• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရှေးခေတ်ကမ္ဘာက လူသားလက်ရာအမြင့်ဆုံးဗိသုကာအဆောက်အအုံ (၁၀)ခု

by Thutamm
May 18, 2020
Reading Time: 6min read
0
ရှေးခေတ်ကမ္ဘာက လူသားလက်ရာအမြင့်ဆုံးဗိသုကာအဆောက်အအုံ (၁၀)ခု
Share on FacebookShare on Twitter

ယနေ့ခေတ်ကာလ ကမ္ဘာအမြင့်ဆုံးအဆောက်အအုံလို့ဆိုရမဲ့ skyscrapers (မိုးမျှော်တိုက်) တွေ ဟာဆိုရင် သက်ဆိုင်ရာနိင်ငံဒေသတွေရဲ့ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းဆိုင်ရာအခြေခံအဆောက်အအုံတွေအဖြစ် ရည်ရွယ်တည်ဆောက်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ရှေးခေတ်ကမ္ဘာက လူသားတွေတည်ဆောက်တဲ့ အမြင့်ဆုံးဗိသုကာလက်ရာအဆောက်အအုံတွေကတော့ ယင်းခေတ်ကာလကလူသားမျိုးနွယ်တွေရဲ့ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာတန်ဖိုးကို ရည်ညွှန်းပါတယ်။

skyscrapers (မိုးမျှော်တိုက်) တွေမှာဆိုရင် ယနေ့ခေတ်ကာလ ရဲ့နောက်ဆုံးပေါ်တည်ဆောက်မှု နည်းပညာစွမ်းအားအတိမ်အနက် ကိုတွေ့ရှိရမှာဖြစ်သလို ရှေးခေတ်ကာလ လူလုပ်အမြင့်ဆုံးအဆောက်အအုံတွေမှာဆို ရင်လည်းသက်ဆိုင်ရာ ကာလရဲ့နောက်ဆုံးပေါ်တီထွင်ဖန်တီးမှုနည်းပညာတွေပါဝင်နေတာအမှန်ဖြစ်ပါတယ်။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ရှေးခေတ်ကာလက လူသားတွေတည်ဆောက်ခဲ့တဲ့ အမြင့်မားဆုံးအဆောက်အအုံ (၁၀)ခုရဲ့အကြောင်းအရာအချို့ ပဲဖြစ်ပါတယ်။

(၁၀) La Danta ဘုရားကျောင်း (၂၃၀ပေ)

ဂွာတီမာလာနိုင်ငံမှာတည်ရှိတဲ့ La Danta ဘုရားကျောင်းကိုတော့ ခန့်မှန်းအချိန် (၃၀၀) ဘီစီကာလကတည်ဆောက်ခဲ့ပြီး (၂၃၀) ပေမြင့်မားပါတယ်။ ဂွာတီမာလာရဲ့ El Peten သစ်တောနက်ကြီးအတွင်းတည်ရှိနေတာဖြစ်ပြီး Columbian ခေတ်ကာလမတိုင်ခင်က Mayan တွေတည်ဆောက်ခဲ့တဲ့ပျောက်ဆုံးသွားတဲ့မြို့တော်ကြီးလို့သိကြတဲ့ El Mirador ရှိခဲ့တယ်လို့ယူဆတဲ့နေရာမှာ တည်ရှိနေတာလည်းဖြစ်ပါတယ်။  La Danta ဘုရားကျောင်းကိုတော့ (၁၉၂၆)ခုနှစ်က ပညာရှင်တွေရှာဖွေတွေ့ရှိခဲ့ချိန်မှသာ ဘုရားကျောင်းတည်ရှိရာနေရာမှာ ဘီစီ(၆)ရာစုကတည်းက မြို့တော်ဟောင်းကြီးတစ်ခုရှိခဲ့တယ်လို့သိခဲ့ရတာ ဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းမှာ El Mirador လို့အမည်ရတဲ့မြို့တော်ကြီးဟာဆိုရင် ဘီစီ (၃၀၀)ကနေ (၁၀၀)အကြားမှာဆိုရင် အစည်ကားဆုံး သြဇာအကြီးဆုံးအချိန်ကိုရောက်ရှိလာခဲ့တယ်လို့သိရပြီး လူဦးရေ(၂၀၀၀၀၀) ကျော်လောက်အထိနေထိုင်ခဲ့တဲ့မြို့တော်ကြီးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နေထိုင်သူ Mayan မျိုးနွယ်စုတွေဟာဆိုရင် ဆန်းပြားတဲ့ အတတ်ပညာတွေကို တက်မြောက်ခဲ့သူတွေအဖြစ်လည်း ကျော်ကြားခဲ့တာကိုတွေ့ရပြီး အထူးသဖြင့်သူတို့တည်ဆောက်ခဲ့တဲ့ ပြန့်ကားတဲ့တိုင်ခုံတွေပါဝင်နေတဲ့ (၃)ခုတွဲတည် ဆောက်ပုံတွေဖြစ်ကာ အဆောက်အဦးထိပ်ပိုင်းမှာဆိုရင် ပိရမစ်(၃)ခုဆိုင်နေတဲ့သဏ္ဍန် တည်ရှိနေပါတယ်။ ဖော်ပြပါဖွဲ့စည်းပုံအတိုင်းတည်ဆောက်ထားတဲ့ La Danta ဘုရား ကျောင်းဟာဆိုရင် ရှေးခေတ်အခါက လူသားတွေတည်ဆောက်ခဲ့တဲ့ နာမည်ကျော်အဆောက်အအုံတစ်ခုအဖြစ်ရပ်တည်နေ တာဖြစ်ပါတယ်။

La Danta ဘုရားကျောင်းပုံစံပိရမစ်ကြီးရဲ့ထုထည်ဟာဆိုရင် (၂၈၀၀ ၀၀၀)ကုဗမီတာ အထိရှိနေတာကြောင့် လက်ရှိကမ္ဘာအကြီးဆုံးသောပိရမစ်တခုအဖြစ် အီဂျစ်နိုင်ငံကပိရမစ် အချို့နဲ့အတူ ထည့်သွင်းရေတွက်ရမှာဖြစ်ပါတယ်။ ပညာရှင်တွေကတော့ La Danta ဘုရားကျောင်းအရွယ်အစားနဲ့ကိုက်ညီတဲ့ (၁၈၀၀၀)စတုရန်းမီတာရှိတဲ့ပလက်ဖောင်း တွေဆက်စပ်ပါဝင်နိုင်တယ်လို့ခန့်မှန်းထားကြတာလည်းရှိနေတာကြောင့် လူသားတွေ ဖန်တီးထားတဲ့ ရှေးဟောင်းအဆောက်အအုံတွေအနက်မှာတော့ La Danta ဟာအကြီးမားဆုံးသောအရာတွေထဲက တစ်ခုဖြစ်မယ်လို့ယုံကြည်ကြပါတယ်။

(၉) Hwangnyongsa Temple Temple (၂၆၂ပေ)

မူလကဗုဒ္ဓဘာသာဘုရားကျောင်းအဖြစ်ရှိခဲ့ဖူးတဲ့ တောင်ကိုရီးယားနိုင်ငံ Gyeongju မြို့ မှာတည်ရှိနေတဲ့ Hwangryongsa ဘုရားကျောင်းဟာဆိုရင် အမြင့်ပေ (၂၆၂) ပေမြင့် မားပြီးတည်ဆောက်ပြီးစီးတဲ့ အေဒီ(၆)ရာစုအလယ်ကာလတွေမှာတော့ အရှေ့အာရှ ရဲ့ အမြင့်ဆုံးအဆောက်အအုံအဖြစ်သာမက ကမ္ဘာအမြင့်ဆုံးသစ်သားအဆောက်အအုံ အဖြစ်ထင်ရှားပါတယ်။ ဗုဒ္ဓဘာသာကျောင်းတော်တစ်ခုရဲ့သင်္ကေတအငွေ့အသက်တွေ ကိုထည့်သွင်းတည်ဆောက်ထားပြီး ကျောင်းတော်ရဲ့အမည် Hwangryongsa ဆိုတာဟာ ရွှေနဂါးကျောင်းတော်လို့အမည်ရပါတယ်။

အေဒီ ၅၄၀-၅၇၆ ကာလအတွင်းအုပ်စိုးခဲ့တဲ့ ဧကရာဇ် Jinheung ရဲ့အမိန့်နဲ့တည်ဆောက်ခဲ့တာဖြစ်ပြီး မူလက တော်ဝင်နန်းတော်တစ်ခု အဖြစ်ရည်ရွယ်ရာကနေ ဘုရားကျောင်းတစ်ခုအဖြစ် အသွင်ပြောင်းသွားလဲတည်ဆောက်ခဲ့တာဖြစ်တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။ ကိုရီးယားရဲ့ရွှေနဂါးကျောင်းတော်ဟာ အေဒီ(၆၄၄)ခုနှစ်တိုင်အောင်အပြီးသတ်တည် ဆောက်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ယင်းကျောင်းတော်ကြီးဟာ အထပ်ပေါင်း (၉)ထပ်ပါရှိပြီး အဆောက်အအုံတစ်ခုလုံးခိုင်မာစေဖို့အတွက်တော့ ကျောက်သားတိုင်(၈)တိုင်နဲ့အောက်ခံကျောက်တုံး (၆၀) လောက်ကိုအသုံးပြု ထောက်ကန်ထားတယ်လို့သိရပါတယ်။

နောက်ပိုင်းကာလတွေမှာဆိုရင် ဘုရားကျောင်းကိုဝန်းပတ်ပြီး (၁၈)ဧကလောက်ကျယ်ဝန်းတဲ့ ကျောင်းဝန်း တစ်ခုကိုပါထည့်သွင်းတည်ဆောက်ခဲ့တယ်လို့သိရပါတယ်။ ကိုရီးယားရဲ့ အကျော်ကြားဆုံးသော ဗုဒ္ဓဘာသာဘုရားကျောင်းကြီးဟာ ကံမကောင်းစွာနဲ့ပဲ အေဒီ (၁၂၃၈) ခုနှစ်အချိန်ရောက်ချိန်မှာတော့ မွန်ဂိုတပ်တွေရဲ့ ကိုရီးယားနိုင်ငံတွင်း ကျူးကျော် စစ်ပွဲတွေအတွင်းမှာ ဖျက်ဆီးခြင်းခံခဲ့ရပါတော့တယ်။

(၈) Etemenanki (၂၉၈ပေ)

အီရတ်နိုင်ငံမှာတည်ရှိတဲ့ Etemenanki အဆောက်အအုံဟာဆိုရင် ဘီစီ ၆၀၁(ခန့်မှန်း) ကာလကတည်းကတည်ဆောက်ခဲ့တာဖြစ်ပြီး(၂၉၈) ပေလောက်မြင့်မားပါတယ်။ Etemenanki ကို ဒေသဘာသာစကားနဲ့ အကြမ်းဖျင်းဘာသာပြန်မယ်ဆိုရင်တော့ ကောင်းကင်ဘုံကိုသွား ရောက်နိုင်မယ့် မြေကမ္ဘာရဲ့နေရာ(အိမ်) လို့အဓိပ္ပါယ်ရမှာဖြစ်ပြီး ဘေဘီလုံနတ်ဘုရား Marduk ကိုရည်ရွယ်တည်ဆောက်ထားတဲ့မျှော်စင်အဆောက်အအုံတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အုတ်ချပ်လွှာတွေကို အောက်ခံလွှာတွေအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် နည်းစနစ်တကျတည်ဆောက်ခဲ့တဲ့ပုံမျိုးနဲ့ဖြစ်ပေါ်လာတဲ့ Etemenanki လိုအဆောက်အအုံမျိုးကိုတော့ ယင်းခေတ်အခါက ziqqurratu (သို့) ziggurat လို့လူသိများပါတယ်။ အဓိပ္ပါယ်ကတော့ တစ်ဆင့်ပြီးတစ်ဆင့်မြင့်တက်လာတဲ့ အဆောက်အအုံလို့အဓိပ္ပါယ်ရ ပါတယ်။ ဘေဘီလုံခေတ်နယ်မြေပိုင်းတစ်လျှောက်တည်ဆောက်ခဲ့တဲ့ Ziggurat ပုံစံ အဆောက်အအုံတွေအနက်မှာတော့ Etemenanki ဟာအကြီးဆုံးဖြစ်ဖွယ်ရှိနေတယ်လို့ ပညာရှင်တွေကယုံကြည်ကြပါတယ်။ ပညာရှင်အချို့ကတော့ Etemenanki ဟာ Bible ကျမ်းစာမှာဖော်ပြထားတဲ့ ဘေဘီလုံမျှော်စင်နဲ့ စာပေသမိုင်းတွေမှာဖော်ပြထားတဲ့ကမ္ဘာ့မူလပထဝီဝင်အနေအထားကိုညွှန်ပြနေတဲ့နေရာဖြစ်တယ်လို့ယုံကြည်ကြပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာအချက်တစ်ခုကတော့ Etemenanki အဆောက်အအုံဟာ (၂၂၉)ဘီစီကာလလောက်ကတည်းက Uruk မြို့ က cuneiform (ကျူနီဖောင်းစာ- ရှေးခေတ်ပါရှား၊အဆီးရီးယားတွင်သုံးခဲ့သော သတ်ပုံစာရေးနည်း) ကျောက်စာမှာလည်းမှတ်တမ်းတင်ထားထာကိုတွေ့ရပါတယ်။ ယင်းမှာဖော်ပြချက်အရ Etemenanki အဆောက်အအုံကို (၉၁)မီတာလောက်မြင့်မားတဲ့ လှေကားထစ်တန်းပေါင်း(၇)ခုလောက်နဲ့ဖွဲ့စည်းထားတယ်လို့သိရပြီး အဆောက်အအုံရဲ့အောက်ခြေကြမ်းခင်းတွေရဲ့အကျယ်ကလည်း စတုရန်းပေ (၈၉၀၀၀) လောက်ကိုကျယ် ပြန့်ပါတယ်။ ယင်းပမာဏဟာသမရိုးကျဘောလုံးကွင်း (၁)ဆခွဲလောက်နဲ့တူညီနေတာကို တွေ့ရမှာဖြစ်ပြီး ယင်း Complex တစ်ခုလုံးမှာဆိုရင် ဝင်ပေါက်(၃) ပေါက်ပါဝင်တဲ့စနစ် ကိုအသုံးပြုထားပါတယ်။

(၇) Ruwanwelisya (၃၀၀ပေ)

တည်ဆောက်ပြီးစီးချိန် ဘီစီ(၁၄၀)လို့ခန့်မှန်းထားတဲ့ အာရှတိုက် သီရိလင်္ကာ( Sri Lanka) နိုင်ငံမှာတည်ရှိတဲ့ Ruwanwelisya စေတီကိုတော့ ဘီစီ (၁၆၁)ခုနှစ် ကတည်းက Dutugemunu( ဒုဋ္ဌဂါမဏိ) ဘုရင်က စတင်တည်ခဲ့တာဖြစ်ပါတယ်။ ဘုရင်ကြီးဟာသူရဲ့ကြီးမားတဲ့ရည် မှန်းချက်ပန်းတိုင်ဖြစ်တဲ့ Ruwanwelisya စေတီကို အပြီးသတ်တဲ့အထိ တည်မသွားနိုင်ခဲ့ပါဘူး။ သူ့နောက်ဆက်ခံသူဘုရင်တွေလက်ထက်ဖြစ်တဲ့ (၁၄၀)ဘီစီ (၁၄၀)ဘီစီ ရောက်ချိန်မှ ယင်းစေတီဟာအပြီးသတ်ခဲ့ပါတယ်။ ဒီစေတီကို မြန်မာမှာတော့ သီရိလင်္ကာ မဟာစေတီလို့ လူသိများပါတယ်။

စေတီတော်ကို ကမ္ဘာလုံးအခြမ်းပုံသဏ္ဍာန်တည်ဆောက်ထားပြီး စစ်ကိုင်းကောင်းမှုတော်စေတီဟာ မဟာစေတီကို ပုံစံယူတည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။ စေတီကြီးရဲ့သွယ် ဆင်းနေတဲ့ အမိုးခုံးတွေကတင် မူလက ပေ(၃၀၀) ဉာဏ်တော်အမြင့် လောက်ရှိနေတယ်လို့သိရပြီး အချင်း (၂၉၅) ပေနဲ့ အဝန်း (၉၅၁) ပေအထိ ရှိပါတယ်။ သင်္ချာနည်းအရ ဆိုရင်တော့ Ruwanwelisya ရဲ့အောက်ခြေအကျယ်ဟာ (၆၈၃၀၀)စတုရန်းပေရှိတာ ကြောင့်လည်း သမရိုးကျဘောလုံးကွင်းတစ်ကွင်းထက်ကို ပိုမိုကြီးမားနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

ရင်ပြင်အုတ်တံတိုင်းရဲ့အပြင်ဘက်မှာတော့ ဆင်ရုပ်တွေရှိနေပြီး စေတီကြီးတည်ဆောက်စဉ်က ဆင်တွေရဲ့အကူအညီကို ယူခဲ့ရတာကြောင့် အခုလိုထည့်သွင်းတည်ဆောက်ခဲ့တာဖြစ်မယ်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။ မြတ်ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များ ၊ ကျောက်မျက်ရတနာများ ဌာပနာထားပြီး ကမ္ဘာပေါ်မှာ ဓာတ်တော်မွေတော်အများဆုးံ ဌာပနာထားရာ စေတီလို့လည်း သိရပါတယ်။

(၆) Red Pyramid (၃၄၅ပေ)

ခန့်မှန်းကာလ ဘီစီ(၂၆၀၀)က ဖာရိုဘုရင် Sneferu တည်ဆောက်ခဲ့တဲ့ Red Pyramid of Dahshur ဟာဆိုရင် အီဂျစ်ပြည်က Dahshur ရှေးသချိုင်းနယ်မြေအတွင်းမှာတော့ အကြီးဆုံးဖြစ်ပြီးအီဂျစ်တစ်နိုင်ငံလုံးအနေနဲ့ဆိုရင်တော့ တတိယမြောက်အကြီးဆုံး ပိရမစ် အဖြစ်ရှိနေပါတယ်။ ဗိသုကာဆိုင်ရာရှုထောင့်က ကြည့်ရင်တော့ ယင်းပိရမစ် ကြီးဟာဆိုရင် အီဂျစ်အင်ဂျင်နီယာတွေအတွက် Visual impact ကိုကျော်လွန်ပြီး ပိရမစ်ရဲ့မျက်နှာပြင်တွေကိုချောမွတ်အောင် ပထမဆုံးပြုလုပ်အောင်မြင်ခဲ့တဲ့ပိရမစ်တစ်ခုအဖြစ်လည်း ရှိနေပါတယ်။

ပိရမစ်အောက်ခြေမှာပါဝင်နေတဲ့ အဖြူရောင် Tura ထုံးကျောက်တွေကြောင့်လည်း ပိရမစ်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံအောက်ခံကို အလွယ်တကူမြင်တွေ့နိုင်မှာလည်းဖြစ်ပါတယ်။ အမြင့်ပေ ၃၄၅ပေရှိတဲ့ ဒီပိရမစ်ကို အနီရောင်ပိရမစ်လို့ ခေါ်ကြတာကတော့ အလယ်ခေတ်လောက်မှာ ကိုင်ရိုမြို့ကအိမ်တွေဆောက်လုပ်ဖို့ ဒီပိရမစ် အပေါ်က ထုံးကျောက်တုံးအဖြူတွေကို ယူဆောင်ပြီးတဲ့နောက် အောက်ဘက်က အနီရောင်ကျောက်တုံးတွေပေါ်လာခဲ့လို့ ဖြစ်ပါတယ်။

Red Pyramid နဲ့ပတ်သက်ပြီးနောက်ထပ် စိတ်ဝင်စားစရာအချက်ကတော့ ထောင့်တွေတိုင်းမှာ shallow (၄၅)ဒီဂရီနဲ့ပိရမစ်ထိပ် ပိုင်းတစ်ခုလုံးကိုထောက်ကူပေးထားတာဖြစ်ပါတယ်။ ဒါအပြင် Red Pyramidရဲ့အောက်ခြေဧရိယအကျယ်က (၄၈ ၄၀၀)စတုရန်းမိုင်အထိကျယ်ပြန့်ပါတယ်။ ယင်းပမာဏဟာ ဆိုရင် ယနေ့ခေတ်သာမန်ဘောလုံးကွင်း (၉)ကွင်းစာအကျယ်လောက်ကိုရှိနေတာဖြစ်ပါတယ်။ ဒေသခံတွေကတော့ Red Pyramid ကို သူတို့ဘာသာစကားနဲ့ el-heram ek-watwaat (အဓိပ္ပါယ်ကတော့ လင်းနို့ပိရမစ်) ဖြစ်ပါတယ်။

(၅) Lighthouse of Alexandria (၃၇၇ပေ)

ရှေးခေတ်ကာလရဲ့အမြင့်ဆုံးအဆောက်အအုံတွေထဲမှာ လူသားတွေရဲ့စွမ်းရည်ကိုကျော်လွန်တည်ဆောက်ခဲ့တယ်လို့ နာမည်ကျော်တဲ့ အလက်ဇန္ဒြီးယား မီးပြတိုက် ( ဖေးရော့မီးပြတိုက်) ဟာဆိုရင် အီဂျစ်နိုင်ငံမှာပဲတည်ရှိပြီး ဘီစီ (၂၆၀) လောက်မှာ အပြီးသတ်တည်ဆောက်ခဲ့တာဖြစ်နိုင် တယ်လို့ ပညာရှင်တွေက ယုံကြည်ကြပါတယ်။ အီဂျစ်ဘုရင် ဒုတိယတော်လမီမင်းက တည်ဆောက်ခဲ့တာဖြစ်ပြီး အလက်ဇန်းဒီးယားမြို့ကို ညပိုင်းတွင် ဆိုက်ကပ်လာမည့် လှေသဘောၤ များကို လမ်းပြရန်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ အမြင့်ပေ (၄၉၂) ပေအထိတောင် ရှိခဲ့တယ်ဆိုတယ်လို့ သမိုင်းမှတ်တမ်းအချို့က ဆိုခဲ့တာကြောင့်လည်း ရှေးခေတ်အဆောက်အအုံတွေအနက်မှာတော့ အရှည်ဆုံးလို့ ဆိုရပါမယ်။

နောက်ပိုင်းလေ့လာချက်တွေမှာတော့ ယင်းမီးပြတိုက်ရဲ့အရှည်ဟာ (၃၇၇) ပေသာရှိတယ်လို့ ဖော်ပြကြပါတယ်။ တည်ဆောက်ပုံဒီဇိုင်းအရတော့ Lighthouse of Alexandria ကို အရောင်ဖျော့တဲ့ကျောက်တုံးကြီးတွေနဲ့မျဉ်းမတ်သဏ္ဍန်တည်ဆောက်ထားတာဖြစ်ပါတယ်။ အဆောက်အအုံမှာဆိုရင် အပိုင်းအားဖြင့် (၃)ပိုင်းပါဝင်ပြီး အောက်ခြေပိုင်းမှာ ဆိုရင် လေးထောင့်ပုံစံကျောက်သားကိုပုံဖော်တည်ဆောက်ထားတာကိုတွေ့ရပါတယ်။ အလယ်ပိုင်းမှာတော့ ဆဌဂံပုံဖော်တည်ဆောက်ထားကာ အပေါ်ဆုံးပိုင်းမှာတော့ အဝိုင်းပုံတည်ဆောက်ထားတယ်လို့ သိရပါတယ်။

မီးပြတိုက်ထိပ်မှာတော့ အချင်း ၂ မီတာခန့်ရှိသော ကြေးမုံ မှန်၄ ချပ်ကို အရပ်လေးမျက်နှာ ဘက်အလင်းပြန်နိုင်အောင် ထားပြီး အလယ်မှာတော့ ဝေလငါးဆီကို မီးရှို့ပြီး အလင်းရအောင် ပြုလုပ်မည့် မီးတိုင်ကြီး တတိုင်ရှိနေပါတယ်။ Lighthouse of Alexandria ကိုပိုမိုခိုင်မာတဲ့အဆောက်အအုံဖြစ်လာဖို့ နဲ့ ရိုတ်ခတ်တဲ့ ပင်လယ်ရေလှိုင်း တွေကနေ ခံနိုင်ရည်ရှိဖို့အတွက်တော့ ဂရိတွေဟာ ခဲသတ္ထုတွေကိုအရည်ကျိုပြီးသွန်း လောင်းထားခဲ့တယ်လို့သိရပါတယ်။ ယင်းကာလ အနေအထားနဲ့ဆိုရင်တော့ Lighthouse of Alexandria ကိုတည်ဆောက်ခဲ့တဲ့ပညာရှင် တွေရဲ့ အင်ဂျင်နီယာစွမ်းရည်ဟာ ထိပ်တန်းအဆင့်ထက်ကိုသာလွန်နေခဲ့ပြီး ယင်းမီးပြ တိုက်ဟာလည်း ရှေးခေတ်ကမ္ဘာရဲ့ ကမ္ဘာအံ့ဖွယ် (၇)ခုစာရင်းမှာထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။ ယခုအခါမှာတော့ အကြိမ်ကြိမ်ပျက်စီးခဲ့တဲ့ ထိုမီးပြတိုက်ကြီးရဲ့ အစိတ်အပိုင်းများကိုသာ မြင်တွေ့ရပါတော့တယ်။

(၄) Jetavanaramaya (၄၀၀ပေ)

သိရိလင်္ကာနိုင်ငံက ကမ္ဘာအမွေအနှစ်ထိန်းသိမ်းရေးမြို့တော်ဖြစ်တဲ့ Anuradhapura မှာ တည်ရှိနေတဲ့ Jetavanaramaya ဟာဆိုရင်ကမ္ဘာအကြီးဆုံး စေတီကြီးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသလို တည်ဆောက်ချိန် အေဒီ (၂၇၃) ကနေ (၃၀၁) ကာလမှာလည်းကမ္ဘာအမြင့်ဆုံးစေတီကြီးအဖြစ်တည်ရှိနေတာဖြစ်ပါတယ်။ ဘုရင် Mahasena မဟာသေန က စတင်တည်ခဲ့တာဖြစ်ပြီး သားဖြစ်သူ သီရိမေဃဝဏ္ဏမင်းလက်ထက်မှာမှ စေတီကြီးကို ပြီးစီးအောင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာလိုတော့ စေတဝနစေတီ လို့ခေါ်ပါတယ်။

အလွန်မက်စောက်တဲ့ပုံတည်ရှိနေတဲ့ စေတီကြီးဟာဆိုရင် အမြင့်ပေ (၄၀၀) လောက်အထိကို ရှိနေခဲ့တာဖြစ်ပြီး အောက်ခြေအကျယ် ( ၂ ၅၀၈ ၀၀၀)စတုရန်းပေအထိကျယ်ပြန့် ပါတယ်။ ယင်းပမာဏဟာ သာမန်ရိုးကျဘောလုံးကွင်း (၄၃)ကွင်းစာနဲ့ညီမျှနေတာဖြစ်ပါတယ်။ စေတီတည်ဆောက်မှုအတွက် တစ်လုံးကို (၁၆၆)ကီလိုဂရမ် အလေးချိန်စီးတဲ့ အုတ်ချပ်ရေ (၉၃.၃)သန်းလောက်သုံးစွဲခဲ့ရတယ်လို့သိရပါတယ်။ စေတီကြီးရဲ့ အရပ်မျက်နှာ တဖက်စီ အလျားကတော့ (၅၇၆) ပေရှိပြီး Jetavanaramaya ရဲ့သာသနာနယ်မြေအ ကျယ်အဝန်း (၅.၆)ဟတ်တာအတွင်းမှာဆိုရင် ဘုန်းတော်ကြီး (၁၀၀၀၀) ကျော်သီတင်းသုံးနေထိုင်ခဲ့ကြတယ်လို့လည်းသိရပါတယ်။

ထေရဝါဒနဲ့ မဟာယာနဘာသာဝင်တွေအကြားတင်းမာမှုတွေကနေ အစပြုပြီး ဒီစေတီကြီး ဖြစ်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ အေဒီ ၁၁ရာစုမှာ အနန္ဒပူရမြို့ဟာ စွန့်ပစ်ခံမြို့တော်ဖြစ်ခဲ့ခြင်းနဲ့အတူ စေတီကြီးဟာလည်း တောအုပ်ရဲ့ဖုံးလွှမ်းခြင်းကို ခံခဲ့ရသလို ရာသီဥတုရဲ့ပွတ်တိုက်ဖျက်စီးခြင်းကို ခံခဲ့ရပါတယ်။ အေဒီ ၁၂ရာစု King Parakramabahu ပရက္ကမဗာဟု ဘုရင်လက်မှာတော့ ပြန်လည်မွမ်းမံခဲ့ပြီးတဲ့နောက်မှာတော့ ယခုလက်ရှိ စေတီကြီးရဲ့အတိုင်းအတာဟာဉာဏ်တော်အမြင့် ၂၃၂ ပေ လုးံပတ် ၁၁၁၀ ပေ သာ ရှိပါတော့တယ်။

(၃) Yongning Temple (၄၄၈ပေ)

အေဒီ (၅၁၆)ခုနှစ်လောက်က တည်ဆောက်ခဲ့တဲ့ တရုတ်နိုင်ငံတွင်းက Yongning Temple ဟာလည်း (၄၄၈) ပေအထိမြင့်မားတာကြောင့် ယခုစာရင်းထဲကိုပါ ဝင်လို့လာပြန်ပါတယ်။ (၆)ရာစုတွင်းက ဧကရာဇ်ဘုရင်မ Dowager Hu ရဲ့အားပေးမှုနဲ့ တည်ဆောက်ခဲ့တဲ့ Yongning Temple ဟာဆိုရင် မူလက Luoyang မြို့မှာတည်ရှိနေတာဖြစ်ပြီး စတင်တည်ဆောက်ချိန်ကရည်ရွယ်ချက်ကတော့ ကြီးမားတဲ့မြို့ရိုးတွေ၊နံရံ တွေ ၊ထောင်နဲ့ချီတဲ့ အိပ်ဆောင်တွေပါဝင်နေတဲ့ တော်ဝင်နန်းတော်တစ်ခုအနေနဲ့ဖြစ်ပါတယ်။

အနီရောင်တောက်တောက်ဆေးသားတွေအကြားကရွှေရောင်သံရိုက်ရာတွေ၊ သံ ကြိုးတွေ၊ ခေါင်းလောင်းတွေနဲ့ Yongning Temple ကိုထင်သာမြင်သာရှိအောင်တန် ဆာဆင်ထားပါတယ်။ ဘုရားကျောင်းအရပ်(၄)မျက်နှာတိုင်းမှာချိတ်ဆွဲထားရှိတဲ့ အလုံးရေ (၁၃၀) လောက်ရှိတဲ့ ခေါင်းလောင်းသံတွေရဲ့ အသံတွေဟာ မိုင်ပေါင်းများစွာ အကွာအဝေးကပင် ကြားနိုင်တယ်လို့သိရပြီး အထူးသဖြင့်လေပြင်းတိုက်တဲ့ ညချမ်းချိန် တွေမှာဆိုရင် အပေါ်လွင်ဆုံးဖြစ်ပါတယ်။ Yongning Temple ရဲ့အံ့ချီးဖွယ်ဗိသုကာ လက်ရာတွေထက်ပိုပြီးခမ်းနားတာကတော့ ဉာဏ်တော် (၄၄၈) ပေအထိမြင့်မားတဲ့ Yongning ဘုရားကျောင်ကြီးဖြစ်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ အေဒီ (၅၃၄)ခုနှစ်မှာတော့ (တရုတ်သမိုင်းစာရေးဆရာ Yang Xuanzhi ရဲ့မှတ်တမ်းအရ) Yongning ဘုရားသီတင်း သုံးရာ Yongning Temple ဟာမိုးကြိုးပစ်ခံရာကနေ မီးလောင်ကျွမ်းသွားခဲ့တယ်လို့ဆို ပါတယ်။ Yongning Temple ရဲ့အလွန်ကြီးမားတဲ့အနေအထားအရမီးလောင်ကျွမ်းတဲ့ ကာလဟာ (၃)လကျော်တောင်ကြာခဲ့တယ်လို့သိရပြီး ကျန်ရစ်ခဲ့တဲ့ဘုရားကျောင်း အစိတ်အပိုင်းတွေကတော့ မွန်ဂိုတွေရဲ့လက်ချက်နဲ့ပျောက်ကွယ်ခဲ့ရတယ်လို့ မှတ်တမ်း တွေအရ သိရပါတယ်။

(၂) Pyramid of Khafre (၄၇၁ပေ)

အီဂျစ်နိုင်ငံ Giza ကပိရမစ်တွေအနက်က ဒုတိယမြောက်အကြီးဆုံးပိရမစ်ဖြစ်တဲ့ Pyramid of Khafre ဟာဆိုရင် ဘီစီ (၂၅၃၀) လောက်ကတည်ဆောက်ခဲ့တယ်လို့ပညာရှင်တွေက ယူဆခဲ့ပြီး အမြင့်ပေ (၄၇၁)အထိမြင့်မားတာကြောင့် ကမ္ဘာပေါ်မှာတော့ ဒုတိယအမြင့်ဆုံး ပိရမစ်အဖြစ်မှတ်တမ်းဝင်ထားပါတယ်။ ဘီစီ ၂၆ ရာစုအတွင်း အီဂျစ်ကို စိုးစံခဲ့တဲ့ ဖာရိုဘုရင် Khafre အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယယ်။

အောက်ခြေအလျား (၇၀၆) ပေအထိရှိနေပြီး စတုရန်းမီတာ (၄၆ ၇၇၀)အထိရှိနေတဲ့ Pyramid of Khafre ဟာဧရိယာဟာဆိုရင် ဘောလုံးကွင်း (၈)ကွင်းစာလောက်ကိုရှိနေတာဖြစ်ပါတယ်။ ထူးခြားချက် ကတော့ Pyramid of Khafre ရဲ့တည်ဆောက်မှုအားလုံးဟာ (၃၃) ပေသာမြင့်တဲ့ အုတ် မြစ်တစ်ခုပေါ်မှာတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ပိရမစ်ဟာမူလ ထက်ကိုပိုမိုမြင့်မားတဲ့ပုံပေါက်နေတာဖြစ်ပါတယ်။

ကမ္ဘာအမြင့်ဆုံးပိရမစ်ဖြစ်တဲ့ Khufu လိုပဲ (၂)တန်အလေးချိန်လောက်ရှိတဲ့ ကျောက်တုံးကြီးတွေကိုအသုံးပြုတည်ဆောက် ထားတာကိုတွေ့ရမှာဖြစ်ပြီး Pyramid of Khafre မှာရှိနေတဲ့ Great Sphnix ကြောင့်လည်း ယင်းပိရမစ်ကြီးရဲ့ ပုံရိပ်ဟာကျော်ကြားမှုအဟုန်မြင့်တက်နေတာဖြစ်ပါတယ်။ Great Sphnix ဟာဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ ကျောက်သားအတိပြီးတဲ့ရုပ်တုတွေအနက်မှာတော့ အကြီးဆုံးအဖြစ်ရှိနေတာလည်း ဖြစ်ပါတယ်။

(၁) Pyramid of Khufu (၄၈၁ပေ)

ဂိုင်ဇာမဟာပိရမစ်လို့လည်းသိကြတဲ့ ဒီပိရမစ်ကြီး တည်ရှိရာနေရာကတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနီးမှာဖြစ်ပြီး၊ တည်ဆောက်တဲ့ခုနှစ်(ခန့်မှန်း)ကတော့ ဘီစီ(၂၅၇၀) ဖြစ်တာကြောင့် Pyramid of Khufu ရဲ့သက်တမ်းဟာ နှစ်ပေါင်း (၄၅၀၀) ကျော်လွန်နေပြီဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ လူသားတွေဖန်တီးခဲ့သမျှသော အဆောက်အအုံတွေထဲမှာ သက်တမ်းအရင့်ဆုံးနဲ့ အမြင့်ဆုံးသောအဆောက်အအုံအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ မှတ်တမ်းတွေအရမှာဆိုရင်တော့ Pyramid of Khufu ဟာလွန်ခဲ့တဲ့နှစ်ပေါင်း (၃၈၀၀)ကာလအတွင်းလူသားတွေတည်ဆောက်ခဲ့တဲ့ ဗိသုကာလက်ရာတွေမှာတော့ အေဒီ (၁၂၄၀)ကတည်ဆောက်ခဲ့တဲ့ Old St. Paul’s Cathedral ပြီး ရင်တော့ ဒုတိယအမြင့်ဆုံးအဆောက်အအုံအဖြစ်လည်းရှိနေပါတယ်။

ယခုချိန်မှာဆို ရင်တော့ အောက်ခြေမြေဆီလွှာတိုက်စားခြင်းကြောင့် Pyramid of Khufu ရဲ့အမြင့်ဟာ (၄၅၅) ပေအမြင့်သာရှိတော့ပြီး အောက်ခြေဧရိယာကတော့ (၅၇၀ ၀၀၀)စတုရန်းပေ ရှိနေပါတယ်။ (၂)တန်ကနေ တန်(၃၀)အထိရှိနေတဲ့ ကျောက်တုံးပေါင်း (၂.၃)သန်း လောက်ကိုအသုံးပြုပြီး Pyramid of Khufu ကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ တည်ဆောက်ချိန်ကာလကလည်း တစ်နေ့ကိုကျောက်တုံးတန်(၈၀၀) လောက်ကိုအသုံး ပြုတည်ဆောက်ထားခဲ့တာကြောင့် တစ်နာရီကို ပျှမ်းမျှအနေနဲ့ ကျောက်တုံးတန် (၁၂) တန်လောက်ကို အသုံးပြုတည်ဆောက်ခဲ့ကြပါတယ်။ ဒါတွေဟာ ယင်းကာလအခြေအ နေအရ လူအားနဲ့သာအသုံးပြုတည်ဆောက်ခဲ့တာမို့ ဘယ်လိုပုံ၊ဘယ်လိုတည်ဆောက်ခဲ့ကြသလဲဆိုတာကတော့ သမိုင်းပညာရှင်တွေအကြား စဉ်းစားစရာဖြစ်နေခဲ့တာပါ။

ယင်းဖြစ်ရပ်တွေဟာ Pyramid of Khufu မှာတင်တော့မဟုတ်ပါဘူး။ ရှေးခေတ်ကာလ ပိရမစ်တွေလို အလွန်ကြီးမားတဲ့ အဆောက်အအုံတွေတည်ဆောက်ရာမှာလည်း ဆက်စပ်တွေးတောစရာဖြစ်နေခဲ့တာပါ။ Pyramid of Khufu ကိုတည်ဆောက်ခဲ့သူကတော့ လေးဆက်မြောက်ဖာရိးမင်းဆက်ရဲ့ ဒုတိယမြောက်ဘုရင် Khufu ကသူမသေဆုံးခင် ကတည်းက ဂူဗိမာန်တစ်ခုအဖြစ်သတ်မှတ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ယင်းသမိုင်းကြောင်းကိုတော့ (၂၀)ရာစုအစောပိုင်းကာလက ယင်းပိရမစ်အတွင်း သီးခြားစီရှာတွေ့ခဲ့တဲ့ (၃)လက်မအရွယ် ဆင်စွယ်ရုပ်အသေးလေးတွေကနေ ပညာရှင်တွေက ဆက်စပ်တွေ့ရှိခဲ့တာဖြစ်ပါ တယ်။

Tags: world historyworld knowledge
Next Post
ဗလန်စီယာမြို့တော်အကြောင်းသိကောင်းစရာ

ဗလန်စီယာမြို့တော်အကြောင်းသိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!