• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လက်ရှိပြေးဆွဲနေဆဲ ကမ္ဘာ့အစောဆုံး လေကြောင်းလိုင်း ၁၀ ခု

by Thutamm
July 28, 2020
Reading Time: 4min read
0
လက်ရှိပြေးဆွဲနေဆဲ ကမ္ဘာ့အစောဆုံး လေကြောင်းလိုင်း ၁၀ ခု
Share on FacebookShare on Twitter

(Unicode)

လူသားတွေဟာ လွန်ခဲ့သောနှစ်ထောင်ချီကာလတွေကတည်းက လေပေါ်ကို ပျံတက်ဖို့နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပေမယ့် ပထမဆုံး လေထဲပျံတက်နိုင်တဲ့ လေယာဉ်ကိုတော့ ၁၉၀၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာမှ အမေရိကန်မှ ရိုက်ညီနောင်က တီထွင်ပျံသန်းနိုင်ခဲ့ကြပါတယ်။ လေယာဉ်ပျံကို အမေရိကန်တွေ တီထွင်ခဲ့လို့ လေကြောင်းလိုင်းတွေဟာလည်း အမေရိကန်မှာ အစောဆုံး စတင်ပေါ်ပေါက်နိုင်တယ်လို့ ထင်စရာရှိပေမယ့် တကယ်တမ်းတော့ ဒီလိုမဟုတ်ပါဘူး။

ပထမဆုံးလေကြောင်းလိုင်းကတော့ ၁၉၀၉ ခုနှစ်က ဂျာမနီနိုင်ငံမှာ စတင်တည်ထောင်ခဲ့တဲ့ DELAG လေကြောင်းလိုင်းဖြစ်ပြီး သူကတော့ ၁၉၃၅ ခုနှစ်မှာပဲ ရပ်စဲသွားခဲ့ပါတယ်။ လက်ရှိပြေးဆွဲနေဆဲ အစောဆုံး လေကြောင်းလိုင်းဟာလည်းအမေရိကန် လေကြောင်းလိုင်း မဟုတ်သလို အစောဆုံး လေကြောင်းလိုင်း ၅ ခုစာရင်းမှာတောင် ပါဝင်ခြင်းမရှိပါဘူး။ ဒီတခါတော့ ကမ္ဘာပေါ်က အစောဆုံး ပေါ်ပေါက်ခဲ့တဲ့ လေကြောင်းလိုင်း ၁၀ ခု အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

(၁၀) Air Serbia (June 17, 1927)

Air Serbia လေကြောင်းလိုင်းကိုတော့ (၁၉၂၇)ခုနှစ်လောက်ကတည်းကစတင်ပြေးဆွဲခဲ့ပြီး မူလစတင်တည်ထောင်တာကတော့ပြိုကွဲသွားခဲ့ပြီဖြစ်တဲ့ ယူဂိုဆလားဗီးယားပြည်ထောင်စုရဲ့ လေယာဉ်လိုင်းဖြစ်တဲ့ Aeroput လေကြောင်းလိုင်းအဖြစ်နဲ့ဖြစ်ပါတယ်။ Aeroput လေကြောင်းလိုင်းဟာ(၁၉၄၇)ခုနှစ် အချိန်ထိ လုပ်ငန်းလည်ပတ်မှုရှိခဲ့ပြီး ယင်းနှစ်အတွင်း မှာဆိုရင် Jugoslovenski Aerotransport( Yugoslava Air Transport) အဖြစ်အမည်ပြောင်းလဲပြောင်းလဲသွားခဲ့ပြန်ပါတယ်။ ယူဂိုဆလားဗီးယားပြည်ထောင်စုပြိုကွဲသွားချိန်နောက် ပိုင်းဆားဘီးယားနိုင်ငံအဖြစ် ပြောင်းလဲသွားခဲ့ပြီးနောက်လည်း Jugoslovenski Aerotransport အမည်နဲ့ပဲဆက်လက်ပြေးဆွဲခဲ့ပြီး (၂၁၁၃)ခုနှစ်နောက်ပိုင်းမှာတော့ Air Serbia အဖြစ်တရာဝင်ပြေးဆွဲခဲ့တာ ယနေ့အချိန်ထိဖြစ်ပါတယ်။

အရမ်းမကြီးတဲ့ လေကြောင်းလိုင်းတစ်ခုဖြစ်ပေမယ့်လည်း Air Serbia ဟာဆိုရင် အမေရိကန်ပြည်ထောင်စု၊ပြင်သစ်၊အီဂျစ် ၊အင်္ဂလန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း (၃၂)နိုင်ငံလောက်က လေဆိပ်(၆၀)လောက်ကို ဆက်သွယ်ပြေးဆွဲပေးလျက် ရှိပါတယ်။ လေကြောင်းလိုင်းရဲ့ ရုံးချုပ်ကတော့ မြို့တော်ဘဲဂရိတ်မှာ တည်ရှိနေပြီး ရှယ်ယာစုစုပေါင်းရဲ့ စုစုပေါင်းကိုတော့ ဆာဘီးယားအစိုးရက ပိုင်ဆိုင်ပါတယ်။ စုစုပေါင်းဝန်ထမ်း ၁၇၅၆ယောက်ရှိပြီး ၂၀၁၈ ခုနှစ်စာရင်းအရ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၄၀ ခန့်ရရှိခဲ့ပါတယ်။

(၉) Grand Canyon Airlines (1927)

အမေရိကန်ပြည်ထောင်စု အရီဇိုးနား ပည်နယ် Tusayan မှာအခြေစိုက်တဲ့ ဂရင်းကန်ညွှန်လေကြောင်းလိုင်း ဟာဆိုရင်အလွန်သေးငယ်တဲ့လေကြောင်းလိုင်းငယ်လေးအဖြစ် (၁၉၂၇)ခုနှစ်ကတည်းက ဂရင်းကန်ညွန် မှာ စတင်တည်ထောင်ခဲ့ပြီးမူလအမည်ကတော့ Scenic လေကြောင်းလိုင်းအမည်နဲ့ဖြစ်ပါတယ်။ (၁၉၃၀)ရောက်ချိန်မှာတော့ ဂရင်းကန်ညွှန်လေကြောင်းလိုင်း ဆိုတဲ့အမည်ကိုပြောင်းလဲခဲ့ပါတယ်။

ဂရင်းကန်ညွှန်လေကြောင်းလိုင်း ဟာဆိုရင် နိုင်ငံရပ်ခြား သယ်ယူပို့ဆောင်ရေးလုပ်ငန်းကိုလုပ်ဆောင်တဲ့လေကြောင်းလိုင်းတစ်ခုတော့ မဟုတ်ပါဘူး ။ အမေရိကန်ပြည်ထောင်စုက သာယာလှပတယ်လို့ ကျော်ကြားတဲ့ Grand Canyon ဒေသကို ကောင်းကင်ကနေ ကြည့်မြင်နိုင်တဲ့လေကြောင်းခရီးစဉ်တိုလေးတွေကို စီစဉ်ပေးတဲ့ လေကြောင်းလိုင်းတစ်ခုသာဖြစ်ပါတယ်။

ယနေ့အချိန်မှာဆိုရင်တော့ ဂရင်းကန်ညွှန်လေကြောင်းလိုင်း ဟာ air tour ကဏ္ဍမှာ သက်တမ်းအရင့်ဆုံး နဲ့ အကြီးဆုံးလေကြောင်းလိုင်းအဖြစ်ရပ်တည်နေပါတယ်။ ဂရင်းကန်ညွန်လေကြောင်းလိုင်းဟာ ဂရင်းကန်ညွန်လေဆိပ် ၊ Boulder လေဆိပ် နဲ့ Page Municipal လေဆိပ်တို့ကိုသာ ပြေးဆွဲပြီး စုစုပေါင်းလေယာဉ် ၂၁စီးသာ ရှိပါတယ်။ ၉ယောက်စီး နဲ့ ၁၉ယောက်စီးလေယာဉ်တွေကိုသာ အသုံးပြုပြီး စုစုပေါင်း ဝန်ထမ်းအင်အား ၆၀၀ခန့်နဲ့ ဆက်လက် လည်ပတ်နေဆဲဖြစ်ပါတယ်။

(၈) American Airlines (April 15, 1926)

ဒေသတွင်းမှာရှိတဲ့လေကြောင်းလိုင်းငယ်ပေါင်း(၈၀)လောက်ကို စုပေါင်းပြီး American Airlines ဆိုပြီးမဖြစ်ခင် (၁၉၃၀)မတိုင်ခင်ကာလအထိ Robertson Aircraft Coporation အနေနဲ့ (၁၉၂၆)ခုနှစ်၊ဧပြီလကတည်းက သီးခြားရပ်တည်နေခဲ့တာဖြစ်ပါတယ်။ Robertson Aircraft Coporation ရဲ့ပထမဆုံးသောလေယာဉ်မှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ Charles Lindbergh ဟာဆိုရင်လည်း American Airlines ရဲ့ပထမဆုံးသောလေယာဉ်မှူးအဖြစ် သတ်မှတ်ခြင်းကိုခံခဲ့ရပြီး (၁၉၂၆)၊ဧပြီ(၂၆)ရက်နေ့မှာ သူစတင်မောင်းနှင်ရတဲ့ ခရီးစဉ်ကတော့ Missouri ပြည်နယ် စိန့်လူးဝစ်ကနေ အီလီနွိုက်ပြည်နယ် ရှီကာဂိုအထိဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ Robertson Aircraft Coporation ဟာဆိုရင် Colonial Air Transport နဲ့ ပူးပေါင်းသွားခဲ့ပြီးအမေရိကန်ပြည်ထောင်စုတစ်ခွင်ကများစွာသောလေကြောင်းလိုင်းငယ်တွေကိုဝယ်ယူခဲ့ပါတယ်။ ယင်းနောက်မှာတော့ American Airlinnes ဆိုပြီးဖြစ်ပေါ်လာခဲ့ကာ ယခုချိန်မှာဆိုရင် လေယာဉ်စီးရေ (၈၇၁)စင်း၊နိုင်ငံတကာကလေဆိပ်ပေါင်း (၃၅၀)လောက်နဲ့ ဆက်သွယ်ပြေးဆွဲပေးနေတဲ့ကမ္ဘာအကြီးဆုံးလေဆိပ်ကြီး တစ်ခုအဖြစ်ရပ်တည်နေတာကိုတွေ့ရပါတယ်။ အမေရိကန်လေကြောင်းလိုင်းကို အတိုကောက်အနေနဲ့ AA လို့ခေါ်ကြပြီး ၂၀၁၉ ခုနှစ်စာရင်းအရ ဝင်ငွေ ဒေါ်လာ ၄၅ဘီလျံကျော်ရရှိခဲ့ပြီး ဝန်ထမ်းအင်အားကတော့ ၁၃၃,၇၀၀ ဖြစ်ပါတယ်။

(၇) Delta Air Lines (May 2, 1925)

Delta Air Lines ကတော့အမေရိကန်ပြည်ထောင်ရဲ့သက်တမ်းအရင့်ဆုံးလေကြောင်းလိုင်းအဖြစ်လူသိများပြီး ယနေ့အချိန်ထိ လုပ်ငန်းလည်ပတ်လျှက် ရှိပါတယ်။ (၁၉၂၅)ခုနှစ်က ကမ္ဘာပထမဆုံးသော ဝေဟင်ကနေ သီးနှံစိုက်ခင်းတွေကိုရေနဲ့ပိုးသတ်ဆေးပက်ဖြန်းတဲ့ Huff Daland Dusters ကုမ္ပဏီၤအဖြစ် စတင်တည်ထောင်ခဲ့ပါတယ်။ Huff Daland ဟာ ဆိုရင်လေယာဉ်(၁၈)စင်းလောက်အထိ အလျှင်အမြန်ဝယ်ယူခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့လေယာဉ်ပျံအများဆုံးပိုင်ဆိုင်တဲ့ ပုဂ္ဂလိကလုပ်ငန်းတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။

(၁၉၂၈)ခုနှစ်ရောက်ချိန်မှာတော့ Huff Daland ကနေ Mississippi Delta region ကိုအစွဲပြုပြီး Delta Air Lines အဖြစ်နာမည်ပြောင်းလဲခဲ့ပါတယ်။ ယင်းကာလကတည်းက Delta Air Lines ဟာဆိုရင် လိုင်းအတွင်းပါဝင်တဲ့လေယာဉ်စီးရေ(၈၄၀)၊ ဆက်သွယ်ထားတဲ့လေဆိပ်ပေါင်း (၃၂၅)အပြင် စီးနင်းတဲ့ခရီးသည်အရေအတွက်နှုန်းထားအရ ကမ္ဘာ့အကြီးဆုံး လေကြောင်းလိုင်းအဖြစ်ရပ်တည်နေခဲ့တာဆိုရင် ယနေ့အချိန်ထိပဲဖြစ်ပါတယ်။ ရုံးချုပ်ကတော့ ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့မှာ ရှိနေပြီး ၂၀၁၉ ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ ၄၇ဘီလျံရှိခဲ့ကာ ဝန်ထမ်းအင်အားကတော့ ၉၁၀၀၀ ဖြစ်ပါတယ်။

(၆) Finnair (November 1, 1923)

Finnair ဟာဆိုရင် ဖင်လန်နိုင်ငံမှာတော့ အကြီးဆုံးသောလေကြောင်းလိုင်းဖြစ်ပြီး ဥရောပမှာတော့ သက်တမ်းအရင့်ဆုံးသော လေယာဉ်လိုင်းတစ်ခုအဖြစ်ရပ်တည်နေပါတယ်။ ၁၉၂၃ ခုနှစ်က ကောင်စစ်ဝန်တစ်ဦးဖြစ်တဲ့ Bruno Lucander ဆိုသူက Aero အမည်နဲ့စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Bruno ဟာဆိုရင်ယခင်ကလည်း ဖင်လန်နိုင်ငံရဲ့ Estonian airline Aeronaut နဲ့လည်းလေကြောင်းသွားလာရေးလုပ်ငန်းကိုလုပ်ကိုင်လည်ပတ်ခဲ့ဖူးသူပါ။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းကာလတွေမှာတော့ ဖင်လန်အစိုးရကနေ Finnair လေကြောင်းလိုင်းကိုဝယ်ယူခဲ့ပြီး ယနေ့တိုင်ရှယ်ယာအများဆုံးပိုင်ဆိုင်သူအဖြစ်ရှိနေပါတယ်။

Finnair ဟာလက်ရှိအချိန်ထိ ကမ္ဘာ့အန္တရာယ်အကင်းဆုံးသောလေကြောင်းလိုင်းအဖြစ်ရပ်တည်နေပြီး (၁၉၆၃)ခုနှစ်ကတည်းက ယနေ့အထိ လေကြောင်းမတော်တဆမှုဖြစ်ရပ်တွေ ဖြစ်ခဲ့ဖူးခြင်းမရှိခဲ့ပါဘူး။ လေဆိပ်ပေါင်း ၁၁၆ ခုကို လေယာဉ်စင်းရေ ၈၄ စင်း နဲ့ ပြေးဆွဲနေပြီး ရုံးချုပ်ကတော့ မြို့တော်ဟယ်ဆင်ကီမှာ ရှိနေပါတယ်။ ၂၀၁၉ ခုနှစ်စာရင်းအရ ဝင်ငွေ ဒေါ်လာ ၃.၆ဘီလျံရှိခဲ့ပြီး ဝန်ထမ်းဦးရေ ၆၇၈၈ ယောက်နဲ့ လုပ်ငန်းလည်ပတ်လျှက် ရှိပါတယ်။

(၅) Czech Airlines (October 6, 1923)

ယခုစာရင်းမှာပါဝင်တဲ့ လေကြောင်းလိုင်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ Czech Airlines ဟာလေကြောင်းလိုင်းအငယ်စားလေးသာဖြစ်ပြီး လေယာဉ်စီးရေ(၁၂)စီးနဲ့ နိုင်ငံတကာက လေဆိပ်ပေါင်း (၂၅)ခုလောက်နဲ့သာ ဆက်သွယ်ထားပါတယ်။ (၁၉၂၃)ခုနှစ်၊ အောက်တိုဘာ(၆)ရက်နေ့က CSA ( Czechoskovak State Aurlines) အဖြစ်စတင်တည်ထောင်ခဲ့ တာဖြစ်ပြီး ယနေ့အချိန်မှာဆိုရင် ကမ္ဘာ့သက်တမ်းအရင့်ဆုံးလေကြောင်းလိုင်းအဖြစ်မှတ်တမ်းဝင်နေပြီဖြစ်ပါတယ်။

မူလကတော့ CAS ဟာပြည်တွင်းလေကြောင်းခရီးစဉ် တွေကိုသာ ပျံသန်းမှုပြုလုပ်ခဲ့ရာကနေ (၁၉၃၀)ရောက်ချိန်မှာတော့ ချက်နိုင်ငံ ပရက်ဂ်ကနေ ခရိုအေးရှားနိုင်ငံ Bratislava မြို့အထိလေကြောင်းခရီးစဉ်ကိုစတင်နိုင်ခဲ့ပါတယ်။ ချက်ကို စလိုဗေးနီးယားပြိုကွဲသွားချိန် (၁၉၉၀)ရောက်ချိန်နောက်ပိုင်းကာလဖြစ်တဲ့ (၁၉၉၅)ခုနှစ်မှာတော့ Czech Airlines အမည်ကိုပြောင်းလဲပြေးဆွဲခဲ့ပါတယ်။ ပရက်ဂ်မြို့မှာပဲ အခြေစိုက်ပြီး ဝန်ထမ်းအင်အားကလည်း ၇၀၀ ခန့်သာ ရှိပါတယ်။

(၄) Aeroflot (February 3, 1923)

Aeroflot ဟာဆိုရင် ရုရှားနိုင်ငံရဲ့အကြီးဆုံး flag carrier လေယာဉ်လိုင်းဖြစ်ပြီး (၁၉၂၃)ခုနှစ်က စတင်တည်ထောင်ခဲ့တာကြောင့်လည်း ဥရောပအရှေပိုင်းဒေသရဲ့သက်တမ်းအရင့်ဆုံး သော လေကြောင်းလိုင်းအဖြစ် ရပ်တည်နေပါတယ်။ မူလအမည်ကတော့ DOBOROLET ဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စုကာလကတော့ Aeroflot လေကြောင်းလိုင်းဟာ လေယာဉ်စီးရေ(၅၀၀၀)ကျော်နဲ့ပြည်တွင်း၊ပြည်ပကက လေဆိပ်ပေါင်း (၃၀၀၀)ကျော်လောက်ကိုဆက်သွယ်ထားရှိပြီး ကမ္ဘာ့အကြီးဆုံးလေကြောင်းလိုင်းအဖြစ် စံချိန်တင်ခဲ့ဖူးပါတယ်။

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားချိန်မှာတော့ Aeroflot ရဲ့ကဏ္ဍဟာလည်း ရုတ်ချည်းဆိုသလို နစ်မြုပ်ပျောက်ကွယ်ခဲ့ရပြီးမတော်တဆဖြစ်ရပ်များစွာလည်း လေကြောင်းလိုင်းအတွင်းဖြစ်ပွားခဲ့ပါတယ်။ နောက်ပိုင်းရောက်မှသာ တစစပြန်လည်ထူထောင်လာတဲ့ရုရှားနိုင်ငံရဲ့စီးပွားရေးနဲ့အတူ Aeroflot ဟာပြန်လည်ဦးမော့လာခဲ့ပြီး ယနေ့ချိန်မှာဆိုရင်လေယာဉ်စီးရေပေါင်း (၂၄၇)စီးနဲ့ နိုင်ငံတကာလေဆိပ် ပေါင်း (၂၄၇)ကိုဆက်သွယ်ပေးလျက်ရှိပါတယ်။

Aeroflot ရဲ့ဌာနချုုပ်ကတော့ရုရှားနိုင်ငံ၊မော်စကိုမြို့တော်မှာတည်ရှိပါတယ်။ (၂၀၁၃)ခုနှစ်၊ ဇူလိုင်လကဆိုရင် Aeroflot ဟာ နာမည်ကျော်အင်္ဂလန်ဘောလုံးအသင်းကိုစပွန်ဆာပေးနိုင်ခဲ့ပြီး မန်ယူဘောလုံးသမိုင်းမှာပထမဆုံးစပွန်ဆာပေးတဲ့ ရုရှားကုမ္ပဏီအဖြစ်မှတ်တမ်းဝင်သွားခဲ့ဖူးပါတယ်။ ၂၀၁၇ ခုနှစ်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၇.၄ဘီလျံဖြစ်ပြီး ဝန်ထမ်းအင်အား ၃၀၃၂၈ ဦး နဲ့ ရပ်တည်နေပါတယ်။

(၃) Qantas (November 16, 1920)

Qantas ဟာဆိုရင်သြစတေးလျနိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်းဖြစ်ပြီး သြစတေးလျရဲ့ ပထမကမ္ဘာစစ်ပြန်ကြီးတွေဖြစ်တဲ့ Paul McGinness နဲ့ Hudson Fysh တို့က (၁၉၂၀)ခုနှစ်၊ နိုဝင်ဘာ(၁၆)ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ သမုဒ္ဒရာပိုင်းဒေသကသြစတေးလျကို အခြားသောကမ္ဘာ့ဒေသတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ပိုဖွံဖြိုးလာစေဖို့အတွက်ဖြစ်ပါတယ်။

စတင်ချိန်ကတော့ Queensland ကျွန်းအနောက်ဘက်စွန်းဒေသတွေကနေ သြစတေးလျနိုင်ငံရဲ့အခြားသောအစိတ်အပိုင်းနေရာတွေကိုသာ ပြေးဆွဲခဲ့ပြီး (၁၉၃၅)ခုနှစ်ရောက်ချိန်မှသာ စင်ကာပူအထိဆက်သွယ်ပြေးဆွဲပြီး Qantasရဲ့ပထမဆုံးသောနိုင်ငံရပ်ခြားလိုင်းကိုစတင်ခဲ့ပါတယ်။ ယနေ့ကာလမှာဆော့ Qantas ဟာ ပြည်တွင်း၊ပြည်ပလေဆိပ်ပေါင်း (၈၅)ခုကျော်လောက်ကို လေယာဉ်စင်းရေ ၁၂၆စင်း နဲ့ ပျံသန်းပေးနေတဲ့လေကြောင်းလိုင်းအဖြစ်ရပ်တည်နေပြီဖြစ်ပါတယ်။ ဆစ်ဒနီမှာ အခြေစိုက်တဲ့ Qantas လေကြောင်းလိုင်းရဲ့ ၂၀၁၉ ခုနှစ်ဝင်ငွေကတော့ ဒေါ်လာ ၁၂.၈ဘီလျံဖြစ်ပြီး ဝန်ထမ်းအင်အား ၃၀၁၇၉ဦး ရှိပါတယ်။

(၂) Avianca (December 5, 1919)

ကိုလံဘီယာနိုင်ငံ Bogota မှာအခြေစိုက်တဲ့ Avianca လေကြောင်းလိုင်းဟာဆိုရင် (၂၀၁၉)၊ဒီဇင်ဘာ(၅)ရက်နေ့ကတည်းက တည်ထောင်မှု နှစ်(၁၀၀)ပြည့်အခမ်းအနားကို ဆင်နွှဲနိုင်ခဲ့ပါတယ်။ စတင်တည်ထောင်တဲ့ (၁၉၁၉)ခုနှစ်ကတော့ Sociedad Colombo Alemana de Transportes Aereos ( SCADTA) အမည်နဲ့ဖြစ်ပြီးနောက်ထပ်(၁၀)စုနှစ်လောက်ကြာချိန်မှာတော့ အမေရိကန်ပြည်ထောင်စုအပြင်အခြားသောနိုင်ငံများအထိ ခရီးသည်နဲ့ ကုန်စည်တွေကိုပို့ဆောင်တဲ့လေကြောင်းလိုင်းတစ်ခုဖြစ်လာပါတော့တယ်။

(၁၉၄၀) ရောက်ချိန် မှာတော့ SCADTA ဟာနိုင်ငံတွင်းကလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ SACO နဲ့ပူးပေါင်းခဲ့ပြီး Avianca ဆိုတဲ့အမည်ကိုရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Avianca ဟာပြည်တွင်းမှာ သာမက နိုင်ငံတကာအထိဆက်သွယ်ပေးတဲ့ ကိုလံဘီယာရဲ့အဓိကလေကြောင်းလိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ Avianca ဟာ ယနေ့တိုင်လည်ပတ်နေသေတယ်ဆိုပေမယ့် (၂၀၂၀)ခုနှစ်၊မေလအတွင်းမှာတော့ Covid-19 ဂယက်ကြောင့် ကြွေး ဒေါ်လာ ၇.၃ဘီလျံတင်ခဲ့ပြီး ဒေဝါလီခံခဲ့ရတဲ့များစွာသောလေကြောင်းလိုင်းစာရင်းမှာ အကြီးဆုံးလေကြောင်းလိုင်းဖြစ်ခဲ့ပါတယ်။

(၁) KLM Royal Dutch Airlines (October 7, 1919)

ယနေ့တိုင်လည်ပတ်နေဆဲဖြစ်တဲ့ ကမ္ဘာပေါ်က လေကြောင်းလိုင်းတွေအနက်မှာတော့ နယ်သာလန်နိုင်ငံ Amstelveen အခြေစိုက် KLM Royal Dutch Airlines ကို သက်တမ်းအရင့်ဆုံးလေကြောင်းလိုင်းအဖြစ် သတ်မှတ်ထားကြပါတယ်။ (၁၉၁၉)ခုနှစ်၊အောက်တိုဘာ (၇)ရက်နေ့က Frits Fentener van Vlissingen အပါအဝင် ဒတ်ချ်စီးကပွားရေးလုပ်ငန်းပိုင်ရှင် (၈)ဦးရဲ့တည်ထောင်မှုအရ ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ပထမဆုံးသော စီးပွားရေးလုပ်ငန်းသုံး လေကြာင်းလိုင်းဖြစ်ပါတယ်။

KLM ( Koninklijke Luchtvaart Maatschappij) ရဲ့ပထမဆုံးသောအုပ်ချုုပ်သူ ဒါရိုက်တာကတော့ Amsterdam မှာပထမဆုံးသောလေကြောင်းပြပွဲဖြစ်လာဖို့ထောက်ပံ့ပေးခဲ့သူ လေယာဉ်မှူးဟောင်း Albert Plesman ဖြစ်ပြီးလေကြောင်းလိုင်းရဲ့ပထမဆုံးသောခရီးစဉ်ကို (၁၉၂၀)၊မေလ(၁၇)ရက်နေ့မှာစတင်ပြုလုပ်ခဲ့ပါတယ်။ ယင်းကာလကနေစတင်လည်ပတ်ခဲ့ပြီး ယခုအချိန်မှာတော့ KLM Royal Dutch Airlines ဟာဆိုရင်လေယာဉ်စီးရေပေါင်း (၁၁၆)စီးနဲ့ပြည်တွင်း၊ပြည်ပကလေဆိပ်ပေါင်း (၁၄၅)ခုနဲ့ဆက်သွယ်ခုတ်မောင်းလျက်ရှိနေပါတယ်။

(၁၉၇၇)ခုနှစ်ကာလကတော့ KLM Royal Dutch Airlines ရဲ့ခရီးသည်တင် ဘိုးရင်းလေယာဉ်ကြီးတစ်စီးဟာ အခြားလေကြောင်းလိုင်းက ဘိုးရင်းလေယာဉ်ကြီးတစီးနဲ့ တိုက်မိကာ လူပေါင်း ၅၈၃ ဦး သေဆုံးတဲ့ဖြစ်ရပ်ဖြစ်ခဲ့ဖူးပါတယ်။ ဒီဖြစ်ရပ်ဟာ လေကြောင်းသမိုင်းမှာ ကမ္ဘာ့အဆိုးဝါးဆုံးဖြစ်ရပ်အဖြစ် သမိုင်းဝင်သွားခဲ့ပါတယ်။ (အဲဒီအကြောင်းကို ပိုစ့်တခုအနေနဲ့ သက်သက်တင်ပေးပါမယ်)။ KLM ရဲ့ ရုံးချုပ်ကတော့ နယ်သာလန်နိုင်ငံ မြောက်ဟော်လန်က Amstelveen မြို့မှာတည်ရှိနေပြီး ၂၀၁၇ ခုနှစ်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၁၂.၁၃ဘီလျံဖြစ်ပြီး ဝန်ထမ်းအင်အားကတော့ ၃၅,၄၁၀ ဦး ရှိနေပါတယ်။

——— —— ———–

(Zawgyi)

လက္ရွိေျပးဆြဲေနဆဲ ကမာၻ႔အေစာဆုံး ေလေၾကာင္းလုိင္း ၁၀ ခု

လူသားေတြဟာ လြန္ခဲ့ေသာႏွစ္ေထာင္ခ်ီကာလေတြကတည္းက ေလေပၚကို ပ်ံတက္ဖုိ႔နည္းမ်ဳိးစုံနဲ႔ ႀကဳိးစားခဲ့ၾကေပမယ့္ ပထမဆုံး ေလထဲပ်ံတက္ႏုိင္တဲ့ ေလယာဥ္ကိုေတာ့ ၁၉၀၃ ခုႏွစ္ ဒီဇင္ဘာ ၁၇ ရက္ေန႔မွာမွ အေမရိကန္မွ ရုိက္ညီေနာင္က တီထြင္ပ်ံသန္းႏုိင္ခဲ့ၾကပါတယ္။ ေလယာဥ္ပ်ံကို အေမရိကန္ေတြ တီထြင္ခဲ့လုိ႔ ေလေၾကာင္းလုိင္းေတြဟာလည္း အေမရိကန္မွာ အေစာဆုံး စတင္ေပၚေပါက္ႏုိင္တယ္လုိ႔ ထင္စရာရွိေပမယ့္ တကယ္တမ္းေတာ့ ဒီလုိမဟုတ္ပါဘူး။

ပထမဆုံးေလေၾကာင္းလုိင္းကေတာ့ ၁၉၀၉ ခုႏွစ္က ဂ်ာမနီႏုိင္ငံမွာ စတင္တည္ေထာင္ခဲ့တဲ့ DELAG ေလေၾကာင္းလုိင္းျဖစ္ၿပီး သူကေတာ့ ၁၉၃၅ ခုႏွစ္မွာပဲ ရပ္စဲသြားခဲ့ပါတယ္။ လက္ရွိေျပးဆြဲေနဆဲ အေစာဆုံး ေလေၾကာင္းလုိင္းဟာလည္းအေမရိကန္ ေလေၾကာင္းလုိင္း မဟုတ္သလုိ အေစာဆုံး ေလေၾကာင္းလုိင္း ၅ ခုစာရင္းမွာေတာင္ ပါ၀င္ျခင္းမရွိပါဘူး။ ဒီတခါေတာ့ ကမာၻေပၚက အေစာဆုံး ေပၚေပါက္ခဲ့တဲ့ ေလေၾကာင္းလုိင္း ၁၀ ခု အေၾကာင္းကို သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဗဟုသုတ အေနနဲ႔ ေ၀မွ်လုိက္ပါတယ္။

(၁၀) Air Serbia (June 17, 1927)

Air Serbia ေလေၾကာင္းလိုင္းကိုေတာ့ (၁၉၂၇)ခုနွစ္ေလာက္ကတည္းကစတင္ေျပးဆြဲခဲ့ျပီး မူလစတင္တည္ေထာင္တာကေတာ့ျပိဳကြဲသြားခဲ့ျပီျဖစ္တဲ့ ယူဂိုဆလားဗီးယားျပည္ေထာင္စုရဲ့ ေလယာဥ္လိုင္းျဖစ္တဲ့ Aeroput ေလေၾကာင္းလိုင္းအျဖစ္နဲ႔ျဖစ္ပါတယ္။ Aeroput ေလေၾကာင္းလိုင္းဟာ(၁၉၄၇)ခုနွစ္ အခ်ိန္ထိ လုပ္ငန္းလည္ပတ္မႈရွိခဲ့ျပီး ယင္းနွစ္အတြင္း မွာဆိုရင္ Jugoslovenski Aerotransport( Yugoslava Air Transport) အျဖစ္အမည္ေျပာင္းလဲေျပာင္းလဲသြားခဲ့ျပန္ပါတယ္။ ယူဂိုဆလားဗီးယားျပည္ေထာင္စုျပိဳကြဲသြားခ်ိန္ေနာက္ ပိုင္းဆားဘီးယားနိုင္ငံအျဖစ္ ေျပာင္းလဲသြားခဲ့ျပီးေနာက္လည္း Jugoslovenski Aerotransport အမည္နဲ႔ပဲဆက္လက္ေျပးဆြဲခဲ့ျပီး (၂၁၁၃)ခုနွစ္ေနာက္ပိုင္းမွာေတာ့ Air Serbia အျဖစ္တရာဝင္ေျပးဆြဲခဲ့တာ ယေန႕အခ်ိန္ထိျဖစ္ပါတယ္။

အရမ္းမႀကီးတဲ့ ေလေၾကာင္းလိုင္းတစ္ခုျဖစ္ေပမယ့္လည္း Air Serbia ဟာဆိုရင္ အေမရိကန္ျပည္ေထာင္စု၊ျပင္သစ္၊အီဂ်စ္ ၊အဂၤလန္နို္င္ငံအပါအဝင္ နိုင္ငံေပါင္း (၃၂)နိုင္ငံေလာက္က ေလဆိပ္(၆၀)ေလာက္ကို ဆက္သြယ္ေျပးဆြဲေပးလ်က္ ရိွပါတယ္။ ေလေၾကာင္းလုိင္းရဲ႕ ရုံးခ်ဳပ္ကေတာ့ ၿမဳိ႕ေတာ္ဘဲဂရိတ္မွာ တည္ရွိေနၿပီး ရွယ္ယာစုစုေပါင္းရဲ႕ စုစုေပါင္းကုိေတာ့ ဆာဘီးယားအစုိးရက ပုိင္ဆုိင္ပါတယ္။ စုစုေပါင္း၀န္ထမ္း ၁၇၅၆ေယာက္ရွိၿပီး ၂၀၁၈ ခုႏွစ္စာရင္းအရ ၀င္ေငြ အေမရိကန္ေဒၚလာ သန္း ၃၄၀ ခန္႔ရရွိခဲ့ပါတယ္။

(၉) Grand Canyon Airlines (1927)

အေမရိကန္ျပည္ေထာင္စု အရီဇုိးနား ပည္နယ္ Tusayan မွာအေျခစိုက္တဲ့ ဂရင္းကန္ညႊန္ေလေၾကာင္းလုိင္း ဟာဆိုရင္အလြန္ေသးငယ္တဲ့ေလေၾကာင္းလိုင္းငယ္ေလးအျဖစ္ (၁၉၂၇)ခုနွစ္ကတည္းက ဂရင္းကန္ညြန္ မွာ စတင္တည္ေထာင္ခဲ့ျပီးမူလအမည္ကေတာ့ Scenic ေလေၾကာင္းလိုင္းအမည္နဲ႔ျဖစ္ပါတယ္။ (၁၉၃၀)ေရာက္ခ်ိန္မွာေတာ့ ဂရင္းကန္ညႊန္ေလေၾကာင္းလုိင္း ဆိုတဲ့အမည္ကိုေျပာင္းလဲခဲ့ပါတယ္။

ဂရင္းကန္ညႊန္ေလေၾကာင္းလုိင္း ဟာဆိုရင္ နိုင္ငံရပ္ျခား သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းကိုလုပ္ေဆာင္တဲ့ေလေၾကာင္းလိုင္းတစ္ခုေတာ့ မဟုတ္ပါဘူး ။ အေမရိကန္ျပည္ေထာင္စုက သာယာလွပတယ္လုိ႔ ေက်ာ္ၾကားတဲ့ Grand Canyon ေဒသကို ေကာင္းကင္ကေန ၾကည့္ျမင္နိုင္တဲ့ေလေၾကာင္းခရီးစဥ္တိုေလးေတြကို စီစဥ္ေပးတဲ့ ေလေၾကာင္းလိုင္းတစ္ခုသာျဖစ္ပါတယ္။

ယေန႔အခ်ိန္မွာဆိုရင္ေတာ့ ဂရင္းကန္ညႊန္ေလေၾကာင္းလုိင္း ဟာ air tour က႑မွာ သက္တမ္းအရင့္ဆုံး နဲ႔ အႀကီးဆုံးေလေၾကာင္းလုိင္းအျဖစ္ရပ္တည္ေနပါတယ္။ ဂရင္းကန္ညြန္ေလေၾကာင္းလုိင္းဟာ ဂရင္းကန္ညြန္ေလဆိပ္ ၊ Boulder ေလဆိပ္ နဲ႔ Page Municipal ေလဆိပ္တုိ႔ကုိသာ ေျပးဆြဲၿပီး စုစုေပါင္းေလယာဥ္ ၂၁စီးသာ ရွိပါတယ္။ ၉ေယာက္စီး နဲ႔ ၁၉ေယာက္စီးေလယာဥ္ေတြကိုသာ အသုံးျပဳၿပီး စုစုေပါင္း ၀န္ထမ္းအင္အား ၆၀၀ခန္႔နဲ႔ ဆက္လက္ လည္ပတ္ေနဆဲျဖစ္ပါတယ္။

(၈) American Airlines (April 15, 1926)

ေဒသတြင္းမွာရွိတဲ့ေလေၾကာင္းလိုင္းငယ္ေပါင္း(၈၀)ေလာက္ကို စုေပါင္းျပီး American Airlines ဆိုျပီးမျဖစ္ခင္ (၁၉၃၀)မတိုင္ခင္ကာလအထိ Robertson Aircraft Coporation အေနနဲ႔ (၁၉၂၆)ခုနွစ္၊ဧျပီလကတည္းက သီးျခားရပ္တည္ေနခဲ့တာျဖစ္ပါတယ္။ Robertson Aircraft Coporation ရဲ့ပထမဆံုးေသာေလယာဥ္မွဴးအျဖစ္တာဝန္ထမ္းေဆာင္ခဲ့တဲ့ Charles Lindbergh ဟာဆိုရင္လည္း American Airlines ရဲ့ပထမဆံုးေသာေလယာဥ္မွဴးအျဖစ္ သတ္မွတ္ျခင္းကိုခံခဲ့ရျပီး (၁၉၂၆)၊ဧျပီ(၂၆)ရက္ေန႔မွာ သူစတင္ေမာင္းနွင္ရတဲ့ ခရီးစဥ္ကေတာ့ Missouri ျပည္နယ္ စိန္႔လူး၀စ္ကေန အီလီႏြဳိက္ျပည္နယ္ ရွီကာဂုိအထိျဖစ္ပါတယ္။

ေနာက္ပိုင္းမွာေတာ့ Robertson Aircraft Coporation ဟာဆိုရင္ Colonial Air Transport နဲ႔ ပူးေပါင္းသြားခဲ့ျပီးအေမရိကန္ျပည္ေထာင္စုတစ္ခြင္ကမ်ားစြာေသာေလေၾကာင္းလိုင္းငယ္ေတြကိုဝယ္ယူခဲ့ပါတယ္။ ယင္းေနာက္မွာေတာ့ American Airlinnes ဆိုျပီးျဖစ္ေပၚလာခဲ့ကာ ယခုခ်ိန္မွာဆိုရင္ ေလယာဥ္စီးေရ (၈၇၁)စင္း၊နိုင္ငံတကာကေလဆိပ္ေပါင္း (၃၅၀)ေလာက္နဲ႔ ဆက္သြယ္ေျပးဆြဲေပးေနတဲ့ကမာၻအၾကီးဆံုးေလဆိပ္ၾကီး တစ္ခုအျဖစ္ရပ္တည္ေနတာကိုေတြ႔ရပါတယ္။ အေမရိကန္ေလေၾကာင္းလုိင္းကို အတုိေကာက္အေနနဲ႔ AA လုိ႔ေခၚၾကၿပီး ၂၀၁၉ ခုနွစ္စာရင္းအရ ၀င္ေငြ ေဒၚလာ ၄၅ဘီလ်ံေက်ာ္ရရွိခဲ့ၿပီး ၀န္ထမ္းအင္အားကေတာ့ ၁၃၃,၇၀၀ ျဖစ္ပါတယ္။

(၇) Delta Air Lines (May 2, 1925)

Delta Air Lines ကေတာ့အေမရိကန္ျပည္ေထာင္ရဲ့သက္တမ္းအရင့္ဆံုးေလေၾကာင္းလိုင္းအျဖစ္လူသိမ်ားျပီး ယေန႔အခ်ိန္ထိ လုပ္ငန္းလည္ပတ္လ်ွက္ ရွိပါတယ္။ (၁၉၂၅)ခုနွစ္က ကမာၻပထမဆံုးေသာ ေဝဟင္ကေန သီးနွံစိုက္ခင္းေတြကိုေရနဲ႔ပိုးသတ္ေဆးပက္ျဖန္းတဲ့ Huff Daland Dusters ကုမၸဏီၤအျဖစ္ စတင္တည္ေထာင္ခဲ့ပါတယ္။ Huff Daland ဟာ ဆိုရင္ေလယာဥ္(၁၈)စင္းေလာက္အထိ အလ်ွင္အျမန္ဝယ္ယူခဲ့ျပီးေနာက္ပိုင္း ကမာၻ႕ေလယာဥ္ပ်ံအမ်ားဆံုးပိုင္ဆိုင္တဲ့ ပုဂၢလိကလုပ္ငန္းတစ္ခုအျဖစ္ရပ္တည္နိုင္ခဲ့ပါတယ္။

(၁၉၂၈)ခုနွစ္ေရာက္ခ်ိန္မွာေတာ့ Huff Daland ကေန Mississippi Delta region ကိုအစြဲျပဳျပီး Delta Air Lines အျဖစ္နာမည္ေျပာင္းလဲခဲ့ပါတယ္။ ယင္းကာလကတည္းက Delta Air Lines ဟာဆိုရင္ လိုင္းအတြင္းပါဝင္တဲ့ေလယာဥ္စီးေရ(၈၄၀)၊ ဆက္သြယ္ထားတဲ့ေလဆိပ္ေပါင္း (၃၂၅)အျပင္ စီးနင္းတဲ့ခရီးသည္အေရအတြက္နႈန္းထားအရ ကမာၻ႔အၾကီးဆံုး ေလေၾကာင္းလိုင္းအျဖစ္ရပ္တည္ေနခဲ့တာဆိုရင္ ယေန႔အခ်ိန္ထိပဲျဖစ္ပါတယ္။ ရုံးခ်ဳပ္ကေတာ့ ေဂ်ာ္ဂ်ီယာျပည္နယ္ အတၱလႏၱာၿမဳိ႕မွာ ရွိေနၿပီး ၂၀၁၉ ခုႏွစ္မွာ ၀င္ေငြ ေဒၚလာ ၄၇ဘီလ်ံရွိခဲ့ကာ ၀န္ထမ္းအင္အားကေတာ့ ၉၁၀၀၀ ျဖစ္ပါတယ္။

(၆) Finnair (November 1, 1923)

Finnair ဟာဆိုရင္ ဖင္လန္နိုင္ငံမွာေတာ့ အၾကီးဆံုးေသာေလေၾကာင္းလိုင္းျဖစ္ျပီး ဥေရာပမွာေတာ့ သက္တမ္းအရင့္ဆံုးေသာ ေလယာဥ္လိုင္းတစ္ခုအျဖစ္ရပ္တည္ေနပါတယ္။ ၁၉၂၃ ခုနွစ္က ေကာင္စစ္ဝန္တစ္ဦးျဖစ္တဲ့ Bruno Lucander ဆိုသူက Aero အမည္နဲ႔စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ Bruno ဟာဆိုရင္ယခင္ကလည္း ဖင္လန္နိုင္ငံရဲ့ Estonian airline Aeronaut နဲ႔လည္းေလေၾကာင္းသြားလာေရးလုပ္ငန္းကိုလုပ္ကိုင္လည္ပတ္ခဲ့ဖူးသူပါ။ ဒုတိယကမာၻစစ္ေနာက္ပိုင္းကာလေတြမွာေတာ့ ဖင္လန္အစိုးရကေန Finnair ေလေၾကာင္းလိုင္းကိုဝယ္ယူခဲ့ျပီး ယေန႔တိုင္ရွယ္ယာအမ်ားဆံုးပိုင္ဆိုင္သူအျဖစ္ရွိေနပါတယ္။

Finnair ဟာလက္ရွိအခ်ိန္ထိ ကမာၻ႔အႏၱရာယ္အကင္းဆံုးေသာေလေၾကာင္းလုိင္းအျဖစ္ရပ္တည္ေနျပီး (၁၉၆၃)ခုနွစ္ကတည္းက ယေန႔အထိ ေလေၾကာင္းမေတာ္တဆမႈျဖစ္ရပ္ေတြ ျဖစ္ခဲ့ဖူးျခင္းမရွိခဲ့ပါဘူး။ ေလဆိပ္ေပါင္း ၁၁၆ ခုကို ေလယာဥ္စင္းေရ ၈၄ စင္း နဲ႔ ေျပးဆြဲေနၿပီး ရုံးခ်ဳပ္ကေတာ့ ၿမဳိ႕ေတာ္ဟယ္ဆင္ကီမွာ ရွိေနပါတယ္။ ၂၀၁၉ ခုႏွစ္စာရင္းအရ ၀င္ေငြ ေဒၚလာ ၃.၆ဘီလ်ံရွိခဲ့ၿပီး ၀န္ထမ္းဦးေရ ၆၇၈၈ ေယာက္နဲ႔ လုပ္ငန္းလည္ပတ္လွ်က္ ရွိပါတယ္။

(၅) Czech Airlines (October 6, 1923)

ယခုစာရင္းမွာပါဝင္တဲ့ ေလေၾကာင္းလို္င္းေတြနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ေတာ့ Czech Airlines ဟာေလေၾကာင္းလိုင္းအငယ္စားေလးသာျဖစ္ျပီး ေလယာဥ္စီးေရ(၁၂)စီးနဲ႔ နိုင္ငံတကာက ေလဆိပ္ေပါင္း (၂၅)ခုေလာက္နဲ႔သာ ဆက္သြယ္ထားပါတယ္။ (၁၉၂၃)ခုနွစ္၊ ေအာက္တိုဘာ(၆)ရက္ေန႔က CSA ( Czechoskovak State Aurlines) အျဖစ္စတင္တည္ေထာင္ခဲ့ တာျဖစ္ျပီး ယေန႔အခ်ိန္မွာဆိုရင္ ကမာၻ႔သက္တမ္းအရင့္ဆံုးေလေၾကာင္းလိုင္းအျဖစ္မွတ္တမ္းဝင္ေနျပီျဖစ္ပါတယ္။

မူလကေတာ့ CAS ဟာျပည္တြင္းေလေၾကာင္းခရီးစဥ္ ေတြကိုသာ ပ်ံသန္းမႈျပဳလုပ္ခဲ့ရာကေန (၁၉၃၀)ေရာက္ခ်ိန္မွာေတာ့ ခ်က္နိုင္ငံ ပရက္ဂ္ကေန ခရိုေအးရွားနိ္ုင္ငံ Bratislava ျမိဳ႕အထိေလေၾကာင္းခရီးစဥ္ကိုစတင္နိုင္ခဲ့ပါတယ္။ ခ်က္ကို စလိုေဗးနီးယားျပိဳကြဲသြားခ်ိန္ (၁၉၉၀)ေရာက္ခ်ိန္ေနာက္ပိုင္းကာလျဖစ္တဲ့ (၁၉၉၅)ခုနွစ္မွာေတာ့ Czech Airlines အမည္ကိုေျပာင္းလဲေျပးဆြဲခဲ့ပါတယ္။ ပရက္ဂ္ၿမဳိ႕မွာပဲ အေျခစုိက္ၿပီး ၀န္ထမ္းအင္အားကလည္း ၇၀၀ ခန္႔သာ ရွိပါတယ္။

(၄) Aeroflot (February 3, 1923)

Aeroflot ဟာဆိုရင္ ရုရွားနိုင္ငံရဲ့အၾကီးဆံုး flag carrier ေလယာဥ္လိုင္းျဖစ္ျပီး (၁၉၂၃)ခုနွစ္က စတင္တည္ေထာင္ခဲ့တာေၾကာင့္လည္း ဥေရာပအေရွပိုင္းေဒသရဲ့သက္တမ္းအရင့္ဆံုး ေသာ ေလေၾကာင္းလိုင္းအျဖစ္ ရပ္တည္ေနပါတယ္။ မူလအမည္ကေတာ့ DOBOROLET ျဖစ္ျပီး ဆိုဗီယက္ျပည္ေထာင္စုကာလကေတာ့ Aeroflot ေလေၾကာင္းလိုင္းဟာ ေလယာဥ္စီးေရ(၅၀၀၀)ေက်ာ္နဲ႔ျပည္တြင္း၊ျပည္ပကက ေလဆိပ္ေပါင္း (၃၀၀၀)ေက်ာ္ေလာက္ကိုဆက္သြယ္ထားရွိၿပီး ကမာၻ႔အႀကီးဆုံးေလေၾကာင္းလုိင္းအျဖစ္ စံခ်ိန္တင္ခဲ့ဖူးပါတယ္။

ဆိုဗီယက္ျပည္ေထာင္စုျပိဳကြဲသြားခ်ိန္မွာေတာ့ Aeroflot ရဲ့က႑ဟာလည္း ရုတ္ခ်ည္းဆိုသလို နစ္ျမဳပ္ေပ်ာက္ကြယ္ခဲ့ရျပီးမေတာ္တဆျဖစ္ရပ္မ်ားစြာလည္း ေလေၾကာင္းလိုင္းအတြင္းျဖစ္ပြားခဲ့ပါတယ္။ ေနာက္ပိုင္းေရာက္မွသာ တစစျပန္လည္ထူေထာင္လာတဲ့ရုရွားနိုင္ငံရဲ့စီးပြားေရးနဲ႔အတူ Aeroflot ဟာျပန္လည္ဦးေမာ့လာခဲ့ျပီး ယေန႔ခ်ိန္မွာဆိုရင္ေလယာဥ္စီးေရေပါင္း (၂၄၇)စီးနဲ႔ နိုင္ငံတကာေလဆိပ္ ေပါင္း (၂၄၇)ကိုဆက္သြယ္ေပးလ်က္ရွိပါတယ္။

Aeroflot ရဲ့ဌာနခ်ုဳပ္ကေတာ့ရုရွားနိုင္ငံ၊ေမာ္စကိုျမိဳ႕ေတာ္မွာတည္ရွိပါတယ္။ (၂၀၁၃)ခုနွစ္၊ ဇူလိုင္လကဆိုရင္ Aeroflot ဟာ နာမည္ေက်ာ္အဂၤလန္ေဘာလံုးအသင္းကိုစပြန္ဆာေပးနိုင္ခဲ့ျပီး မန္ယူေဘာလံုးသမိုင္းမွာပထမဆံုးစပြန္ဆာေပးတဲ့ ရုရွားကုမၸဏီအျဖစ္မွတ္တမ္းဝင္သြားခဲ့ဖူးပါတယ္။ ၂၀၁၇ ခုႏွစ္၀င္ေငြကေတာ့ အေမရိကန္ေဒၚလာ ၇.၄ဘီလ်ံျဖစ္ၿပီး ၀န္ထမ္းအင္အား ၃၀၃၂၈ ဦး နဲ႔ ရပ္တည္ေနပါတယ္။

(၃) Qantas (November 16, 1920)

Qantas ဟာဆိုရင္ၾသစေတးလ်နိုင္ငံရဲ့အၾကီးဆံုးေလေၾကာင္းလိုင္းျဖစ္ျပီး ၾသစေတးလ်ရဲ့ ပထမကမာၻစစ္ျပန္ၾကီးေတြျဖစ္တဲ့ Paul McGinness နဲ႔ Hudson Fysh တို႔က (၁၉၂၀)ခုနွစ္၊ နိုဝင္ဘာ(၁၆)ရက္ေန႔မွာ စတင္တည္ေထာင္ခဲ့ပါတယ္။ ရည္ရြယ္ခ်က္ကေတာ့ သမုဒၵရာပိုင္းေဒသကၾသစေတးလ်ကို အျခားေသာကမာၻ႔ေဒသေတြနဲ႔ ဆက္သြယ္ေရးလမ္းေၾကာင္း ပိုဖြံျဖိဳးလာေစဖို႔အတြက္ျဖစ္ပါတယ္။

စတင္ခ်ိန္ကေတာ့ Queensland ကြ်န္းအေနာက္ဘက္စြန္းေဒသေတြကေန ၾသစေတးလ်နိုင္ငံရဲ့အျခားေသာအစိတ္အပိုင္းေနရာေတြကိုသာ ေျပးဆြဲခဲ့ျပီး (၁၉၃၅)ခုနွစ္ေရာက္ခ်ိန္မွသာ စင္ကာပူအထိဆက္သြယ္ေျပးဆြဲျပီး Qantasရဲ့ပထမဆံုးေသာနိုင္ငံရပ္ျခားလိုင္းကိုစတင္ခဲ့ပါတယ္။ ယေန႔ကာလမွာေဆာ့ Qantas ဟာ ျပည္တြင္း၊ျပည္ပေလဆိပ္ေပါင္း (၈၅)ခုေက်ာ္ေလာက္ကို ေလယာဥ္စင္းေရ ၁၂၆စင္း နဲ႔ ပ်ံသန္းေပးေနတဲ့ေလေၾကာင္းလိုင္းအျဖစ္ရပ္တည္ေနျပီျဖစ္ပါတယ္။ ဆစ္ဒနီမွာ အေျခစုိက္တဲ့ Qantas ေလေၾကာင္းလုိင္းရဲ႕ ၂၀၁၉ ခုနွစ္၀င္ေငြကေတာ့ ေဒၚလာ ၁၂.၈ဘီလ်ံျဖစ္ၿပီး ၀န္ထမ္းအင္အား ၃၀၁၇၉ဦး ရွိပါတယ္။

(၂) Avianca (December 5, 1919)

ကိုလံဘီယာနိုင္ငံ Bogota မွာအေျခစိုက္တဲ့ Avianca ေလေၾကာင္းလို္င္းဟာဆိုရင္ (၂၀၁၉)၊ဒီဇင္ဘာ(၅)ရက္ေန႔ကတည္းက တည္ေထာင္မႈ နွစ္(၁၀၀)ျပည့္အခမ္းအနားကို ဆင္ႏႊဲနိုင္ခဲ့ပါတယ္။ စတင္တည္ေထာင္တဲ့ (၁၉၁၉)ခုနွစ္ကေတာ့ Sociedad Colombo Alemana de Transportes Aereos ( SCADTA) အမည္နဲ႔ျဖစ္ျပီးေနာက္ထပ္(၁၀)စုနွစ္ေလာက္ၾကာခ်ိန္မွာေတာ့ အေမရိကန္ျပည္ေထာင္စုအျပင္အျခားေသာနိုင္ငံမ်ားအထိ ခရီးသည္နဲ႔ ကုန္စည္ေတြကိုပို႔ေဆာင္တဲ့ေလေၾကာင္းလိုင္းတစ္ခုျဖစ္လာပါေတာ့တယ္။

(၁၉၄၀) ေရာက္ခ်ိန္ မွာေတာ့ SCADTA ဟာနိုင္ငံတြင္းကေလေၾကာင္းလိုင္းတစ္ခုျဖစ္တဲ့ SACO နဲ႔ပူးေပါင္းခဲ့ျပီး Avianca ဆိုတဲ့အမည္ကိုရရွိခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Avianca ဟာျပည္တြင္းမွာ သာမက နုိင္ငံတကာအထိဆက္သြယ္ေပးတဲ့ ကိုလံဘီယာရဲ့အဓိကေလေၾကာင္းလိုင္းတစ္ခုျဖစ္လာခဲ့ပါတယ္။ Avianca ဟာ ယေန႔တိုင္လည္ပတ္ေနေသတယ္ဆိုေပမယ့္ (၂၀၂၀)ခုနွစ္၊ေမလအတြင္းမွာေတာ့ Covid-19 ဂယက္ေၾကာင့္ ေၾကြး ေဒၚလာ ၇.၃ဘီလ်ံတင္ခဲ့ၿပီး ေဒဝါလီခံခဲ့ရတဲ့မ်ားစြာေသာေလေၾကာင္းလိုင္းစာရင္းမွာ အႀကီးဆုံးေလေၾကာင္းလုိင္းျဖစ္ခဲ့ပါတယ္။

(၁) KLM Royal Dutch Airlines (October 7, 1919)

ယေန႔တိုင္လည္ပတ္ေနဆဲျဖစ္တဲ့ ကမာၻေပၚက ေလေၾကာင္းလိုင္းေတြအနက္မွာေတာ့ နယ္သာလန္နိုင္ငံ Amstelveen အေျခစိုက္ KLM Royal Dutch Airlines ကို သက္တမ္းအရင့္ဆံုးေလေၾကာင္းလုိင္းအျဖစ္ သတ္မွတ္ထားၾကပါတယ္။ (၁၉၁၉)ခုနွစ္၊ေအာက္တိုဘာ (၇)ရက္ေန႔က Frits Fentener van Vlissingen အပါအဝင္ ဒတ္ခ်္စီးကပြားေရးလုပ္ငန္းပိုင္ရွင္ (၈)ဦးရဲ့တည္ေထာင္မႈအရ ျဖစ္ေပၚလာတဲ့ ကမာၻ႔ပထမဆံုးေသာ စီးပြားေရးလုပ္ငန္းသံုး ေလၾကာင္းလိုင္းျဖစ္ပါတယ္။

KLM ( Koninklijke Luchtvaart Maatschappij) ရဲ့ပထမဆံုးေသာအုပ္ခ်ုဳပ္သူ ဒါရိုက္တာကေတာ့ Amsterdam မွာပထမဆံုးေသာေလေၾကာင္းျပပြဲျဖစ္လာဖို႔ေထာက္ပ့ံေပးခဲ့သူ ေလယာဥ္မွဴးေဟာင္း Albert Plesman ျဖစ္ျပီးေလေၾကာင္းလိုင္းရဲ့ပထမဆံုးေသာခရီးစဥ္ကို (၁၉၂၀)၊ေမလ(၁၇)ရက္ေန႔မွာစတင္ျပဳလုပ္ခဲ့ပါတယ္။ ယင္းကာလကေနစတင္လည္ပတ္ခဲ့ျပီး ယခုအခ်ိန္မွာေတာ့ KLM Royal Dutch Airlines ဟာဆိုရင္ေလယာဥ္စီးေရေပါင္း (၁၁၆)စီးနဲ႔ျပည္တြင္း၊ျပည္ပကေလဆိပ္ေပါင္း (၁၄၅)ခုနဲ႔ဆက္သြယ္ခုတ္ေမာင္းလ်က္ရွိေနပါတယ္။

(၁၉၇၇)ခုနွစ္ကာလကေတာ့ KLM Royal Dutch Airlines ရဲ့ခရီးသည္တင္ ဘုိးရင္းေလယာဥ္ႀကီးတစ္စီးဟာ အျခားေလေၾကာင္းလုိင္းက ဘုိးရင္းေလယာဥ္ႀကီးတစီးနဲ႔ တုိက္မိကာ လူေပါင္း ၅၈၃ ဦး ေသဆုံးတဲ့ျဖစ္ရပ္ျဖစ္ခဲ့ဖူးပါတယ္။ ဒီျဖစ္ရပ္ဟာ ေလေၾကာင္းသမုိင္းမွာ ကမာၻ႔အဆုိး၀ါးဆုံးျဖစ္ရပ္အျဖစ္ သမုိင္း၀င္သြားခဲ့ပါတယ္။ (အဲဒီအေၾကာင္းကို ပုိစ့္တခုအေနနဲ႔ သက္သက္တင္ေပးပါမယ္)။ KLM ရဲ႕ ရုံးခ်ဳပ္ကေတာ့ နယ္သာလန္ႏုိင္ငံ ေျမာက္ေဟာ္လန္က Amstelveen ၿမဳိ႕မွာတည္ရွိေနၿပီး ၂၀၁၇ ခုႏွစ္၀င္ေငြကေတာ့ အေမရိကန္ေဒၚလာ ၁၂.၁၃ဘီလ်ံျဖစ္ၿပီး ၀န္ထမ္းအင္အားကေတာ့ ၃၅,၄၁၀ ဦး ရွိေနပါတယ္။

Tags: techworld knowledge
Next Post
ဘားမားလေကြောင်းလိုင်း မတော်တဆမှု/ပျက်ကျ မှတ်တမ်း ၁၄ ခု

ဘားမားလေကြောင်းလိုင်း မတော်တဆမှု/ပျက်ကျ မှတ်တမ်း ၁၄ ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!