ရေးသားသူ – Aung Kham Kyaw (InNews Myanmar)
ဂယ်လီယမ် (Gallium ) အမည်ရ သတ္တုက လူသားများအတွက် အင်မတန် အကျိုးပြုပါတယ်။ ရှားလည်း ရှားပါတယ်။ တစ်နှစ်ကို တန် ၁၀၀ ကျော်၊ ၂၀၀ အတွင်းသာ ထုတ်လုပ်နိုင်ပါတယ်။
ဂုဏ်သတ္တိ
လက်ပေါ်တင်ထားရင်ရင်တောင် အလိုလိုအရည်ပျော်လောက်အောင် သူ့ရဲ့ ဓာတု ဂုဏ်သတ္တိက ထူးခြားပါတယ်။ အခန်းအပူချိန် (၈၅.၆ ဖာရင်ဟိုက်) ထက် အနည်းငယ် ပိုလိုက်ရင် သူ့အလိုအလျောက် အရည်ပျော်ပါတယ်။ ဒါကြောင့် လက်ပေါ်တင်ထားရင် ကြိမ်းသေအရေ ပျော်ပြီးလက်ထဲမှာ အေးခဲသလို ခံစားစေမှာပါ။ အလူမီနီယမ်ပေါ် ပျော်ကျပါက အလူမီနီယမ်ကို လက်နဲ့ ချိုးနိုင်လောက်အောင် ကြွပ်ဆတ်သွားစေပါတယ်။ ဒါကြောင့် သူ့ကို အသုံးပြုတဲ့အခါ တစ်မျိုးထဲ သန့်သန့် အသုံးပြုလို့ မရပဲ အခြား သတ္တုများနဲ့ ရောစပ်အသုံးပြုမှု များပါတယ်။ သတ္တုထဲက အရည်ပျော်ဝင်မှုဖြစ်စဉ်အရှည်ကြာဆုံးတွေထဲက တစ်ခုရှိပြီး အပူချိန်မြင့်တက်နေချိန်မှာတောင် အငွေ့ပြန်မှု နည်းပါတယ်။
အီလက်ထရောနစ် ပစ္စည်းများတွင် အသုံးပြုမှု
နည်းပညာ ထုတ်ကုန်တော်တော်များများမှာ အသုံးပြုပါတယ်။ ယနေ့ခေတ် စမတ်ဖုန်းတော်တော်များများမှာလည်း ဂယ်လီယမ် သတ္တု (လျှပ်တစ်ဝက် ကူး ပစ္စည်း/ Semiconductor) ကို ထည့်သွင်း အသုံးပြု ထားပါတယ်။ ဖုန်းအကြာကြီးပြောတဲ့အခါ အပူလွန်ကဲပြီး လောင်ကျွမ်းနိုင်တဲ့ amplifier တွေမှာ ဂယ်လ်လီယမ်ကို ထည့်သွင်းထားပါတယ်။ ဖုန်း ကြာကြာ အားသွင်းလို့ မီးလောင်တယ်ဆိုတာ၊ ကြာကြာပြောလို့ အရမ်းပူလာတယ်ဆိုတာ ဂယ်လီယမ် ပါဝင်မှု နည်းတာနဲ့လည်း သက်ဆိုင်ပါတယ်။
လပ်(ပ်)တော့၊ စားပွဲတင်ကွန်ပျူတာ တွေထဲက Chip တွေမှာလည်း Gallium သတ္တုသုံး ဆီမီးကွန်ဒတ်တာတွေ ပါဝင်ပါတယ်။ အပူချိန် လွန်ကဲမှုကို ထိန်းညှိပေးတဲ့ နေရာမှာ သူက အကောင်းဆုံး လုပ်ဆောင်ပေးလို့ ဖြစ်ပါတယ်။ သူချည်းသက်သက်ဆိုရင်တော့ အရည် ပျော်တတ်ပေမယ့်။ သွပ် (zinc)၊ အလူမီနီယမ်တို့လိုနဲ့ ရောစပ် အသုံးပြုတဲ့အခါ အင်မတန် အကျိုးရှိတဲ့ Semiconductor တစ်လုံး ဖြစ်လာပါတယ်။
ဆေးဘက်ဆိုင်ရာ အသုံးပြုမှု
အီလက်ထရောနစ် ပစ္စည်းတွေမှာတင် အသုံးပြုတာ မဟုတ်ပါဘူး။ ဆေးဝါး မှာလည်း အသုံးပြုပါတယ်။ ရေဒီယိုဓာတ်ကြွနည်းပညာသုံး ပိုးသတ်ဆေးဝါးတွေမှာ Gallium အရည်ကို Percentage အနည်းငယ် ထည့်သွင်းထားပါတယ်။ သွေးထဲ ကယ်လ်ဆီယမ်ဓာတ်အင်မတန် လွန်ကဲတဲ့ ရောဂါမျိုးတွေမှာ သူက သွေးကိုထိန်းညှိပေးခြင်းဖြင့် လုပ်ဆောင်ပါတယ်။ ခန္ဓာကိုယ်တွင်း အူလမ်းကြောင်း၊ လည်ချောင်း -Organ များမှာ အနာတည်၊ ကင်ဆာ ဖြစ်တဲ့အခါ ဂယ်လီယမ် သတ္တုဓာတ်ပါတဲ့ ဆေးဝါးနဲ့ ကုသပါတယ်။
စစ်ဘက်ဆိုင်ရာ အသုံးပြုမှု
စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေမှာလည်း အသုံးပြုပါသေးတယ်။ ပလူတိုနီယမ်ကိုအသုံးပြုတဲ့ အန္တရာယ်ကြီး လက်နက် ဒုံးကျည်ပစ္စည်းတွေရဲ့ ထိပ်ဖူးမှာ ဂယ်လီယမ် အလွိုင်းကို ထည့်ထားရပါတယ်။ ပလူတိုနီယမ်ကနေ အလိုလို မြင့်တက်နေတဲ့ Allotropes များဟာ ဒီတိုင်းထားရင် ပေါက်ကွဲ တတ်ပြီး ဂယ်လီယမ်က ထိန်းထားပေးတာ ဖြစ်ပါတယ်။
အထွေထွေ အသုံးပြုမှု
ဂယ်လီယမ်ကို လွယ်လွယ်နဲ့ တူးဖော်ရရှိတာမဟုတ်တဲ့အတွက် အသုံးပြုတဲ့ အခါကျတော့ ကျန်ရှိတဲ့ အစအန အားလုံးက အစ အသုံးဝင်ပါတယ်။ အလူမီနီဟိုက်ဒရောဆိုက်ကို သန့်စင်လို့ ကျန်ရှိတဲ့ မသန့်စင်သော ဂယ်လ်လီယမ်တွေကိုတောင် မှန်၊ ဇွန်း၊ခရင်း၊ အစရှိသဖြင့် အိမ်သုံး ပစ္စည်းတွေမှာ ရောစပ်ထည့်သုံးလို့ ရပါတယ်။ ပိုးသတ်ဆေး၊ ပေါင်ဒါ တွေမှာလည်း အသုံးပြုပါတယ်။ အခြားသော အသုံးပြုမှုပေါင်း မြောက်များစွာလည်း ရှိနေပါသေးတယ်။
ထွက်ရှိသည့် နိုင်ငံ
အမှန်တကယ် တွေ့ရှိတာတော့ ရုရှားနိုင်ငံမှာ စတင်တွေ့ရှိတာ ဖြစ်ပါတယ်။ သု့ိပေမယ့် လက်ရှိအများဆုံး ထွက်နေတဲ့ နိုင်ငံက တရုတ်ပြည်မကြီး ဖြစ်ပါတယ်။ အကောင်းဆုံး အသုံချနိုင်မှုကတော့ အမေရိကန် ဖြစ်ပြီး ကုန်ကြမ်းမရှိလည်း ဓာတ်ခွဲခန်းကနေ ကိုယ်တိုင် ဖန်တီး ထုတ်ယူတဲ့အဆင့်ထိတောင် ပြုလုပ်ကြပါတယ်။ သို့ပေမယ့် မလုံလောက်တဲ့အတွက် မှာယူမှုများ ပြုလုပ်ရပါတယ်။
အနာဂတ်တွင် Gallium ရှားပါးနိုင်မှု
အများစုကို တရုတ်ပြည်မကြီးက ပိုင်ဆိုင်ထားတာဟာ အဓိက ပြဿနာ တစ်ခု ဖြစ်ပါတယ်။ ကွန်မြူနစ် ပေါ်လစီအရ ပြည်တွင်း တွင်းထွက်ကို ပြည်ပ သို့ တင်ပို့မှုများ အင်မတန် တင်းကြပ်ထားပါတယ်။ တော်ရုံ ဝယ်လို့ မရပါဘူး။ တရုတ်ပြည်မှာ တွင်းထွက်ရှိပေမယ့် သန့်စင်မှု လုပ်ငန်းမှာ အားနည်းနေပါတယ်။ ဒါကြောင့် ကိုယ်တိုင် တူးဖော်အသုံးပြုပေမယ့် အနောက်တိုင်းများလောက် ထိထိရောက်ရောက် အသုံးမပြုနိုင်ပါဘူး။ သို့ပေမယ့် ရည်ရွယ်ချက်က ပြည်တွင်း အီလက်ထရောနစ်၊ စစ်ဘက်ဆိုင်ရာ၊ ဆေးဘက်ဆိုင်ရာတို့မှာ အသုံးပြုဖို့ ဖြစ်ပါတယ်။ ဂယ်လီယမ်တင် မကပဲ ကမ္ဘာ့အရှားပါးဆုံး ၁၀မျိုးသော မက သတ္တု အမျိုးပေါင်း မြောက်များစွာလည်း ပိုင်ဆိုင်ထားပါတယ်။
တရုတ်ပြည်တွင်း စက်မှုလုပ်ငန်း အရှိန်အဟုန်ဖြင့် တိုးတက်နေပေမယ့် သတ္တုအသုံးပြုမှုမှာ အကျိုးသက်ရောက်မှု နည်းတဲ့အတွက် အလဟသ ကုန်ဆုံးသွားမှာကို အနောက်တိုင်းက စိုးရိမ်နေကြပါတယ်။ အမေရိကန်က အဓိက အခံရဆုံး နိုင်ငံ ဖြစ်ပြီး Gallium ရဖို့အင်မတန် ခဲယဉ်းပါတယ်။ ဒါကြောင့် ယခုနှစ်လယ်ပိုင်းကစပြီး ကမ္ဘာ့စီးပွားကုန်သွယ်မှုအဖွဲ့အစည်း (WTO) ကို တိုင်ကြားမှုများ ပြုလုပ်ခဲ့ပေမယ့် ထူးခြားလာမှု မရှိသေးပါဘူး။ ဓာတ်ခွဲခန်းကနေ အကုန်အကျ အဆပေါင်းများစွာ ခံပြီး ထုတ်လုပ်ရမယ့် အနေအထားမှာ ရှိပါတယ်။
ဒါကြောင့် အနာဂတ် အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်မှုမှာ ဂယ်လီယမ် နဲ့ အခြား ရှားပါးသတ္တုများ မရှိတော့ဘူးဆိုရင် ဘယ်လို ရှေ့ဆက်မယ် ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ နည်းပညာမှာ ထိပ်တန်း ပြေးတဲ့ အမေရိကန်နိုင်ငံမှာတော့ သုသေတနလုပ်ငန်းနဲ့ ဓာတ်ခွဲခန်းများမှာ ရင်းနှီးမြှုပ်နှံမှုပေါင်း များစွာ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။
—
Ref:
ABSnew, Wiki
International news for myanmar
Discussion about this post