(Unicode)
ကမ္ဘာပေါ်မှာ အမြန်ဆုံးတိရစ္ဆာန်ကတော့ အမေရိကမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ Peregrine သိမ်းငှက်တွေဖြစ်ပါတယ်။ ဒီငှက်တွေဟာ ၁နာရီကို အမြန်ဆုံးနှုန်း ၂၄၂ မိုင်နဲ့ ပျံသန်းနိုင်ကြပါတယ်။ ကုန်းပေါ်မှာ အမြန်ဆုံးတိရစ္ဆာန်ကတော့ အားလုံးသိပြီးတဲ့အတိုင်း ချီတာကျားသစ်ဖြစ်ပြီး သူကတော့ ၁နာရီကို ၆၈ မိုင်ကနေ ၇၅မိုင်ထိ အမြန်နှုန်းနဲ့ ပြေးနိုင်ကြပါတယ်။ ရေထဲမှာ အမြန်ဆုံးတိရစ္ဆာန်ကတော့ သိပ္ပံအမည် Istiophorus လို့ သိကြတဲ့ ရွက်လွှင့်ငါးတွေ့ဖြစ်ပါတယ်။ ဒီတစ်ခါတော့ သုတဇုန်မိတ်ဆွေများအတွက် အဲဒီရွက်လွှင့်ငါးတွေရဲ့ အကြောင်းကို ဝေမျှသွားပါမယ်။
ရွက်လွှင့်ငါး(sailfish) တွေဟာ အမဲလိုက်နှုတ်သီးချွန်ငါးတွေဖြစ်တဲ့ billfish ငါးမျိုးစိတ်ထဲက တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်က ရာသီဥတုအေးမြတဲ့ မည်သည့်ပင်လယ်သမုဒ္ဒရာတွေထဲမှာ မဆိုနေထိုင်လေ့ရှိပြီး ရွက်လွင့်ငါးလို့ခေါ်ရတဲ့ အကြောင်းကတော့ ဒီငါးတွေ ရေထဲမှာ ကူးခတ်တဲ့အခါမျိုးမှာ သူတို့ရဲ့ကျောရိုးပေါ်မှာထောင်နေတဲ့ ငါးဆူးတောင်ကြောင့် အမှတ်တမဲ့ကြည့်ရင် ရွက်လွှင့်တာနဲ့ တူနေတတ်လို့ ဖြစ်ပါတယ်။
ဒီငါးတွေရဲ့ အရောင်ကတော့ အများအားဖြင့် မီးခိုးရောင် နဲ့ အပြာရောင်တွေဖြစ်ပါတယ်။ နောက်ထပ် သူ့ရဲ့ထူးခြားချက်ကတော့ အလွန်ရှည်ပြီး ချွန်တဲ့ နှုတ်သီးပါရှိတာပါ။(သူ့လိုပဲ နှုတ်သီးရှည်ပါတဲ့ နောက်ထပ်ငါးတစ်မျိုးကတော့ Swordfish ဖြစ်ပါတယ်)။ အတလန္တိတ်သမုဒ္ဒရာမှာ ရှင်သန်ကျက်စားတဲ့ Atlantic sailfish နဲ့ အိန္ဒိယ-ပစိဖိတ်သမုဒ္ဒရာတွေထဲမှာ ကျက်စားတဲ့ Indo-Pacific sailfish ဆိုပြီး ရွက်လွှင့်ငါး ကို ၂မျိုးခွဲခြားထားပါတယ်။ ဒီငါးတွေကို အများဆုံးတွေ့ရလေ့ရှိတဲ့ နေရာတွေကတော့ မက္ကဆီကိုပင်လယ်ကွေ့ ၊ ဖလော်ရီဒါကမ်းရိုးတန်း နဲ့ ကာရစ်ဘီယံ ပင်လယ်တို့ ဖြစ်ပါတယ်။
ငါးကြီးမျိုးဖြစ်ကာ အရွယ်ရောက်ပြီး ရွက်လွှင့်ငါးတွေဟာ ပုံမှန်အားဖြင့် ခန္ဓာကိုယ်အလျား ၄ပေ ၅ပေ ခန့်ရှိတတ်ပေမယ့် အကြီးဆုံးကောင်တွေကတော့ ၁၀ပေ ခန့်အထိ ရှိကာ အလေးချိန် ပေါင် ၂၀၀ ဝန်းကျင်အထိ ရှိတတ်ပါတယ်။ ဒီငါးတွေဟာ ရေထဲမှာ ကူးခတ်တဲ့အခါ အမြန်ဆုံးနှုန်းက ၁ နာရီကို ၇၈မိုင် ဖြစ်ပေမယ့် ပုံမှန်အားဖြင့်တော့ ၁နာရီကို ၁၆မိုင်ကနေ ၂၂မိုင်အထိ အမြန်နှုန်းနဲ့သာ ကူးခတ်လေ့ရှိပါတယ်။ သူတို့ရဲ့လှုပ်ရှားမှု အလွန်မြန်ရခြင်းအကြောင်းကတော့ ခန္ဓာကိုယ်ပုံသဏ္ဍာန်ကြောင့်လို့ သိရပါတယ်။
အသားစားငါးတွေဖြစ်ပြီး သူတို့ရဲ့ အဓိက သားကောင်ကတော့ အခြားငါးတွေ ၊ ရေဘဝဲ နဲ့ ကင်းမွန်တွေ ဖြစ်ပါတယ်။ ဒီငါးတွေ ရေထဲမှာ ပုံမှန်ကူးခတ်တဲ့အခါ သူတို့ရဲ့ ဆူးတောင်ကို ခေါက်ထားလေ့ရှိပြီး သူတို့ရဲ့သားကောင်ဖြစ်တဲ့ ငါးအုပ်တွေကို အမဲလိုက်တဲ့အခါမျိုးမှ ထောင်ထားလေ့ရှိပါတယ်။ ဒီလိုထောင်ပြီး ကူးခတ်တဲ့အခါ သူတို့ရဲ့ အမြန်ဆုံးနှုန်းထိရောက်သွားပြီး နှုတ်သီးချွန်နဲ့ အခြားငါးတွေကို ထိုးကာတိုက်ခိုက်လေ့ရှိပါတယ်။
ဒီလို ငါးအုပ်ကို တိုက်ခိုက်တာဟာ ၄ကြိမ်မှာ ၁ခါခန့်သာ သားကောင်ငါးတွေကို ထိပေမယ့် သူ့ရဲ့နှုတ်သီးချွန် တစ်ချက်တည်းနဲ့ ၂ကောင်အထိ ထိတတ်လေ့ရှိပါတယ်။ အဲဒီနောက်တော့ ဒါဏ်ရာရသွားတဲ့ငါးတွေကို အလွယ်တကူပဲ ဖမ်းဆီး စားသောက်ကြပါတယ်။ အမဲလိုက်တဲ့အခါမျိုးမှာ သားကောင်တွေလွတ်ထွက်မသွားစေဖို့အတွက် ၁ကောင်တည်းထက်စာရင် ရွက်လွှင့်ငါး ၂ကောင်နဲ့ အထက် အုပ်စုလိုက် အမဲလိုက်လေ့ရှိပါတယ်။ သူတို့ကိုပြန်အမဲလိုက်လေ့ရှိတဲ့ အကောင်တွေကတော့ လင်းပိုင်ငါးလို့ခေါ်တဲ့ mahi-mahi နဲ့ ငါးမန်းတွေဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ရွက်လွှင့်ငါးတွေဟာ သမုဒ္ဒရာရေမျက်နှာပြင် နဲ့ ရေအနက် ၃၃ပေ အတွင်းမှာသာ နေထိုင်ကျက်စားလေ့ရှိပေမယ့် တခါတရံ အစာရှာဖွေတဲ့အခါမျိုးမှာ ရေအောက်အနက်ပေ ၁၁၅၀ခန့် အထိလည်း ဆင်းသက်လေ့ရှိပါတယ်။ သူတို့ဟာ သွေးအေးသတ္တဝါတွေဖြစ်ပြီး မျက်လုံး ကို အပူပေးတဲ့ ခန္ဓာကိုယ် အထူးအင်္ဂါတွေကိုလည်း ပိုင်ဆိုင်စေပါတယ်။ ဒီအပူပေးစနစ်ကြောင့် ဒီငါးတွေဟာ အခြားငါးတွေထက် အမြင်စူးရှပါတယ်။
ဒီငါးတွေဟာ အများအားဖြင့် နွေရာသီမှာ ဥဥလေ့ရှိပြီး အဲဒီအချိန်မျိုးမှာ အမဟာ ရေမျက်နှာပြင်ပေါ်တက်လာပြီး ဆူးတောင်ကိုထောင်ကာ ဖြည်းဖြည်းစီသွားရင်း ဥဥလေ့ရှိပါတယ်။ အနီးမှာတော့ ရွက်လွှင့်ငါးအထီး ၁ကောင် (သို့) ၂ကောင်ခန့်က လိုက်ပါလေ့ရှိပါတယ်။ ရွက်လွှင့်ငါးအမဟာ ဥပေါင်း ၄သန်းခန့် အထိ အများဆုံးဥလေ့ရှိပါတယ်။ ဥအနည်းငယ်သာ အကောင်ပေါက်လာပြီး သားလောင်းလေးတွေဟာ စစချင်းမှာ ၁လက်မရဲ့ ၁၀ပုံ ၁ပုံခန့်သာ အရွယ်အစားရှိတတ်ပေမယ့် ၁နှစ်အတွင်းမှာ ခန္ဓာကိုယ်အလျား ၅ပေ အထိ ကြီးထွားလာလေ့ရှိပါတယ်။
ဒီငါးတွေအပါအဝင် billfish တွေဟာ မျိုးတုံးဖို့တော့ အကြောင်းမရှိပါဘူး။ ဈေးကွက်မှာ ဒီငါးအသားကို နှစ်သက်သူနည်းတဲ့အတွက် ငါးဖမ်းသမားတွေက မဖမ်းကြလို့ဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်တွေကတော့ ဆူရှီ နဲ့ sashimi တွေ လုပ်တဲ့အခါမျိုးမှာ ဒီငါးအသားကို ထည့်လုပ်လေ့ရှိပါတယ်။ ရွက်လွှင့်ငါးတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၅နှစ်ကနေ ၇နှစ် အထိဖြစ်ပြီး အသက်အရှည်ဆုံးကောင်တွေကတော့ ၁၅နှစ်ခန့် အထိ ရှိတတ်ပါတယ်။
VIDEO
(Zawgyi)
ေရထဲမွာ အျမန္ဆုံးတိရစာၦန္ (သုိ႔) ရြက္လႊင့္ငါးတုိ႔ အေၾကာင္း
ကမာၻေပၚမွာ အျမန္ဆုံးတိရစာၦန္ကေတာ့ အေမရိကမွာ အမ်ားဆုံးေတြ႔ရေလ့ရွိတဲ့ Peregrine သိမ္းငွက္ေတြျဖစ္ပါတယ္။ ဒီငွက္ေတြဟာ ၁နာရီကုိ အျမန္ဆုံးႏႈန္း ၂၄၂ မုိင္နဲ႔ ပ်ံသန္းႏုိင္ၾကပါတယ္။ ကုန္းေပၚမွာ အျမန္ဆုံးတိရစာၦန္ကေတာ့ အားလုံးသိၿပီးတဲ့အတုိင္း ခ်ီတာက်ားသစ္ျဖစ္ၿပီး သူကေတာ့ ၁နာရီကုိ ၆၈ မုိင္ကေန ၇၅မုိင္ထိ အျမန္ႏႈန္းနဲ႔ ေျပးႏုိင္ၾကပါတယ္။ ေရထဲမွာ အျမန္ဆုံးတိရစာၦန္ကေတာ့ သိပၸံအမည္ Istiophorus လုိ႔ သိၾကတဲ့ ရြက္လႊင့္ငါးေတြ ့ျဖစ္ပါတယ္။ ဒီတစ္ခါေတာ့ သုတဇုန္မိတ္ေဆြမ်ားအတြက္ အဲဒီရြက္လႊင့္ငါးေတြရဲ႕ အေၾကာင္းကို ေ၀မွ်သြားပါမယ္။
ရြက္လႊင့္ငါး(sailfish) ေတြဟာ အမဲလုိက္ႏႈတ္သီးခြ်န္ငါးေတြျဖစ္တဲ့ billfish ငါးမ်ဳိးစိတ္ထဲက တစ္ခုျဖစ္ပါတယ္။ ကမာၻေပၚက ရာသီဥတုေအးျမတဲ့ မည္သည့္ပင္လယ္သမုဒၵရာေတြထဲမွာ မဆုိေနထုိင္ေလ့ရွိၿပီး ရြက္လြင့္ငါးလုိ႔ေခၚရတဲ့ အေၾကာင္းကေတာ့ ဒီငါးေတြ ေရထဲမွာ ကူးခတ္တဲ့အခါမ်ဳိးမွာ သူတုိ႔ရဲ႕ေက်ာရုိးေပၚမွာေထာင္ေနတဲ့ ငါးဆူးေတာင္ေၾကာင့္ အမွတ္တမဲ့ၾကည့္ရင္ ရြက္လႊင့္တာနဲ႔ တူေနတတ္လုိ႔ ျဖစ္ပါတယ္။
ဒီငါးေတြရဲ႕ အေရာင္ကေတာ့ အမ်ားအားျဖင့္ မီးခုိးေရာင္ နဲ႔ အျပာေရာင္ေတြျဖစ္ပါတယ္။ ေနာက္ထပ္ သူ႔ရဲ႕ထူးျခားခ်က္ကေတာ့ အလြန္ရွည္ၿပီး ခြ်န္တဲ့ ႏႈတ္သီးပါရွိတာပါ။(သူ႔လုိပဲ ႏႈတ္သီးရွည္ပါတဲ့ ေနာက္ထပ္ငါးတစ္မ်ဳိးကေတာ့ Swordfish ျဖစ္ပါတယ္)။ အတလႏၱိတ္သမုဒၵရာမွာ ရွင္သန္က်က္စားတဲ့ Atlantic sailfish နဲ႔ အိႏၵိယ-ပစိဖိတ္သမုဒၵရာေတြထဲမွာ က်က္စားတဲ့ Indo-Pacific sailfish ဆုိၿပီး ရြက္လႊင့္ငါး ကို ၂မ်ဳိးခြဲျခားထားပါတယ္။ ဒီငါးေတြကို အမ်ားဆုံးေတြ႔ရေလ့ရွိတဲ့ ေနရာေတြကေတာ့ မကၠဆီကုိပင္လယ္ေကြ႔ ၊ ဖေလာ္ရီဒါကမ္းရုိးတန္း နဲ႔ ကာရစ္ဘီယံ ပင္လယ္တုိ႔ ျဖစ္ပါတယ္။
ငါးႀကီးမ်ဳိးျဖစ္ကာ အရြယ္ေရာက္ၿပီး ရြက္လႊင့္ငါးေတြဟာ ပုံမွန္အားျဖင့္ ခႏၶာကုိယ္အလ်ား ၄ေပ ၅ေပ ခန္႔ရွိတတ္ေပမယ့္ အႀကီးဆုံးေကာင္ေတြကေတာ့ ၁၀ေပ ခန္႔အထိ ရွိကာ အေလးခ်ိန္ ေပါင္ ၂၀၀ ၀န္းက်င္အထိ ရွိတတ္ပါတယ္။ ဒီငါးေတြဟာ ေရထဲမွာ ကူးခတ္တဲ့အခါ အျမန္ဆုံးႏႈန္းက ၁ နာရီကုိ ၇၈မုိင္ ျဖစ္ေပမယ့္ ပုံမွန္အားျဖင့္ေတာ့ ၁နာရီကို ၁၆မုိင္ကေန ၂၂မုိင္အထိ အျမန္ႏႈန္းနဲ႔သာ ကူးခတ္ေလ့ရွိပါတယ္။ သူတုိ႔ရဲ႕လႈပ္ရွားမႈ အလြန္ျမန္ရျခင္းအေၾကာင္းကေတာ့ ခႏၶာကုိယ္ပုံသ႑ာန္ေၾကာင့္လုိ႔ သိရပါတယ္။
အသားစားငါးေတြျဖစ္ၿပီး သူတုိ႔ရဲ႕ အဓိက သားေကာင္ကေတာ့ အျခားငါးေတြ ၊ ေရဘ၀ဲ နဲ႔ ကင္းမြန္ေတြ ျဖစ္ပါတယ္။ ဒီငါးေတြ ေရထဲမွာ ပုံမွန္ကူးခတ္တဲ့အခါ သူတုိ႔ရဲ႕ ဆူးေတာင္ကို ေခါက္ထားေလ့ရွိၿပီး သူတုိ႔ရဲ႕သားေကာင္ျဖစ္တဲ့ ငါးအုပ္ေတြကို အမဲလုိက္တဲ့အခါမ်ဳိးမွ ေထာင္ထားေလ့ရွိပါတယ္။ ဒီလုိေထာင္ၿပီး ကူးခတ္တဲ့အခါ သူတုိ႔ရဲ႕ အျမန္ဆုံးႏႈန္းထိေရာက္သြားၿပီး ႏႈတ္သီးခြ်န္နဲ႔ အျခားငါးေတြကို ထုိးကာတုိက္ခုိက္ေလ့ရွိပါတယ္။
ဒီလုိ ငါးအုပ္ကုိ တုိက္ခုိက္တာဟာ ၄ႀကိမ္မွာ ၁ခါခန္႔သာ သားေကာင္ငါးေတြကို ထိေပမယ့္ သူ႔ရဲ႕ႏႈတ္သီးခြ်န္ တစ္ခ်က္တည္းနဲ႔ ၂ေကာင္အထိ ထိတတ္ေလ့ရွိပါတယ္။ အဲဒီေနာက္ေတာ့ ဒါဏ္ရာရသြားတဲ့ငါးေတြကို အလြယ္တကူပဲ ဖမ္းဆီး စားေသာက္ၾကပါတယ္။
အမဲလုိက္တဲ့အခါမ်ဳိးမွာ သားေကာင္ေတြလြတ္ထြက္မသြားေစဖုိ႔အတြက္ ၁ေကာင္တည္းထက္စာရင္ ရြက္လႊင့္ငါး ၂ေကာင္နဲ႔ အထက္ အုပ္စုလုိက္ အမဲလုိက္ေလ့ရွိပါတယ္။ သူတုိ႔ကုိျပန္အမဲလုိက္ေလ့ရွိတဲ့ အေကာင္ေတြကေတာ့ လင္းပုိင္ငါးလုိ႔ေခၚတဲ့ mahi-mahi နဲ႔ ငါးမန္းေတြျဖစ္ပါတယ္။
ပုံမွန္အားျဖင့္ ရြက္လႊင့္ငါးေတြဟာ သမုဒၵရာေရမ်က္ႏွာျပင္ နဲ႔ ေရအနက္ ၃၃ေပ အတြင္းမွာသာ ေနထုိင္က်က္စားေလ့ရွိေပမယ့္ တခါတရံ အစာရွာေဖြတဲ့အခါမ်ဳိးမွာ ေရေအာက္အနက္ေပ ၁၁၅၀ခန္႔ အထိလည္း ဆင္းသက္ေလ့ရွိပါတယ္။ သူတုိ႔ဟာ ေသြးေအးသတၱ၀ါေတြျဖစ္ၿပီး မ်က္လုံး ကို အပူေပးတဲ့ ခႏၶာကုိယ္ အထူးအဂၤါေတြကိုလည္း ပုိင္ဆုိင္ေစပါတယ္။ ဒီအပူေပးစနစ္ေၾကာင့္ ဒီငါးေတြဟာ အျခားငါးေတြထက္ အျမင္စူးရွပါတယ္။
ဒီငါးေတြဟာ အမ်ားအားျဖင့္ ေႏြရာသီမွာ ဥဥေလ့ရွိၿပီး အဲဒီအခ်ိန္မ်ဳိးမွာ အမဟာ ေရမ်က္ႏွာျပင္ေပၚတက္လာၿပီး ဆူးေတာင္ကိုေထာင္ကာ ျဖည္းျဖည္းစီသြားရင္း ဥဥေလ့ရွိပါတယ္။ အနီးမွာေတာ့ ရြက္လႊင့္ငါးအထီး ၁ေကာင္ (သုိ႔) ၂ေကာင္ခန္႔က လုိက္ပါေလ့ရွိပါတယ္။ ရြက္လႊင့္ငါးအမဟာ ဥေပါင္း ၄သန္းခန္႔ အထိ အမ်ားဆုံးဥေလ့ရွိပါတယ္။ ဥအနည္းငယ္သာ အေကာင္ေပါက္လာၿပီး သားေလာင္းေလးေတြဟာ စစခ်င္းမွာ ၁လက္မရဲ႕ ၁၀ပုံ ၁ပုံခန္႔သာ အရြယ္အစားရွိတတ္ေပမယ့္ ၁ႏွစ္အတြင္းမွာ ခႏၶာကုိယ္အလ်ား ၅ေပ အထိ ႀကီးထြားလာေလ့ရွိပါတယ္။
ဒီငါးေတြအပါအ၀င္ billfish ေတြဟာ မ်ဳိးတုံးဖုိ႔ေတာ့ အေၾကာင္းမရွိပါဘူး။ ေစ်းကြက္မွာ ဒီငါးအသားကုိ ႏွစ္သက္သူနည္းတဲ့အတြက္ ငါးဖမ္းသမားေတြက မဖမ္းၾကလုိ႔ျဖစ္ပါတယ္။ ဒါေပမယ့္ ဂ်ပန္ေတြကေတာ့ ဆူရွီ နဲ႔ sashimi ေတြ လုပ္တဲ့အခါမ်ဳိးမွာ ဒီငါးအသားကို ထည့္လုပ္ေလ့ရွိပါတယ္။ ရြက္လႊင့္ငါးေတြရဲ႕ ပ်မ္းမွ်သက္တမ္းကေတာ့ ၅ႏွစ္ကေန ၇ႏွစ္ အထိျဖစ္ၿပီး အသက္အရွည္ဆုံးေကာင္ေတြကေတာ့ ၁၅ႏွစ္ခန္႔ အထိ ရွိတတ္ပါတယ္။
VIDEO
Discussion about this post