Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လက်နှိပ်စက် နဲ့ ကွန်ပျူတာကီးဘုတ်တွေရဲ့ သမိုင်းကြောင်း

by Thutamm
March 6, 2020
Reading Time: 1min read
0
လက်နှိပ်စက် နဲ့ ကွန်ပျူတာကီးဘုတ်တွေရဲ့ သမိုင်းကြောင်း
Share on FacebookShare on Twitter

လက်နှိပ်စက်ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း ခလုတ်တွေစီတန်းပါနေပြီး ရိုက်လိုက်တဲ့အခါ စက္ကူလိုမျိုးကြားခံပစ္စည်းတစ်ခုပေါ်မှာ မင်များကိုပေါ်စေနိုင်တဲ့ စက်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ လက်နှိပ်စက်တွေကို ၁၆ ရာစုလောက်ကတည်းက တီထွင်ခဲ့ကြတာဖြစ်ပြီး ပထမဆုံးစတင်ခဲ့သူကတော့ အီတလီလူမျိုး Francesco Rampazetto ဆိုသူဖြစ်ပါတယ်။ သူဟာ လက်နှိပ်စက်နဲ့ ခပ်ဆင်ဆင်တူတဲ့ scrittura tattile စက်ကိုတီထွင်ခဲ့တာဖြစ်ပါတယ်။

၁၇၁၄ ခုနှစ်မှာတော့ အင်္ဂလိပ်လူမျိုး Henry Mill ဆိုသူက ပထမဆုံးလက်နှိပ်စက်ပုံစံအတွက် မူပိုင်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့လက်နှိပ်စက်ဟာ ထိထိရောက်ရောက် အဆင်ပြေပြေအသုံးပြုနိုင်ခြင်း မရှိတာကြောင့် လူသုံးနည်းခဲ့ပြီး ကွယ်ပျောက်သွားခဲ့ပါတယ်။ ၁၈၂၉ ခုနှစ်မှာတော့ အမေရိကန်လူမျိုး William Austin Burt က Typographer လို့ခေါ်တဲ့ စက်တစ်မျိုးကို တီထွင်ခဲ့ပြီး အဲဒီစက်ဟာ အမေရိကရဲ့ပထမဆုံး လက်နှိပ်စက်လို့ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

၁၈၆၈ ခုနှစ်မတိုင်မီအထိ ပညာရှင်အမျိုးမျိုးဟာ လက်နှိပ်စက်တွေကို ပုံစံအမျိုးမျိုးနဲ့ တီထွင်ခဲ့ကြပေမယ့် လူတွေသုံးစွဲလို့ရအောင်အထိတော့ အောင်မြင်အောင် မတီထွင်နိုင်ခဲ့ပါဘူး။ ၁၈၆၅ ခုနှစ်မှာတော့ ဒိန်းမတ်လူမျိုး Rasmus Malling-Hansen က Hansen Writing Ball လို့အမည်ရတဲ့ လက်နှိပ်စက်ကို တီထွင်ခဲ့ပြီး ဥရောပတလွှားမှာ အောင်မြင်စွာရောင်းချနိုင်ခဲ့ပါတယ်။ ဥရောပနိုင်ငံတော်တော်များများက ရုံးတွေမှာ ဒီစက်ကိုသုံးခဲ့သလို လန်ဒန်ကရုံးတွေမှာဆိုရင် ၁၉၀၉ ခုနှစ်အထိ သုံးစွဲခဲ့ကြပါတယ်။

လက်နှိပ်စက်လောကမှာ အအောင်မြင်ဆုံးဖြစ်လာမယ့် လက်နှိပ်စက်ကိုတော့ ၁၈၆၈ ခုနှစ် မှာ အမေရိကန်တီထွင်သူတွေဖြစ်တဲ့ Christopher Latham Sholes, Frank Haven Hall, Carlos Glidden နဲ့ Samuel W. Soule တို့က ပူးပေါင်းတီထွင်ခဲ့ကြပါတယ်။ သူတို့ရဲ့လက်နှိပ်စက်ကို ၁၈၇၄ ခုနှစ်မှာ အီးရီမင်တန်နှင့်သားများကုမ္ပဏီမှ နယူးယော့မြို့တွင် ကုန်ပစ္စည်း အဖြစ်ဖြင့် စတင်ရောင်းချခဲ့ပြီး လက်နှိပ်စက်လောကမှာ ရေပန်းစား အောင်မြင်ခဲ့ပါတယ်။

ပထမဦးဆုံးပေါ်တဲ့ ရီမင်တန်လက်နှိပ်စက်များဟာ ယခုခေတ်လက်နှိပ်စက်တွေနဲ့ သိပ်ကွဲပြားခြင်း မရှိပါဘူး။ သူ့စက်၏ အလုပ်လုပ်ပုံမှာ ခလုတ်များကိုနှိပ်လိုက်သည့်အခါ စာလုံးတပ်ထားတဲ့သံချောင်းက ကြွလာပြီး အလယ်တည့်တည်မှာရှိတဲ့ စက္ကူထပ်ထားတဲ့ရော်ဘာလုံးပေါ်သို့ ရိုက်နှိပ်မိပါတယ်။ အဲဒီရော်ဘာလုံးရဲ့ရှေ့နားမှာ မင်ကြိုးထည့်ထားတဲ့ ခဲစာလုံးကို ကြားဝင်ခံထားစေရာမှ ရိုက်လိုကတဲ့အခါ စာရွက်ပေါ်မှာမင်စာလုံးပေါ်လာခြင်း ဖြစ်ပါတယ်။

လက်နှိပ်စက်အများစုဟာ ရိုက်သည့်အခါ တချောက်ချောက်အသံမြည်နေတတ်တဲ့အတွက် ၂၀ရာစုအစပိုင်းမှာတော့ ရိုက်တဲ့အခါအသံမမြည်တဲ့ လက်နှိပ်စက်များကိုလည်း ထပ်မံထုတ်လုပ်လာကြပါတယ်။ အစပထမ လက်နှိပ်စက်တွေမှာ စာရိုက်စနစ်ဟာ အစဉ်လိုက်ဖြစ်ပေမယ့် Christopher Latham Sholes တီထွင်ခဲ့တဲ့ လက်နှိပ်စက်မှာတော့ QWERTY စနစ်ကို အသုံးပြုထားခဲ့ပါတယ်။ ဒါဟာ ဘယ်ဘက်အပေါ်မှာ ABCDE နဲ့ မစပဲ QWERTY နဲ့ စထားတဲ့စနစ်ဖြစ်ပြီး လက်ရှိအချိန်ထိ ကွန်ပျူတာကီးဘုတ်မှာ ကျွန်တော်တို့သုံးနေကြတဲ့ စနစ်လည်းဖြစ်ပါတယ်။

ဘာကြောင့် ABCD အစဉ်လိုက်မစီထားပဲ QWERTY နဲ့ စီထားရသလဲဆိုတဲ့ အကြောင်းကတော့ ဒီလိုပါ။ လက်နှိပ်စက်ရိုက်သူတွေ ၊ ကြေးနန်းရိုက်ထားတာကို ဘာသာပြန်ရတဲ့သူတွေဟာ ခပ်မြန်မြန်ရိုက်ရတဲ့အခါ A to Z အစဉ်လိုက်စီထားခြင်းဟာ စာလုံးတွေရဲ့နေရာအထားအသိုကို မှတ်ရတာခက်ခဲတဲ့အပြင် စာလုံးအရွေ့အပြောင်းပြုလုပ်တဲ့အခါမှာလည်း ခက်ခဲလို့ပါတဲ့။ ဒါကြောင့် စာလုံးတွေကို ဘယ်နေရာမှာထားပြီး ရိုက်ရင်အမြန်ဆုံးလဲဆိုတာကို စမ်းသပ်ပြီး Christopher Sholes က ဒီစနစ်ကို ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။

စာရိုက်စက်တွေ စတင်ခေတ်စားလာခဲ့ပြီးတဲ့နောက်မှာ ဆက်သွယ်ရေးနဲ့ အီလက်ထရောနစ်လုပ်ငန်းတွေမှာလည်း ဒီစက်တွေကို အသုံးပြုခဲ့ကြပါတယ်။ ဒီလုပ်ငန်းတွေမှာသုံးတဲ့ စာရိုက်စက်တွေကိုတော့ teleprinters နဲ့ keypunches လို့ခေါ်ခဲ့ကြပါတယ်။ စာလုံးတွေ နဲ့ နံပါတ်တွေရိုက်နိုင်ပြီး ကွန်ပျူတာတွေမှာသုံးတဲ့ ပထမဆုံး ကီးဘုတ်တွေကိုတော့ ၁၉၃၀ ခုနှစ်မှာ အမေရိကန်လူမျိုး Herman Hollerith က တီထွင်ခဲ့ပါတယ်။ ပထမဆုံး အီလက်ထရောနစ် အထွေထွေသုံးကွန်ပျူတာ ENIAC မှာလည်း အဝင်စာရိုက်စနစ် နဲ့ စာရွက်ပေါ်မှာ output ကိုပြန်ထုတ်ပေးဖို့အတွက် keypunch ကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။

၁၉၄၈ ခုနှစ်မှာတော့ လေယာဉ်ကုမ္ပဏီ Northrop ရဲ့ BINAC ကွန်ပျူတာမှာလည်း Typewriter-Keyboard ကို တပ်ဆင်အသုံးပြုခဲ့ပါတယ်။ ဒီကီးဘုတ်မှာတော့ ဂဏန်း ဝကနေ ၇အထိ ကီး ၈ ခုပဲ ပါရှိပါတယ်။ ၁၉၆၀ ခုနှစ်မတိုင်မီအထိ ကွန်ပျူတာကီးဘုတ်ဆိုတာ သီးသန့်ရှိမလာသေးပါဘူး။ ၁၉၆၀ ခုနှစ်က UNIVAC ကွန်ပျူတာမှာတော့ ရိုက်နှိပ်တဲ့ ကီးတွေကို ကွန်ပျူတာ screen မှာ ပြပေးတဲ့ Video DIsplay Terminal ဆိုတာ ပါဝင်လာခဲ့ပါတယ်။ ၁၉၇၀ ထုတ် Altiar နဲ့ IMSAI ကွန်ပျူတာတွေမှာ ပထမဆုံး ကွန်ပျူတာကီးဘုတ်တွေ ပါဝင်လာခဲ့ပါပြီ။

၁၉၇၈ ခုနှစ်မှာတော့ ကွန်ပျူတာတွေကို ကီးဘုတ်တွေနဲ့ တွဲလျက် ဈေးကွက်မှာ ရောင်းချလာခဲ့ကြပါတယ်။ ၁၉၈၁ ခုနှစ်မှာ IBM ဟာ သူတို့ရဲ့ပထမဆုံး ကွန်ပျူတာကို ထုတ်လုပ်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာတော့ အဲဒီခေတ်အခါက အသုံးပြုရအလွယ်ဆုံး အဆင်ပြေဆုံးဖြစ်ခဲ့တဲ့ IBM model m keyboard ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၁၉၉၀ မှာတော့ မူလ Mechanical Key တွေနေရာမှာ Membrane Switch တွေကို အစားထိုးအသုံးပြုလာခဲ့ကြပါတယ်။ အဲဒီကနေစလို့ လက်နှိပ်စက်က တဆင့်တက်လို့ ကွန်ပျူတာကီးဘုတ်တွေကိုအသုံးပြုရာကနေ ယနေ့အချိန်မှာတော့ ဖုန်းတွေရဲ့မျက်နှာပြင်ကနေ screen keyboard တွေကို အသုံးပြုလာနိုင်တဲ့အထိ တိုးတက်လာခဲ့ပြီ ဖြစ်ပါတယ်။

Tags: tech

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

Next Post
တံငါသည်ငှက် (သို့) တင်ကျီးငှက်တို့အကြောင်း

တံငါသည်ငှက် (သို့) တင်ကျီးငှက်တို့အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!