၁။ လီဆိုသိုနိုင်ငံရဲ့ အမည်အပြည့်အစုံမှာ လီဆိုသိုဘုရင့်နိုင်ငံ (The Kingdom of Lesotho) ဟုခေါ်ပြီး ရှေးယခင်က ဘဆူတိုလန်း(Basutoland) လို့ခေါ်ဆိုကြပါတယ်။ ကိုလိုနီနိုင်ငံဖြစ်ခဲ့ပြီး နှစ်ပေါင်း ၁၀၀ အကြာ ၁၉၆၆ တွင်လွတ်လပ်ရေးရရှိခဲ့ပါတယ်။
၂။ ဆန်နီတောင်ဖြတ်လမ်းဟာ ကမ္ဘာပေါ်မှာအန္တရာယ်အရှိဆုံးတောင်ဖြတ်လမ်းများတွင်တစ်ခုအပါအဝင်ဖြစ်ပြီး တောင်အာဖရိကနိုင်ငံရှိ အန်ဒါဘာ့ဂျမြို့နှင့် လီဆိုသိုနိုင်ငံရှိ Mokhotlong မြို့တို့ကိုဆက်သွယ်ထားတဲ့လမ်းဖြစ်ပါတယ်။
၃။လီဆိုသိုဟာပင်လယ်ထွက်လမ်းမရှိတဲ့ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် လီဆိုသိုအပါအဝင် ပင်လယ်ထွက်ပေါက်မရှိသည့်နိုင်ငံပေါင်း ၄၉ နိုင်ငံရှိပါတယ်။ ထိုကဲ့သို့ပင်လယ်ရေထွက်ပေါက်မရှိသည့်အတွက် နိုင်ငံအများစုကတော့ စီးပွားရေးအခက်အခဲများနဲ့ရင်ဆိုင်နေရပါတယ်။
၄။ လီဆိုသိုနိုင်ငံ၏ဘေးပတ်လည်တွင်တောင်အာဖရိကနိုင်ငံကဝန်းရံထားပြီး ဆန်မာရီနို ၊ ဗာတီကန်တို့ကဲ့သို့ အခြားနိုင်ငံတစ်ခုထဲတွင် တည်ရှိနေသော နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့အကျယ်အဝန်းကတော့ စတုရန်းမိုင် ၁၁၇၂၀ ဖြစ်ပါတယ်။
၅။ လီဆိုသိုရဲ့အဓိပ္ပာယ်မှာ ” ဆက်ဆိုသိုဘာသာစကားပြောသူများနေထိုင်ရာ “လို့အဓိပ္ပာယ်ရပါတယ်။
၆။ လူဦးရေ ၂.၂သန်းခန့်သာ ရှိတဲ့ နိုင်ငံလေးဖြစ်ပြီး နိုင်ငံရဲ့မြို့တော်ကတော့ မာဆယ်ရူး ဖြစ်ပါတယ်။ Lesotho loti ငွေကြေးစနစ်ကို သုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ ၁၄.၂၅ Loti နဲ့ ညီမျှတာကြောင့် ငွေကြေးတန်ဖိုး မနိမ့်တဲ့နိုင်ငံ လို့ ဆိုရမှာပါ။
၇။ ဘာဆိုသိုလို့ခေါ်တဲ့ မာဆိုသိုလူမျိုးစုတစ်စုသာရှိပြီး ဆက်ဆိုသိုဘာသာစကားကိုရုံသုံးဘာသာစကားအဖြစ်ပြောဆိုကြပါတယ်။ အင်္ဂလိပ်ဘာသာစကား ပြောဆိုသုံးစွဲမှုများလည်း ရှိပါတယ်။
၈။ အုပ်ချုပ်မှုစနစ်ကတော့ စည်းမျဉ်းခံ နိုင်ငံတော်အကြီးအကဲစနစ် (constitutional monarchy) နဲ့ အုပ်ချုပ်ပါတယ်။ လက်ရှိဘုရင်က Letsie III ဖြစ်ပြီး ဝန်ကြီးချုပ်က Tom Thabane ဖြစ်ပါတယ်။
၉။ ကမ္ဘာပေါ်က နိုင်ငံတွေထဲမှာ အမြင့်ဆုံးနိုင်ငံတစ်ခုလို့ ဆိုရမှာပါ။ နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၈၀၀ (၅၉၀၆ ပေ) အမြင့်မှာတည်ရှိပါတယ်။ သူ့ထက်မြင့်တဲ့ တိုင်းပြည်တွေလည်း အများကြီးရှိပါသေးတယ်။ ဒါပေမယ့် လီဆိုသိုရဲ့ အနိမ့်ဆုံးနေရာဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၂၀၀ ( ၄၅၉၃ ) ပေမြင့်နေတာကတော့ ဒီနိုင်ငံရဲ့ ထူးခြားချက်ပါ။
၁၀။ လီဆိုသိုဟာအာဖရိကမှာရှိတဲ့ လက်တစ်ဆုပ်စာ နှင်းလျှောစီးနိုင်တဲ့ဒေသများထဲမှာ တစ်ခုအပါဝအင်ဖြစ်ပါတယ်။ လီဆိုသိုမှာရှိတဲ့ Afriski ဟာ မလုတီတောင်တွင်တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၃၂၂၂ မီတာ (၁၀၅၇၁ ပေ) မြင့်ပါတယ်။
၁၁။ လီဆိုသိုတွင် ကမ္ဘာပေါ်မှာကြောက်မက်ဖွယ်အကောင်းဆုံးလေယာဉ်ပြေးလမ်းများရှိပါတယ်။ Matekane လေဆိပ်ရဲ့လေယာဉ်ပြေးလမ်းဟာ မြင့်မားပြီး ပြေးလမ်းဟာ မီတာ ၆၀၀ မြင့်မားသောချောက်ကမ်းပါးအနီးတွင်တည်ရှိပါတယ်။
၁၂။ လီဆိုသိုဟာ ဒိုင်နိုဆောရဲ့အမည်လည်းဖြစ်ပါတယ်။ လက်ဆိုသိုဆောရက်လို့ခေါ်တဲ့ဒိုင်နိုဆောမျိုးစိတ်ဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၀၀ ကျော် Jurassic ကာတွင်ပေါ်ပေါက်ခဲ့တဲ့ ဒိုင်နိုဆောဖြစ်ပြီး အစောပိုင်းကျောက်ဖြစ်ရုပ်ကြွင်းများကို လီဆိုသိုတွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။
၁၃။ ၂၀၁၈ ခုနှစ်တွင် အကြီးဆုံးစိန်တုံးတစ်တုံးဖြစ်တဲ့ စိန်တုံးကို လီဆိုသိုမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ အလေးချိန် ၉၁၀ ကာရက်ရှိပြီး ဘတ်စကတ်ဘောလုံးထက်အရွယ်အစားကြီးမားပါတယ်။ လီဆိုသိုသမိုင်းတွင်အကြီးဆုံးရှာဖွေတွေ့ရှိတဲ့စိန်တုံးဖြစ်ပြီး ပဉ္စမမြောက်အကြီးဆုံးစိန်တုံးဖြစ်ပါတယ်။
၁၄။ နိုင်ငံလူဦးရေရဲ့လေးပုံတစ်ပုံဟာ HIV ရောဂါခံစားနေရပြီး ဆွာဇီလန်ရဲ့နောက် ကမ္ဘာပေါ်တွင်ဒုတိယမြောက် HIV အပျံ့နှံ့ဆုံးနိုင်ငံဖြစ်ပါတယ်။
၁၅။ လီဆိုသိုဟာ အာဖရိကတွင် စာတတ်မြောက်မှုအမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်ပြီး အမျိုးသား ၇၀.၁ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၈၈.၃ ရာခိုင်နှုန်းစာတတ်မြောက်ကြပါတယ်။
၁၆။ လီဆိုသိုနိုင်ငံတွင်လိုဏ်ခေါင်းတွင်းနေထိုင်သူများလည်းရှိနေဆဲဖြစ်ပါတယ်။ ဘာရီရာပြည်နယ်တွင်တည်ရှိတဲ့ ဟာကိုမီလိုဏ်ခေါင်းအိမ်များဟာ ရွံ့ဖြင့်ပြုလုပ်ထားပြီး ဘာဆီးယားလူမျိုးစုများမှသားစဉ်မြေးဆက်နေထိုင်ခဲ့ကြတာဖြစ်ပါတယ် ။
၁၇။ စီးပွားရေးလုပ်ငန်းများအဖြစ် အစားအစာ ၊ အဖျော်ယမကာ ၊ ချည်မျှင် နဲ့ အထည် ၊ လက်မှုပညာ ၊ ဆောက်လုပ်ရေး ၊ ခရီးသွားလာရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများကိုသား လုပ်ကိုင်ကြပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၃၉၀၀ ဖြစ်ပါတယ်။
၁၈။ ခရီးသွားအများစု လည်ပတ်လေ့ရှိတဲ့နေရာတွေကတော့ Sehlabathebe အမျိုးသားပန်းခြံ ၊ မာဆယ်ရူးမြို့ ၊ Maletsunyane ရေတံခွန် ၊ Thaba Bosiu တောင် ၊ Katse ဆည် ၊ Katse ရုက္ခဗေဒဥယျာဉ် ၊ Kome လိုဏ်ဂူ ၊ ဒိုင်နိုဆောခြေရာများရှိရာနေရာ နဲ့ Morija ပြတိုက်တို့ပဲ ဖြစ်ပါတယ်။