Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရှာမှရှားတဲ့ သံမဏိလူသား အမွှာညီအစ်ကို

by Thutamm
July 25, 2019
Reading Time: 1min read
0
ရှာမှရှားတဲ့ သံမဏိလူသား အမွှာညီအစ်ကို
Share on FacebookShare on Twitter

ဒိန်းမတ်နိုင်ငံက စတီးန် နဲ့ ပီတာလို့ ခေါ်တဲ့ ညီအစ်ကိုနှစ်ယောက်ပါ။ ပီတာဟာ အောက်ဆီဂျင်မလုံလောက်ပဲမွေးဖွားလာတာကြောင့် မသန်စွမ်းဖြစ်ခဲ့ရပြီး သူ့ကိုထောက်ပံ့ပေးဖို့၂၄နာရီလုံးလုံး အကူအညီလိုအပ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အိပ်မက်က Ironman ဖြစ်ဖို့ပါတဲ့။

Ironman အပြေးပြိုင်ပွဲကို ပြီးဆုံးအောင်စွမ်းဆောင်နိုင်တဲ့သူဖြစ်ချင်တာပါ။ Ironman ပြိုင်ပွဲဟာ ၂.၄မိုင် ရေကူးတာ ၊ ၁၁၂မိုင် စက်ဘီးနင်းတာ နဲ့ ၂၆.၂၂မိုင် မာရသွန်ပြေးတာ စတဲ့ ကစားနည်းသုံးမျိုးကိုဆက်တိုက်ပြုလုပ်ရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

အကွာအဝေးကိုကြည့်တာနဲ့ တင် ပုံမှန်လူတစ်ယောက်တောင် ခက်ခက်ခဲခဲကြိုးစားရတာကို ခန့်မှန်းမိကြမှာပါ။ ဒီကစားနည်းကို သူတို့ညီအစ်ကို နှစ်ယောက်ဝင်ပြိုင်ခဲ့ပါတယ်။ ဒီအတွက် လပေါင်းများစွာ လေ့ကျင့်ခဲ့ရပါတယ်။ အစ်ကိုဖြစ်သူရဲ့ ဆန္ဒကိုဖြည့်ပေးချင်တဲ့ ညီ စတီးန်ဟာ ပုံမှန်လူတွေထက် နှစ်ဆ ပိုပင်ပမ်းပြီး ပိုကြိုးစားရပါတယ်။ သူတို့နှစ်ယောက်ရဲ့ အဖွဲ့အမည်ကို Tvilling Danish လို့ပေးထားပြီး ပုံမှန်အားကစားသမားတွေနဲ့ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ရေကူးတဲ့အခါ အစ်ကိုဖြစ်သူကိုတင်ပြီး ဆွဲကူးရပါတယ်။ စက်ဘီးစီးတဲ့အခါ အစ်ကိုဖြစ်သူကို ရှေ့မှာထားပြီး နင်းခဲ့ရပါတယ်။ အပြေးပြိုင်တဲ့အခါမှာလည်း အစ်ကိုဖြစ်သူကို ချီပိုးရင်းပြေးခဲ့ပါတယ်။ ညီဖြစ်သူရဲ့ ရှာမှရှားတဲ့စိတ်ဓာတ်ပါ။

သူတို့စတင်ပြိုင်ပွဲဝင်တော့ အားလုံးရဲ့ဟားတိုက်ခြင်းကို ခံရပါတယ်။ မဖြစ်နိုင်တဲ့ အနေအထားမို့လို့ပါ။ ဒါပေမယ့် သူတို့နှစ်ဦးဟာ ဝင်ပြိုင်ခဲ့ပါတယ်။ ရေကူးခြင်းကို ပြီးဆုံးခဲ့ပြီး စက်ဘီးစီးရာ ၂၂ကီလိုမီတာ အကွာအဝေးမှာ စက်ဘီးပျက်စီးပြီး အရှုံးပေးခဲ့ရပါတယ်။

နောက်တစ်ကြိမ်ပြိုင်တဲ့အခါမှာတော့ သူတို့ဟာ ပြိုင်ပွဲသုံးရပ်လုံးကို ပြီးဆုံးအောင်ပြေးနိုင်ခဲ့ကြပါတယ်။ အစ်ကိုဖြစ်သူဖြစ်ချင်တဲ့ Ironman ဖြစ်ခဲ့ပါပြီ။ ပုံမှန်လူတွေအတွက် ၁၇နာရီဝန်းကျင် ပန်းတိုင်ကိုရောက်ပေမယ့် သူတို့ညီအစ်ကိုကတော့ ၂၃နာရီကြာမှ ပန်းဝင်ခဲ့ပါတယ်။ ခက်ခဲတဲ့ ခရီးရှည်ကြီးမှာ ညီဖြစ်သူ ပင်ပန်းခဲ့သလို မသန်စွမ်းအစ်ကို ဖြစ်သူဘယ်လောက် နာကျင်ပင်ပန်းနေမလဲ ဆိုတာ ခန့်မှန်းမိကြမှာပါ။

နောက်ဆုံးမှာတော့ အစ်ကိုဖြစ်သူရဲ့အရှုံးမပေးတဲ့စိတ် ၊ ညီဖြစ်သူရဲ့ အစ်ကို့အပေါ်မှာ ထားတဲ့မေတ္တာတွေကြောင့် သူတို့ဟာအောင်မြင်မှုကို ရယူနိုင်ခဲ့ကြပါတယ်။ နောက်ဆုံးမှ ပန်းဝင်ခဲ့ပေမယ့် ချန်ပီယံထက်တောင် တစ်နိုင်ငံလုံးရဲ့ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။ သူတို့အတွက် သေမတတ်ပင်ပန်း နာကျင်ခဲ့ပေမယ့် အောင်မြင်ခဲ့တဲ့အတွက် ညီအစ်ကိုနှစ်ယောက်ဟာ ပြောမပြတတ်အောင်ဝမ်းသာနေကြပါတယ်။ ဒါကြောင့်ရှာမှရှားတဲ့ ညီအစ်ကိုလို့ ဆိုရခြင်းဖြစ်ပါတယ်။

Tags: amazing

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ
Amazing

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ

ဒီတခါမှာလည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာက ကမ္ဘာတလွှားမှာ ရိုက်ကူးခဲ့တဲ့ ရှားပါးပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေဟာ မူရင်းက အဖြူအမည်းသာဖြစ်ပေမယ့် ဒီဘက်ခေတ်ဓာတ်ပုံနည်းပညာတွေနဲ့ မွမ်းမံလိုက်တဲ့အခါမှာတော့ ရောင်စုံဓာတ်ပုံတွေဖြစ်လာပါတယ်။ အဖြူ အမည်းနဲ့ ဆိုရင် ထင်ထင်ရှားရှား မြင်ရမှာ မဟုတ်ပဲ...

Next Post
နှာခေါင်းသွေးယိုခြင်းအကြောင်း နဲ့ တိတ်အောင်ပြုလုပ်နည်း

နှာခေါင်းသွေးယိုခြင်းအကြောင်း နဲ့ တိတ်အောင်ပြုလုပ်နည်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!