Thursday, February 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လတ်စ်ဗီးဂတ် က အီဂျစ် ပိရမစ် ဟိုတယ်

by Thutamm
November 7, 2020
Reading Time: 3min read
0
လတ်စ်ဗီးဂတ် က အီဂျစ် ပိရမစ် ဟိုတယ်
Share on FacebookShare on Twitter

အမေရိကန် နီဗားဒါးပြည်နယ်က ကမ္ဘာ့လောင်းကစားမြို့တော် လတ်စ်ဗီးဂတ်မှာ ထင်ရှားတဲ့ ဧရာမဟိုတယ်ကြီးပေါင်းများစွာ ရှိတဲ့အနက်က ထူးခြားတဲ့ ပုံသဏ္ဍာန်နဲ့ တည်ဆောက်ထားတဲ့ ဟိုတယ်ကတော့ Luxor လတ်စ်ဗီးဂတ် ဖြစ်ပါတယ်။ Luxor ကတော့ ရှေးဟောင်းအီဂျစ်ရဲ့ သမိုင်းဝင်မြို့တော်ဖြစ်ပြီး ဒီနာမည်ကို ယူကာ ပေးထားသလို ပုံစံကိုလည်း အီဂျစ်ပိရမစ်အတိုင်း တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာတော့ ၁၁ခုမြောက် အကြီးဆုံး ဟိုတယ်ဖြစ်ပါတယ်။

လတ်စ်ဗီးဂတ်ရဲ့ တောင်ပိုင်းစွန်းမှာတည်ရှိတဲ့ ဒီအဆောက်အဦးကြီးဟာ အမြင့်ပေ ၃၅၀ ၊ အထပ် ၃၀ မြင့်တဲ့ ကာစီနို ဟိုတယ်ကြီးတခုဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးကိုတော့ အမေရိကန် အပန်းဖြေ နဲ့ ဖျော်ဖြေရေး လုပ်ငန်းစုကြီးဖြစ်တဲ့ MGM က ပိုင်ဆိုင်ပါတယ်။ ကစားဖို့ အတွက် စတုရန်းပေ ၁၂၀,၀၀၀ အကျယ်အဝန်း ဧရိယာပါဝင်ပြီး slot machine ပေါင်းအခု ၂၀၀၀ ကျော် နဲ့ ကစားဝိုင်းပေါင်း ၈၇ ခု ရှိနေပါတယ်။

ပိရမစ် ဒီဇိုင်း နဲ့ အဆောက်အဦးကြီးကိုတော့ ၁၉၉၂ ခုနှစ်က Circus Circus လုပ်ငန်းစုက Project X လို့ယာယီအမည်ပေးကာ အမေရိကန်ဒေါ်လာ သန်း ၂၉၀ အကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ အဆောက်အဦးဒီဇိုင်းကိုတော့ ဗိသုကာပညာရှင် Veldon Simpson က ရေးဆွဲပေးခဲ့ပြီး Perini ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

အပေါ်ဘက် ပိရမစ်ကြီးကိုတော့ Waltek ကုမ္ပဏီက သတ္တု ၊ မှန် တို့နဲ့ ဖန်တီးပေးထားတာဖြစ်ပြီး ဒီပရောဂျက်ဟာ သတ္တု၊ မှန် နဲ့ တည်ဆောက်တဲ့ ပရောဂျက်တွေထဲမှာ ကမ္ဘာ့အကြီးဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ တည်ဆောက်ပြီးစီးပြီး အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ လူပေါင်း ၁သောင်းခန့်နဲ့အတူ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ စတင်ဖွင့်လှစ်စဉ်ကတော့ ကာစီနိုဧရိယာ စတုရန်းပေ ၁၀၀,၀၀၀ နဲ့အတူ ဟိုတယ်ခန်းပေါင်း ၂၅၂၆ခန်း ပါဝင်ခဲ့ပါတယ်။

အဲဒီအချိန်က ဒီဒေသတဝိုက်မှာ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့ပြီး စတင်ဖွင့်လှစ်ချိန်မှာတော့ စုစုပေါင်း ကုန်ကျစရိတ်ဟာ ဒေါ်လာ ၃၇၅သန်းအထိ ရှိသွားခဲ့ပါတယ်။ ဒီပိရမစ်အဆောက်အအုံဟာ အီဂျစ်ပြည်က ဂိုင်ဇာပိရမစ်ကြီးလောက် မကြီးပေမယ့် အခြားနာမည်ကြီး ပိရမစ်နှစ်ခုဖြစ်တဲ့ Red ပိရမစ် ၊ Bent ပိရမစ် တို့ရဲ့အရွယ်အစားလောက်ရှိပါတယ်။ ၁၉၉၆ ခုနှစ်မှာ IMAX ကဇာတ်ရုံကို ထည့်သွင်းပြီး ၁၉၉၈ ခုနှစ်မှာတော့ တာဝါနှစ်လုံးထပ်ဆောက်ပြီး အခန်းပေါင်း ၂၀၀၀ ခန့်ကို ထပ်ထည့်ခဲ့တာကြောင့် အခန်းစုစုပေါင်း ၄၄၀၀ အထိရှိသွားခဲ့ပါတယ်။ စုစုပေါင်း ကုန်ကျစရိတ်အနေနဲ့ ဒေါ်လာ သန်း ၉၀၀ကျော် ထပ်မံသုံးစွဲပြီး မွမ်းမံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ ပိုင်ရှင်ဖြစ်တဲ့ MGM က ဒေါ်လာ သန်း ၃၀၀ အကုန်အကျခံပြီး မွမ်းမံပြင်ဆင်မှုတွေကို ထပ်လုပ်ခဲ့ပြန်ပါတယ်။ ဒီတခါမှာတော့ အီဂျစ်အပြင်အဆင်တချို့ကိုဖယ်ရှားပြီး အရှေ့တိုင်းအပြင်အဆင်နဲ့အတူ ခေတ်မီအခန်းများ ၊ ကလပ်များ ၊ စားသောက်ဆိုင်များကို ထည့်သွင်းခဲ့ပြန်ပါတယ်။

ဒီဟိုတယ်ကြီးမှာ အီဂျစ်အမှတ်အသားအဖြစ် ပိရမစ် ၊ စဖင့်ရုပ်တုကြီး(အီဂျစ်က တကယ့်စဖင့်ရုပ်ထက်ပိုကြီးပါတယ်) ၊ Luxor ကျောက်တိုင်ကြီး နဲ့ အခြားရုပ်တုတွေ ရှိနေတဲ့အပြင် စတုရန်းပေ ၂၀၀၀၀ ကျယ်ဝန်းတဲ့ ခန်းမ ၊ ရေကူးကန်များ ၊ မင်္ဂလာခန်းမ ၊ အလှပြင်ခန်းမ ၊ စတိုးဆိုင်ပေါင်း ၂၉ ခုနဲ့အတူ စားသောက်ဆိုင်ပေါင်းများစွာလည်း ပါဝင်နေပါတယ်။ ဒီဟိုတယ်ရဲ့ ဓာတ်လှေကားတွေကတော့ ပုံမှန်ဓာတ်လှေကားတွေလို အထက်အောက် တည့်တည့် တက်မှာမဟုတ်ပဲ ၃၉ဒီဂရီစောင်းကာ တက်ရတာဖြစ်ပါတယ်။

Luxor ဗီးဂတ်စ် ဟိုတယ်ရဲ့ ထင်ရှားတဲ့ အရာတွေထဲမှာ ပိရမစ်ထိပ်ကနေ ကောင်းကင်ထဲကို ထိုးထားတဲ့ မီးအလင်းတန်းကြီးလည်း အပါအဝင်ဖြစ်ပါတယ်။ xenon မီးလုံး ၃၉ ခု နဲ့ ထွန်းညှိထားတာဖြစ်ပြီး ဘယ်လောက်တောင် အားကောင်းသလဲဆိုရင် မိုင် ၂၇၀ ကျော် အကွာအဝေးကတောင် ဒီမီးအလင်းတန်းကြီးကို မြင်နိုင်ပါတယ်တဲ့။ ပိရမစ်ထိပ်က မီးလုံးတွေ ထားရာ အခန်းဟာ ပိရမစ်ထိပ်ဖျားရဲ့အောက်ဘက် ပေ ၅၀ ခန့်မှာ ရှိပါတယ်။

မီးလုံးတွေထိုးထားတဲ့အခါမျိုးမှာ အခန်းရဲ့အပူချိန်ဟာ ၁၅၀ ဒီဂရီဆဲစီးယပ်လောက်တောင် ရှိနေပါသတဲ့။ ဒီမီးလုံးတွေ ထွန်းညှိနိုင်ဖို့ ၁နှစ်ကို ဒေါ်လာ ၁သန်းနီးပါး ကုန်ကျခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ်က စလို့ စရိတ်လျှော့ချတဲ့အနေနဲ့ မီးလုံးအကုန်မထွန်းတော့ပဲ တဝက်ခန့်ပဲ ထွန်းတော့ပါတယ်။

Luxor ဗီးဂတ်စ်ဟာ ကမ္ဘာ့အကြီးဆုံး Atrium အဆောက်အဦးလည်းဖြစ်ပါတယ်။ Atrium ဆိုတာကတော့ စင်တာတွေမှာ မြင်နေကြဖြစ်တဲ့ အလယ်ဗဟိုကို အမိုးအထိ အလွတ်ထားပြီး အဆောက်အဦးကို ဘေးပတ်ပတ်လည်ကနေသာ ဝန်းကာ ဆောက်တဲ့ ပုံစံဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးရဲ့ Atrium ဟာ ထုထည်အားဖြင့် ၂၂သန်း ကုဗမီတာတောင် ရှိပါသတဲ့။

စတုရန်းပေ ၃၀၀၀၀ ကျယ်ဝန်းတဲ့ ခန်းမထဲမှာတော့ ဗီဒီယိုဂိမ်းပြိုင်ပွဲကြီးတွေကို ခမ်းနားစွာ ကျင်းပပေးလေ့ရှိပါတယ်။ ဒီဟိုတယ်ကြီးမှာ Fantasy လို ရှိုးပွဲတွေ ၊ ဟာသဖျော်ဖြေပွဲပေါင်းများစွာကို ကျင်းပသလို ကမ္ဘာကျော် အဆိုတော်တွေဟာလည်း လာရောက်ဖျော်ဖြေလေ့ရှိကြပါတယ်။

Tags: world places
Next Post
မွန်ဂိုအင်ပါယာကို တန်ပြန် အနိုင်တိုက်ခိုက် နိုင်ခဲ့ကြသူများ

မွန်ဂိုအင်ပါယာကို တန်ပြန် အနိုင်တိုက်ခိုက် နိုင်ခဲ့ကြသူများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!