(Unicode)
ဟောလိဝုဒ်တွင် အောင်မြင်ထင်ရှားလာသည့် မင်းသားတစ်လက် အနေဖြင့် သရုပ်ဆောင်ကြေး ဒေါ်လာသန်းနှင့်ချီ ရရှိတတ်သည်မှာ မဆန်းလှချေ။ သရုပ်ဆောင် ဘဝတွင် အောင်မြင်စွာ ရပ်တည်နိုင်သည့် ကာလရှည်ကြာလာသောအခါ စုဆောင်းပိုင်ဆိုင်ထားသည့် ငွေကြေးပမာဏသည်လည်း ပိုမိုများပြား ကြွယ်ဝလာလေ့ရှိသည်။
ထို့ကြောင့်လည်း ရုပ်ရှင်လောကတွင် ကာလရှည်ကြာ ကျင်လည်ခဲ့သော ဝါရင့်မင်းသား အများအပြားသည် ယခုအခါ ဒေါ်လာသန်းပေါင်း ရာနှင့်ချီ ကြွယ်ဝသည့် သူဌေးများအဖြစ် ရပ်တည်လျက် ရှိကြသည်။ ကမ္ဘာ့အချမ်းသာဆုံး ရုပ်ရှင်မင်းသားများတွင် အက်ရှင်စတားများ၊ ဇာတ်မြူးသရုပ်ဆောင်များ၊ ချောမောခံ့ညားသူများ၊ အော်စကာဆုနှင့် အကျွမ်းတဝင် ရှိသူများ ပါဝင်နေသည်။
ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ရုပ်ရှင်မင်းသား (၁၀)ဦးကို ရွေးထုတ်လိုက်သည့်အခါ ဟောလိဝုဒ် ကြယ်ပွင့်များကသာ အဓိက လွှမ်းမိုး နေရာယူထားသည်။ ထူးခြားချက်မှာ ဘောလီးဝုဒ်မှ အိန္ဒိယမင်းသား ရှရွတ်ခန်းက ဟောလိဝုဒ် မင်းသား အများအပြားကို ကျော်ဖြတ်ကာ ထိပ်ပိုင်းအဆင့်၌ ရပ်တည်နေခြင်း ဖြစ်သည်။
၁၀။ ကလင့်အိစ်ဝုဒ်
အသက်(၈၈)နှစ် ရှိပြီဖြစ်သော ဝါရင့်မင်းသားကြီး အနေဖြင့် (၁၉၅၀)ပြည့်လွန် နှစ်များကတည်းက ဟောလိဝုဒ်တွင် စတင်ကျင်လည်နေခဲ့ပြီး ဖြစ်သည်။ ဟောလိဝုဒ် သမိုင်းတွင် သက်ရှိထင်ရှား ဂန္ထဝင် တစ်ဦးအဖြစ် သတ်မှတ်ခံရသည့် ကလင့်အိစ်ဝုဒ်သည် လက်ရှိအချိန်တွင်မူ ဒါရိုက်တာ နယ်ပယ်သို့ ကူးပြောင်းပြီး အောင်မြင်မှုများ ရှာဖွေလျက် ရှိသည်။ ၂၀၀၈ ခုနှစ်က ၎င်းကိုယ်တိုင် သရုပ်ဆောင်ပြီး ဒါရိုက်တာ အနေဖြင့်ရော ထုတ်လုပ်သူ အဖြစ်ပါ တာဝန်ယူခဲ့သည့် ဇာတ်ကားသည် ဒေါ်လာသန်းပေါင်း ၂၇၀ မျှအထိ ဝင်ငွေရရှိခဲ့သည်။ ၎င်း၏ လက်ရှိကြွယ်ဝမှုသည် ဒေါ်လာ ၃၇၅ သန်း ပမာဏမျှ ရှိသည်။
၉။ အာနိုး
သူ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ကာယအလှမောင်အဖြစ် စတင်ခဲ့သော မင်းသားကြီး အာနိုးသည် ရုပ်ရှင်လောကသို့ ၁၉၆၉ ခုနှစ်ကတည်းက ဟာကျူလီကားရိုက်ရင်း ဝင်ရောက်ခဲ့သည်။ သူသည် ကမ္ဘာကျော် ရုပ်ရှင်မင်းသားအဖြစ်သာမက ရုပ်ရှင်ဒါရိုက်တာ ၊စီးပွားရေးလုပ်ငန်းရှင်၊ ရင်းနှီးမြုပ်နှံသူ၊ စာရေးဆရာ၊ နာမည်ကျော်ပရဟိတအလှူရှင်၊ နိုင်ငံရေးသမားစတဲ့ မတူညီတဲ့နယ်ပယ်တွေမှာလည်း အောင်မြင်စွာရပ်တည်နိုင်သူဖြစ်သည်။ ၂၀၁၉ ခုနှစ်အရ မင်းသားကြီးအာနိုး၏ ကြွယ်ဝမှုမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဖြစ်သည်။
၈။ ဆီဗက်စတာ စတားလုံး
ရော့ကီး ၊ ရမ်ဘို ဟု လူသိများသည့် ဆဲဗားစတားလုံးသည် ဇာတ်ရုံဧည့်ကြို ၊ တိရစ္ဆာန်ရုံစောင့် စသည့်အလုပ်များလုပ်ရင်း သာမန်ဗီဒီယိုကားများကို ရိုက်ကူးခဲ့သူဖြစ်သည်။ သူ့အားအောင်မြင်စေခဲ့သော ဇာတ်ကားမှာ သူကိုယ်တိုင်ရေးသည့် Rocky ဇာတ်ကားဖြစ်သည်။ အစပိုင်းတွင် သူ၏ရုပ်ရည်နှင့် ဟန်ပန်အမူအရာများကြောင့် မည်သည့် ထုတ်လုပ်သူမှ လက်မခံခဲ့သော စတားလုံးသည် ကမ္ဘာ့နာမည်အကြီးဆုံး မင်းသားတစ်လက် ဖြစ်လာသည် အထိအောင်မြင်ခဲ့သည်။ လက်ရှိ ၂၀၁၈စာရင်းအရ ဆီဗက်စတာ စတားလုံး၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၄၀၀ သန်း ဖြစ်သည်။
၇။ ဂျက်နစ်ကိုလ်ဆန်
စိတ်ဖောက်ပြန်နေသကဲ့သို့၊ ပုံမှန်စိတ်အနေအထား မရှိသူ တစ်ဦးကဲ့သို့ သရုပ်ဆောင်ပြသည့်အခါ ဂျက်နစ်ကိုလ်ဆန်ကို ယှဉ်ပြိုင်နိုင်သူ မရှိသလောက်ရှားကြောင်း ဟောလိဝုဒ်တွင် အသိအမှတ် ပြုထားကြသည်။ နစ်ကိုလ်ဆန်သည် အော်စကာ ဆန်ခါတင် အဆင့်တွင် (၁၂) ကြိမ် အမည်တင်သွင်း ခံခဲ့ရပြီး ယင်းသည် အမျိုးသား သရုပ်ဆောင် တစ်ဦးအတွက် အရေအတွက် အများဆုံး စံချိန်လည်း ဖြစ်ခဲ့သည်။ ယင်းတို့အနက်မှ (၃) ကြိမ်တွင် ၎င်းအနေဖြင့် အော်စကာဆုကို လက်တွေ့ဆွတ်ခူး ရယူနိုင်ခဲ့သည်။ နစ်ကိုလ်ဆန်သည် ဆယ်စုနှစ် ငါးခုဆက်တိုက် အော်စကာ ဆန်ခါတင်အဆင့် ပါဝင်သတ်မှတ်ခံရသည့် မင်းသားတစ်လက် အဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့သေးသည်။ ၁၉၈၉ ခုနှစ်က ရုံတင်ခဲ့သည့် Batman ဇာတ်ကားတွင် Jokerအဖြစ် အစွမ်းပြ သရုပ်ဆောင်သွားသည့် မင်းသားကြီး၏ ကြွယ်ဝမှုမှာ ဒေါ်လာသန်းပေါင်း ၄၀၀ မျှ ရှိသည်။
၆။ အမီတာ ဘဂျမ်း
ကမ္ဘာပေါ်တွင် လူသိအများဆုံး အိန္ဒိယရုပ်ရှင်မင်းသားကြီးဖြစ်သလို လက်ရှိအချိန်အထိ ဘောလိဝုဒ်ရုပ်ရှင်လောကတွင် သြဇာလွှမ်းမိုးထားနိုင်သူဖြစ်သည်။ ၁၉၆၉ခုနှစ်ကတည်းက ရုပ်ရှင်လောက ကို ဝင်ရောက်ခဲ့သူဖြစ်ပြီး Agneepath ၊ Sharaabi ၊ Baghban စသည့် ဇာတ်ကားများဖြင့် သူ့ခေတ်သူ့အခါက အလွန်အောင်မြင်ခဲ့သည်။ အသက် ၇၅နှစ် ရှိပြီဖြစ်သော်လည်း ယခုတိုင် အနုပညာလုပ်ငန်းများကို လုပ်ကိုင်နေဆဲဖြစ်သည်။ သူ၏ ကြွယ်ဝမှုမှာ အမေရိကန်ဒေါ်လာ ၄၀၀ သန်း ဖြစ်သည်။
၅။ Adam Sandler
Adam Sandler ကတော့ အမေရိကန် သရုပ်ဆောင် နဲ့ ထုတ်လုပ်သူ တစ်ဦးဖြစ်ပြီး တချိန်က ဟောလိဝုဒ်ရဲ့ ဝင်ငွေအမြင့်ဆုံးမင်းသား တစ်လက်ဖြစ်ခဲ့သူပါ။ ၁၉၈၇ခုနှစ်ကတည်းက ယခုအချိန်အထိ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး သူ၏ Grown Ups ဇာတ်ကားသည် box office တွင် ဝင်ငွေ ဒေါ်လာ ၂၇၁ သန်း ရရှိသည်အထိ အောင်မြင်ခဲ့သည်။ ထိုရုပ်ရှင်တွင် သူသည် ဝင်ငွေအမြင့်ဆုံးရခဲ့ပြီး လက်ရှိ သူ၏ ကြွယ်ဝမှုမှာ ဒေါ်လာ သန်း ၄၂၀ ဖြစ်သည်။
၄။ မဲလ်ဂစ်ဘ်ဆင်
အက်ရှင်ဇာတ်ကောင်များနှင့် လူသိများသော အမေရိကန် သရုပ်ဆောင် ၊ ဒါရိုက်တာ မဲလ်ဂစ်ဘ်ဆင်သည် ၁၉၇၆ခုနှစ်ကတည်းက ပြဇာတ်များတွင်ပါဝင်ရင်း အနုပညာလောက ထဲသို့ဝင်ရောက်ခဲ့သူ ဖြစ်သည်။ သရုပ်ဆောင်အဖြစ်သာ မက ဒါရိုက်တာ အဖြစ်ပါ အောင်မြင်သူဖြစ်သည်။ သူသရုပ်ဆောင်သည့် Braveheart နှင့် The Man Without a Face ဇာတ်ကားများက လူသိများသလို ကမ္ဘာ့လူကြိုက်အများဆုံးဇာတ်ကား တစ်ကားဖြစ်သည့် Hacksaw Ridge ကိုလည်း ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့သူဖြစ်သည်။ ၂၀၁၈ခုနှစ် စာရင်းအရ သူ၏ ကြွယ်ဝမှုမှာ ၄၂၅သန်း ဖြစ်သည်။
၃။ ဂျော့ဂျ်ကလူနီး
ဟောလိဝုဒ်၏ ထင်ရှားသော မင်းသား ၊ ဒါရိုက်တာဖြစ်ပြီး ရွှေကမ္ဘာလုံးဆု ၃ဆု ၊ အော်စကာ ၂ဆု ရရှိခဲ့သည်အထိအောင်မြင်ခဲ့သူဖြစ်သည်။ O Brother, Where Art Thou? ၊ Ocean’s Eleven ၊ Up in the Air ၊ Three Kings နှင့် Syriana စသည့်ဇာတ်ကားများမှာ သူ၏ လူကြိုက်အများဆုံး အအောင်မြင်ဆုံး ဇာတ်ကားများဖြစ်သည်။ ရုပ်ရှင်သိပ်မရိုက်တော့သော်ငြား အခြားစီးပွားရေးလုပ်ငန်းများဖြင့် အောင်မြင်နေသူဖြစ်သည်။ ၂၀၁၈ခုနှစ် စာရင်းအရ သူ၏ ကြွယ်ဝမှုမှာ ဒေါ်လာ သန်း ၅၀၀ ဖြစ်သည်။
၂။ တွမ်ခရုစ်
တွမ်ခရုစ်၏ အမည်ကို ကြားမိလိုက်သည်နှင့် မီးလောင်ပေါက်ကွဲမှုများ၊ အဝေးပြေးလမ်းပေါ်တွင် ကားအပြိုင်မောင်းရင်း အပြန်အလှန် ပစ်ခတ်နေမှုများ၊ ရဟတ်ယာဉ်ပေါ်မှ ခုန်ချပြီး စွန့်စားတိုက်ခိုက်မှုများကို မြင်ယောင်မိလာမည် ဖြစ်သည်။ အက်ရှင်မင်းသား တစ်လက်အဖြစ် အထူးအောင်မြင်ခဲ့သည့် ခရုစ်သည် ရိုက်ကူးဖူးသမျှ ဇာတ်ကားအားလုံးအနက် အရေအတွက် ၂၀ ကို ဒေါ်လာသန်း ၂၀၀ ကျော်စီ အကျိုးအမြတ် ဖြစ်ထွန်းစေခဲ့ဖူးသည့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားသည်။ ၎င်းသည် Top Gun၊ Mission Impossibleတို့ကဲ့သို့ အက်ရှင်ဇာတ်ကြမ်းများအပြင် Rain Man၊ Eyes Wide Shutတို့ကဲ့သို့ Drama ဇာတ်လမ်းများ၌ပါ ပီပြင်စွာ သရုပ်ဆောင်ပြခဲ့သူ ဖြစ်သည်။ ဟောလိဝုဒ် ဒါရိုက်တာများကမူ ခရုစ်ကို ရွေးချယ်ခြင်းသည် အဆုံးအရှုံး မရှိရန် အာမခံချက် တစ်ခုအဖြစ် ယူဆလေ့ ရှိကြသည်။ ၎င်းသည် ဒေါ်လာသန်း ၅၇၀ မျှ ချမ်းသာနေပြီ ဖြစ်သည်။
၁။ ရှရွတ်ခန်း
ရုပ်ရှင် သရုပ်ဆောင် တစ်ဦးအနေဖြင့် ကြွယ်ဝချမ်းသာမှု ကဏ္ဍတွင် တွမ်ခရုစ်ထက် ရှရွတ်ခန်းက သာလိမ့်မည်ဟု ယူဆသူ များများစားစား မရှိနိုင်လောက်ချေ။ သို့သော်လည်း ယင်းအချက်မှာ အမှန်ပင် ဖြစ်သည်။ အိန္ဒိယ ရုပ်ရှင်လောက၏ မီးရှူးတန်ဆောင်သဖွယ် ဖြစ်နေသော မင်းသားသည် အချစ်၊ အလွမ်း၊ အကြမ်း၊ အမြူး ဇာတ်ရုပ်မျိုးစုံဖြင့် ဘောလီးဝုဒ်၏ လူကြိုက်အများဆုံး ဇာတ်ကားကြီး ၅၀ ကျော်၌ ပါဝင် သရုပ်ဆောင်ခဲ့သည်။ ခန်း၏ အောင်မြင်မှု ပုံရိပ်သည် ဘောလီးဝုဒ်တွင်သာ မကဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာထိ ကျယ်ပြန့်လာအောင် ထိုးဖောက်နိုင်ခဲ့သည်။ ခန်းသည် ပရဟိတ လှုပ်ရှားသူ တစ်ဦးအနေဖြင့်လည်း လူသိများပြီး လူသားအကျိုးပြု လုပ်ငန်းများစွာတွင် ပါဝင်ကူညီလေ့ရှိသည်။ Newsweek မဂ္ဂဇင်းက ကမ္ဘာပေါ်တွင် ဩဇာအကြီးဆုံး လူပုဂ္ဂိုလ် ၅၀ စာရင်း၌ ထည့်သွင်းရွေးချယ်ခဲ့ဖူးသော မင်းသားသည် စုစုပေါင်း ဒေါ်လာသန်း ၆၀၀ မျှ ကြွယ်ဝချမ်းသာကြောင်း သိရသည်။
( တချို့စာရင်းများတွင်တော့ ဂျယ်ရီဆိန်းဖဲလ် ကို နံပါတ် ၁ အဖြစ်ဖော်ပြကြသည်။ သူ၏ ကြွယ်ဝမှုမှာ ဒေါ်လာ သန်း ၉၂၀ ဖြစ်သည်။ သို့သော် ဆိန်းဖဲလ် သည် ရုပ်ရှင်မင်းသား ၊ ဒါရိုက်တာဆိုသည်ထက် ရုပ်သံဇာတ်လမ်းများ ၊ စီးရီးများ ရိုက်ကူးထုတ်လုပ်ရင်း ကြွယ်ဝလာခဲ့သူဖြစ်သည့်အတွက် ဒီစာရင်းတွင် မထည့်လိုက်ခြင်းဖြစ်သည်။)
Ref: The 20 Richest Actors in the World 2019 – Wealthy Gorilla
(Zawgyi)
လက္ရွိ ကမာၻ႔အခ်မ္းသာဆုံး ႐ုပ္ရွင္သ႐ုပ္ေဆာင္ ၁၀ ဦး
ေဟာလိဝုဒ္တြင္ ေအာင္ျမင္ထင္ရွားလာသည့္ မင္းသားတစ္လက္ အေနျဖင့္ သ႐ုပ္ေဆာင္ေၾကး ေဒၚလာသန္းႏွင့္ခ်ီ ရရွိတတ္သည္မွာ မဆန္းလွေခ်။ သ႐ုပ္ေဆာင္ ဘဝတြင္ ေအာင္ျမင္စြာ ရပ္တည္ႏိုင္သည့္ ကာလရွည္ၾကာလာေသာအခါ စုေဆာင္းပိုင္ဆိုင္ထားသည့္ ေငြေၾကးပမာဏသည္လည္း ပိုမိုမ်ားျပား ႂကြယ္ဝလာေလ့ရွိသည္။
ထို႔ေၾကာင့္လည္း ႐ုပ္ရွင္ေလာကတြင္ ကာလရွည္ၾကာ က်င္လည္ခဲ့ေသာ ဝါရင့္မင္းသား အမ်ားအျပားသည္ ယခုအခါ ေဒၚလာသန္းေပါင္း ရာႏွင့္ခ်ီ ႂကြယ္ဝသည့္ သူေဌးမ်ားအျဖစ္ ရပ္တည္လ်က္ ရွိၾကသည္။ ကမာၻ႔အခ်မ္းသာဆုံး ႐ုပ္ရွင္မင္းသားမ်ားတြင္ အက္ရွင္စတားမ်ား၊ ဇာတ္ျမဴးသ႐ုပ္ေဆာင္မ်ား၊ ေခ်ာေမာခံ့ညားသူမ်ား၊ ေအာ္စကာဆုႏွင့္ အကြၽမ္းတဝင္ ရွိသူမ်ား ပါဝင္ေနသည္။
ကမာၻေပၚတြင္ အခ်မ္းသာဆုံး ႐ုပ္ရွင္မင္းသား (၁၀)ဦးကို ေ႐ြးထုတ္လိုက္သည့္အခါ ေဟာလိဝုဒ္ ၾကယ္ပြင့္မ်ားကသာ အဓိက လႊမ္းမိုး ေနရာယူထားသည္။ ထူးျခားခ်က္မွာ ေဘာလီးဝုဒ္မွ အိႏၵိယမင္းသား ရွ႐ြတ္ခန္းက ေဟာလိဝုဒ္ မင္းသား အမ်ားအျပားကို ေက်ာ္ျဖတ္ကာ ထိပ္ပိုင္းအဆင့္၌ ရပ္တည္ေနျခင္း ျဖစ္သည္။
၁၀။ ကလင့္အိစ္ဝုဒ္
အသက္(၈၈)ႏွစ္ ရွိၿပီျဖစ္ေသာ ဝါရင့္မင္းသားႀကီး အေနျဖင့္ (၁၉၅၀)ျပည့္လြန္ ႏွစ္မ်ားကတည္းက ေဟာလိဝုဒ္တြင္ စတင္က်င္လည္ေနခဲ့ၿပီး ျဖစ္သည္။ ေဟာလိဝုဒ္ သမိုင္းတြင္ သက္ရွိထင္ရွား ဂႏၳဝင္ တစ္ဦးအျဖစ္ သတ္မွတ္ခံရသည့္ ကလင့္အိစ္ဝုဒ္သည္ လက္ရွိအခ်ိန္တြင္မူ ဒါ႐ိုက္တာ နယ္ပယ္သို႔ ကူးေျပာင္းၿပီး ေအာင္ျမင္မႈမ်ား ရွာေဖြလ်က္ ရွိသည္။ ၂၀၀၈ ခုႏွစ္က ၎ကိုယ္တိုင္ သ႐ုပ္ေဆာင္ၿပီး ဒါ႐ိုက္တာ အေနျဖင့္ေရာ ထုတ္လုပ္သူ အျဖစ္ပါ တာဝန္ယူခဲ့သည့္ ဇာတ္ကားသည္ ေဒၚလာသန္းေပါင္း ၂၇၀ မွ်အထိ ဝင္ေငြရရွိခဲ့သည္။ ၎၏ လက္ရွိႂကြယ္ဝမႈသည္ ေဒၚလာ ၃၇၅ သန္း ပမာဏမွ် ရွိသည္။
၉။ အာႏိုး
သူ၏ အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းကို ကာယအလွေမာင္အျဖစ္ စတင္ခဲ့ေသာ မင္းသားႀကီး အာႏိုးသည္ ႐ုပ္ရွင္ေလာကသို႔ ၁၉၆၉ ခုႏွစ္ကတည္းက ဟာက်ဴလီကား႐ိုက္ရင္း ဝင္ေရာက္ခဲ့သည္။ သူသည္ ကမာၻေက်ာ္ ႐ုပ္ရွင္မင္းသားအျဖစ္သာမက ႐ုပ္ရွင္ဒါ႐ိုက္တာ ၊စီးပြားေရးလုပ္ငန္းရွင္၊ ရင္းႏွီးျမဳပ္ႏွံသူ၊ စာေရးဆရာ၊ နာမည္ေက်ာ္ပရဟိတအလႉရွင္၊ ႏိုင္ငံေရးသမားစတဲ့ မတူညီတဲ့နယ္ပယ္ေတြမွာလည္း ေအာင္ျမင္စြာရပ္တည္ႏိုင္သူျဖစ္သည္။ ၂၀၁၉ ခုႏွစ္အရ မင္းသားႀကီးအာႏိုး၏ ႂကြယ္ဝမႈမွာ အေမရိကန္ေဒၚလာ သန္း ၄၀၀ ျဖစ္သည္။
၈။ ဆီဗက္စတာ စတားလုံး
ေရာ့ကီး ၊ ရမ္ဘို ဟု လူသိမ်ားသည့္ ဆဲဗားစတားလုံးသည္ ဇာတ္႐ုံဧည့္ႀကိဳ ၊ တိရစာၦန္႐ုံေစာင့္ စသည့္အလုပ္မ်ားလုပ္ရင္း သာမန္ဗီဒီယိုကားမ်ားကို ႐ိုက္ကူးခဲ့သူျဖစ္သည္။ သူ႔အားေအာင္ျမင္ေစခဲ့ေသာ ဇာတ္ကားမွာ သူကိုယ္တိုင္ေရးသည့္ Rocky ဇာတ္ကားျဖစ္သည္။ အစပိုင္းတြင္ သူ၏႐ုပ္ရည္ႏွင့္ ဟန္ပန္အမူအရာမ်ားေၾကာင့္ မည္သည့္ ထုတ္လုပ္သူမွ လက္မခံခဲ့ေသာ စတားလုံးသည္ ကမာၻ႔နာမည္အႀကီးဆုံး မင္းသားတစ္လက္ ျဖစ္လာသည္ အထိေအာင္ျမင္ခဲ့သည္။ လက္ရွိ ၂၀၁၈စာရင္းအရ ဆီဗက္စတာ စတားလုံး၏ ႂကြယ္ဝမႈမွာ ေဒၚလာ ၄၀၀ သန္း ျဖစ္သည္။
၇။ ဂ်က္နစ္ကိုလ္ဆန္
စိတ္ေဖာက္ျပန္ေနသကဲ့သို႔၊ ပုံမွန္စိတ္အေနအထား မရွိသူ တစ္ဦးကဲ့သို႔ သ႐ုပ္ေဆာင္ျပသည့္အခါ ဂ်က္နစ္ကိုလ္ဆန္ကို ယွဥ္ၿပိဳင္ႏိုင္သူ မရွိသေလာက္ရွားေၾကာင္း ေဟာလိဝုဒ္တြင္ အသိအမွတ္ ျပဳထားၾကသည္။ နစ္ကိုလ္ဆန္သည္ ေအာ္စကာ ဆန္ခါတင္ အဆင့္တြင္ (၁၂) ႀကိမ္ အမည္တင္သြင္း ခံခဲ့ရၿပီး ယင္းသည္ အမ်ိဳးသား သ႐ုပ္ေဆာင္ တစ္ဦးအတြက္ အေရအတြက္ အမ်ားဆုံး စံခ်ိန္လည္း ျဖစ္ခဲ့သည္။ ယင္းတို႔အနက္မွ (၃) ႀကိမ္တြင္ ၎အေနျဖင့္ ေအာ္စကာဆုကို လက္ေတြ႕ဆြတ္ခူး ရယူႏိုင္ခဲ့သည္။ နစ္ကိုလ္ဆန္သည္ ဆယ္စုႏွစ္ ငါးခုဆက္တိုက္ ေအာ္စကာ ဆန္ခါတင္အဆင့္ ပါဝင္သတ္မွတ္ခံရသည့္ မင္းသားတစ္လက္ အျဖစ္လည္း မွတ္တမ္းတင္ႏိုင္ခဲ့ေသးသည္။ ၁၉၈၉ ခုႏွစ္က ႐ုံတင္ခဲ့သည့္ Batman ဇာတ္ကားတြင္ Jokerအျဖစ္ အစြမ္းျပ သ႐ုပ္ေဆာင္သြားသည့္ မင္းသားႀကီး၏ ႂကြယ္ဝမႈမွာ ေဒၚလာသန္းေပါင္း ၄၀၀ မွ် ရွိသည္။
၆။ အမီတာ ဘဂ်မ္း
ကမာၻေပၚတြင္ လူသိအမ်ားဆုံး အိႏၵိယ႐ုပ္ရွင္မင္းသားႀကီးျဖစ္သလို လက္ရွိအခ်ိန္အထိ ေဘာလိဝုဒ္႐ုပ္ရွင္ေလာကတြင္ ၾသဇာလႊမ္းမိုးထားႏိုင္သူျဖစ္သည္။ ၁၉၆၉ခုႏွစ္ကတည္းက ႐ုပ္ရွင္ေလာက ကို ဝင္ေရာက္ခဲ့သူျဖစ္ၿပီး Agneepath ၊ Sharaabi ၊ Baghban စသည့္ ဇာတ္ကားမ်ားျဖင့္ သူ႔ေခတ္သူ႔အခါက အလြန္ေအာင္ျမင္ခဲ့သည္။ အသက္ ၇၅ႏွစ္ ရွိၿပီျဖစ္ေသာ္လည္း ယခုတိုင္ အႏုပညာလုပ္ငန္းမ်ားကို လုပ္ကိုင္ေနဆဲျဖစ္သည္။ သူ၏ ႂကြယ္ဝမႈမွာ အေမရိကန္ေဒၚလာ ၄၀၀ သန္း ျဖစ္သည္။
၅။ Adam Sandler
Adam Sandler ကေတာ့ အေမရိကန္ သ႐ုပ္ေဆာင္ နဲ႔ ထုတ္လုပ္သူ တစ္ဦးျဖစ္ၿပီး တခ်ိန္က ေဟာလိဝုဒ္ရဲ႕ ဝင္ေငြအျမင့္ဆုံးမင္းသား တစ္လက္ျဖစ္ခဲ့သူပါ။ ၁၉၈၇ခုႏွစ္ကတည္းက ယခုအခ်ိန္အထိ ဇာတ္ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့ၿပီး သူ၏ Grown Ups ဇာတ္ကားသည္ box office တြင္ ဝင္ေငြ ေဒၚလာ ၂၇၁ သန္း ရရွိသည္အထိ ေအာင္ျမင္ခဲ့သည္။ ထို႐ုပ္ရွင္တြင္ သူသည္ ဝင္ေငြအျမင့္ဆုံးရခဲ့ၿပီး လက္ရွိ သူ၏ ႂကြယ္ဝမႈမွာ ေဒၚလာ သန္း ၄၂၀ ျဖစ္သည္။
၄။ မဲလ္ဂစ္ဘ္ဆင္
အက္ရွင္ဇာတ္ေကာင္မ်ားႏွင့္ လူသိမ်ားေသာ အေမရိကန္ သ႐ုပ္ေဆာင္ ၊ ဒါ႐ိုက္တာ မဲလ္ဂစ္ဘ္ဆင္သည္ ၁၉၇၆ခုႏွစ္ကတည္းက ျပဇာတ္မ်ားတြင္ပါဝင္ရင္း အႏုပညာေလာက ထဲသို႔ဝင္ေရာက္ခဲ့သူ ျဖစ္သည္။ သ႐ုပ္ေဆာင္အျဖစ္သာ မက ဒါ႐ိုက္တာ အျဖစ္ပါ ေအာင္ျမင္သူျဖစ္သည္။ သူသ႐ုပ္ေဆာင္သည့္ Braveheart ႏွင့္ The Man Without a Face ဇာတ္ကားမ်ားက လူသိမ်ားသလို ကမာၻ႔လူႀကိဳက္အမ်ားဆုံးဇာတ္ကား တစ္ကားျဖစ္သည့္ Hacksaw Ridge ကိုလည္း ဒါ႐ိုက္တာအျဖစ္႐ိုက္ကူးခဲ့သူျဖစ္သည္။ ၂၀၁၈ခုႏွစ္ စာရင္းအရ သူ၏ ႂကြယ္ဝမႈမွာ ၄၂၅သန္း ျဖစ္သည္။
၃။ ေဂ်ာ့ဂ်္ကလူနီး
ေဟာလိဝုဒ္၏ ထင္ရွားေသာ မင္းသား ၊ ဒါ႐ိုက္တာျဖစ္ၿပီး ေ႐ႊကမာၻလုံးဆု ၃ဆု ၊ ေအာ္စကာ ၂ဆု ရရွိခဲ့သည္အထိေအာင္ျမင္ခဲ့သူျဖစ္သည္။ O Brother, Where Art Thou? ၊ Ocean’s Eleven ၊ Up in the Air ၊ Three Kings ႏွင့္ Syriana စသည့္ဇာတ္ကားမ်ားမွာ သူ၏ လူႀကိဳက္အမ်ားဆုံး အေအာင္ျမင္ဆုံး ဇာတ္ကားမ်ားျဖစ္သည္။ ႐ုပ္ရွင္သိပ္မ႐ိုက္ေတာ့ေသာ္ျငား အျခားစီးပြားေရးလုပ္ငန္းမ်ားျဖင့္ ေအာင္ျမင္ေနသူျဖစ္သည္။ ၂၀၁၈ခုႏွစ္ စာရင္းအရ သူ၏ ႂကြယ္ဝမႈမွာ ေဒၚလာ သန္း ၅၀၀ ျဖစ္သည္။
၂။ တြမ္ခ႐ုစ္
တြမ္ခ႐ုစ္၏ အမည္ကို ၾကားမိလိုက္သည္ႏွင့္ မီးေလာင္ေပါက္ကြဲမႈမ်ား၊ အေဝးေျပးလမ္းေပၚတြင္ ကားအၿပိဳင္ေမာင္းရင္း အျပန္အလွန္ ပစ္ခတ္ေနမႈမ်ား၊ ရဟတ္ယာဥ္ေပၚမွ ခုန္ခ်ၿပီး စြန႔္စားတိုက္ခိုက္မႈမ်ားကို ျမင္ေယာင္မိလာမည္ ျဖစ္သည္။ အက္ရွင္မင္းသား တစ္လက္အျဖစ္ အထူးေအာင္ျမင္ခဲ့သည့္ ခ႐ုစ္သည္ ႐ိုက္ကူးဖူးသမွ် ဇာတ္ကားအားလုံးအနက္ အေရအတြက္ ၂၀ ကို ေဒၚလာသန္း ၂၀၀ ေက်ာ္စီ အက်ိဳးအျမတ္ ျဖစ္ထြန္းေစခဲ့ဖူးသည့္ မွတ္တမ္းေကာင္းကို ပိုင္ဆိုင္ထားသည္။ ၎သည္ Top Gun၊ Mission Impossibleတို႔ကဲ့သို႔ အက္ရွင္ဇာတ္ၾကမ္းမ်ားအျပင္ Rain Man၊ Eyes Wide Shutတို႔ကဲ့သို႔ Drama ဇာတ္လမ္းမ်ား၌ပါ ပီျပင္စြာ သ႐ုပ္ေဆာင္ျပခဲ့သူ ျဖစ္သည္။ ေဟာလိဝုဒ္ ဒါ႐ိုက္တာမ်ားကမူ ခ႐ုစ္ကို ေ႐ြးခ်ယ္ျခင္းသည္ အဆုံးအရႈံး မရွိရန္ အာမခံခ်က္ တစ္ခုအျဖစ္ ယူဆေလ့ ရွိၾကသည္။ ၎သည္ ေဒၚလာသန္း ၅၇၀ မွ် ခ်မ္းသာေနၿပီ ျဖစ္သည္။
၁။ ရွ႐ြတ္ခန္း
႐ုပ္ရွင္ သ႐ုပ္ေဆာင္ တစ္ဦးအေနျဖင့္ ႂကြယ္ဝခ်မ္းသာမႈ က႑တြင္ တြမ္ခ႐ုစ္ထက္ ရွ႐ြတ္ခန္းက သာလိမ့္မည္ဟု ယူဆသူ မ်ားမ်ားစားစား မရွိႏိုင္ေလာက္ေခ်။ သို႔ေသာ္လည္း ယင္းအခ်က္မွာ အမွန္ပင္ ျဖစ္သည္။ အိႏၵိယ ႐ုပ္ရွင္ေလာက၏ မီးရွဴးတန္ေဆာင္သဖြယ္ ျဖစ္ေနေသာ မင္းသားသည္ အခ်စ္၊ အလြမ္း၊ အၾကမ္း၊ အျမဴး ဇာတ္႐ုပ္မ်ိဳးစုံျဖင့္ ေဘာလီးဝုဒ္၏ လူႀကိဳက္အမ်ားဆုံး ဇာတ္ကားႀကီး ၅၀ ေက်ာ္၌ ပါဝင္ သ႐ုပ္ေဆာင္ခဲ့သည္။ ခန္း၏ ေအာင္ျမင္မႈ ပုံရိပ္သည္ ေဘာလီးဝုဒ္တြင္သာ မကဘဲ တစ္ကမာၻလုံး အတိုင္းအတာထိ က်ယ္ျပန႔္လာေအာင္ ထိုးေဖာက္ႏိုင္ခဲ့သည္။ ခန္းသည္ ပရဟိတ လႈပ္ရွားသူ တစ္ဦးအေနျဖင့္လည္း လူသိမ်ားၿပီး လူသားအက်ိဳးျပဳ လုပ္ငန္းမ်ားစြာတြင္ ပါဝင္ကူညီေလ့ရွိသည္။ Newsweek မဂၢဇင္းက ကမာၻေပၚတြင္ ဩဇာအႀကီးဆုံး လူပုဂၢိဳလ္ ၅၀ စာရင္း၌ ထည့္သြင္းေ႐ြးခ်ယ္ခဲ့ဖူးေသာ မင္းသားသည္ စုစုေပါင္း ေဒၚလာသန္း ၆၀၀ မွ် ႂကြယ္ဝခ်မ္းသာေၾကာင္း သိရသည္။
( တခ်ိဳ႕စာရင္းမ်ားတြင္ေတာ့ ဂ်ယ္ရီဆိန္းဖဲလ္ ကို နံပါတ္ ၁ အျဖစ္ေဖာ္ျပၾကသည္။ သူ၏ ႂကြယ္ဝမႈမွာ ေဒၚလာ သန္း ၉၂၀ ျဖစ္သည္။ သို႔ေသာ္ ဆိန္းဖဲလ္ သည္ ႐ုပ္ရွင္မင္းသား ၊ ဒါ႐ိုက္တာဆိုသည္ထက္ ႐ုပ္သံဇာတ္လမ္းမ်ား ၊ စီးရီးမ်ား ႐ိုက္ကူးထုတ္လုပ္ရင္း ႂကြယ္ဝလာခဲ့သူျဖစ္သည့္အတြက္ ဒီစာရင္းတြင္ မထည့္လိုက္ျခင္းျဖစ္သည္။)
Ref: The 20 Richest Actors in the World 2019 – Wealthy Gorilla
Discussion about this post