(Unicode)
နာမည်နဲ့ လိုက်အောင်ပဲ ရုရှားနိုင်ငံ North Ossetia-Alania ဒေသအတွင်းက Dargavs ကျေးရွာလေးဟာရှေးဟောင်းသင်္ချိုင်းနဲ့အတူ ဆက်စပ်တည်ရှိနေပြီး သေခြင်းတရား နဲ့ပတ်သက်လို့ လွမ်းမောဖွယ်ရာအတိတ်သမိုင်းကြောင်းတွေ၊ အမှတ်ရစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒီနေရာကိုလာရောက်ချင်ရင်တော့ ခက်ခဲကြမ်းတမ်းပြီး ကြောက်မက်စရာကောင်းတဲ့ခရီးစဉ်တစ်ခုကိုဖြတ်သန်းသွားဖို့ စိတ်ရောကိုယ်ပါ ခိုင်မာ အောင်လေ့ကျင့်ထားဖို့လိုပါလိမ့်မယ်။
သေခြင်းတရားရဲ့မြို့တော်လို့ လူသိများတဲ့ Dargavs Village မှာ ရှေးသင်္ချိုင်းတစ်ခုဆက်စပ်တည်ရှိနေပြီး ကျေးရွာမှာနေထိုင်ခဲ့သူများဟာ သူတို့ရဲ့ချစ်ခင်ရသူတွေ သေဆုံးသွားရ တိုင်း ကွယ်လွန်သူပိုင်ဆိုင်တဲ့ အဝတ်အစား၊အသုံးအဆောင်တွေကအစ သင်္ချိုင်းတည်ရှိ ရာတောင်ကြားအတွင်း လာရောက်မြုပ်နှံကြပါတယ်။
ယင်းတောင်ကြားသင်္ချိုင်းကတော့ (၁၇) ကီလိုမီတာလောက်ကျယ်ပြန့်ပြီး ကျောက်သားနဲ့ပြုလုပ်ထားတဲ့ crypt (ခရစ်ယာန် ဘုရားရှိခိုးကျောင်းအချို့မှာရှိတဲ့ ဈာပနဆိုင်ရာ ဝတ်ပြုဆုတောင်းရာ(သို့)မြုပ်နှံရာ မြေအောက်ခန်)း ၉၉ခုတည်ရှိနေပါတယ်။ ဒေသခံတွေကတော့ ယင်းဂူသင်္ချိုင်း နဲ့မြေအောက်ခန်းတွေဟာ (၁၂)ရာစု၊(၁၄)ရာစု နဲ့ (၁၆)ရာစု စတဲ့ အချိန်တွေကတည်ဆောက်ခဲ့ကြတာလို့ ဆိုကြပါတယ်။ မြေအောက်ခန်းတွေဟာ အရွယ်အစားအမျိုးမျိုးရှိပြီး ၂ထပ်ကနေ ၄ထပ်အထိ အမျိုးမျိုးရှိပါတယ်။
ဒေသခံ Ossetians မျိုးနွယ်တွေကတော့ ဒီရှေးဟောင်းသင်္ချိုင်းရှိနေခြင်းဟာ သူတို့ အတွက် လွန်ခဲ့တဲ့နှစ်ပေါင်း(၄၀၀)ကျော် ကာလက သူတို့ရဲ့ဘိုးဘွားတွေဘယ်လို နေထိုင်ခဲ့ကြသလဲဆိုတာကို သိမြင်ခွင့်ရခဲ့တယ်လို့ဆိုပါတယ်။ အမှန်လည်း ယင်းကာလတွေက အသုံးပြုခဲ့တဲ့ ကွယ်လွန်သူတွေရဲ့ အသုံးအဆောင်၊ငွေကြေးဒဂါး ကအစ အဲဒီနေရာမှာရှိလို့နေတာဖြစ်ပါတယ်။ ရုရှားနိုင်ငံတွင်းက ရှေးဟောင်းသုသေသနပညာရှင်တွေကလည်း ဒီသင်္ချိုင်းပေါ်စိတ်ဝင်စားမှုရှိခဲ့ပြီးလာရောက် စူးစမ်း မှုတွေပြုလုပ်လာသလို သိပ္ပံနည်းပညာပိုင်းအရပါ အတည်ပြုနိုင်တဲ့ အချက်အလက်ကိုပါ သတိပြုမိခဲ့ကြပါတယ်။
ရှေးသမိုင်းဒဏ္ဍာရီတွေအရတော့ Dargavs Village (သို့) သေခြင်းတရားရဲ့မြို့တော် ဟာအလွန်စိတ်ဝင်စားစရာကောင်းတာကိုတွေ့ရပါတယ်။ ဒဏ္ဍာရီတွေထဲမှာတော့ ယင်းသင်္ချိုင်းက မြေ အောက်ခန်းတွေအတွင်းကို သွားဖို့ကြိုးစားတဲ့သူတိုင်းဟာ ဘယ်တော့မှ အသက်ရှင်လျက် ပြန်မလာနိုင်ဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ တိကျတဲ့စာရင်းထုတ်ပြန် ဖို့အမြဲငြင်းဆန်လေ့ရှိတဲ့ ရုရှားအစိုးရကြောင့်သာ အချက်အလက်အမှန်မရတာဖြစ်ပြီး အသက်ရှင်လျက်ပြန်မလာသူတွေထဲမှာ နိုင်ငံတကာက စွန့်စားသွားလာသူတွေ အထိ ပါဝင်နေတယ်လို့သတင်းများစွာထွက်ပေါ်တဲ့နေရာဖြစ်ပါတယ်။
သူတို့ရဲ့ ဒဏ္ဍာရီအရတော့ ရှေးယခင်ကာလများစွာက Ossetia မြို့မှာကပ်ရောဂါဆိုးတစ်ခုကျရောက်ပြီး လူတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပါတယ်။ ကူးစက်ရောဂါဖြစ်တာကြောင့် အာဏာပိုင် တွေဟာ ရောဂါကူးစက်တဲ့သူတွေအပါအဝင်ကူးစက်တယ်လို့ သံသယရှိသူအားလုံးကို ဖမ်းဆီးပြီး ယခု Dargavs Village နေရာမှာ Crypt လို့သိကြတဲ့ လူသေမြုပ်နှံရာကျောက်သားနဲ့ပြုလုပ်ထားတဲ့ မြေအောက်ခန်းငယ်တွေ နဲ့သီးခြားထားရှိခဲ့တယ်လို့ဆိုပါတယ်။
အစားအသောက်၊ ဆေးဝါး၊ရေတွေနေ့စဉ်ပံ့ပိုးမှုတွေ ပေးထားပေမယ့် ဘယ်လိုအကြောင်းနဲ့မှတော့ အပြင်ကိုပေးမထွက်စေပဲ နောက်ဆုံး သေလွန်တဲ့အချိန်အထိ ယင်းအချုပ်အနှောင်မြေအောက်ခန်းထဲမှာပဲထားရှိခဲ့ပါတယ်။ တကယ်လို့မြို့အတွင်းက နောက်ထပ်ရောဂါကူးစက်သူ တစ်ယောက်တိုးလာပြန်ရင်လည်း Dargavs Village မှာရှိတဲ့ မြေအောက်သင်္ချိုင်းဂူ များစွာအနက်က ဆွေမျိုးတော်စပ်တဲ့သူတွေရှိရာ မြေအောက်အခန်းတွေအတွင်းကို အတင်းအကျပ် ထည့်သွင်း လေ့ရှိတာဖြစ်ပါတယ်။ ဒါကြောင့်ယင်းမြေ အောက်ဂူအတွင်းက လူတွေဟာ ကိုယ် သေရမဲ့ရက်ကိုစောင့်နေရသလို ဖြစ်နေခဲ့ပြီးယင်းနေရာဟာလည်း သေမင်းမြို့ တော် အဖြစ် နာမည်ကျော် လာပါတော့ တယ်။
ဒါအပြင် ဒီဖြစ်ရပ်ကို အဲဒီတုန်းက အနီးအနားဝန်းကျင်မှာရှိတဲ့မြို့တွေက သိရှိခြင်းမရှိခဲ့ပါဘူး။ ဒါကလည်း ယင်း ကာလက ခက်ခဲကြမ်းတမ်းပြီး တသီးတသန့်တည်းရှိတဲ့ Dargavs Village ရဲ့ဝန်းကျင်အနေအထားကြောင့် ဖြစ် ပါတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာအနှံ့ကခရီးသွားတော်တာ်များများက ယင်းနေရာ ကိုသွားရောက်ဖို့ အားထုတ်မှုတွေရှိပေမဲ့ အောင်မြင်ခဲ့ခြင်းတော့မရှိပါဘူး။ Ossetia သားတွေကတော့ ဒီဖြစ်ရပ်ကိုမသိကျိုးကျွံပြုထားခဲ့ကြရာ ယနေ့ထက်ထိပဲလို့ဆိုရပါမယ်။ နောက်လာနောက်သားတွေကိုလည်း ယင်းနေရာကို မသွားရောက်ဖို့ အဆင့်ဆင့် တားမြစ်ခဲ့ကြပြီး ပြန်လမ်းမရှိတဲ့နေရာတစ်ခုအဖြစ်ရှုမြင်စေခဲ့ပါတယ်။
အမှန်တကယ်ဆိုရင်တော့ ရုရှားမှာ ဒီလိုဖြစ်ရပ်မျိုးတွေအများကြီးရှိပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေကတော့ အရေးတယူဖြေရှင်းတာမျိုးလုပ်ဖို့ ခဲယဉ်းပါတယ်။ ယင်းကာလက သတင်း အချက်အလက်အရ၊နယ်မြေအနေအထားအရလို့တော့ စောဒ ကတပ်မှုတွေရှိပေမယ့် လူအများစုရဲ့ဥပဒေမဲ့လုပ်ရပ်ဟာ ယနေ့တိုင်ဖော်ထုတ်ခဲ့ခြင်းမရှိ သေးတာကိုတွေ့ရပါတယ်။
တစ်စုံတစ်ယောက်အနေနဲ့ သေခြင်းတရားရဲ့မြို့တော် နေရာကို ရောက်ရှိမယ်ဆိုရင်တော့ အရင်ဆုံးတွေ့ရမှာက အဖြူရောင်အိမ်ခေါင်မိုးပဲ့ လေးတွေဖြစ်ပါ တယ်။ အမှန်တော့ ဒါဟာအိမ်အမိုးတော့မဟုတ်ပါဘူး (၁၆)ရာစုလောက်ကတည်းကရှိနေတဲ့မြေအောက်သင်္ချိုင်းဂူထိပ်စွန်းပိုင်းတွေဖြစ်ပါတယ်။ ဟိုးယခင်ကာလတွေကတော့ သူတို့ရဲ့ရိုးရာယုံကြည်မှုအရ အသက်ရှင်ကျန်ရစ်သူမိတ်ဆွေတွေက မျှော်စင်ပေါ်ကနေ သက်ဆိုင်ရာမြေအောက်ဂူအတွင်းက သေဆုံးတဲ့မိသားစုဝင်တွေ ကောင်း ကင်ဘုံကိုရောက်သွားခြင်းရှိမရှိ စမ်းသပ်လေ့ရှိပါတယ်။
စမ်းသပ်ပုံကတော့ မျှော်စင်ပေါ်ကနေပြီး အကြွေစေ့တွေနဲ့ အဖြူရောင်သင်္ချိုင်းဂူထိပ်တွေကိုပစ်ပေါက်လေ့ ရှိကြတာပါ။ အကြွေစေ့တွေက အဖြူရောင်သင်္ချိုင်းနံရံတွေကိုလာရောက်ထိမှန်မယ် ဆိုရင်တော့ ဒီမြေအောက်သင်္ချိုင်းထဲမှာသေဆုံးသူတွေဟာ ကောင်းကင်ဘုံကိုရောက်ရှိ သွားပြီလို့မှတ်ယူကြပြီး ဒီလိုမဟုတ်ရင်တော့ ဝိညာဉ်ဘဝနဲ့ကျင်လည်နေတုန်းပဲလို့ Ossetia တွေကမှတ် ယူကြပါတယ်။
ဒီနေရာဟာ ရုရှားနိုင်ငံရဲ့ သမိုင်းဝင် နယ်မြေဖြစ်တဲ့ Ingushetians မျိုးနွယ်တွေတည်ရှိရာနေရာနဲ့ဆိုရင်မိုင်အနည်းငယ်မျှ သာဝေးကွာပါတယ်။ ယခင်ကတော့ Ingushetians တွေဟာကိုယ်ပိုင်နယ်မြေတစ်ခုအ ဖြစ်ရှိခိုင်ခိုင်မာမာရှိခဲ့ပေမဲ့ ယနေ့မှာတော့ သူတို့ရဲ့ နယ်မြေတစ်ဝက်လောက်ကိုရုရှားအစိုးရက Ossetians နဲ့ Kazasks မျိုးနွယ်တွေကိုခွဲဝေပိုင်းခြားပေးခဲ့ပါတယ်။Ingushetians တွေရဲ့ ယဉ်ကျေးမှုစာပေဟာ ယင်းအချိန်ကအနီးဝန်းကျင်တွေကို အတော်သက်ရောက်မှုရှိ တာကိုတွေ့နိုင်မှာဖြစ်ပြီး Dargavs Village ကအုတ်ဂူတွေနဲ့ မှတ်တမ်း၊မှတ်ရာအချို့နဲ့ဝန်းကျင်ဒေသအများစုရဲ့နာမည်တွေဟာ Ingushetiansတွေရဲ့ ဘာသာစကားနဲ့ အနက်ပြန်မှသာ လေ့လာမှတ်သားဖို့လွယ်ကူမှာဖြစ်ပါတယ်။
ခက်တာကတော့ Ossetians တွေရဲ့ပရောဂနဲ့ ယင်းဘာသာစကားဟာလည်း ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။ ဒါကြောင့်သမိုင်းဆိုင် ရာလေ့လာသူတွေအနေနဲ့ သေခြင်းတရားရဲ့မြို့တော်က အုတ်ဂူ(သို့) မြေအောက် သင်္ချိုင်းတွေရဲ့အကြောင်းကို တိတိကျကျ ဖော်ထုတ်ဖို့ တော့ လက်ရှိအချိန်မှာ ခက်ခဲနေတာဖြစ်ပါတယ်။ ဒီနေရာဟာ နာမည်ကြီးပေမယ့် လူစွန့်စား တချို့ကလွဲလို့ ဒီနေရာကို လာရောက်လည်ပတ်သူ မရှိသလောက်ကိုနည်းပါး ပါတယ်။ အကြောင်းကတော့ ဒီနေရာကို ရောက်ရှိဖို့ ရုရှားတောင်ပိုင်း Vladikavkaz မြို့ကနေ ၃နာရီမက အလွန်ကျဉ်းမြောင်းပြီး အန္တရာယ်ရှိတဲ့လမ်းတွေနဲ့ တောင်ကုန်းတောင်တန်းတွေကို ဖြတ်သန်းလာရလို့ ဖြစ်ပါတယ်။
(Zawgyi)
လူသိနည္းတဲ့ ေသျခင္းတရားရဲ႕ၿမိဳ႕ေတာ္
နာမည္နဲ႔ လိုက္ေအာင္ပဲ ႐ုရွားႏိုင္ငံ North Ossetia-Alania ေဒသအတြင္းက Dargavs ေက်း႐ြာေလးဟာေရွးေဟာင္းသခ်ႋဳင္းနဲ႔အတူ ဆက္စပ္တည္ရွိေနၿပီး ေသျခင္းတရား နဲ႔ပတ္သက္လို႔ လြမ္းေမာဖြယ္ရာအတိတ္သမိုင္းေၾကာင္းေတြ၊ အမွတ္ရစရာေတြနဲ႔ ျပည့္ႏွက္လို႔ေနပါတယ္။ ဒီေနရာကိုလာေရာက္ခ်င္ရင္ေတာ့ ခက္ခဲၾကမ္းတမ္းၿပီး ေၾကာက္မက္စရာေကာင္းတဲ့ခရီးစဥ္တစ္ခုကိုျဖတ္သန္းသြားဖို႔ စိတ္ေရာကိုယ္ပါ ခိုင္မာ ေအာင္ေလ့က်င့္ထားဖို႔လိုပါလိမ့္မယ္။
ေသျခင္းတရားရဲ႕ၿမိဳ႕ေတာ္လို႔ လူသိမ်ားတဲ့ Dargavs Village မွာ ေရွးသခ်ႋဳင္းတစ္ခုဆက္စပ္တည္ရွိေနၿပီး ေက်း႐ြာမွာေနထိုင္ခဲ့သူမ်ားဟာ သူတို႔ရဲ႕ခ်စ္ခင္ရသူေတြ ေသဆုံးသြားရ တိုင္း ကြယ္လြန္သူပိုင္ဆိုင္တဲ့ အဝတ္အစား၊အသုံးအေဆာင္ေတြကအစ သခ်ႋဳင္းတည္ရွိ ရာေတာင္ၾကားအတြင္း လာေရာက္ျမဳပ္ႏွံၾကပါတယ္။
ယင္းေတာင္ၾကားသခ်ႋဳင္းကေတာ့ (၁၇) ကီလိုမီတာေလာက္က်ယ္ျပန႔္ၿပီး ေက်ာက္သားနဲ႔ျပဳလုပ္ထားတဲ့ crypt (ခရစ္ယာန္ ဘုရားရွိခိုးေက်ာင္းအခ်ိဳ႕မွာရွိတဲ့ ဈာပနဆိုင္ရာ ဝတ္ျပဳဆုေတာင္းရာ(သို႔)ျမဳပ္ႏွံရာ ေျမေအာက္ခန္)း ၉၉ခုတည္ရွိေနပါတယ္။ ေဒသခံေတြကေတာ့ ယင္းဂူသခ်ႋဳင္း နဲ႔ေျမေအာက္ခန္းေတြဟာ (၁၂)ရာစု၊(၁၄)ရာစု နဲ႔ (၁၆)ရာစု စတဲ့ အခ်ိန္ေတြကတည္ေဆာက္ခဲ့ၾကတာလို႔ ဆိုၾကပါတယ္။ ေျမေအာက္ခန္းေတြဟာ အ႐ြယ္အစားအမ်ိဳးမ်ိဳးရွိၿပီး ၂ထပ္ကေန ၄ထပ္အထိ အမ်ိဳးမ်ိဳးရွိပါတယ္။
ေဒသခံ Ossetians မ်ိဳးႏြယ္ေတြကေတာ့ ဒီေရွးေဟာင္းသခ်ႋဳင္းရွိေနျခင္းဟာ သူတို႔ အတြက္ လြန္ခဲ့တဲ့ႏွစ္ေပါင္း(၄၀၀)ေက်ာ္ ကာလက သူတို႔ရဲ႕ဘိုးဘြားေတြဘယ္လို ေနထိုင္ခဲ့ၾကသလဲဆိုတာကို သိျမင္ခြင့္ရခဲ့တယ္လို႔ဆိုပါတယ္။ အမွန္လည္း ယင္းကာလေတြက အသုံးျပဳခဲ့တဲ့ ကြယ္လြန္သူေတြရဲ႕ အသုံးအေဆာင္၊ေငြေၾကးဒဂါး ကအစ အဲဒီေနရာမွာရွိလို႔ေနတာျဖစ္ပါတယ္။ ႐ုရွားႏိုင္ငံတြင္းက ေရွးေဟာင္းသုေသသနပညာရွင္ေတြကလည္း ဒီသခ်ႋဳင္းေပၚစိတ္ဝင္စားမႈရွိခဲ့ၿပီးလာေရာက္ စူးစမ္း မႈေတြျပဳလုပ္လာသလို သိပၸံနည္းပညာပိုင္းအရပါ အတည္ျပဳႏိုင္တဲ့ အခ်က္အလက္ကိုပါ သတိျပဳမိခဲ့ၾကပါတယ္။
ေရွးသမိုင္းဒ႑ာရီေတြအရေတာ့ Dargavs Village (သို႔) ေသျခင္းတရားရဲ႕ၿမိဳ႕ေတာ္ ဟာအလြန္စိတ္ဝင္စားစရာေကာင္းတာကိုေတြ႕ရပါတယ္။ ဒ႑ာရီေတြထဲမွာေတာ့ ယင္းသခ်ႋဳင္းက ေျမ ေအာက္ခန္းေတြအတြင္းကို သြားဖို႔ႀကိဳးစားတဲ့သူတိုင္းဟာ ဘယ္ေတာ့မွ အသက္ရွင္လ်က္ ျပန္မလာႏိုင္ဘူးဆိုတဲ့အခ်က္ျဖစ္ပါတယ္။ တိက်တဲ့စာရင္းထုတ္ျပန္ ဖို႔အၿမဲျငင္းဆန္ေလ့ရွိတဲ့ ႐ုရွားအစိုးရေၾကာင့္သာ အခ်က္အလက္အမွန္မရတာျဖစ္ၿပီး အသက္ရွင္လ်က္ျပန္မလာသူေတြထဲမွာ ႏိုင္ငံတကာက စြန႔္စားသြားလာသူေတြ အထိ ပါဝင္ေနတယ္လို႔သတင္းမ်ားစြာထြက္ေပၚတဲ့ေနရာျဖစ္ပါတယ္။
သူတို႔ရဲ႕ ဒ႑ာရီအရေတာ့ ေရွးယခင္ကာလမ်ားစြာက Ossetia ၿမိဳ႕မွာကပ္ေရာဂါဆိုးတစ္ခုက်ေရာက္ၿပီး လူေတြ အစုလိုက္အၿပဳံလိုက္ေသဆုံးခဲ့ရပါတယ္။ ကူးစက္ေရာဂါျဖစ္တာေၾကာင့္ အာဏာပိုင္ ေတြဟာ ေရာဂါကူးစက္တဲ့သူေတြအပါအဝင္ကူးစက္တယ္လို႔ သံသယရွိသူအားလုံးကို ဖမ္းဆီးၿပီး ယခု Dargavs Village ေနရာမွာ Crypt လို႔သိၾကတဲ့ လူေသျမဳပ္ႏွံရာေက်ာက္သားနဲ႔ျပဳလုပ္ထားတဲ့ ေျမေအာက္ခန္းငယ္ေတြ နဲ႔သီးျခားထားရွိခဲ့တယ္လို႔ဆိုပါတယ္။
အစားအေသာက္၊ ေဆးဝါး၊ေရေတြေန႔စဥ္ပံ့ပိုးမႈေတြ ေပးထားေပမယ့္ ဘယ္လိုအေၾကာင္းနဲ႔မွေတာ့ အျပင္ကိုေပးမထြက္ေစပဲ ေနာက္ဆုံး ေသလြန္တဲ့အခ်ိန္အထိ ယင္းအခ်ဳပ္အေႏွာင္ေျမေအာက္ခန္းထဲမွာပဲထားရွိခဲ့ပါတယ္။ တကယ္လို႔ၿမိဳ႕အတြင္းက ေနာက္ထပ္ေရာဂါကူးစက္သူ တစ္ေယာက္တိုးလာျပန္ရင္လည္း Dargavs Village မွာရွိတဲ့ ေျမေအာက္သခ်ႋဳင္းဂူ မ်ားစြာအနက္က ေဆြမ်ိဳးေတာ္စပ္တဲ့သူေတြရွိရာ ေျမေအာက္အခန္းေတြအတြင္းကို အတင္းအက်ပ္ ထည့္သြင္း ေလ့ရွိတာျဖစ္ပါတယ္။ ဒါေၾကာင့္ယင္းေျမ ေအာက္ဂူအတြင္းက လူေတြဟာ ကိုယ္ ေသရမဲ့ရက္ကိုေစာင့္ေနရသလို ျဖစ္ေနခဲ့ၿပီးယင္းေနရာဟာလည္း ေသမင္းၿမိဳ႕ ေတာ္ အျဖစ္ နာမည္ေက်ာ္ လာပါေတာ့ တယ္။
ဒါအျပင္ ဒီျဖစ္ရပ္ကို အဲဒီတုန္းက အနီးအနားဝန္းက်င္မွာရွိတဲ့ၿမိဳ႕ေတြက သိရွိျခင္းမရွိခဲ့ပါဘူး။ ဒါကလည္း ယင္း ကာလက ခက္ခဲၾကမ္းတမ္းၿပီး တသီးတသန႔္တည္းရွိတဲ့ Dargavs Village ရဲ႕ဝန္းက်င္အေနအထားေၾကာင့္ ျဖစ္ ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ကမာၻအႏွံ႔ကခရီးသြားေတာ္တာ္မ်ားမ်ားက ယင္းေနရာ ကိုသြားေရာက္ဖို႔ အားထုတ္မႈေတြရွိေပမဲ့ ေအာင္ျမင္ခဲ့ျခင္းေတာ့မရွိပါဘူး။ Ossetia သားေတြကေတာ့ ဒီျဖစ္ရပ္ကိုမသိက်ိဳးကြၽံျပဳထားခဲ့ၾကရာ ယေန႔ထက္ထိပဲလို႔ဆိုရပါမယ္။ ေနာက္လာေနာက္သားေတြကိုလည္း ယင္းေနရာကို မသြားေရာက္ဖို႔ အဆင့္ဆင့္ တားျမစ္ခဲ့ၾကၿပီး ျပန္လမ္းမရွိတဲ့ေနရာတစ္ခုအျဖစ္ရႈျမင္ေစခဲ့ပါတယ္။
အမွန္တကယ္ဆိုရင္ေတာ့ ႐ုရွားမွာ ဒီလိုျဖစ္ရပ္မ်ိဳးေတြအမ်ားႀကီးရွိေပမယ့္ သက္ဆိုင္ရာ အာဏာပိုင္ေတြကေတာ့ အေရးတယူေျဖရွင္းတာမ်ိဳးလုပ္ဖို႔ ခဲယဥ္းပါတယ္။ ယင္းကာလက သတင္း အခ်က္အလက္အရ၊နယ္ေျမအေနအထားအရလို႔ေတာ့ ေစာဒ ကတပ္မႈေတြရွိေပမယ့္ လူအမ်ားစုရဲ႕ဥပေဒမဲ့လုပ္ရပ္ဟာ ယေန႔တိုင္ေဖာ္ထုတ္ခဲ့ျခင္းမရွိ ေသးတာကိုေတြ႕ရပါတယ္။
တစ္စုံတစ္ေယာက္အေနနဲ႔ ေသျခင္းတရားရဲ႕ၿမိဳ႕ေတာ္ ေနရာကို ေရာက္ရွိမယ္ဆိုရင္ေတာ့ အရင္ဆုံးေတြ႕ရမွာက အျဖဴေရာင္အိမ္ေခါင္မိုးပဲ့ ေလးေတြျဖစ္ပါ တယ္။ အမွန္ေတာ့ ဒါဟာအိမ္အမိုးေတာ့မဟုတ္ပါဘူး (၁၆)ရာစုေလာက္ကတည္းကရွိေနတဲ့ေျမေအာက္သခ်ႋဳင္းဂူထိပ္စြန္းပိုင္းေတြျဖစ္ပါတယ္။ ဟိုးယခင္ကာလေတြကေတာ့ သူတို႔ရဲ႕႐ိုးရာယုံၾကည္မႈအရ အသက္ရွင္က်န္ရစ္သူမိတ္ေဆြေတြက ေမွ်ာ္စင္ေပၚကေန သက္ဆိုင္ရာေျမေအာက္ဂူအတြင္းက ေသဆုံးတဲ့မိသားစုဝင္ေတြ ေကာင္း ကင္ဘုံကိုေရာက္သြားျခင္းရွိမရွိ စမ္းသပ္ေလ့ရွိပါတယ္။
စမ္းသပ္ပုံကေတာ့ ေမွ်ာ္စင္ေပၚကေနၿပီး အေႂကြေစ့ေတြနဲ႔ အျဖဴေရာင္သခ်ႋဳင္းဂူထိပ္ေတြကိုပစ္ေပါက္ေလ့ ရွိၾကတာပါ။ အေႂကြေစ့ေတြက အျဖဴေရာင္သခ်ႋဳင္းနံရံေတြကိုလာေရာက္ထိမွန္မယ္ ဆိုရင္ေတာ့ ဒီေျမေအာက္သခ်ႋဳင္းထဲမွာေသဆုံးသူေတြဟာ ေကာင္းကင္ဘုံကိုေရာက္ရွိ သြားၿပီလို႔မွတ္ယူၾကၿပီး ဒီလိုမဟုတ္ရင္ေတာ့ ဝိညာဥ္ဘဝနဲ႔က်င္လည္ေနတုန္းပဲလို႔ Ossetia ေတြကမွတ္ ယူၾကပါတယ္။
ဒီေနရာဟာ ႐ုရွားႏိုင္ငံရဲ႕ သမိုင္းဝင္ နယ္ေျမျဖစ္တဲ့ Ingushetians မ်ိဳးႏြယ္ေတြတည္ရွိရာေနရာနဲ႔ဆိုရင္မိုင္အနည္းငယ္မွ် သာေဝးကြာပါတယ္။ ယခင္ကေတာ့ Ingushetians ေတြဟာကိုယ္ပိုင္နယ္ေျမတစ္ခုအ ျဖစ္ရွိခိုင္ခိုင္မာမာရွိခဲ့ေပမဲ့ ယေန႔မွာေတာ့ သူတို႔ရဲ႕ နယ္ေျမတစ္ဝက္ေလာက္ကို႐ုရွားအစိုးရက Ossetians နဲ႔ Kazasks မ်ိဳးႏြယ္ေတြကိုခြဲေဝပိုင္းျခားေပးခဲ့ပါတယ္။Ingushetians ေတြရဲ႕ ယဥ္ေက်းမႈစာေပဟာ ယင္းအခ်ိန္ကအနီးဝန္းက်င္ေတြကို အေတာ္သက္ေရာက္မႈရွိ တာကိုေတြ႕ႏိုင္မွာျဖစ္ၿပီး Dargavs Village ကအုတ္ဂူေတြနဲ႔ မွတ္တမ္း၊မွတ္ရာအခ်ိဳ႕နဲ႔ဝန္းက်င္ေဒသအမ်ားစုရဲ႕နာမည္ေတြဟာ Ingushetiansေတြရဲ႕ ဘာသာစကားနဲ႔ အနက္ျပန္မွသာ ေလ့လာမွတ္သားဖို႔လြယ္ကူမွာျဖစ္ပါတယ္။
ခက္တာကေတာ့ Ossetians ေတြရဲ႕ပေရာဂနဲ႔ ယင္းဘာသာစကားဟာလည္း ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနပါၿပီ။ ဒါေၾကာင့္သမိုင္းဆိုင္ ရာေလ့လာသူေတြအေနနဲ႔ ေသျခင္းတရားရဲ႕ၿမိဳ႕ေတာ္က အုတ္ဂူ(သို႔) ေျမေအာက္ သခ်ႋဳင္းေတြရဲ႕အေၾကာင္းကို တိတိက်က် ေဖာ္ထုတ္ဖို႔ ေတာ့ လက္ရွိအခ်ိန္မွာ ခက္ခဲေနတာျဖစ္ပါတယ္။ ဒီေနရာဟာ နာမည္ႀကီးေပမယ့္ လူစြန႔္စား တခ်ိဳ႕ကလြဲလို႔ ဒီေနရာကို လာေရာက္လည္ပတ္သူ မရွိသေလာက္ကိုနည္းပါး ပါတယ္။ အေၾကာင္းကေတာ့ ဒီေနရာကို ေရာက္ရွိဖို႔ ႐ုရွားေတာင္ပိုင္း Vladikavkaz ၿမိဳ႕ကေန ၃နာရီမက အလြန္က်ဥ္းေျမာင္းၿပီး အႏၲရာယ္ရွိတဲ့လမ္းေတြနဲ႔ ေတာင္ကုန္းေတာင္တန္းေတြကို ျဖတ္သန္းလာရလို႔ ျဖစ္ပါတယ္။
Discussion about this post