Sunday, March 7, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဗိုင်းရပ်စ် ရောဂါကူးစက်မှုအား ထိန်းချုပ်စေခြင်း၏ ဖခင်

by Thutamm
June 13, 2020
Reading Time: 1min read
0
ဗိုင်းရပ်စ် ရောဂါကူးစက်မှုအား ထိန်းချုပ်စေခြင်း၏ ဖခင်
Share on FacebookShare on Twitter

(Unicode)

ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ဂိုဂဲဟာ သူ့ရဲ့ Search စာမျက်နှာမှာ လူတယောက်ပုံနဲ့ အတူ ရောဂါကာကွယ်ဖို့ လက်ဆေးပုံဆေးနည်း ဗီဒီယိုကို တွဲတင်ထားခဲ့ပါတယ်။ အဲဒီသူကို ဂုဏ်ပြုတဲ့အနေနဲ့ပါ။

အဲဒီသူကတော့ ရောဂါကူးစက်မှုအား ထိန်းချုပ်စေခြင်း၏ ဖခင် (Father Of Infection Control) လို့ နာမည်ကျော်ခဲ့တဲ့ ဆရာဝန်ကြီးတယောက်ဖြစ်ပါတယ်။ ဒီနေ့ ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်ဖို့ လက်ဆေးရမယ် ဆိုတာ အားလုံးသိကြမှာဖြစ်ပြီး အဲဒီလို လက်ဆေးခြင်းအားဖြင့် ကာကွယ်နိုင်တာကို ထုတ်ဖော်နိုင်ခဲ့သူကတော့ ဆမ်မိုဝိုင်း လို့ ခေါ်တဲ့ ဒီဆရာဝန်ကြီး ဖြစ်ပါတယ်။ ဒီတခါတော့ သူအကြောင်းကို သုတဇုန် မိတ်ဆွေတွေအတွက် ဗဟုသုတအနေနဲ့ ဝေမျှလိုက်ပါတယ်။

သူ့ရဲ့နာမည်အပြည့်အစုံက Ignaz Philipp Semmelweis (အစ်ဂ်နက်ဇ် ဖိလစ် ဆမ်မိုဝိုင်း) ဖြစ်ပါတယ်။ ၁၈၁၈ ခုနှစ်ဖွား ဟန်ဂေရီ သမားတော် နှင့် သိပ္ပံပညာရှင်တယောက်ဖြစ်ပါတယ်။ သူ့ကို မိခင်များရဲ့ကယ်တင်ရှင်လို့လည်း ခေါ်ကြပါသေးတယ်။ ဒီလိုခေါ်ရခြင်း အကြောင်းကတော့ ၁၉ရာစု ဆေးရုံအများစုမှာ Childbed Fever. ဆိုတဲ့ရောဂါ မကြာခဏဖြစ်ပွားနေခဲ့ပါတယ်။ မိခင်တွေ ကလေးမီးဖွားရာ နဲ့ ကိုယ်ဝန်ပျက်ကျခြင်းတွေမှာ ရောဂါပိုးဝင်ရောက်တဲ့ရောဂါဖြစ်ပြီ ဒီရောဂါကြောင့် အမျိုးသမီးတွေ မကြာခဏ သေဆုံးနေရပါတယ်။

ဆမ်မိုဝိုင်း က ဒီရောဂါဟာ ဆရာဝန်တွေရဲ့ လက်ကတဆင့် ရောဂါပိုး ကူးစက်တာဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ ဒါကြောင့် လက်တွေကို စင်ကြာစွာဆေးကြောသင့်တယ် ဆိုတဲ့ အဆိုပြုချက်ကို သူ ဗီယင်နာဆေးရုံမှာ အလုပ်လုပ်နေစဉ် ၁၈၄၇ ခုနှစ်က အဆိုပြုခဲ့ပါတယ်။ Childbed Fever နဲ့ ပတ်သတ်တဲ့ စာအုပ်တအုပ်ကိုလည်း ပုံနှိပ်ထုတ်ဝေခဲ့ပြီး သူ့ရဲ့စာထဲမှာတော့ လက်ဆေးခြင်းဟာ သေဆုံးမှုနှုန်းကို ၁% အောက်အထိ လျော့ချပေးနိုင်တယ်လို့ ဆိုခဲ့တယ်။

ဒါပေမယ့် အဲဒီခေတ်က ဆရာဝန်အဖွဲ့အစည်းက သူ့အဆိုပြုချက်ကို လက်မခံတဲ့အပြင် ကဲ့ရဲ့ရှုံ့ချဝေဖန် ပစ်တင်တာတွေပြုလုပ်ခဲ့ကြတယ်။ ဝိုင်းဝန်းဖိနှိပ်ဒါဏ်တွေကြောင့် စိတ်ဓာတ်ကျကာ အာရုံကြောရောဂါတွေပါ ခံစားလာရတယ်။ နောက်ပိုင်းမှာတော့ အရူးထောင်ပို့ခံခဲ့ရပြီး ထောင်အစောင့်တွေရဲ့ ရိုက်နှက်မှုကြောင့် ညာဘက်လက်မှာ အနာဖြစ်ပြီး သွေးဆိပ်တက်ကွယ်လွန်ခဲ့ရတယ်။ အဲဒီအချိန်က ၁၈၆၅ခုနှစ်ဖြစ်ပြီး သူ့အသက်က ၄၇ နှစ် သာရှိသေးတဲ့အချိန်မှာပဲ ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။

သူကွယ်လွန်ပြီး နှစ်ပေါင်း ၂၀ လောက်အကြာမှာ Louis Pasteur(ခွေးရူးရောဂါကာကွယ်ဆေးကို တီထွင်ခဲ့သူ) ရဲ့ Germ Theory ပေါ်ထွက်လာခဲ့ပြီး ဒီသီအိုရီမှာ ရောဂါတွေဟာ ပိုးကြောင့်ဖြစ်ရတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တယ်။ အဲဒီအချိန်မှ ဆမ်မိုဝိုင်း ရဲ့ လက်ကိုစင်ကြယ်စွာဆေးကြောခြင်းဖြင့် ရောဂါပိုးမွှားတွေဝင်ရောက်တာကို ကာကွယ်နိုင်သည်ဆိုတဲ့ အဆိုပြုချက်ဟာ မှန်ကန်ခဲ့ကြောင်း အားလုံးလက်ခံခဲ့ကြရတယ်။

တကယ်လည်း ဆမ်မိုဝိုင်း ဟာ သူတာဝန်ထမ်းဆောင်ခဲ့စဉ်အတောအတွင်း ၁၈၅၁-၁၈၅၅ ခုနှစ်ကာလမှာ အရင်က ၁၀၀ မှာ ပျမ်းမျှ ၁၆ယောက်နှုန်း(၁၆%) သေခဲ့ရတာကနေ ၉၉၃ယောက်မှာ ၈ယောက် (ဝ.၈၅%) သာ သေဆုံးတော့တဲ့အထိ လျော့ချနိုင်ခဲ့တယ်။ ဒါကြောင့် သူ့ကို မိခင်တွေရဲ့ ကျေးဇူးရှင် ၊ ရောဂါကူးစက်မှုအား ထိန်းချုပ်စေခြင်း၏ ဖခင် လို့ ဂုဏ်ပြုခေါ်ကြတာဖြစ်တယ်။

ယနေ့အချိန်မှာတော့ ဆမ်မိုဝိုင်း ရဲ့ ရှာတွေ့မှုဟာ ပိုးမွှားတွေ ကူးစက်ကာရောဂါတွေဖြစ်စေခြင်းကနေ လူသန်ပေါင်းများစွာကို ကာကွယ်ပေးနိုင်နေပြီဖြစ်ပါတယ်။ ဆမ်မိုဝိုင်း ကိုယ်တိုင်ကတော့ သေသည်အထိ အငြိုးတကြီးနဲ့ ဝိုင်းဝန်းတိုက်ခိုက်တာကို ခံသွားရပါတယ်။

သူကွယ်လွန်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီးတဲ့နောက်မှာမှ ဟန်ဂေရီ နဲ့ သြစတြီးယားမှာ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ သူ့နာမည် ဆေးရုံ ၊ ပြတိုက် ၊ တက္ကသိုလ်ပေါင်းများစွာကို ဖွင့်လှစ်ခဲ့သလို သူ့အကြောင်းကိုလည်း ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပါတယ်။

ယနေ့လို ကမ္ဘာတလွှားမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်နေချိန်မှာ လက်ဆေးခြင်းဟာ အရေးပါဆုံးကာကွယ်မှုဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂိုဂဲက သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဂိုဂဲရဲ့ Search စာမျက်နှာမှာ လက်စင်ကြယ်အောင်ဆေးနည်း ဗီဒီယိုနဲ့အတူ အခုလို ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

——— ——- ———–

(Zawgyi)

ဗုိင္းရပ္စ္ ေရာဂါကူးစက္မႈအား ထိန္းခ်ဳပ္ေစျခင္း၏ ဖခင္

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြတုန္းက ဂိုဂဲဟာ သူ႔ရဲ႕ Search စာမ်က္ႏွာမွာ လူတေယာက္ပုံနဲ႔ အတူ ေရာဂါကာကြယ္ဖို႔ လက္ေဆးပုံေဆးနည္း ဗီဒီယိုကို တြဲတင္ထားခဲ့ပါတယ္။ အဲဒီသူကို ဂုဏ္ျပဳတဲ့အေနနဲ႔ပါ။

အဲဒီသူကေတာ့ ေရာဂါကူးစက္မႈအား ထိန္းခ်ဳပ္ေစျခင္း၏ ဖခင္ (Father Of Infection Control) လို႔ နာမည္ေက်ာ္ခဲ့တဲ့ ဆရာဝန္ႀကီးတေယာက္ျဖစ္ပါတယ္။ ဒီေန႔ ေရာဂါပိုးမႊားေတြကို ကာကြယ္ႏိုင္ဖို႔ လက္ေဆးရမယ္ ဆိုတာ အားလုံးသိၾကမွာျဖစ္ၿပီး အဲဒီလို လက္ေဆးျခင္းအားျဖင့္ ကာကြယ္ႏိုင္တာကို ထုတ္ေဖာ္ႏိုင္ခဲ့သူကေတာ့ Ignaz Semmelweis လို႔ ေခၚတဲ့ ဒီဆရာဝန္ႀကီး ျဖစ္ပါတယ္။ ဒီတခါေတာ့ သူအေၾကာင္းကို သုတဇုန္ မိတ္ေဆြေတြအတြက္ ဗဟုသုတအေနနဲ႔ ေဝမွ်လိုက္ပါတယ္။

သူ႔ရဲ႕နာမည္အျပည့္အစုံက Ignaz Philipp Semmelweis (အစ္ဂ္နက္ဇ္ ဖိလစ္ ဆမ္မိုဝိုင္း) ျဖစ္ပါတယ္။ ၁၈၁၈ ခုႏွစ္ဖြား ဟန္ေဂရီ သမားေတာ္ ႏွင့္ သိပၸံပညာရွင္တေယာက္ျဖစ္ပါတယ္။ သူ႔ကို မိခင္မ်ားရဲ႕ကယ္တင္ရွင္လို႔လည္း ေခၚၾကပါေသးတယ္။ ဒီလိုေခၚရျခင္း အေၾကာင္းကေတာ့ ၁၉ရာစု ေဆး႐ုံအမ်ားစုမွာ Childbed Fever. ဆိုတဲ့ေရာဂါ မၾကာခဏျဖစ္ပြားေနခဲ့ပါတယ္။ မိခင္ေတြ ကေလးမီးဖြားရာ နဲ႔ ကိုယ္ဝန္ပ်က္က်ျခင္းေတြမွာ ေရာဂါပိုးဝင္ေရာက္တဲ့ေရာဂါျဖစ္ၿပီ ဒီေရာဂါေၾကာင့္ အမ်ိဳးသမီးေတြ မၾကာခဏ ေသဆုံးေနရပါတယ္။

Semmelweis က ဒီေရာဂါဟာ ဆရာဝန္ေတြရဲ႕ လက္ကတဆင့္ ေရာဂါပိုး ကူးစက္တာျဖစ္တယ္လို႔ ေကာက္ခ်က္ခ်ခဲ့ပါတယ္။ ဒါေၾကာင့္ လက္ေတြကို စင္ၾကာစြာေဆးေၾကာသင့္တယ္ ဆိုတဲ့ အဆိုျပဳခ်က္ကို သူ ဗီယင္နာေဆး႐ုံမွာ အလုပ္လုပ္ေနစဥ္ ၁၈၄၇ ခုႏွစ္က အဆိုျပဳခဲ့ပါတယ္။ Childbed Fever နဲ႔ ပတ္သတ္တဲ့ စာအုပ္တအုပ္ကိုလည္း ပုံႏွိပ္ထုတ္ေဝခဲ့ၿပီး သူ႔ရဲ႕စာထဲမွာေတာ့ လက္ေဆးျခင္းဟာ ေသဆုံးမႈႏႈန္းကို ၁% ေအာက္အထိ ေလ်ာ့ခ်ေပးႏိုင္တယ္လို႔ ဆိုခဲ့တယ္။

ဒါေပမယ့္ အဲဒီေခတ္က ဆရာဝန္အဖြဲ႕အစည္းက သူ႔အဆိုျပဳခ်က္ကို လက္မခံတဲ့အျပင္ ကဲ့ရဲ႕ရႈံ႕ခ်ေဝဖန္ ပစ္တင္တာေတြျပဳလုပ္ခဲ့ၾကတယ္။ ဝိုင္းဝန္းဖိႏွိပ္ဒါဏ္ေတြေၾကာင့္ စိတ္ဓာတ္က်ကာ အာ႐ုံေၾကာေရာဂါေတြပါ ခံစားလာရတယ္။ ေနာက္ပိုင္းမွာေတာ့ အ႐ူးေထာင္ပို႔ခံခဲ့ရၿပီး ေထာင္အေစာင့္ေတြရဲ႕ ႐ိုက္ႏွက္မႈေၾကာင့္ ညာဘက္လက္မွာ အနာျဖစ္ၿပီး ေသြးဆိပ္တက္ကြယ္လြန္ခဲ့ရတယ္။ အဲဒီအခ်ိန္က ၁၈၆၅ခုႏွစ္ျဖစ္ၿပီး သူ႔အသက္က ၄၇ ႏွစ္ သာရွိေသးတဲ့အခ်ိန္မွာပဲ ကြယ္လြန္ခဲ့ရတာျဖစ္ပါတယ္။

သူကြယ္လြန္ၿပီး ႏွစ္ေပါင္း ၂၀ ေလာက္အၾကာမွာ Louis Pasteur(ေခြး႐ူးေရာဂါကာကြယ္ေဆးကို တီထြင္ခဲ့သူ) ရဲ႕ Germ Theory ေပၚထြက္လာခဲ့ၿပီး ဒီသီအိုရီမွာ ေရာဂါေတြဟာ ပိုးေၾကာင့္ျဖစ္ရတယ္ဆိုတာကို ေဖာ္ထုတ္ႏိုင္ခဲ့တယ္။ အဲဒီအခ်ိန္မွ Semmelweis ရဲ႕ လက္ကိုစင္ၾကယ္စြာေဆးေၾကာျခင္းျဖင့္ ေရာဂါပိုးမႊားေတြဝင္ေရာက္တာကို ကာကြယ္ႏိုင္သည္ဆိုတဲ့ အဆိုျပဳခ်က္ဟာ မွန္ကန္ခဲ့ေၾကာင္း အားလုံးလက္ခံခဲ့ၾကရတယ္။

တကယ္လည္း Semmelweis ဟာ သူတာဝန္ထမ္းေဆာင္ခဲ့စဥ္အေတာအတြင္း ၁၈၅၁-၁၈၅၅ ခုႏွစ္ကာလမွာ အရင္က ၁၀၀ မွာ ပ်မ္းမွ် ၁၆ေယာက္ႏႈန္း(၁၆%) ေသခဲ့ရတာကေန ၉၉၃ေယာက္မွာ ၈ေယာက္ (ဝ.၈၅%) သာ ေသဆုံးေတာ့တဲ့အထိ ေလ်ာ့ခ်ႏိုင္ခဲ့တယ္။ ဒါေၾကာင့္ သူ႔ကို မိခင္ေတြရဲ႕ ေက်းဇူးရွင္ ၊ ေရာဂါကူးစက္မႈအား ထိန္းခ်ဳပ္ေစျခင္း၏ ဖခင္ လို႔ ဂုဏ္ျပဳေခၚၾကတာျဖစ္တယ္။

ယေန႔အခ်ိန္မွာေတာ့ Semmelweis ရဲ႕ ရွာေတြ႕မႈဟာ ပိုးမႊားေတြ ကူးစက္ကာေရာဂါေတြျဖစ္ေစျခင္းကေန လူသန္ေပါင္းမ်ားစြာကို ကာကြယ္ေပးႏိုင္ေနၿပီျဖစ္ပါတယ္။ Semmelweis ကိုယ္တိုင္ကေတာ့ ေသသည္အထိ အၿငိဳးတႀကီးနဲ႔ ဝိုင္းဝန္းတိုက္ခိုက္တာကို ခံသြားရပါတယ္။

သူကြယ္လြန္ခဲ့တာ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ၿပီးတဲ့ေနာက္မွာမွ ဟန္ေဂရီ နဲ႔ ၾသစႀတီးယားမွာ သူ႔ကိုဂုဏ္ျပဳတဲ့အေနနဲ႔ သူ႔နာမည္ ေဆး႐ုံ ၊ ျပတိုက္ ၊ တကၠသိုလ္ေပါင္းမ်ားစြာကို ဖြင့္လွစ္ခဲ့သလို သူ႔အေၾကာင္းကိုလည္း ႐ုပ္ရွင္ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့ပါတယ္။

ယေန႔လို ကမာၻတလႊားမွာ ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္မႈျဖစ္ေနခ်ိန္မွာ လက္ေဆးျခင္းဟာ အေရးပါဆုံးကာကြယ္မႈျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဂိုဂဲက သူ႔ကိုဂုဏ္ျပဳတဲ့အေနနဲ႔ ဂိုဂဲရဲ႕ Search စာမ်က္ႏွာမွာ လက္စင္ၾကယ္ေအာင္ေဆးနည္း ဗီဒီယိုနဲ႔အတူ အခုလို ေဖာ္ျပခဲ့ျခင္းျဖစ္ပါတယ္။

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!