လွှတ်တော်ကို ဆက် တင်ခဲ့ပြီး သုံးရက်တိုင်တိုင် ဆွေးနွေးကြားနာမှုတွေလည်း လုပ်ခဲ့သေးတယ်။

အဲဒီမှာ မစ္စတာ လီ ရော၊ ကျနော်ရော ပြောခဲ့တာရှိတယ်။ မစ္စတာ လီ က “ကျနော်ဝယ်တာရော ဒုဝန်ကြီးချုပ်ဖြစ်တဲ့ ကျနော့သား ဝယ်တာရောကို လက်လွှတ်မပေးဘဲ စုံစမ်းစစ်ဆေးခံရတာကို ဂုဏ်ယူ ကျေနပ်တယ်။ စစ်ကြောခံရမှုမှာ ဘယ်သူမှ ကင်းလွတ်ခွင့်မရှိတာရယ်၊ ဘယ်လောက်ကြီးတဲ့ ဝန်ကြီး မဆို မလျော် သြဇာနဲ့ အကျင့်ပျက် ရယူတယ်လို့ ယူဆရရင် စုံစမ်းစစ်ဆေးခံရတာတွေဟာ စင်ကာပူအတွက် အလွန် အရေးကြီးတယ်” လို့ ပြောခဲ့တယ်။

ယုံကြည်မှုဟာ တည်ဆောက်ဖို့ ကြာသလောက်၊ ပျက်ဖို့ အင်မတန် မြန်တယ်။ စင်ကာပူမှာ နှစ်ပေါင်း ၅၀ ကျော် တည်ဆောက်ခဲ့တယ်။ အစိုးရ၊ စနစ်နဲ့ တာဝန်ရှိ အမျိုးသား အမျိုးသမီး အားလုံးရဲ့ ဖြောင့်မတ် မှန်ကန်မှုဟာ စင်ကာပူအောင်မြင်ရခြင်းရဲ့ အဓိက သော့ချက်ပါပဲ။ ဖြောင့်မတ်မှုနဲ့ ဂုဏ်သရေကို ဘယ်လိုအကြောင်းကြောင့်မှ အထိခိုက်မခံရအောင် ကာကွယ်သွားမယ့်အပြင်၊ အများထက် အမြဲတမ်း သာနေအောင်၊ နိုင်ငံအတွက် ဂုဏ်ယူစရာကိစ္စဖြစ်အောင် စိတ်ပိုင်းဖြတ်ထားပါတယ်။

လီရှန်လွန်း

References

Corrupt Practices Investigation Bureau (CPIB). 2016a. Prevention of Corruption Act, Singapore. Available online.
Corrupt Practices Investigation Bureau (CPIB). 2016b. About CPIB. Available online.
National Archives of Singapore. 21 May 1996. Statement by Senior Minister Lee Kuan Yew Nassim Jade and Scotts 28. Available online.

ကိုငြိမ်းခန့် (NyeinKhant)

(Zawgyi)

စင္ကာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္းေျပာတဲ့ စင္ကာပူရဲ႕ ျခစားမႈ တိုက္ဖ်က္ေရး

ဘာသာျပန္ေရးသားသူ – ကိုၿငိမ္းခန႔္ (NyeinKhant)

ျခစားမႈဆိုတာ နည္းနည္းမွ သည္းခံေပးလို႔ မျဖစ္တဲ့ ေရာဂါဆိုးပါပဲ။ ႏိုင္ငံအသီးသီးက ဒီကိစၥကို တိုက္ထုတ္ဖို႔ နည္းေပါင္းစုံနဲ႔ ႀကိဳးပမ္း ခဲ့ၾကတယ္။ ျခစားမႈတိုက္ဖ်က္ေရး ဌာနဖြဲ႕တယ္၊ ျပင္းထန္တဲ့ ဥပေဒေတြ ျပ႒ာန္းတယ္၊ ျပည္သူ႔ဝန္ထမ္းေတြ လိုက္နာဖို႔ က်င့္ဝတ္ဥပေဒေတြ ထုတ္ျပန္တယ္၊ ကုမၸဏီေတြဘက္ကလည္း လုပ္ငန္းေတြကို သန႔္ရွင္းတဲ့နည္းေတြနဲ႔ ေဆာင္႐ြက္မယ္လို႔ ကတိျပဳၾကတယ္။

ဒါေတြ လုပ္ပါရဲ႕နဲ႔ ဒီျခစားတဲ့ကိစၥဟာ လူ႔အဖြဲ႕စည္းထဲမွာ ျမစ္ပြားနာလိုပဲ ရွိေနဆဲပဲ။ ဒါနဲ႔ေတာင္ စင္ကာပူ၏ ျခစားမႈ ေလွ်ာ့ခ်ေရးကိစၥမွာ အတိုင္းအတာတခုအထိ ဘာေၾကာင့္ေအာင္ျမင္မႈရခဲ့သလဲ ျပန္စဥ္းစားၾကည့္ရင္ အေၾကာင္းတရား ၄ ခ်က္ရွိတယ္လို႔ ေတြ႕ရမယ္။

ပထမအခ်က္

ပထမ အခ်က္ကေတာ့ ၿဗိတိသ် ကိုလိုနီအုပ္ခ်ဳပ္ေရးရဲ႕ သန႔္ရွင္းၿပီး အလုပ္ျဖစ္တဲ့ စနစ္ကို အေမြခံရတယ္။ ကိုလိုနီစနစ္ခ်ဳပ္ၿငိမ္းၿပီး ကိုယ့္ကံၾကမၼာ ကိုယ္ဖန္တီးခ်င္ရတဲ့ အေၾကာင္းရင္း အမ်ားႀကီးရွိခဲ့ေပမယ့္ ၿဗိတိသွ်တို႔ရဲ႕ ေက်းဇူးမကင္းတဲ့ ကိစၥေတြကေတာ့ အလုပ္ျဖစ္ၿပီး ခိုင္မာတဲ့ အဂၤလိပ္ဥပေဒ၊ ျပည္သူဝန္ထမ္းစနစ္နဲ႔ သြက္လက္ၿပီး သမာသမတ္ရွိတဲ့ တရားစီရင္ေရး စနစ္ေတြပါပဲ။ ကိုလိုနီစည္းမ်ဥ္းခံ ဝန္ထမ္းေတြရဲ႕ အလုပ္လုပ္ပုံ အဆင့္ျမင့္မားခဲ့တာကလည္း အေရးႀကီးတဲ့ အခ်က္တခ်က္ပါပဲ။

စင္ကာပူရဲ႕ ေနာက္ဆုံး ဘုရင္ခံနဲ႔ ပထမဆုံးႏိုင္ငံ့ ေခါင္းေဆာင္ ျဖစ္ခဲ့တဲ့ ဆာဝီလယံဂူး ဆိုရင္ တာဝန္လည္းသိ ေခါင္းေဆာင္ရည္လည္း ျပည့္ဝခဲ့တယ္။ သူဆိုရင္ (ယခု မေလးရွား ဆာဘား ျပည္နယ္) အရင္ ေျမာက္ေဘာ္နီယိုမွာ ဘုရင္ခံအျဖစ္ ဆက္လုပ္ေတာ့လည္း စင္ကာပူတုန္းကလို နာမည္ေကာင္းက်န္ခဲ့တာပါပဲ။ ဆာဘားျပည္နယ္မွာ ေနာက္မ်ိဳးဆက္အထိ သူ႔ကို အမွတ္ရၾကဆဲပဲ။

ဒုတိယအခ်က္

ဒုတိယ အေၾကာင္းတရားကေတာ့ ၿဗိတိသွ်ေတြ ထြက္သြားၿပီးတဲ့ေနာက္ စင္ကာပူရဲ႕ ေခါင္းေဆာင္ႀကီးေတြရဲ႕ စနစ္ကို သန႔္ရွင္းေအာင္ထားမယ္ဆိုတဲ့ သႏၷိ႒ာန္ပါပဲ။ PAP ပါတီအေနနဲ႔ ၁၉၅၉ လြတ္လပ္ေရးရအၿပီး အာဏာရလာခဲ့တယ္ ဆိုေပမယ့္ ၁၉၅၉ ေ႐ြးေကာက္ပြဲမွာ လြယ္လြယ္ ႏိုင္ခဲ့တယ္ေတာ့ မဟုတ္ဘူး။

တိုင္းျပည္အေနနဲ႔ ဆင္းရဲမြဲေတတာ၊ က်န္းမာေရး အဆင့္အတန္း နိမ့္က်တာ၊ အိမ္ယာ မလုံေလာက္တာ၊ စီးပြားေရး က်တာနဲ႔ လူဦးေရ ေပါက္ကြဲတာ စတဲ့ ျပသာနာေပါင္း ေျမာက္ျမားစြာ ႀကဳံခဲ့ရတယ္။ PAP ပါတီအေနနဲ႔ ဒီျပသာနာေပါင္း ေသာင္းေျခာက္ေထာင္ကို အေမြခံလိုခဲ့တာလား။ ဘာလို႔ အတိုက္အခံအျဖစ္ပဲ ရပ္တည္ၿပီး တျခားပါတီကို အုပ္ခ်ဳပ္ေစ၊ က်ဆုံးေစလို႔ မလုပ္ခဲ့သလဲ။

ဝန္ထမ္းေတြ ျခစားတဲ့ လမ္းေၾကာင္းေပၚ မေရာက္သြားေအာင္ ကာကြယ္ဖို႔ ကိစၥက အလြန္အေရးႀကီးတယ္ဆိုတဲ့ အခ်က္ကပဲ ဝန္ႀကီးခ်ဳပ္ လီကြမ္ယူနဲ႔ သူအဖြဲ႕ကို ဒီလိုဆုံးျဖတ္ဖို႔ တြန္းအားေပးခဲ့တယ္။ ညံ့ဖ်င္းတဲ့၊ ျခစားတဲ့ အစိုးရတဆက္ေၾကာင့္ က်ကြဲသြားတဲ့ ေႂကြပန္းကန္ အေကာင္းျပန္မျဖစ္ႏိုင္ေတာ့သလိုပါပဲ။

ဒါေၾကာင့္ပဲ PAP ပါတီအေနနဲ႔ ႏိုင္ေအာင္ၿပိဳင္ၿပီး အစိုးရဖြဲ႕ခဲ့တယ္။ လီကြမ္းယူနဲ႔ သူ႔အဖြဲ႕ဝင္ေတြ ရာထူးလက္ခံဖို႔ က်မ္းသစၥာ က်ိန္ဆိုပြဲမွာ အက်ၤ ီ ေဘာင္းဘီ အျဖဴဝတ္ခဲ့တယ္။ အစိုးရကို သန႔္ရွင္ေအာင္နဲ႔ ျခစားလို႔မရေအာင္ ထားမယ္ဆိုတဲ့ သႏၷိ႒ာန္ကို ျပတဲ့သေဘာပါပဲ။ အဲဒီအခ်ိန္ကစလို႔ စင္ကာပူရဲ႕ လမ္းေၾကာင္းကို ခ်မွတ္ခဲ့တယ္။

တတိယအခ်က္

တတိယ အခ်က္ကေတာ့ ဥပေဒ ေရးဆြဲတာ၊ ဥပေဒကို စိုးမိုးေအာင္လုပ္တာ၊ ဝန္ထမ္းအဖြဲ႕အစည္းနဲ႔ လူထုေတြပါ ပါတဲ့၊ ၿပီးျပည့္စုံၿပီး ခိုင္မာတဲ့ ျခစားမႈကာကြယ္ေရး မူေဘာင္ေတြကို အဖြဲ႕အစည္းေတြအားလုံးမွာ သက္ဝင္ေအာင္ ႏိုင္ငံေရး ခြန္အား အျပည့္နဲ႔ ေဖၚေဆာင္ခဲ့တာပါပဲ။ ျခစားမႈကာကြယ္ေရး ဥပေဒကို ျပ႒ာန္းခဲ့ၿပီး၊ ဒီဥပေဒအရ ပိုင္ဆိုင္မႈေတြကို တရားတဲ့ နည္းလမ္းနဲ႔ ရထားတာျဖစ္ေၾကာင္းကို စြပ္စြဲခံရသူဘက္က သက္ေသျပရတယ္။ ဝင္ေငြနဲ႔ မေလ်ာ္ညီတဲ့ မေျဖရွင္းႏိုင္တဲ့ ပိုင္ဆိုင္မႈေတြကို လာဘ္ယူထားတာအျဖစ္ သတ္မွတ္ၿပီး သိမ္းဆည္း ခံရမယ္။

ဒီဥပေဒကို ႏိုင္ငံရပ္ျခားအထိ သက္ေရာက္မႈရွိေအာင္ ေရးဆြဲထားတဲ့ အတြက္ေၾကာင့္ ႏိုင္ငံျခားမွာ က်ဴးလြန္သည့္တိုင္၊ ႏိုင္ငံကို မထိခိုက္ေစဘူး ဆိုရင္ေတာင္ ျပည္တြင္းမွာ က်ဴးလြန္တဲ့ အမႈလိုပဲ သတ္မွတ္တယ္။

ျခစားမႈတိုက္ဖ်က္ေရး ဌာနျဖစ္တဲ့ အက်င့္ပ်က္မႈစုံစမ္းစစ္ေဆးေရးဗ်ဴ႐ို (CPIB) ဟာဆိုရင္ အင္အား အေထာက္အပံ့ ျပည့္စုံၿပီး လြတ္လပ္စြာ ေဆာင္႐ြက္ႏိုင္တယ္။ ဒီအဖြဲ႕ အေနနဲ႔ ရဲအရာရွိ၊ ဝန္ႀကီးေတြအပါအဝင္ ဘယ္သူကိုမဆို စုံစမ္း စစ္ေဆးႏိုင္ခြင့္အပ္ႏွင္းထားၿပီး၊ လူထုကို အသိပညာေပးဖို႔နဲ႔ လူမႈအဖြဲ႕အစည္းအတြင္းမွာ စံသတ္မွတ္ခ်က္အျဖစ္ ေဖၚေဆာင္ဖို႔ေတြပါ တာဝန္ယူတယ္။

ႏိုင္ငံရဲ႕ ဝန္ထမ္းေတြရဲ႕ လစာကို ပုဂၢလိကဝန္ထမ္းေတြရဲ႕ လစာနဲ႔ ခ်ိန္ညႇိၿပီး သင့္တင့္ေအာင္၊ လက္ေတြ႕က်ေအာင္ သတ္မွတ္ထားတယ္။ ဒီအတြက္ ဝန္ထမ္းေတြဘက္ကလည္း ျမင့္မားတဲ့ စံ၊ ႐ိုးသားမႈနဲ႔ အားထုတ္မႈတို႔ကို ျပန္ေပးရမယ္။

စတုတၳအခ်က္

စတုတၳ အခ်က္ကေတာ့၊ အက်င့္ပ်က္မႈကို လက္မခံတဲ့ ေရွာင္ၾကဥ္လာတဲ့ လူမႈအဖြဲ႕အစည္းနဲ႔ ယဥ္ေက်းမႈ ပုံစံပါပဲ။ စင္ကာပူ လူ႔အဖြဲ႕အစည္းဟာ သန႔္ရွင္းတဲ့ စနစ္ကို ေတာင္းဆိုတယ္၊ အလုပ္အဆင္ေျပဖို႔ “လူမႈေရးအရ ခ်ဴဆီထည့္” ရတာမ်ိဳးကို မေထာက္ခံဘူး။ အက်င့္ပ်က္မႈကို ေတြ႕လာရင္လည္း တိုင္တန္းဖို႔ ဝန္မေလးဘူး။ ႏိုင္ငံသားေတြအေနနဲ႔ ဒီဥပေဒဟာ လူတိုင္းကို သက္ေရာက္တယ္ ဆိုတာရယ္၊ အစိုးရအေနနဲ႔ အဂတိတရားေတြ မပါပဲ မ်က္ႏွာ ပ်က္စရာ ျဖစ္မယ္ဆိုရင္ေတာင္ ဥပေဒအရပဲ ေဆာင္႐ြက္မယ္ ဆိုတာေတြကို ယုံၾကည္တယ္။

ႏိုင္ငံအလိုက္ ထုံးစံ အမ်ိဳးမ်ိဳး ႀကဳံဖူးတဲ့ စီးပြားေရးသမားတေယာက္ စင္ကာပူေရာက္လာပုံ ဇာတ္လမ္း တစ္ပုဒ္ရွိတယ္။ အစိုးရ အဖြဲ႕ဝင္ အဆင့္ဆင့္အတြက္ လာဘ္ထိုးဖို႔ ေပါက္ေဈးကို လိုက္စုံစမ္းလို႔မရလို႔ ေခါင္းကုတ္ၿပီး ျပန္သြားခဲ့ရဖူးတယ္။ လာဘ္ထိုးဖို႔ ေပါက္ေဈးက သိပ္ျမင့္လြန္းလို႔ ျဖစ္မယ္လို႔ေတာင္ ထင္သြားေလရဲ႕။

စင္ကာပူအေနနဲ႔ ျခစားမႈပေပ်ာက္ေရးမွာ ထိုက္သင့္သေလာက္ ေအာင္ျမင္ခဲ့တယ္လို႔ ေျပာႏိုင္ေပမယ့္၊ ဒီျပႆနာကေန အျမစ္ျပတ္ ကင္းလြတ္ၿပီးၿပီလို႔ေတာ့ အထင္မွတ္မွားယူဆဖို႔ မျဖစ္ႏိုင္ပါဘူး။ အက်င့္ပ်က္မႈဆိုတာ လူ႔သဘာဝရယ္ ေလာဘရယ္ေၾကာင့္ ျဖစ္ရပါတယ္။ ဥပေဒက ဘယ္လို ထိန္းခ်ဳပ္ခ်ဳပ္၊ စနစ္က ဘယ္ေလာက္ တင္းက်ပ္က်ပ္၊ တခါတရံ စည္းကို ေက်ာ္ခ်င္တဲ့ သူေတြကေတာ့ ရွိေနဦးမွာပါပဲ။ ဒီလိုလူေတြကို ထုတ္ေဖၚဖို႔နဲ႔ ျပင္းျပင္းထန္ထန္ အေရးယူဖို႔ မပ်က္မကြက္လုပ္တယ္။ အရင္ ၂ ႏွစ္ကပဲ စုံစမ္းစစ္ေဆးေရးဗ်ဴ႐ိုက လက္ေထာက္ၫႊန္ၾကားေရးမႉး တေယာက္ကို ေဒၚလာ ၁၇ သိန္း တလြဲသုံးမႈနဲ႔ တရားစြဲခဲ့တယ္။

စနစ္ကို သန႔္ရွင္းေအာင္ လုပ္တာဟာ က်ေနာ္တို႔အတြက္အျပင္၊ ႏိုင္ငံရဲ႕ ဂုဏ္သိကၡာကို ထိန္းသိမ္းျမႇင့္တင္ဖို႔လည္း ပါပါတယ္။ ဒါေၾကာင့္ပဲ စင္ကာပူရဲ႕ ဘဏ္ေတြကတဆင့္ ေငြေၾကးခဝါခ်တာ၊ မတရားတဲ့ နည္းနဲ႔ရတဲ့ ေငြေတြကို လႊဲေျပာင္း စုေဆာင္းတာေတြကိုလည္း တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္ရတယ္။ က်ေနာ္တို႔ရဲ႕ ေငြေၾကး ဗဟိုက်မႈနဲ႔ စီးပြားေရး အခ်က္အခ်ာက်မႈကို အားႀကိဳးမာန္တက္ ကာကြယ္သြားမယ္။

“အေပၚထုပ္တန္း လိမ္ရင္ ေအာက္ထုပ္တန္း မေျဖာင့္ႏိုင္ဘူး” ဆိုတဲ့ တ႐ုတ္စကားပုံတခု ရွိတယ္။ စနစ္တခု သန႔္ရွင္းဖို႔ဆိုတာ ထိပ္ဆုံးကေန စ ရမယ္။ ျပည္ပ သင္တန္းတခု သြားတက္တဲ့ တပ္မေတာ္ အရာရွိ တေယာက္ကို သူ႔အတန္းေဖာ္ တေယာက္က စင္ကာပူရဲ႕ စနစ္ကို ဘယ္လို သန႔္ရွင္းေအာင္ လုပ္ထားသလဲလို႔ ေမးဖူးတယ္။

အဲဒီအရာရွိက ဒီက မူေဘာင္ေတြနဲ႔ စုံစမ္းစစ္ေဆးေရးဗ်ဴ႐ိုအေၾကာင္းကို ရွင္းျပတဲ့အခါ အဲဒီဗ်ဴ႐ိုက ဘယ္သူ႔ကို သတင္းပို႔ရသလဲလို႔ ထပ္ေမးျပန္တယ္။ အရာရွိက ဗ်ဴ႐ိုက ဝန္ႀကီးခ်ဳပ္ကို သတင္းပို႔ရတယ္လို႔ ႐ိုး႐ိုးေျဖေတာ့ အတန္းေဖာ္အတြက္ ပိုေတာင္ ဇေဝဇဝါ ျဖစ္သြားေတာ့တာေပါ့။ ေနာက္မွ စဥ္းစားမိတာက တကယ္ေမးခ်င္တဲ့ ေမးခြန္းက ထိန္းခ်ဳပ္မယ့္သူေတြကို ဘယ္သူက ထိန္းခ်ဴပ္မွာလဲ ဆိုတာေပါ့။

ေရွးကတည္းက ရွိခဲ့တဲ့ ဒီပုစာၦအတြက္ အေျဖေတာ့ မရွိပါဘူး။ ဒါေပမယ့္ အစိုးရ ထိပ္ဆုံးကေန ဟိုးေအာက္အထိမွာ အျမင့္ဆုံး စံခ်ိန္နဲ႔ အစြန္းကုန္ ႐ိုးေျဖာင့္မႈကိုေတာ့ ကာကြယ္သြားမယ္လို႔ သႏၷိ႒ာန္ ခ်ထားပါတယ္။ ၁၉၉၆ တုန္းက မစၥတာ လီကြမ္ယူနဲ႔ က်ေနာ္တို႔ႏွစ္ေယာက္ အိမ္ဝယ္တဲ့ ကိစၥမွာ မမွန္မကန္ ေလွ်ာ့ေဈးနဲ႔ ရပါတယ္လို႔ သတင္းေတြထြက္ေတာ့ အဲဒီအခ်ိန္က ဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ ဂိုခ်ဳပ္ေတာင္က စုံစမ္းစစ္ေဆးမႈေတြ အျပည့္အစုံ လုပ္ဖို႔ အမိန႔္ထုတ္ခဲ့တယ္၊ မမွန္မကန္မႈေတြ ရွိခဲ့တယ္လို႔ မေတြ႕ခဲ့ဘူး။ ဒီကိစၥကို လႊတ္ေတာ္ကို ဆက္ တင္ခဲ့ၿပီး သုံးရက္တိုင္တိုင္ ေဆြးေႏြးၾကားနာမႈေတြလည္း လုပ္ခဲ့ေသးတယ္။

အဲဒီမွာ မစၥတာ လီ ေရာ၊ က်ေနာ္ေရာ ေျပာခဲ့တာရွိတယ္။ မစၥတာ လီ က “က်ေနာ္ဝယ္တာေရာ ဒုဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ က်ေနာ့သား ဝယ္တာေရာကို လက္လႊတ္မေပးဘဲ စုံစမ္းစစ္ေဆးခံရတာကို ဂုဏ္ယူ ေက်နပ္တယ္။ စစ္ေၾကာခံရမႈမွာ ဘယ္သူမွ ကင္းလြတ္ခြင့္မရွိတာရယ္၊ ဘယ္ေလာက္ႀကီးတဲ့ ဝန္ႀကီး မဆို မေလ်ာ္ ၾသဇာနဲ႔ အက်င့္ပ်က္ ရယူတယ္လို႔ ယူဆရရင္ စုံစမ္းစစ္ေဆးခံရတာေတြဟာ စင္ကာပူအတြက္ အလြန္ အေရးႀကီးတယ္” လို႔ ေျပာခဲ့တယ္။

ယုံၾကည္မႈဟာ တည္ေဆာက္ဖို႔ ၾကာသေလာက္၊ ပ်က္ဖို႔ အင္မတန္ ျမန္တယ္။ စင္ကာပူမွာ ႏွစ္ေပါင္း ၅၀ ေက်ာ္ တည္ေဆာက္ခဲ့တယ္။ အစိုးရ၊ စနစ္နဲ႔ တာဝန္ရွိ အမ်ိဳးသား အမ်ိဳးသမီး အားလုံးရဲ႕ ေျဖာင့္မတ္ မွန္ကန္မႈဟာ စင္ကာပူေအာင္ျမင္ရျခင္းရဲ႕ အဓိက ေသာ့ခ်က္ပါပဲ။ ေျဖာင့္မတ္မႈနဲ႔ ဂုဏ္သေရကို ဘယ္လိုအေၾကာင္းေၾကာင့္မွ အထိခိုက္မခံရေအာင္ ကာကြယ္သြားမယ့္အျပင္၊ အမ်ားထက္ အၿမဲတမ္း သာေနေအာင္၊ ႏိုင္ငံအတြက္ ဂုဏ္ယူစရာကိစၥျဖစ္ေအာင္ စိတ္ပိုင္းျဖတ္ထားပါတယ္။

လီရွန္လြန္း

References

Corrupt Practices Investigation Bureau (CPIB). 2016a. Prevention of Corruption Act, Singapore. Available online.
Corrupt Practices Investigation Bureau (CPIB). 2016b. About CPIB. Available online.
National Archives of Singapore. 21 May 1996. Statement by Senior Minister Lee Kuan Yew Nassim Jade and Scotts 28. Available online.

ကိုၿငိမ္းခန႔္ (NyeinKhant)

Tags: countriesworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
အိုက်စလန် နိုင်ငံငယ်လေး အကြောင်း သိကောင်းစရာ

အိုက်စလန် နိုင်ငံငယ်လေး အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!