သူ့နာမည်ကတော့ Becca Saladin ဖြစ်ပြီး ဂရပ်ဖစ်ဒီဇိုင်းပညာရှင်တယောက်ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါခဲ့ပြီး ရှေးခေတ်သမိုင်းနဲ့ ပုံပြင်တွေကို အလွန်စိတ်ဝင်စားခဲ့ပါတယ်။ အဓိက ကတော့ စာဖတ်တာကို အားပေးတဲ့ မိခင်နဲ့ ဖခင်တို့ကြောင့်ဖြစ်ပြီး ပထမဆုံးသူဖတ်ခဲ့ရတဲ့စာအုပ်က အင်္ဂလန် ၁၆ ရာစုဘုရင်မ Anne Boleyn ရဲ့ အကြောင်းဖြစ်ပါတယ်။ အဲဒီကနေစလို့ သမိုင်းစာအုပ်တွေကို ဆက်ဖတ်တဲ့အခါ အီဂျစ် ၊ ရောမ ၊ ဂရိ သမိုင်းတွေဟာ သူ့အပေါ်ကို လွှမ်းမိုးခဲ့တယ်လို့ဆိုပါတယ်။
သူ ဖတ်ဖူးခဲ့တဲ့ သမိုင်းထဲက ပုဂ္ဂိုလ်တွေဟာ ဒီဘက်ခေတ်မှာ ဆိုရင် ဘယ်လိုပုံစံမျိုးရှိနေမလဲဆိုတာကို ကလေးဘဝထဲက သိချင်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ပုံဆွဲတာကို ဝါသနာပါခဲ့ပြီး သမိုင်းထဲက ပုဂ္ဂိုလ်တွေရဲ့ ပုံရိပ်တွေကို ရေးဆွဲနေလေ့ရှိပါတယ်။ ဒီလိုနဲ့ သူအရွယ်ရောက်တဲ့အခါ ဂရပ်ဖစ်ဒီဇိုင်နာတဦးဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ သူငယ်စဉ်က စိတ်ကူးကို အကောင်အထည်စဖော်ကြည့်ပါတယ်။ အင်္ဂလန်မိဖုရားတပါးဖြစ်တဲ့ Anne Boleyn ရဲ့ ပုံကို သမိုင်း မှတ်တမ်းပုံရိပ်တွေက ပုံစံအချက်အလက်တွေနဲ့ တိုက်ပြီး ဒီဘက်ခေတ်မှာ ရှိနေမယ့်ပုံစံကို စရေးဆွဲကြည့်ခဲ့ပါတယ်။ သူဆွဲပြီးတဲ့အခါမှာတော့ အဲဒီပုံကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။ လူအများဟာ သူ့ရဲ့ဖန်တီးမှုကို နှစ်သက်ခဲ့ကြပြီး နောက်ထပ် သမိုင်းထဲက ပုဂ္ဂိုလ်တွေကိုလည်း ဒီလိုမျိုးထပ်ရေးဆွဲဖို့ သူ့ကို တောင်းဆို တိုက်တွန်းခဲ့ကြပါတယ်။
တောင်းဆိုမှုတွေကြောင့် သူဟာ စီးရီးအနေနဲ့ ရှေးခေတ်နာမည်ကျော် ပုဂ္ဂိုလ်ပေါင်း ၆၀ကျော် ရဲ့ ပုံရိပ်တွေကို ရုပ်တုတွေ ၊ ပန်းချီတွေ ၊ သမိုင်းမှတ်တမ်းတွေနဲ့ တိုက်ကာ ရေးဆွဲခဲ့ပါတယ်။ ရှေးခေတ်ပုဂ္ဂိုလ်တွေကို ယနေ့ခေတ်ဒီဇိုင်းတွေနဲ့ ပြန်လည်မြင်တွေ့ရတာကြောင့် သူ့ရဲ့ဖန်တီးမှုကို အားလုံးက အသိအမှတ်ပြုကြပါတယ်။ Saladin ဆွဲခဲ့တဲ့ ပုံတွေထဲက ပုံအချို့ကို သုတဇုန် မိတ်ဆွေများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။
၁။ နာဖာတီတီ
နာဖာတီတီ ကတော့ ရှေးခေတ်အီဂျစ်သမိုင်းထဲက အာဏာအရှိဆုံးလို့ထင်ရှားခဲ့တဲ့ ဘုရင်မဖြစ်ကာ ဘီစီ ၁၄ ရာစုမှာ ပေါ်ထွန်းခဲ့ပါတယ်။ သူမနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ယနေ့ el-Amarna လို့ခေါ်တဲ့နေရာမှာ နေနတ်ဘုရားအတွက် အာခီတာတန်မြို့(Akhetaton) ကိုတည်ဆောက်ခဲ့ကြတယ်။ မြို့ရဲ့အလယ်မှာ ကြီးမားတဲ့နန်းတော်ကြီးကိုတည်ဆောက်ထားပြီး နတ်ဘုရား Aten ပူဇော်ပွဲကို နေ့ညမပြတ် ပြည်သူပြည်သားတွေနဲ့ အတူကျင်းပလေ့ရှိပါတယ်။ သူမရဲ့ရုပ်တုအရ လည်တိုင် နဲ့ ဦးခေါင်းဟာ ရှည်လျားနေပြီး ဒီရုပ်တုကိုတော့ အီဂျစ် တော်ဝင် ပန်းပုဆရာကြီး Thutmose က ထုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
၂။ ဂျူးလီယက်ဆီဇာ
ဘီစီ ၁ရာစုအတွင်းမှာ ပေါ်ထွန်းခဲ့တဲ့ ရောမစစ်ဗိုလ်ချုပ်ကြီး ဂျူးလီယက်ဆီဇာကတော့ ယနေ့တိုင်လူသိများတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ရောမ အာဏာရှင်တဖြစ်လဲ နိုင်ငံရေး နဲ့ စစ်ရေးနယ်ပယ်တွေမှာ ထူးချွန်ခဲ့သူဖြစ်ပါတယ်။ အာဏာရှင်ဆိုသော်လည်း လည်ယာစိုက်ပျိုးရေးစနစ် ၊ အုပ်ချုပ်ရေးစနစ် စနစ်များကို တိုင်းပြည်အတွက် ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ဆီးနိတ်အဖွဲ့နဲ့ မသင့်မမြတ်ဖြစ်ရာကနေ ဘီစီ ၄၄ မှာတော့ လုပ်ကြံခံလဲ့ရပါတယ်။
၃။ ပထမအဲလိဇဘက်ဘုရင်မ
ပထမ အဲလိဇဘက်ဘုရင်မကတော့ အင်္ဂလန် နဲ့ အိုင်ယာလန်နိုင်ငံတွေကို ၁၅၅၈ ခုနှစ်ကနေ ၁၆၀၃ ခုနှစ်အထိ အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။ ဘုရင့်သမီးတော်ဆိုပေမယ့် မိခင်ဖြစ်သူကြောင့် ငယ်စဉ်ကညိုးငယ်စွာနေခဲ့ရပြီး ချီးမြှင့်မြောက်စားခြင်းကို မခံခဲ့ရပါဘူး။ ဒါပေမယ့် သူမအရင်ဆက်ခံသူ အသီးသီး ကွယ်လွန်သွားခဲ့တာကြောင့် အသက် ၂၅နှစ်အရွယ်မှာ ထီးနန်းကို ရရှိခဲ့ပါတယ်။ တသက်လုံး ကြင်ဖက်တော်မရှိဘဲ စိုးစံခဲ့သောကြောင့် အဲလိဇဘက်ကို အပျိုစင်ဘုရင်မ လို့လည်းခေါ်ကြပါတယ်။ သူမလက်ထက်မှာ စပိန်ရေတပ်ကြီးကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပြီး နယ်ပယ်သစ်များရှာဖွေခြင်းအပြင် စီးပွားရေးအထူးကောင်းမွန်အောင် ဆောက်ရွက်ပေးခဲ့ပါတယ်။ ကွယ်လွန်တဲ့အချိန်မှာလည်း အင်္ဂလန် နဲ့ စကော့တလန်ကို ပူးပေါင်းပေးသွားခဲ့ပါတယ်။
၄။ မဟာအလက်ဇန္ဒား
ကမ္ဘာ့သမိုင်းထဲက တိုက်တိုင်းအောင် စစ်ဗိုလ်ချုပ်ကြီးအဖြစ် ကျော်ကြားခဲ့သူဖြစ်ပါတယ်။ ငယ်စဉ်အချိန်ကစလို့ စစ်ပွဲတွေ တပွဲပြီး တပွဲတိုက်ကာ အသက် ၃၀ အရွယ်မှာတင် ကြီးမားတဲ့ အင်ပါယာကြီးတခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ သူ့ရဲ့အင်ပါယာဟာ အိုင်အွန်နီးယန်းပင်လယ်ကနေ ဟိမဝန္တာတောင်အထိတိုင် ကျယ်ပြန့်ပါတယ်။ အထက်မြက်ဆုံး ဘုန်းတန်ခိုးအထွန်းတောက်ဆုံးအချိန် အသက် ၃၂နှစ် အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
၅။ စပိန်ဘုရင်မ အစ္စဘဲလာ
Isabella Of Castile ကတော့ စပိန်နိုင်ငံရဲ့ အကျော်ကြားဆုံးဘုရင်မဖြစ်ခဲ့ပါတယ်။ အေဒီ ၁၅ ရာစုမှာ ခင်ပွန်းဖြစ်သူ ဖာဒီနန်နဲ့ အတူယနေ့ စပိန်နိုင်ငံအကျယ်အဝန်းဖြစ်လာမယ့် နယ်မြေတွေကို စုစည်းထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါအပြင် ကိုလံဘတ် ကမ္ဘာသစ်ကိုရှာဖွေဖို့ အဓိက ထောက်ပံ့ပေးတာကလည်း အစ္စဘဲလာပဲဖြစ်ကာ စပိန်နိုင်ငံသားတို့အတွက် အကျိုးအမြတ်များစွာကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ကက်သလစ်အယူဝါဒပေါ်မှာ ကြည်ညိုသဒ္ဒါပြင်းပြပေမယ့် စပိန်အမျိုးသားရေးနဲ့ အယူဝါဒက နိုင်ငံရေးကို ရောနှောစွက်ဖက်တာ မရှိရလေအောင် သတိပြုပြီးထိန်းသွားပေးခဲ့သူလည်း ဖြစ်ပါတယ်။
၆။ သြဂတ်စတပ်ဆီဇာ
ရောမအင်ပါယာကို တည်ထောင်သူတဖြစ်လဲ သြဂတ်စတပ်ဟာ သူ့ရဲ့ဆောင်ရွက်ချက်တွေကြောင့် ကမ္ဘာ့အတော်ဆုံးဘုရင်အဖြစ်လည်း အသိအမှတ်ပြုခြင်းခံရပါတယ်။ အာဏာလုပွဲများအကြား ရန်သူပေါင်းများစွာကို နှိမ်နှင်းနိုင်ခဲ့ပြီး စစ်ရေးမှာ ထူးချွန်ခဲ့ပါတယ်။ ဥရောပနိုင်ငံအချို့ကိုပါ ရောမအင်ပါယာထဲ သွတ်သွင်းနိုင်ခဲ့ပြီး ပြည်သူအကျိုးပြုလုပ်ငန်းများကို အစွမ်းကုန်ဆောင်ရွက်သွားခဲ့သူဖြစ်ပါတယ်။ လမ်းတံတား အဆောက်အအုံများတည်ဆောက်ခြင်း ၊ အခွန်စနစ်များပြုပြင်ခြင်း ၊ စာပေထွန်းကားလာအောင်ဆောင်ရွက်ခြင်း ၊ ငွေကြေးစနစ်၊ စာပို့စနစ်၊ ပြည်နယ်အချင်းချင်း လွတ် လပ်စွာ ကုန်သွယ်မှုစနစ် တို့ကို ကောင်းမွန်အောင် ဖန်တီးပေးခဲ့သူလည်းဖြစ်ပါတယ်။
၇။ နပိုလီယန်
အားလုံးသိကြတဲ့အတိုင်း နပိုလီယန်ဟာ ဥရောပသမိုင်းကို ပြောင်းလဲစေခဲ့တဲ့ ဘုရင်တပါးဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း စစ်ဗိုလ်ချုပ်ဖြစ်ခဲ့ပြီးနောက် ပြင်သစ်အင်ပါယာရဲ့ ပထမဆုံး ဧကရာဇ်ဖြစ်လာခဲ့ပါတယ်။ တိုက်ပွဲများစွာကိုအောင်မြင်ခဲ့ပြီး ဘုန်းတန်ခိုးကြီးမားတဲ့ ပြင်သစ်ဧကရာဇ်အဖြစ်ကျော်ကြားခဲ့ပေမယ့် ရုရှားကိုသွားတိုက်ခဲ့တာကတော့ သူ့ရဲ့အကြီးမားဆုံး အမှားဖြစ်ခဲ့ပါတယ်။ အဆုံးအရှုံးများကြောင့် ရာထူးကနှုတ်ထွက်သွားခဲ့ပေမယ့် နောက်တကြိမ်အာဏာပြန်ရခဲ့ပြီး ပြန်တိုက်တဲ့ ဝါတာလူးစစ်ပွဲကတော့ သူနောက်ဆုံးတိုက်ခဲ့ရတဲ့စစ်ပွဲဖြစ်ပါတယ်။ စစ်ရှုံးပြီးနောက် စိန့်ဟယ်လင်နာကျွန်းမှာအကျဉ်းသားအဖြစ်နေထိုင်ခဲ့ရပြီး ၁၈၂၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
၈။ မိုနာလီဇာ
မိုနာလီဇာကတော့ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ပန်းချီကားဖြစ်ပြီး အီတလီစွယ်စုံပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီက ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒီပန်းချီနဲ့ ပတ်သက်လို့ အမျိုးမျိုးယူဆချက်တွေရှိပေမယ့် အများစုကတော့ အီတလီကုန်သည်ကြီးတယောက်ရဲ့ဇနီးဖြစ်သူ Lisa Gherardini ရဲ့ပုံတူလို့ ယုံကြည်ထားကြပါတယ်။ မိုနာလီဇာပန်းချီကို ၁၅၀၃ ကနေ ၁၅၀၆ ခုနှစ်အတွင်းဆွဲခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပြင်သစ်နိုင်ငံ Louvre ပြတိုက်မှာ ရှိနေပါတယ်။
၉။ ဟတ်ရှတ်ဆွတ်
Hatshepsut ကတော့ ဘီစီ ၁၅ ရာစုက အီဂျစ်ပြည်ကို အုပ်ချုပ်ခဲ့တဲ့ ဖာရိုး ဘုရင်မတဦးဖြစ်ပြီး အီဂျစ်ပြည်ရဲ့ အထက်မြက်ဆုံးဘုရင်မအဖြစ် ကျော်ကြားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ အကောင်းဆုံးဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့သလို နိုင်ငံရဲ့စီးပွားရေးကိုလည်း ကောင်းမွန်အောင် ဖန်တီးပေးခဲ့ပါတယ်။ ဒါအပြင် ကြီးမား ကျယ်ပြန့်လှသော အဆောက်အဦး အမြောက်အမြား တည်ဆောက်ရေး ကို အကောင်အထည် ဖေါ်ခဲ့ပြီး ယခုတိုင် ဗိသုကာ လက်ရာမြောက်လှပြီး ရင်သပ်ရှု့မောဘွယ်ရာ အဆောက်အဦးများအဖြစ် ထင်ကျန်လျက် ရှိနေရပါတယ်။
၁၀။ ရှာကာဇူလူး
ရှာကာဇူလူး ကတော့ ယနေ့အာဖရိကတိုက်တောင်ပိုင်းမှာ ရှိခဲ့တဲ့ ဇူလူးဘုရင့်နိုင်ငံကို ၁၈၁၆ ခုနှစ်ကနေ ၁၈၂၈ အထိ အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။ သူဟာ ဇူလူးခေါင်းဆောင်တွေထဲမှာတော့ အကျော်ကြားဆုံးဖြစ်ပါတယ်။ စစ်တိုက်ရာမှာ ထူးချွန်ပေမယ့် သံတမန်နည်းနဲ့ ဖြေရှင်းရတာကို ပိုမိုနှစ်သက်သူဖြစ်ပါတယ်။ ဒါပေမယ့် မတတ်သာတာကြောင့် တိုက်ပွဲပေါင်းများစွာကို တိုက်ခဲ့ရပါတယ်။ သူ့လက်ထက်မှာ ဇူလူးပြည်ကို အတည်ငြိမ်ဆုံးစုစည်းအုပ်ချုပ်နိုင်ခဲ့ပေမယ့် အသက် ၄၁နှစ်အရွယ်မှာပဲ ညီအစ်ကိုတွေရဲ့လုပ်ကြံခြင်းကို ခံခဲ့ရပါတယ်။
၁၁။ ပြင်သစ် လူဝီ ၁၄
လူဝီ ၁၄ ကို Louis the Great လို့လည်းခေါ်ကြပြီး ပြင်သစ်နိုင်ငံကို ၁၆၄၃ ခုနှစ်ကနေ ၁၇၁၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ဘုရင်တပါးဖြစ်ပါတယ်။ ပြင်သစ်ပြည်ကို ၇၂နှစ် နဲ့ ၁၁၀ ရက်ကြာ အုပ်ချုပ်ခဲ့တာကြောင့် ထီးနန်းသက်တမ်းအရှည်ဆုံး ဘုရင်တပါးလည်းဖြစ်ပါတယ်။အသက် ၅နှစ်ကတည်းက ထီးနန်းရခဲ့ပေမယ့် သူ အသက် ၂၂အရွယ်ရောက်မှ တကယ်အုပ်ချုပ်ရတာဖြစ်ပါတယ်။ အရွယ်ငယ်သော်လည်း ကဏ္ဍအသီးသီးတွင် ကျွမ်းကျင်နိုင်နင်းသူများကို ရွေးချယ်ခန့်အပ်တတ်တာကြောင့် တိုးတက်တဲ့တိုင်းပြည်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ စစ်မက်ရေးရာ နဲ့ နယ်ချဲ့ရတာကို အားသန်ပြီး မကွယ်လွန်မီအထိ စစ်ပွဲများ တပွဲပြီးတပွဲဆင်နွဲခဲ့တာကြောင့် လက်နက်နဲ့ ငွေအင်အားများစွာဆုံးရှုံးခဲ့ရပါတယ်။ ပြင်သစ်ရဲ့နာမည်ကျော် ဗာဆိုင်းနန်းတော်ကြီးကို တည်ဆောက်သွားသူကလည်း လူဝီ ၁၄ ဘုရင်ပဲ ဖြစ်ပါတယ်။
၁၂။ ကလီယိုပတ်ထရာ
ရှေးကမ္ဘာ့သမိုင်းထဲက အမျိုးသမီးတွေထဲမှာတော့ သူ့လောက်နာမည်ကျော်သူ နောက်တယောက်မရှိပါဘူး။ လှပသော အဆင်းအင်္ဂါနဲ့ အဲဒီခေတ်က တန်ခိုးအာဏာ အကြီးမားဆုံး ပုဂ္ဂိုလ်နှစ်ဦးဖြစ်တဲ့ ရောမစစ်ဗိုလ်ချုပ် ဂျူးလီယက်ဆီဇာ နဲ့ ရောမသူရဲကောင်းမက်ခ်အန်တိုနီတို့ကို သူမ၏ ရူပါရုံ ကျော့ကွင်းအတွင်း သက်ဆင်းစေအောင် စွမ်းဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သြဂတ်စတပ်ကိုလည်း သူ့ရဲ့ရူပါရုံနဲ့ ဆွဲဆောင်ဖို့ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။ ဘီစီ ၃၀ ၊ အသက် ၃၉နှစ်အရွယ်မှာပဲ ကိုယ့်ကိုယ်ကို မြွေကိုက်ခံပြီး စီရင်သွားခဲ့ပါတယ်။
၁၃။ တူတန်ခမန်ဘုရင်လေး
အီဂျစ်ဘုရင်လေး တူတန်ခမန်ဟာ သူ့ရဲ့ဂူသင်္ချိုင်း ပြန်လည်ရှာဖွေတွေ့ရှိမှုနဲ့အတူ ဒီဘက်ခေတ်မှာ လူသိများလာခဲ့ပါတယ်။ တူတန်ခမန်ဟာ အီဂျစ်ပြည်ကို ဘီစီ ၁၃၃၄ ကနေ ၁၃၂၅အထိ စိုးစံခဲ့တဲ့ ဘုရင်တပါးဖြစ်ပါတယ်။ သူ့လက်ထက်မှာ အိမ်နီးချင်းနိုင်ငံများ သံတမန် ဆက်သွယ်မှု အထူးအောင်မြင်ခဲ့ပါတယ်။ ဘုရင်လေးဟာ ငယ်ရွယ်ပေမယ့် ထောက်ပံ့သူတွေ ကောင်းမှုကြောင့် သူ့လက်ထက်မှာ အီဂျစ်ဟာ အစွမ်း ထက်ပြီး တောင့်တင်းတဲ့စစ်တပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူ့ကိုနတ်ဘုရားတွေ ကောင်းချီး ပေးဖို့အတွက် Karnak ဘုရားကျောင်းနယ်မြေ တစ်ဝိုက် မှာ ဘာသာရေးအဆောက်အအုံအသစ်များ ဆောက်လုပ်ခြင်း ၊ အဟောင်းများကို ပြုပြင်ရေးစတဲ့ လုပ်ငန်းတွေကို လုပ်စေခဲ့ပါတယ်။ ဘုရင်လေးဟာ ဘီစီ၁၃၂၃ အသက် ၁၈နှစ်နဲ့ ၁၉နှစ် ကြား မှာ သေဆုံးခဲ့ပါတယ်။ ဘုရင်လေးရဲ့ဦးခေါင်းခွံထဲ မှာ အရိုးစတွေ တွေ့ရှိရခြင်းကြောင့် ဘုရင်လေးသေဆုံးရခြင်းအကြောင်းဟာ အသတ်ခံရတာကြောင့်လို့ သိပ္ပံ ပညာရှင်တွေကသတ်မှတ်ကြပါတယ်။
၁၄။ ဂျင်ဂစ်ခန်
ဂျင်ဂစ်ခန်ကတော့ အားလုံးသိကြတဲ့အတိုင်း တဆက်တည်းရှိတဲ့ ကမ္ဘာ့အကျယ်ဆုံး အင်ပါယာကို တည်ထောင်နိုင်ခဲ့တဲ့ မွန်ဂိုဘုရင်တပါးဖြစ်ပါတယ်။ မွန်ဂိုအင်ပါယာဘုရင်အဖြစ် ၁၂၀၆ ခုနှစ်ကနေ ၁၂၂၇ အထိစိုးစံခဲ့ပြီး သူ့တသက်တာလုံးကို နယ်ပယ်ချဲ့တိုက်ပွဲများ တိုက်ခိုက်ရင်းနဲ့ ကုန်လွန်ခဲ့သူဖြစ်ပါတယ်။ ယခုခေတ် အီရန်နိုင်ငံ၊ အိန္ဒိယအနောက်မြောက်ပိုင်းနှင့် ရုရှ နိုင်ငံ၏တစ်စိတ်တစ်ဒေသ၊ တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုလီးယားနယ်မြေများဟာ ဂျင်ဂစ်ခန်သြဇာပျံ့နှံ့ခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။ စည်းကမ်းကောင်းပြီး ဖွဲ့စည်းပုံစနစ်ကျနတဲ့ စစ်တပ်ကို ဖွဲ့စည်းနိုင်ခဲ့သလို သူအောင်မြင်ခဲ့သော နိုင်ငံများမှ ကျွမ်းကျင်သူများစွာကို မိမိထံတွင် အမှုထမ်းစေခြင်းဖြင့် စစ်အောင်နိုင်ရေးအတွက် အကူအပံ့များစွာ ရစေခဲ့ပါတယ်။ ကိုယ်တိုင်က ပညာရေးအားနည်းခဲ့ပေမယ့် ပညာရေးကို အထူးအားပေးခဲ့သူလည်းဖြစ်ပါတယ်။ ဂျင်ဂစ်ခန်ဟာ ၁၂၂၇ ခုနှစ်မှာ တရုတ်နိုင်ငံ Yinchuan မှာကွယ်ခဲ့ပြီး ကွယ်လွန်စဉ် သူ့ရဲ့အသက်ကို အတိအကျမသိရပဲ ၆၅နှစ်ကနေ ၇၂ အတွင်းဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ပုံတွေကို စိတ်ဝင်စားလို့ ထပ်ကြည့်ချင်သေးရင် ရေးဆွဲသူရဲ့ IG : royalty_now မှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။
—— —– ——-
(Zawgyi)
ေရွးေခတ္နာမည္ေက်ာ္ေတြကို ဒီဇိုင္းပညာနဲ႔ ျပန္လည္ဖန္တီးလိုက္တဲ့အခါ
သူ႔နာမည္ကေတာ့ Becca Saladin ျဖစ္ၿပီး ဂရပ္ဖစ္ဒီဇိုင္းပညာရွင္တေယာက္ျဖစ္ပါတယ္။ သူဟာ ငယ္စဥ္ကတည္းက စာဖတ္ဝါသနာပါခဲ့ၿပီး ေရွးေခတ္သမိုင္းနဲ႔ ပုံျပင္ေတြကို အလြန္စိတ္ဝင္စားခဲ့ပါတယ္။ အဓိက ကေတာ့ စာဖတ္တာကို အားေပးတဲ့ မိခင္နဲ႔ ဖခင္တို႔ေၾကာင့္ျဖစ္ၿပီး ပထမဆုံးသူဖတ္ခဲ့ရတဲ့စာအုပ္က အဂၤလန္ ၁၆ ရာစုဘုရင္မ Anne Boleyn ရဲ႕ အေၾကာင္းျဖစ္ပါတယ္။ အဲဒီကေနစလို႔ သမိုင္းစာအုပ္ေတြကို ဆက္ဖတ္တဲ့အခါ အီဂ်စ္ ၊ ေရာမ ၊ ဂရိ သမိုင္းေတြဟာ သူ႔အေပၚကို လႊမ္းမိုးခဲ့တယ္လို႔ဆိုပါတယ္။
သူ ဖတ္ဖူးခဲ့တဲ့ သမိုင္းထဲက ပုဂၢိဳလ္ေတြဟာ ဒီဘက္ေခတ္မွာ ဆိုရင္ ဘယ္လိုပုံစံမ်ိဳးရွိေနမလဲဆိုတာကို ကေလးဘဝထဲက သိခ်င္ခဲ့ပါတယ္။ ငယ္စဥ္ကတည္းက ပုံဆြဲတာကို ဝါသနာပါခဲ့ၿပီး သမိုင္းထဲက ပုဂၢိဳလ္ေတြရဲ႕ ပုံရိပ္ေတြကို ေရးဆြဲေနေလ့ရွိပါတယ္။ ဒီလိုနဲ႔ သူအ႐ြယ္ေရာက္တဲ့အခါ ဂရပ္ဖစ္ဒီဇိုင္နာတဦးျဖစ္လာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ကေတာ့ သူငယ္စဥ္က စိတ္ကူးကို အေကာင္အထည္စေဖာ္ၾကည့္ပါတယ္။ အဂၤလန္မိဖုရားတပါးျဖစ္တဲ့ Anne Boleyn ရဲ႕ ပုံကို သမိုင္း မွတ္တမ္းပုံရိပ္ေတြက ပုံစံအခ်က္အလက္ေတြနဲ႔ တိုက္ၿပီး ဒီဘက္ေခတ္မွာ ရွိေနမယ့္ပုံစံကို စေရးဆြဲၾကည့္ခဲ့ပါတယ္။ သူဆြဲၿပီးတဲ့အခါမွာေတာ့ အဲဒီပုံကို ဆိုရွယ္မီဒီယာမွာ တင္ခဲ့ပါတယ္။ လူအမ်ားဟာ သူ႔ရဲ႕ဖန္တီးမႈကို ႏွစ္သက္ခဲ့ၾကၿပီး ေနာက္ထပ္ သမိုင္းထဲက ပုဂၢိဳလ္ေတြကိုလည္း ဒီလိုမ်ိဳးထပ္ေရးဆြဲဖို႔ သူ႔ကို ေတာင္းဆို တိုက္တြန္းခဲ့ၾကပါတယ္။
ေတာင္းဆိုမႈေတြေၾကာင့္ သူဟာ စီးရီးအေနနဲ႔ ေရွးေခတ္နာမည္ေက်ာ္ ပုဂၢိဳလ္ေပါင္း ၆၀ေက်ာ္ ရဲ႕ ပုံရိပ္ေတြကို ႐ုပ္တုေတြ ၊ ပန္းခ်ီေတြ ၊ သမိုင္းမွတ္တမ္းေတြနဲ႔ တိုက္ကာ ေရးဆြဲခဲ့ပါတယ္။ ေရွးေခတ္ပုဂၢိဳလ္ေတြကို ယေန႔ေခတ္ဒီဇိုင္းေတြနဲ႔ ျပန္လည္ျမင္ေတြ႕ရတာေၾကာင့္ သူ႔ရဲ႕ဖန္တီးမႈကို အားလုံးက အသိအမွတ္ျပဳၾကပါတယ္။ Saladin ဆြဲခဲ့တဲ့ ပုံေတြထဲက ပုံအခ်ိဳ႕ကို သုတဇုန္ မိတ္ေဆြမ်ားအတြက္ ျပန္လည္ေဝမွ်လိုက္ပါတယ္။
၁။ နာဖာတီတီ
နာဖာတီတီ ကေတာ့ ေရွးေခတ္အီဂ်စ္သမိုင္းထဲက အာဏာအရွိဆုံးလို႔ထင္ရွားခဲ့တဲ့ ဘုရင္မျဖစ္ကာ ဘီစီ ၁၄ ရာစုမွာ ေပၚထြန္းခဲ့ပါတယ္။ သူမနဲ႔ ခင္ပြန္းျဖစ္သူတို႔ဟာ ယေန႔ el-Amarna လို႔ေခၚတဲ့ေနရာမွာ ေနနတ္ဘုရားအတြက္ အာခီတာတန္ၿမိဳ႕(Akhetaton) ကိုတည္ေဆာက္ခဲ့ၾကတယ္။ ၿမိဳ႕ရဲ႕အလယ္မွာ ႀကီးမားတဲ့နန္းေတာ္ႀကီးကိုတည္ေဆာက္ထားၿပီး နတ္ဘုရား Aten ပူေဇာ္ပြဲကို ေန႔ညမျပတ္ ျပည္သူျပည္သားေတြနဲ႔ အတူက်င္းပေလ့ရွိပါတယ္။ သူမရဲ႕႐ုပ္တုအရ လည္တိုင္ နဲ႔ ဦးေခါင္းဟာ ရွည္လ်ားေနၿပီး ဒီ႐ုပ္တုကိုေတာ့ အီဂ်စ္ ေတာ္ဝင္ ပန္းပုဆရာႀကီး Thutmose က ထုလုပ္ေပးခဲ့တာျဖစ္ပါတယ္။
၂။ ဂ်ူးလီယက္ဆီဇာ
ဘီစီ ၁ရာစုအတြင္းမွာ ေပၚထြန္းခဲ့တဲ့ ေရာမစစ္ဗိုလ္ခ်ဳပ္ႀကီး ဂ်ဴးလီယက္ဆီဇာကေတာ့ ယေန႔တိုင္လူသိမ်ားတဲ့ပုဂၢိဳလ္ျဖစ္ပါတယ္။ ေရာမ အာဏာရွင္တျဖစ္လဲ ႏိုင္ငံေရး နဲ႔ စစ္ေရးနယ္ပယ္ေတြမွာ ထူးခြၽန္ခဲ့သူျဖစ္ပါတယ္။ အာဏာရွင္ဆိုေသာ္လည္း လည္ယာစိုက္ပ်ိဳးေရးစနစ္ ၊ အုပ္ခ်ဳပ္ေရးစနစ္ စနစ္မ်ားကို တိုင္းျပည္အတြက္ ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ေပးခဲ့သူျဖစ္ပါတယ္။ ဆီးနိတ္အဖြဲ႕နဲ႔ မသင့္မျမတ္ျဖစ္ရာကေန ဘီစီ ၄၄ မွာေတာ့ လုပ္ႀကံခံလဲ့ရပါတယ္။
၃။ ပထမအဲလိဇဘက္ဘုရင္မ
ပထမ အဲလိဇဘက္ဘုရင္မကေတာ့ အဂၤလန္ နဲ႔ အိုင္ယာလန္ႏိုင္ငံေတြကို ၁၅၅၈ ခုႏွစ္ကေန ၁၆၀၃ ခုႏွစ္အထိ အုပ္ခ်ဳပ္ခဲ့သူျဖစ္ပါတယ္။ ဘုရင့္သမီးေတာ္ဆိုေပမယ့္ မိခင္ျဖစ္သူေၾကာင့္ ငယ္စဥ္ကညိဳးငယ္စြာေနခဲ့ရၿပီး ခ်ီးျမႇင့္ေျမာက္စားျခင္းကို မခံခဲ့ရပါဘူး။ ဒါေပမယ့္ သူမအရင္ဆက္ခံသူ အသီးသီး ကြယ္လြန္သြားခဲ့တာေၾကာင့္ အသက္ ၂၅ႏွစ္အ႐ြယ္မွာ ထီးနန္းကို ရရွိခဲ့ပါတယ္။ တသက္လုံး ၾကင္ဖက္ေတာ္မရွိဘဲ စိုးစံခဲ့ေသာေၾကာင့္ အဲလိဇဘက္ကို အပ်ိဳစင္ဘုရင္မ လို႔လည္းေခၚၾကပါတယ္။ သူမလက္ထက္မွာ စပိန္ေရတပ္ႀကီးကိုေအာင္ျမင္စြာႏွိမ္နင္းႏိုင္ခဲ့ၿပီး နယ္ပယ္သစ္မ်ားရွာေဖြျခင္းအျပင္ စီးပြားေရးအထူးေကာင္းမြန္ေအာင္ ေဆာက္႐ြက္ေပးခဲ့ပါတယ္။ ကြယ္လြန္တဲ့အခ်ိန္မွာလည္း အဂၤလန္ နဲ႔ စေကာ့တလန္ကို ပူးေပါင္းေပးသြားခဲ့ပါတယ္။
၄။ မဟာအလက္ဇႏၵား
ကမာၻ႔သမိုင္းထဲက တိုက္တိုင္းေအာင္ စစ္ဗိုလ္ခ်ဳပ္ႀကီးအျဖစ္ ေက်ာ္ၾကားခဲ့သူျဖစ္ပါတယ္။ ငယ္စဥ္အခ်ိန္ကစလို႔ စစ္ပြဲေတြ တပြဲၿပီး တပြဲတိုက္ကာ အသက္ ၃၀ အ႐ြယ္မွာတင္ ႀကီးမားတဲ့ အင္ပါယာႀကီးတခုကို တည္ေဆာက္ႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕အင္ပါယာဟာ အိုင္အြန္နီးယန္းပင္လယ္ကေန ဟိမဝႏၲာေတာင္အထိတိုင္ က်ယ္ျပန႔္ပါတယ္။ အထက္ျမက္ဆုံး ဘုန္းတန္ခိုးအထြန္းေတာက္ဆုံးအခ်ိန္ အသက္ ၃၂ႏွစ္ အ႐ြယ္မွာပဲ ကြယ္လြန္သြားခဲ့ပါတယ္။
၅။ စပိန္ဘုရင္မ အစၥဘဲလာ
Isabella Of Castile ကေတာ့ စပိန္ႏိုင္ငံရဲ႕ အေက်ာ္ၾကားဆုံးဘုရင္မျဖစ္ခဲ့ပါတယ္။ ေအဒီ ၁၅ ရာစုမွာ ခင္ပြန္းျဖစ္သူ ဖာဒီနန္နဲ႔ အတူယေန႔ စပိန္ႏိုင္ငံအက်ယ္အဝန္းျဖစ္လာမယ့္ နယ္ေျမေတြကို စုစည္းထိန္းသိမ္းႏိုင္ခဲ့ပါတယ္။ ဒါအျပင္ ကိုလံဘတ္ ကမာၻသစ္ကိုရွာေဖြဖို႔ အဓိက ေထာက္ပံ့ေပးတာကလည္း အစၥဘဲလာပဲျဖစ္ကာ စပိန္ႏိုင္ငံသားတို႔အတြက္ အက်ိဳးအျမတ္မ်ားစြာကို ဖန္တီးေပးႏိုင္ခဲ့ပါတယ္။
ကက္သလစ္အယူဝါဒေပၚမွာ ၾကည္ညိဳသဒၵါျပင္းျပေပမယ့္ စပိန္အမ်ိဳးသားေရးနဲ႔ အယူဝါဒက ႏိုင္ငံေရးကို ေရာေႏွာစြက္ဖက္တာ မရွိရေလေအာင္ သတိျပဳၿပီးထိန္းသြားေပးခဲ့သူလည္း ျဖစ္ပါတယ္။
၆။ ၾသဂတ္စတပ္ဆီဇာ
ေရာမအင္ပါယာကို တည္ေထာင္သူတျဖစ္လဲ ၾသဂတ္စတပ္ဟာ သူ႔ရဲ႕ေဆာင္႐ြက္ခ်က္ေတြေၾကာင့္ ကမာၻ႔အေတာ္ဆုံးဘုရင္အျဖစ္လည္း အသိအမွတ္ျပဳျခင္းခံရပါတယ္။ အာဏာလုပြဲမ်ားအၾကား ရန္သူေပါင္းမ်ားစြာကို ႏွိမ္ႏွင္းႏိုင္ခဲ့ၿပီး စစ္ေရးမွာ ထူးခြၽန္ခဲ့ပါတယ္။ ဥေရာပႏိုင္ငံအခ်ိဳ႕ကိုပါ ေရာမအင္ပါယာထဲ သြတ္သြင္းႏိုင္ခဲ့ၿပီး ျပည္သူအက်ိဳးျပဳလုပ္ငန္းမ်ားကို အစြမ္းကုန္ေဆာင္႐ြက္သြားခဲ့သူျဖစ္ပါတယ္။ လမ္းတံတား အေဆာက္အအုံမ်ားတည္ေဆာက္ျခင္း ၊ အခြန္စနစ္မ်ားျပဳျပင္ျခင္း ၊ စာေပထြန္းကားလာေအာင္ေဆာင္႐ြက္ျခင္း ၊ ေငြေၾကးစနစ္၊ စာပို႔စနစ္၊ ျပည္နယ္အခ်င္းခ်င္း လြတ္ လပ္စြာ ကုန္သြယ္မႈစနစ္ တို႔ကို ေကာင္းမြန္ေအာင္ ဖန္တီးေပးခဲ့သူလည္းျဖစ္ပါတယ္။
၇။ နပိုလီယန္
အားလုံးသိၾကတဲ့အတိုင္း နပိုလီယန္ဟာ ဥေရာပသမိုင္းကို ေျပာင္းလဲေစခဲ့တဲ့ ဘုရင္တပါးျဖစ္ပါတယ္။ ေတာ္လွန္ေရးကာလအတြင္း စစ္ဗိုလ္ခ်ဳပ္ျဖစ္ခဲ့ၿပီးေနာက္ ျပင္သစ္အင္ပါယာရဲ႕ ပထမဆုံး ဧကရာဇ္ျဖစ္လာခဲ့ပါတယ္။ တိုက္ပြဲမ်ားစြာကိုေအာင္ျမင္ခဲ့ၿပီး ဘုန္းတန္ခိုးႀကီးမားတဲ့ ျပင္သစ္ဧကရာဇ္အျဖစ္ေက်ာ္ၾကားခဲ့ေပမယ့္ ႐ုရွားကိုသြားတိုက္ခဲ့တာကေတာ့ သူ႔ရဲ႕အႀကီးမားဆုံး အမွားျဖစ္ခဲ့ပါတယ္။ အဆုံးအရႈံးမ်ားေၾကာင့္ ရာထူးကႏႈတ္ထြက္သြားခဲ့ေပမယ့္ ေနာက္တႀကိမ္အာဏာျပန္ရခဲ့ၿပီး ျပန္တိုက္တဲ့ ဝါတာလူးစစ္ပြဲကေတာ့ သူေနာက္ဆုံးတိုက္ခဲ့ရတဲ့စစ္ပြဲျဖစ္ပါတယ္။ စစ္ရႈံးၿပီးေနာက္ စိန႔္ဟယ္လင္နာကြၽန္းမွာအက်ဥ္းသားအျဖစ္ေနထိုင္ခဲ့ရၿပီး ၁၈၂၁ ခုႏွစ္မွာ ကြယ္လြန္ခဲ့ပါတယ္။
၈။ မုိနာလီဇာ
မိုနာလီဇာကေတာ့ ကမာၻေပၚမွာ အေက်ာ္ၾကားဆုံး ပန္းခ်ီကားျဖစ္ၿပီး အီတလီစြယ္စုံပညာရွင္ႀကီး လီယိုနာဒိုဒါဗင္ခ်ီက ေရးဆြဲခဲ့တာျဖစ္ပါတယ္။ ဒီပန္းခ်ီနဲ႔ ပတ္သက္လို႔ အမ်ိဳးမ်ိဳးယူဆခ်က္ေတြရွိေပမယ့္ အမ်ားစုကေတာ့ အီတလီကုန္သည္ႀကီးတေယာက္ရဲ႕ဇနီးျဖစ္သူ Lisa Gherardini ရဲ႕ပုံတူလို႔ ယုံၾကည္ထားၾကပါတယ္။ မိုနာလီဇာပန္းခ်ီကို ၁၅၀၃ ကေန ၁၅၀၆ ခုႏွစ္အတြင္းဆြဲခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ျပင္သစ္ႏိုင္ငံ Louvre ျပတိုက္မွာ ရွိေနပါတယ္။
၉။ ဟတ္ရွတ္ဆြတ္
Hatshepsut ကေတာ့ ဘီစီ ၁၅ ရာစုက အီဂ်စ္ျပည္ကို အုပ္ခ်ဳပ္ခဲ့တဲ့ ဖာ႐ိုး ဘုရင္မတဦးျဖစ္ၿပီး အီဂ်စ္ျပည္ရဲ႕ အထက္ျမက္ဆုံးဘုရင္မအျဖစ္ ေက်ာ္ၾကားပါတယ္။ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ အေကာင္းဆုံးဆက္ဆံေရးကို တည္ေဆာက္ႏိုင္ခဲ့သလို ႏိုင္ငံရဲ႕စီးပြားေရးကိုလည္း ေကာင္းမြန္ေအာင္ ဖန္တီးေပးခဲ့ပါတယ္။ ဒါအျပင္ ႀကီးမား က်ယ္ျပန႔္လွေသာ အေဆာက္အဦး အေျမာက္အျမား တည္ေဆာက္ေရး ကို အေကာင္အထည္ ေဖၚခဲ့ၿပီး ယခုတိုင္ ဗိသုကာ လက္ရာေျမာက္လွၿပီး ရင္သပ္ရႈ႕ေမာဘြယ္ရာ အေဆာက္အဦးမ်ားအျဖစ္ ထင္က်န္လ်က္ ရွိေနရပါတယ္။
၁၀။ ရွာကာဇူလူး
ရွာကာဇူလူး ကေတာ့ ယေန႔အာဖရိကတိုက္ေတာင္ပိုင္းမွာ ရွိခဲ့တဲ့ ဇူလူးဘုရင့္ႏိုင္ငံကို ၁၈၁၆ ခုႏွစ္ကေန ၁၈၂၈ အထိ အုပ္ခ်ဳပ္ခဲ့သူျဖစ္ပါတယ္။ သူဟာ ဇူလူးေခါင္းေဆာင္ေတြထဲမွာေတာ့ အေက်ာ္ၾကားဆုံးျဖစ္ပါတယ္။ စစ္တိုက္ရာမွာ ထူးခြၽန္ေပမယ့္ သံတမန္နည္းနဲ႔ ေျဖရွင္းရတာကို ပိုမိုႏွစ္သက္သူျဖစ္ပါတယ္။ ဒါေပမယ့္ မတတ္သာတာေၾကာင့္ တိုက္ပြဲေပါင္းမ်ားစြာကို တိုက္ခဲ့ရပါတယ္။ သူ႔လက္ထက္မွာ ဇူလူးျပည္ကို အတည္ၿငိမ္ဆုံးစုစည္းအုပ္ခ်ဳပ္ႏိုင္ခဲ့ေပမယ့္ အသက္ ၄၁ႏွစ္အ႐ြယ္မွာပဲ ညီအစ္ကိုေတြရဲ႕လုပ္ႀကံျခင္းကို ခံခဲ့ရပါတယ္။
၁၁။ ျပင္သစ္ လူ၀ီ ၁၄
လူဝီ ၁၄ ကို Louis the Great လို႔လည္းေခၚၾကၿပီး ျပင္သစ္ႏိုင္ငံကို ၁၆၄၃ ခုႏွစ္ကေန ၁၇၁၅ ခုႏွစ္အထိ အုပ္ခ်ဳပ္ခဲ့တဲ့ ဘုရင္တပါးျဖစ္ပါတယ္။ ျပင္သစ္ျပည္ကို ၇၂ႏွစ္ နဲ႔ ၁၁၀ ရက္ၾကာ အုပ္ခ်ဳပ္ခဲ့တာေၾကာင့္ ထီးနန္းသက္တမ္းအရွည္ဆုံး ဘုရင္တပါးလည္းျဖစ္ပါတယ္။အသက္ ၅ႏွစ္ကတည္းက ထီးနန္းရခဲ့ေပမယ့္ သူ အသက္ ၂၂အ႐ြယ္ေရာက္မွ တကယ္အုပ္ခ်ဳပ္ရတာျဖစ္ပါတယ္။ အ႐ြယ္ငယ္ေသာ္လည္း က႑အသီးသီးတြင္ ကြၽမ္းက်င္ႏိုင္နင္းသူမ်ားကို ေ႐ြးခ်ယ္ခန႔္အပ္တတ္တာေၾကာင့္ တိုးတက္တဲ့တိုင္းျပည္ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ သူကိုယ္တိုင္ကေတာ့ စစ္မက္ေရးရာ နဲ႔ နယ္ခ်ဲ႕ရတာကို အားသန္ၿပီး မကြယ္လြန္မီအထိ စစ္ပြဲမ်ား တပြဲၿပီးတပြဲဆင္ႏြဲခဲ့တာေၾကာင့္ လက္နက္နဲ႔ ေငြအင္အားမ်ားစြာဆုံးရႈံးခဲ့ရပါတယ္။ ျပင္သစ္ရဲ႕နာမည္ေက်ာ္ ဗာဆိုင္းနန္းေတာ္ႀကီးကို တည္ေဆာက္သြားသူကလည္း လူဝီ ၁၄ ဘုရင္ပဲ ျဖစ္ပါတယ္။
၁၂။ ကလီယိုပတ္ထရာ
ေရွးကမာၻ႔သမိုင္းထဲက အမ်ိဳးသမီးေတြထဲမွာေတာ့ သူ႔ေလာက္နာမည္ေက်ာ္သူ ေနာက္တေယာက္မရွိပါဘူး။ လွပေသာ အဆင္းအဂၤါနဲ႔ အဲဒီေခတ္က တန္ခိုးအာဏာ အႀကီးမားဆုံး ပုဂၢိဳလ္ႏွစ္ဦးျဖစ္တဲ့ ေရာမစစ္ဗိုလ္ခ်ဳပ္ ဂ်ဴးလီယက္ဆီဇာ နဲ႔ ေရာမသူရဲေကာင္းမက္ခ္အန္တိုနီတို႔ကို သူမ၏ ႐ူပါ႐ုံ ေက်ာ့ကြင္းအတြင္း သက္ဆင္းေစေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ၾသဂတ္စတပ္ကိုလည္း သူ႔ရဲ႕႐ူပါ႐ုံနဲ႔ ဆြဲေဆာင္ဖို႔ႀကိဳးစားခဲ့ေပမယ့္ မရခဲ့ပါဘူး။ ဘီစီ ၃၀ ၊ အသက္ ၃၉ႏွစ္အ႐ြယ္မွာပဲ ကိုယ့္ကိုယ္ကို ေႁမြကိုက္ခံၿပီး စီရင္သြားခဲ့ပါတယ္။
၁၃။ တူတန္ခမန္ဘုရင္ေလး
အီဂ်စ္ဘုရင္ေလး တူတန္ခမန္ဟာ သူ႔ရဲ႕ဂူသခ်ႋဳင္း ျပန္လည္ရွာေဖြေတြ႕ရွိမႈနဲ႔အတူ ဒီဘက္ေခတ္မွာ လူသိမ်ားလာခဲ့ပါတယ္။ တူတန္ခမန္ဟာ အီဂ်စ္ျပည္ကို ဘီစီ ၁၃၃၄ ကေန ၁၃၂၅အထိ စိုးစံခဲ့တဲ့ ဘုရင္တပါးျဖစ္ပါတယ္။ သူ႔လက္ထက္မွာ အိမ္နီးခ်င္းႏိုင္ငံမ်ား သံတမန္ ဆက္သြယ္မႈ အထူးေအာင္ျမင္ခဲ့ပါတယ္။ ဘုရင္ေလးဟာ ငယ္႐ြယ္ေပမယ့္ ေထာက္ပံ့သူေတြ ေကာင္းမႈေၾကာင့္ သူ႔လက္ထက္မွာ အီဂ်စ္ဟာ အစြမ္း ထက္ၿပီး ေတာင့္တင္းတဲ့စစ္တပ္ကို ပိုင္ဆိုင္ခဲ့ပါတယ္။ သူ႔ကိုနတ္ဘုရားေတြ ေကာင္းခ်ီး ေပးဖို႔အတြက္ Karnak ဘုရားေက်ာင္းနယ္ေျမ တစ္ဝိုက္ မွာ ဘာသာေရးအေဆာက္အအုံအသစ္မ်ား ေဆာက္လုပ္ျခင္း ၊ အေဟာင္းမ်ားကို ျပဳျပင္ေရးစတဲ့ လုပ္ငန္းေတြကို လုပ္ေစခဲ့ပါတယ္။ ဘုရင္ေလးဟာ ဘီစီ၁၃၂၃ အသက္ ၁၈ႏွစ္နဲ႔ ၁၉ႏွစ္ ၾကား မွာ ေသဆုံးခဲ့ပါတယ္။ ဘုရင္ေလးရဲ႕ဦးေခါင္းခြံထဲ မွာ အ႐ိုးစေတြ ေတြ႕ရွိရျခင္းေၾကာင့္ ဘုရင္ေလးေသဆုံးရျခင္းအေၾကာင္းဟာ အသတ္ခံရတာေၾကာင့္လို႔ သိပၸံ ပညာရွင္ေတြကသတ္မွတ္ၾကပါတယ္။
၁၄။ ဂ်င္ဂစ္ခန္
ဂ်င္ဂစ္ခန္ကေတာ့ အားလုံးသိၾကတဲ့အတိုင္း တဆက္တည္းရွိတဲ့ ကမာၻ႔အက်ယ္ဆုံး အင္ပါယာကို တည္ေထာင္ႏိုင္ခဲ့တဲ့ မြန္ဂိုဘုရင္တပါးျဖစ္ပါတယ္။ မြန္ဂိုအင္ပါယာဘုရင္အျဖစ္ ၁၂၀၆ ခုႏွစ္ကေန ၁၂၂၇ အထိစိုးစံခဲ့ၿပီး သူ႔တသက္တာလုံးကို နယ္ပယ္ခ်ဲ႕တိုက္ပြဲမ်ား တိုက္ခိုက္ရင္းနဲ႔ ကုန္လြန္ခဲ့သူျဖစ္ပါတယ္။ ယခုေခတ္ အီရန္ႏိုင္ငံ၊ အိႏၵိယအေနာက္ေျမာက္ပိုင္းႏွင့္ ႐ုရွ ႏိုင္ငံ၏တစ္စိတ္တစ္ေဒသ၊ တ႐ုတ္ႏိုင္ငံေျမာက္ပိုင္း မြန္ဂိုလီးယားနယ္ေျမမ်ားဟာ ဂ်င္ဂစ္ခန္ၾသဇာပ်ံ႕ႏွံ႔ခဲ့တဲ့ ေနရာေတြျဖစ္ပါတယ္။ စည္းကမ္းေကာင္းၿပီး ဖြဲ႕စည္းပုံစနစ္က်နတဲ့ စစ္တပ္ကို ဖြဲ႕စည္းႏိုင္ခဲ့သလို သူေအာင္ျမင္ခဲ့ေသာ ႏိုင္ငံမ်ားမွ ကြၽမ္းက်င္သူမ်ားစြာကို မိမိထံတြင္ အမႈထမ္းေစျခင္းျဖင့္ စစ္ေအာင္ႏိုင္ေရးအတြက္ အကူအပံ့မ်ားစြာ ရေစခဲ့ပါတယ္။ ကိုယ္တိုင္က ပညာေရးအားနည္းခဲ့ေပမယ့္ ပညာေရးကို အထူးအားေပးခဲ့သူလည္းျဖစ္ပါတယ္။ ဂ်င္ဂစ္ခန္ဟာ ၁၂၂၇ ခုႏွစ္မွာ တ႐ုတ္ႏိုင္ငံ Yinchuan မွာကြယ္ခဲ့ၿပီး ကြယ္လြန္စဥ္ သူ႔ရဲ႕အသက္ကို အတိအက်မသိရပဲ ၆၅ႏွစ္ကေန ၇၂ အတြင္းျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။
Discussion about this post