အီဂျစ်နိုင်ငံတွင်း နှစ်စဉ်ဖြစ်ပေါ်နေတဲ့ရေကြီးမှုတွေအတွင်း နိုင်းမြစ်ရေလျှံမှုကိုတိုင်းတာနိုင်ရန်အတွက် ရှေးအီဂျစ်တွေဟာ Nilometer တွေကိုတည်ဆောက်အသုံးပြုခဲ့ကြပါတယ်။Nilometer ဆိုတာကတော့ အလွန်နက်ရှိုင်းတဲ့ ထောင့်မှန်ပုံရေတွင်းနက်ကြီးတွေဖြစ်ကာ အတွင်းမှာတော့ ရှေးခေတ်အီဂျစ်တွေရဲ့အတိုင်းအတာယူနစ်ပုံစံအမှတ်အသား (၃) နေရာ အထိပါဝင်တဲ့မြောင်းကြီးတွေပါဝင်ပါတယ်။
ယင်း Nilometerတွေကို နိုင်းမြစ်ရဲ့ကမ်းပါးတစ်လျှောက်ကအဆောက်အအုံတွေမှာတွဲဖက်တည်ဆောက်ခဲ့ကြပြီး အတွင်းမှာရှိတဲ့ အနိမ့်ဆုံးအလွှာကိုရေရောက်ချိန်မှာဆိုရင်နိုင်းမြစ်ရေဟာ စတင်အန ္တရာယ် ပေးနိုင်တဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ကြောင်း သင်္ကေတဖြစ်ပါတယ်။ Nilometer ရဲ့ အမြင့်ဆုံးရေ Level ကိုရောက်ချိန်မှာတော့ နိုင်းမြစ်ရေဟာ သီးနှံတွေအထိရေတက်ရောက် လွှမ်းမိုးတော့မယ်ဆိုတဲ့အမှတ်အသားဖြစ်တယ်လို့သိရပါတယ်။
ယင်းကာလကရှေးအီဂျစ် တွေအသုံးပြုခဲ့တဲ့ Nilometer ဟာတိကျတဲ့အမှတ်အသားတွေနဲ့မှတ်သားထားပြီး ယင်းအ မှတ်အသားတွေကိုကြည့်ရှုပြီးနိုင်းမြစ်ရေဟာ ဘယ်အတိုင်းအတာအထိရောက်နိုင်ကြောင်းကို ခန့်မှန်းနိုင်ခဲ့ကြပါတယ်။ ဒါအပြင်ရေကျချိန်မှာကျန်ခဲ့တဲ့မြေသြဇာကောင်းတဲ့ နုန်းမြေဘယ် လောက်ကို ယင်းနှစ်မှာရရှိစိုက်ပျိုးနိုင်မယ့် မြေအကျယ်အဝန်းကိုပါ Nilometer မှာပြသထား တဲ့အမှတ်အသားတွေကိုကြည့်ပြီး အနည်းအများခန့်မှန်းနိုင်ကြပါတယ်။
ဘာကြောင့် Nilometer တွေလိုအပ်တာလဲ
နိုင်းမြစ်ဟာအီဂျစ်တစ်နိင်ငံလုံးနီးပါးကို ဖြတ်သန်းစီးဆင်းတဲ့မြစ်ဖြစ်ပြီး ရံဖန်ရံခါမှာဆိုရင်တော့ ဇူလိုင် နဲ့ နိုဝင်ဘာလအကြားကာလတွေမှာ မြစ်ရေတွေဟာကမ်းပါးကိုကျော်လွန်ပြီး နိုင်ငံရဲ့စိုက်ပျိုးခင်းတွေကိုရေဖုံးလွှမ်းသွားလေ့ရှိပါတယ်။ စက်တင်ဘာ(သို့) အောက်တိုဘာ လတွေမှာတော့ ဖုံးလွှမ်းနေတဲ့ရေတွေဟာပြန်ဆုတ်လေ့ရှိကာ မြေနုန်းတွေကို ချန်ခဲ့လေ့ရှိပါတယ်။
မြစ်ကြမ်းပြင်အောက်က အနည်အနှစ်တွေပို့ချမှုကြောင့်ဖြစ်တဲ့ ယင်းနုန်းတွေဟာ မြေသြဇာအလွန်ကောင်းမွန်ပြီး လွင်ပြင်ကျယ်ကြီးတွေပမာကြွင်းကျန်ခဲ့တာဖြစ်ပြီး အီဂျစ်ပြည်သူ တွေအတွက် ဖြစ်ထွန်းအောင်မြင်တဲ့စိုက်ပျိုးမြေတွေကို ဖန်တီးပေးလေ့ရှိပါတယ်။ ယင်းကာ လက အီဂျစ်တွေဟာ နှစ်တနှစ်ကို ရေကြီးနိုင်တဲ့ ရာသီဥတုအပိုင်း(၃)ခုနဲ့ခွဲခြားသတ်မှတ်ခဲ့ကြပြီး ယင်းအနက် နိုင်းမြစ်ရေလွှမ်းချိန်ကာလကိုလည်းရာသီတစ်ခုအဖြစ်ထည့်သွင်းပြီး အီဂျစ်လို akhet လို့ခေါ်ဆို ကြပါတယ်။ အဓိပ္ပါယ်ကတော့ မိုးကုတ်စက်ဝိုင်း ရာသီလို့ဆိုပါတယ်။ နိုင်းမြစ် ရဲ့နှစ်စဉ်ရေလျှံတဲ့ဖြစ်ရပ်ဟာ စိုက်ပျိုးသီးနှံများစွာကိုဖြစ်ထွန်းအောင်မြင်စေတာကြောင့် ရှေးအီဂျစ်လူအဖွဲ့အစည်းအတွက်အလွန်အရေးပါတဲ့နေရာကနေ ပါဝင်နေတာဖြစ်ပါတယ်။
နိုင်းမြစ်ရေလွှမ်းခြင်းကပဲ အီဂျစ်နိုင်ငံသားတွေအတွက် ဖူလုံတဲ့စားနပ်ရိက္ခာအတွက်မြေသြဇာ တွေကို ဖန်တီးပေးတယ်ဆိုပေမယ့် မြစ်ရေကြီးခြင်းကြောင့် အီဂျစ်ရဲ့နေအိမ်များ၊ အခြေခံအဆောက်အအုံများစွာအပါအဝင် မွေးမြူခိုင်းစေတဲ့တိရိစ္ဆာန်တွေဟာလည်းပျက်စီးဆုံးရှုံးခဲ့ရ တဲ့ဖြစ်ရပ်တွေဟာလည်း ပူးတွဲဖြစ်ပေါ်ခဲ့ပါတယ်။ ရှေးမှတ်တမ်းတွေအရတော့ အေဒီ (၆၂၂)ကနေ (၉၉၉) အကြားမှာ ပျမ်းမျှအားဖြင့် လေးနှစ်ရင်တစ်ကြိမ်ကျ ကြီးမားတဲ့ရေကြီးမှုတွေကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
Nilometer ဟာ အီဂျစ်လူအဖွဲ့အစည်းအတွက် ဘယ်လိုအရေးပါခဲ့သလဲ
နိုင်းမြစ်ရဲ့ရေကြီးရေလျှံမှုဖြစ်စဉ်တွေကြောင့် အခြေခံအဆောက်အအုံနဲ့ ကျွဲနွားတွေပျက်စီးမှု အထိနာလာချိန်မှာတော့ အီဂျစ်ပညာရှင်တွေဟာ မြစ်ရေရဲ့လွှမ်းမိုးနိုင်မှုအခြေအနေကို ကိုယ်နည်းကိုယ်ဟန်နဲ့တွက်ချက်ဖို့ကြိုးစားလာကြပါတယ်။ အများစုကတော့နတ်ဘုရားတွေကို တိုင်တည်တဲ့ပုံစံမျိုးသာဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်ယင်းကာလကစိုက်ပျိုး မြေအတွက် မင်းဧကရာဇ်ကိုဆက်သရတဲ့ အခွန်ငွေဟာလည်း ရေကြီးတဲ့ပမာဏအပေါ်မူ တည်လို့နေခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ နိုင်းမြစ်ရေလွှမ်းမိုးမှုကိုကြိုတင်ခန့်မှန်းခြင်းတွေဟာ အင်ပါယာဧကရာဇ်အတွက် နိုင်ငံအုပ်ချုပ်ရေးကဏ္ဍမှာအရေးပါတဲ့နေရာကနေပါဝင် လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အီဂျစ်ပညာကျော်တွေဟာ Nilometer လို့သိကြတဲ့ မြောင်းတွေ၊ရေဆင်းအမှတ်အသားတွေပါတဲ့ ရေတွင်းနက်ကြီးများစွာကိုနိုင်းမြစ်ရဲ့ကမ်းပါးတလျှောက်ဆောက်လုပ်ခဲ့ပြီး မြစ်ရေတိုင်းတာရေးပညာရှင်တွေအစောင့်ထားရှိကာ နေ့စဉ်မြစ်ရဲ့အချက်လက်တွေကိုစောင့်ကြည့်လေ့လာမှုတွေပြုလုပ်လာကြပါတယ်။
ရှေးဦးကာလ Nilometer တွေရဲ့ဒီဇိုင်းပုံစံ
မြစ်တွင်းကိုထောင့်မှန်ပုံတိုင်တွေကို နစ်မြုပ်ထားတဲ့ ဒီဇိုင်းဟာ Nilometer တွေရဲ့အစော ပိုင်းပုံသဏ္ဍာန်တွေဖြစ်ပြီးရိုးရှင်းပါတယ်။ ယင်းအတွင်းမှာတော့တက်လာမယ့် ရေအနက်ကို ဖော်ပြတဲ့အမှတ်အသားတွေ ပါဝင်တာဖြစ်ပါတယ်။ ဒါပေမယ့်ရလာ မြောင်းတွေရဲ့ အပေါ်ပိုင်းတွေမှာ ပါရှိတဲ့ ကျောက်သားစိုင်တွေကို အသေးစိတ်ပုံ ဖော်ထားတဲ့ Nilometer ကိုတော့ ကိုင်ရိုမြို့အနီးကRhoda ကျွန်းမှာ တွေ့ရှိနိုင်ပါတယ်။ ယင်း Nilometer အဆောက်အအုံဟာ အေဒီ (၈၆၁) လောက်ကတည်းကဆောက်လုပ်ပြီစီးခဲ့တာဖြစ်ပြီး Samarra ကိုစိုးစံခဲ့တဲ့ Al-Mutawakkil ရဲ့အမိန့်ပေးမှုနဲ့ နာမည်ကျော် နက္ခတ္တပညာရှင်တယောက်ဖြစ်တဲ့ Al-Farghani ကဦးဆောင်တည်ဆောက်ခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါ တယ်။
နောက်ပိုင်းကာလမှာပေါ်ထွက်လာခဲ့တဲ့ Nilometer တွေမှာတော့ အောက်ခြေအထိဆင်းလို့ ရတဲ့ လှေကားတွေထည့်သွင်းတည်ဆောက်ခဲ့ပြီး နံရံတွေရဲ့အနက်ကိုလည်း သီးခြားဖော်ပြခဲ့ တဲ့အပိုင်းတွေပါဝင်လို့လာပါတယ်။ Elephantine ကျွန်း က Aswan မြို့မှာတည်ရှိတဲ့ Nilometer ဆိုရင်အောက်ခြေရေဆင်းမြောင်းတွေအထိ လှေကားထစ်တွေထည့်သွင်းတည် ဆောက်ထားပါတယ်။ ယင်းမှာဆိုရင် လှေကားထစ်ပေါင်း(၅၂)ခုပါရှိပြီးနိုင်းမြစ်ရဲ့အောက် ခြေကိုသွားနိုင်တဲ့ လမ်းကြောင်းတစ်ခုဆိုရင်လည်းမမှားပါဘူး။
Nilometer တွေဟာ ရှေးအီဂျစ်ကိုစိုးစံခဲ့တဲ့ ဖာရိုဘုရင်တွေ လက်ထက်ကတည်းက ဆောက်လုပ်အသုံးပြုခဲ့တာဖြစ်ပြီး နှောင်းပိုင်းအီဂျစ်လူအဖွဲ့အစည်းတွေ လက်ထက်ရောက်ချိန်မှသာ ပီပီပြင်ပြင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ဒါအပြင်ရောမခေတ်ကာလအတွင်းမှာလည်း Nilometer တည်ဆောက်အသုံးြ့ပုမှုတွေ ဆက်လက်တည်ရှိခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေ အရသိရပါတယ်။
——- ——– ——-
(Zawgyi)
ေရႀကီးမႈေတြကို ခန္႔မွန္းရန္ ေရွးအီဂ်စ္တုိ႔သုံးခဲ့တဲ့ နည္းပညာ
အီဂ်စ္ႏိုင္ငံတြင္း ႏွစ္စဥ္ျဖစ္ေပၚေနတဲ့ေရႀကီးမႈေတြအတြင္း ႏိုင္းျမစ္ေရလွ်ံမႈကိုတိုင္းတာႏိုင္ရန္အတြက္ ေရွးအီဂ်စ္ေတြဟာ Nilometer ေတြကိုတည္ေဆာက္အသုံးျပဳခဲ့ၾကပါတယ္။Nilometer ဆိုတာကေတာ့ အလြန္နက္ရႈိင္းတဲ့ ေထာင့္မွန္ပုံေရတြင္းနက္ႀကီးေတြျဖစ္ကာ အတြင္းမွာေတာ့ ေရွးေခတ္အီဂ်စ္ေတြရဲ႕အတိုင္းအတာယူနစ္ပုံစံအမွတ္အသား (၃) ေနရာ အထိပါဝင္တဲ့ေျမာင္းႀကီးေတြပါဝင္ပါတယ္။
ယင္း Nilometerေတြကို ႏိုင္းျမစ္ရဲ႕ကမ္းပါးတစ္ေလွ်ာက္ကအေဆာက္အအုံေတြမွာတြဲဖက္တည္ေဆာက္ခဲ့ၾကၿပီး အတြင္းမွာရွိတဲ့ အနိမ့္ဆုံးအလႊာကိုေရေရာက္ခ်ိန္မွာဆိုရင္ႏိုင္းျမစ္ေရဟာ စတင္အန ၱရာယ္ ေပးႏိုင္တဲ့အေျခအေနကိုေရာက္ရွိေနၿပီျဖစ္ေၾကာင္း သေကၤတျဖစ္ပါတယ္။ Nilometer ရဲ႕ အျမင့္ဆုံးေရ Level ကိုေရာက္ခ်ိန္မွာေတာ့ ႏိုင္းျမစ္ေရဟာ သီးႏွံေတြအထိေရတက္ေရာက္ လႊမ္းမိုးေတာ့မယ္ဆိုတဲ့အမွတ္အသားျဖစ္တယ္လို႔သိရပါတယ္။
ယင္းကာလကေရွးအီဂ်စ္ ေတြအသုံးျပဳခဲ့တဲ့ Nilometer ဟာတိက်တဲ့အမွတ္အသားေတြနဲ႔မွတ္သားထားၿပီး ယင္းအ မွတ္အသားေတြကိုၾကည့္ရႈၿပီးႏိုင္းျမစ္ေရဟာ ဘယ္အတိုင္းအတာအထိေရာက္ႏိုင္ေၾကာင္းကို ခန႔္မွန္းႏိုင္ခဲ့ၾကပါတယ္။ ဒါအျပင္ေရက်ခ်ိန္မွာက်န္ခဲ့တဲ့ေျမၾသဇာေကာင္းတဲ့ ႏုန္းေျမဘယ္ ေလာက္ကို ယင္းႏွစ္မွာရရွိစိုက္ပ်ိဳးႏိုင္မယ့္ ေျမအက်ယ္အဝန္းကိုပါ Nilometer မွာျပသထား တဲ့အမွတ္အသားေတြကိုၾကည့္ၿပီး အနည္းအမ်ားခန႔္မွန္းႏိုင္ၾကပါတယ္။
ဘာေၾကာင့္ Nilometer ေတြလိုအပ္တာလဲ
ႏိုင္းျမစ္ဟာအီဂ်စ္တစ္နိင္ငံလုံးနီးပါးကို ျဖတ္သန္းစီးဆင္းတဲ့ျမစ္ျဖစ္ၿပီး ရံဖန္ရံခါမွာဆိုရင္ေတာ့ ဇူလိုင္ နဲ႔ ႏိုဝင္ဘာလအၾကားကာလေတြမွာ ျမစ္ေရေတြဟာကမ္းပါးကိုေက်ာ္လြန္ၿပီး ႏိုင္ငံရဲ႕စိုက္ပ်ိဳးခင္းေတြကိုေရဖုံးလႊမ္းသြားေလ့ရွိပါတယ္။ စက္တင္ဘာ(သို႔) ေအာက္တိုဘာ လေတြမွာေတာ့ ဖုံးလႊမ္းေနတဲ့ေရေတြဟာျပန္ဆုတ္ေလ့ရွိကာ ေျမႏုန္းေတြကို ခ်န္ခဲ့ေလ့ရွိပါ တယ္။
ျမစ္ၾကမ္းျပင္ေအာက္က အနည္အႏွစ္ေတြပို႔ခ်မႈေၾကာင့္ျဖစ္တဲ့ ယင္းႏုန္းေတြဟာ ေျမၾသဇာအလြန္ေကာင္းမြန္ၿပီး လြင္ျပင္က်ယ္ႀကီးေတြပမာႂကြင္းက်န္ခဲ့တာျဖစ္ၿပီး အီဂ်စ္ျပည္သူ ေတြအတြက္ ျဖစ္ထြန္းေအာင္ျမင္တဲ့စိုက္ပ်ိဳးေျမေတြကို ဖန္တီးေပးေလ့ရွိပါတယ္။ ယင္းကာ လက အီဂ်စ္ေတြဟာ ႏွစ္တႏွစ္ကို ေရႀကီးႏိုင္တဲ့ ရာသီဥတုအပိုင္း(၃)ခုနဲ႔ခြဲျခားသတ္မွတ္ခဲ့ၾကၿပီး ယင္းအနက္ ႏိုင္းျမစ္ေရလႊမ္းခ်ိန္ကာလကိုလည္းရာသီတစ္ခုအျဖစ္ထည့္သြင္းၿပီး အီဂ်စ္လို akhet လို႔ေခၚဆို ၾကပါတယ္။ အဓိပၸါယ္ကေတာ့ မိုးကုတ္စက္ဝိုင္း ရာသီလို႔ဆိုပါတယ္။ ႏိုင္းျမစ္ ရဲ႕ႏွစ္စဥ္ေရလွ်ံတဲ့ျဖစ္ရပ္ဟာ စိုက္ပ်ိဳးသီးႏွံမ်ားစြာကိုျဖစ္ထြန္းေအာင္ျမင္ေစတာေၾကာင့္ ေရွးအီဂ်စ္လူအဖြဲ႕အစည္းအတြက္အလြန္အေရးပါတဲ့ေနရာကေန ပါဝင္ေနတာျဖစ္ပါတယ္။
ႏိုင္းျမစ္ေရလႊမ္းျခင္းကပဲ အီဂ်စ္ႏိုင္ငံသားေတြအတြက္ ဖူလုံတဲ့စားနပ္ရိကၡာအတြက္ေျမၾသဇာ ေတြကို ဖန္တီးေပးတယ္ဆိုေပမယ့္ ျမစ္ေရႀကီးျခင္းေၾကာင့္ အီဂ်စ္ရဲ႕ေနအိမ္မ်ား၊ အေျခခံအေဆာက္အအုံမ်ားစြာအပါအဝင္ ေမြးျမဴခိုင္းေစတဲ့တိရိစာၦန္ေတြဟာလည္းပ်က္စီးဆုံးရႈံးခဲ့ရ တဲ့ျဖစ္ရပ္ေတြဟာလည္း ပူးတြဲျဖစ္ေပၚခဲ့ပါတယ္။ ေရွးမွတ္တမ္းေတြအရေတာ့ ေအဒီ (၆၂၂)ကေန (၉၉၉) အၾကားမွာ ပ်မ္းမွ်အားျဖင့္ ေလးႏွစ္ရင္တစ္ႀကိမ္က် ႀကီးမားတဲ့ေရႀကီးမႈေတြကို ခံစားခဲ့ရတယ္လို႔ ဆိုပါတယ္။
Nilometer ဟာ အီဂ်စ္လူအဖြဲ႕အစည္းအတြက္ ဘယ္လိုအေရးပါခဲ့သလဲ
ႏိုင္းျမစ္ရဲ႕ေရႀကီးေရလွ်ံမႈျဖစ္စဥ္ေတြေၾကာင့္ အေျခခံအေဆာက္အအုံနဲ႔ ကြၽဲႏြားေတြပ်က္စီးမႈ အထိနာလာခ်ိန္မွာေတာ့ အီဂ်စ္ပညာရွင္ေတြဟာ ျမစ္ေရရဲ႕လႊမ္းမိုးႏိုင္မႈအေျခအေနကို ကိုယ္နည္းကိုယ္ဟန္နဲ႔တြက္ခ်က္ဖို႔ႀကိဳးစားလာၾကပါတယ္။ အမ်ားစုကေတာ့နတ္ဘုရားေတြကို တိုင္တည္တဲ့ပုံစံမ်ိဳးသာျဖစ္ခဲ့တယ္လို႔သိရပါတယ္။ ဒါအျပင္ယင္းကာလကစိုက္ပ်ိဳး ေျမအတြက္ မင္းဧကရာဇ္ကိုဆက္သရတဲ့ အခြန္ေငြဟာလည္း ေရႀကီးတဲ့ပမာဏအေပၚမူ တည္လို႔ေနခဲ့ပါတယ္။
ေနာက္ပိုင္းမွာေတာ့ ႏိုင္းျမစ္ေရလႊမ္းမိုးမႈကိုႀကိဳတင္ခန႔္မွန္းျခင္းေတြဟာ အင္ပါယာဧကရာဇ္အတြက္ ႏိုင္ငံအုပ္ခ်ဳပ္ေရးက႑မွာအေရးပါတဲ့ေနရာကေနပါဝင္ လာခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ အီဂ်စ္ပညာေက်ာ္ေတြဟာ Nilometer လို႔သိၾကတဲ့ ေျမာင္းေတြ၊ေရဆင္းအမွတ္အသားေတြပါတဲ့ ေရတြင္းနက္ႀကီးမ်ားစြာကိုႏိုင္းျမစ္ရဲ႕ကမ္းပါးတေလွ်ာက္ေဆာက္လုပ္ခဲ့ၿပီး ျမစ္ေရတိုင္းတာေရးပညာရွင္ေတြအေစာင့္ထားရွိကာ ေန႔စဥ္ျမစ္ရဲ႕အခ်က္လက္ေတြကိုေစာင့္ၾကည့္ေလ့လာမႈေတြျပဳလုပ္လာၾကပါတယ္။
ေရွးဦးကာလ Nilometer ေတြရဲ႕ဒီဇိုင္းပုံစံ
ျမစ္တြင္းကိုေထာင့္မွန္ပုံတိုင္ေတြကို နစ္ျမဳပ္ထားတဲ့ ဒီဇိုင္းဟာ Nilometer ေတြရဲ႕အေစာ ပိုင္းပုံသ႑ာန္ေတြျဖစ္ၿပီး႐ိုးရွင္းပါတယ္။ ယင္းအတြင္းမွာေတာ့တက္လာမယ့္ ေရအနက္ကို ေဖာ္ျပတဲ့အမွတ္အသားေတြ ပါဝင္တာျဖစ္ပါတယ္။ ဒါေပမယ့္ရလာ ေျမာင္းေတြရဲ႕ အေပၚပိုင္းေတြမွာ ပါရွိတဲ့ ေက်ာက္သားစိုင္ေတြကို အေသးစိတ္ပုံ ေဖာ္ထားတဲ့ Nilometer ကိုေတာ့ ကိုင္႐ိုၿမိဳ႕အနီးကRhoda ကြၽန္းမွာ ေတြ႕ရွိႏိုင္ပါတယ္။ ယင္း Nilometer အေဆာက္အအုံဟာ ေအဒီ (၈၆၁) ေလာက္ကတည္းကေဆာက္လုပ္ၿပီစီးခဲ့တာျဖစ္ၿပီး Samarra ကိုစိုးစံခဲ့တဲ့ Al-Mutawakkil ရဲ႕အမိန႔္ေပးမႈနဲ႔ နာမည္ေက်ာ္ နကၡတၱပညာရွင္တေယာက္ျဖစ္တဲ့ Al-Farghani ကဦးေဆာင္တည္ေဆာက္ခဲ့တယ္လို႔မွတ္တမ္းေတြအရသိရပါ တယ္။
ေနာက္ပိုင္းကာလမွာေပၚထြက္လာခဲ့တဲ့ Nilometer ေတြမွာေတာ့ ေအာက္ေျခအထိဆင္းလို႔ ရတဲ့ ေလွကားေတြထည့္သြင္းတည္ေဆာက္ခဲ့ၿပီး နံရံေတြရဲ႕အနက္ကိုလည္း သီးျခားေဖာ္ျပခဲ့ တဲ့အပိုင္းေတြပါဝင္လို႔လာပါတယ္။ Elephantine ကြၽန္း က Aswan ၿမိဳ႕မွာတည္ရွိတဲ့ Nilometer ဆိုရင္ေအာက္ေျခေရဆင္းေျမာင္းေတြအထိ ေလွကားထစ္ေတြထည့္သြင္းတည္ ေဆာက္ထားပါတယ္။ ယင္းမွာဆိုရင္ ေလွကားထစ္ေပါင္း(၅၂)ခုပါရွိၿပီးႏိုင္းျမစ္ရဲ႕ေအာက္ ေျခကိုသြားႏိုင္တဲ့ လမ္းေၾကာင္းတစ္ခုဆိုရင္လည္းမမွားပါဘူး။
Nilometer ေတြဟာ ေရွးအီဂ်စ္ကိုစိုးစံခဲ့တဲ့ ဖာ႐ိုဘုရင္ေတြ လက္ထက္ကတည္းက ေဆာက္လုပ္အသုံးျပဳခဲ့တာျဖစ္ၿပီး ေႏွာင္းပိုင္းအီဂ်စ္လူအဖြဲ႕အစည္းေတြ လက္ထက္ေရာက္ခ်ိန္မွသာ ပီပီျပင္ျပင္ေပၚေပါက္လာခဲ့တာျဖစ္ပါတယ္။ ဒါအျပင္ေရာမေခတ္ကာလအတြင္းမွာလည္း Nilometer တည္ေဆာက္အသုံးျ့ပုမႈေတြ ဆက္လက္တည္ရွိခဲ့တယ္လို႔ သမိုင္းမွတ္တမ္းေတြ အရသိရပါတယ္။
Discussion about this post