ကမ္ဘာခေါင်းဆောင်တစ်ဦးအဖြစ်ကာလ အရှည်ဆုံးရပ်တည်ခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုတော့ (၁၉၅၂)ခုနှစ်၊အောက်တိုဘာ(၇)ရက်နေ့မှာ ရုရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ လီနင်ဂရက်မြို့(ယခု စိန့်ပီတာစဘတ်မြို့)မှာမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ရုရှားရေတပ်ရဲ့စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာNKVD သံထည်စက်ရုံရဲ့ အလုပ်သမားခေါင်းဆောင် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ မိခင်ဖြစ်သူကတော့ စက်ရုံအလုပ် သမတစ်ဦးဖြစ်ပြီး သားသုံးယောက်ရှိတဲ့ အနက်က ပူတင်ဟာအငယ်ဆုံးသား ဖြစ်ပါတယ်။
ပူတင်ဟာ အသက်(၈)နှစ်အရွယ်မှာတော့ Baskov Lane မှာရှိတဲ့ အမှတ် (၁၉၃) မူလတန်းကျောင်းမှာ စတင်ပညာသင်ကြားခဲ့ပါတယ်။ အသက်(၁၂)နှစ်အရွယ် ရောက်တဲ့အချိန်မှာတော့ ရုရှားကိုယ်ခံပညာဖြစ်တဲ့ Sanbo ကစားနည်းနဲ့ Judo ပညာ ရပ်တွေကို စတင်လေ့ကျင့်ခဲ့ပြီး ဂျူဒိုခါးပတ်နက်နဲ့ စန်ဘိုကစားနည်းမှာ နိုင်ငံလက်ရွေး စင်အထိရောက်အောင် ထူးချွန်ခဲ့ပါတယ်။ ထို့နောက် အထက်တန်းပညာကို စိန့်ပီတာစဘတ်မှာရှိတဲ့ အမှတ် ၂၈၁ အထက်တန်းကျောင်းမှာသင်ကြား ခဲ့ပါတယ်။
အထက်တန်းကျောင်းသား ဘဝမှာပဲ ပူတင်ဟာ ဂျာမန်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်လောက်တဲ့ အထိဆက်လက်ဆည်းပူးခဲ့ပါတယ်။ ပူတင်ရဲ့ရည်မှန်းချက်ကတော့ ယင်းခေတ်အခါက အလွန်ခေတ်စားခဲ့တဲ့ စပိုင်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ပူတင်ဟာဆက်လက်ပြီး စိန့်ပီတာစဘတ်တက္ကသိုလ်မှာ ဥပဒေပညာကိုဆက်လက် လေ့လာခဲ့ပြီး (၁၉၇၅)ခုနှစ်မှာတော့ ဥပဒေဘာသာဘွဲ့ကိုပိုင်ဆိုင်ခဲ့ပါတယ်။
ပူတင်ဟာ စပိုင်တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အရည်အသွေးတွေပိုင်ဆိုင် ပြီးတဲ့နောက်မှာတော့ ရုရှားထောက်လှမ်းရေးအဖွဲ့ KGB ကိုဝင်ရောက်အမှုထမ်းခဲ့ပါတယ်။ ပူတင်ဟာ KGB အဖွဲ့မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ (၁၆)နှစ်တာကာလအတွင်း ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးကြီးရာထူး အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အရှေဂျာမနီမှာတော့ (၄)နှစ်လောက်တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။ ဘာလင်တံတိုင်းပြိုကျခြင်းနဲ့အတူ ပြီးဆုံးသွားတဲ့စစ်အေးတိုက်ပွဲကာလ အတွင်းမှာ ပူတင်ဟာ ဆိုဗီယက်ပြည်ထောင်စုကြီး ပျက်စီးတော့မယ့်အကြောင်းကို ကောင်းကောင်းကြီးဆင်ခြင်မိပါတယ်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့တဲ့ ဖြစ်စဉ်ဟာ ပူတင်အတွက်ကြီးစွာသော ခံပြင်းမှုကို ဖြစ်စေခဲ့ပါတယ်။ ယင်းနောက်မှာတော့ ပူတင်ဟာ နိုင်ငံရေးလောကကို အခြေချရန်ဆုံးဖြတ်ခဲ့ကာ (၁၉၉၁)ခုနှစ်မှာတော့ KGB ကနေထွက်ပြီး လီနင်ဂရက်မြို့တော်ဝန်ဆီမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။(၁၉၉၄) ခုနှစ် မှာတော့ ဒုတိယမြို့တော်ဝန်ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာ သမ္မတ ဘိုရစ်ရော့ဆင် အစိုးရ အဖွဲ့မှာ ပါဝင်ထမ်းဆောင်ဖို့ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။
ပူတင်ရဲ့ သူမတူတဲ့ အရည်အချင်းတွေကြောင့် (၁၉၉၉)ခုနှစ်မှာတော့ လုံခြုံရေး ကောင်စီဝန်ကြီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ပူတင်ရဲ့အရည်အချင်းကိုသိတဲ့ ဘိုရစ်ရော့ဆင်ဟာ သူရာထူးမှနှုတ် ထွက်ချိန်မှာ ပူတင်ကိုသမ္မတရာထူးနေရာအတွက် လျာထားခဲ့ပါတယ်။ (၁၉၉၉)ခုနှစ် သြဂုတ်လမှာ ပူတင်ဟာရုရှားဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ဒီဇင်ဘာလမှာတော့ ရုရှားနိုင်ငံရဲ့ ယာယီသမ္မတ အဖြစ်ခန့်အပ်ခြင်းကိုခံခဲ့ရပါတယ်။ တစ်ဆက်တည်းပဲ (၂၀၀၀)ပြည့်နှစ် မှာတော့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပြီး မတ်လ(၂၆)ရက်နေ့မှာ ရုရှားနိုင်ငံရဲ့ တရားဝင် သမ္မတဖြစ်လာခဲ့ပါတယ်။
၂၀၀၄ ခုနှစ်သမ္မတ ရွေးကောက်ပွဲမှာလည်း ပူတင်ပဲ အနိုင်ရခဲ့တာကြောင့် သမ္မတသက်တမ်းကို (၂)ကြိမ်ဆက် ထမ်းဆောင်ခဲ့ပါတယ်။(၂၀၀၈)မှာတော့ ရုရှားနိုင်ငံရဲ့ အခြေခံဥပဒေအရ ပူတင်ရဲ့ သမ္မတရာထူး ပြီးဆုံးခဲ့ပေမဲ့ နောက်အသစ်တပ်တဲ့ သမ္မတDmitry Medvedev ကပူတင်ကို ဝန်ကြီးချုပ်နေရာကို ဆက်လက် ခန့်အပ် ခဲ့တာကြောင့် ဒုတိယအကြိမ်မြောတ် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ ပြန်ပါတယ်။ ယင်းနှစ်မှာပင် ရုရှားနိုင်ငံရဲ့ သမ္မတရာထူးကို (၆)နှစ်ကာလကို ထပ်မံတိုးမြှင့် ခဲ့ပါတယ်။
(၂၀၁၂)ခုနှစ် ရွေးကောက်ပွဲမှာတော့ အငြင်းပွားမှုတွေ ရှိနေပေမဲ့ ဗဟိုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်မှုအရ ထောက်ခံမဲ (၇၆.၆၉)ရာခိုင်နှုန်းကို ပူတင်ကရရှိခဲ့တယ် လို့ထုတ်ပြန်ခဲ့ပါတယ်။ ပူတင်ဟာ စုစုပေါင်း မဲပေါင်း(၅၆)သန်းရရှိခဲ့တာဖြစ် လို့ ဆိုဗီယက်ခေတ်လွန်ကာလအတွင်း မဲအများဆုံးရရှိတဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်၊မတ်လအတွင်း ကျင်းပခဲ့တဲ့ ရုရှားသမ္မတရွေးကောက်ပွဲ ရလဒ်တွေမှာ လည်း ပူတင်ဟာထောက်ခံမဲ (၇၆.၆၇)ရာခိုင်နှုန်းအထိ ရရှိခဲ့တာကြောင့် (၂၀၂၄) ခုနှစ်အထိ ရုရှားနိုင်ငံ ကိုဆက်လက် ဦးဆောင်သွားမှာလည်း ဖြစ်ပါတယ်။
ပူတင်လက်ထက်မှာတော့ရုရှားနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးတွေဟာ တစ်ဟုန်ထိုးတိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့်ရုရှားတပ်မ တော် ထိပ်တန်းတပ်မတော်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ပြည်ပနိုင်ငံတွေအထိ တောင်စစ်လက်နက်တွေ တင်ပို့ရောင်းချလာနိုင်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ရုရှား ဟာ ကမ္ဘာပေါ်မှာ ဒုတိမြောက် စစ်လက်နက်ပစ္စည်းတင်ပို့တဲ့ နိုင်ငံအဖြစ်ရပ်တည်နေ ပါတယ်။ ပူတင်ဟာ ယင်းကာလတုန်းက ကျင့်သုံးနေတဲ့ရုရှား လစ်ဘရယ်စနစ်ဟာ ခေတ်နဲ့ကိုက်ညီမှုမရှိတော့တဲ့အပြင် ရုရှားပြည်တွင်းက အကြမ်းဖက်ဂိုဏ်းတွေနဲ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေကို ထိန်းချုပ်နိုင်ခြင်းမရှိ တော့ဘူးဆိုတာကို သဘောပေါက်ခဲ့ပါတယ်။
ဒါကြောင့်ပထမဆုံး ဖရိုဖရဲဖြစ်နေတဲ့ ရုရှား လူအဖွဲ့အစည်းကို တစ်သားတည်းဖြစ်အောင်တည်ဆောက်ဖို့ အရင်အားထုတ်ခဲ့ပါ တယ်။ အဲဒီနောက်တော့ ညီညွတ်သောရုရှားများပါတီကို တည်ထောင်ခဲ့ပါတယ်။ ပူတင် သမ္မတ စဖြစ်တဲ့သက်တမ်းမှာပဲ ရုရှားနိုင်ငံရဲ့ GDP ဟာကျန်ခဲ့တဲ့ (၈)နှစ်တာကာလအတွင်း ၇၂ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ပါတယ်။ ဒါအပြင် ခရိုင်းမီးယား ဒေသကိုလည်း ပြန်လည် ပေါင်းစည်းနိုင်ခဲ့တာကြောင့် ရုရှားနိုင်ငံရဲ့အင်အားကို ပြန်လည်တည်ဆောက်ရာမှာ အလွန်အရေးပါခဲ့ကာ နိုင်ငံတကာက ရုရှားနွေဦးကာလအဖြစ်တောင် မှတ်ယူခဲ့ပါတယ်။
ဒါအပြင် ချေချင်းညာ စစ်ပွဲကိုအဆုံးသတ်လိုက်နိုင်တာ ကြောင့် ပူတင်ဟာ ရုရှားနိုင်ငံသားတွေရဲ့ အထင်ကြီးအားကိုးစရာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ခဲ့ ပါတယ်။ နိုင်ငံတကာမှာလည်း ရုရှားနိုင်ငံရဲ့ အခန်းကဏ္ဍဟာ ပိုမိုထင်ရှားလာ ခဲ့ပြီး ဥရောပနိုင်ငံအားလုံးကိုကျော်တက်ပြီး အမေရိကန်ကို အမီလိုက်ဖို့အထိ အနေအထားတစ်ရပ် ကိုဖန်တီးနိုင်ခဲ့ပါတယ်။ ရုရှားနိုင်ငံရဲ့ စစ်ရေးနဲ့စီးပွားရေးဟာ ပူတင်လက်ထက်မှာ ဆိုဗီယက်ပြည်ထောင်စုနောက်ပိုင်း အင်အားအတောင့်တင်းဆုံး ဖြစ်အောင် စုစည်းနိုင်ခဲ့ပါတယ်။
ပူတင်ဟာ အမျိုးသားအကျိုးစီးပွားကို အဓိကထားတဲ့ နိုင်ငံရေးမူဝါဒကို အောင်မြင်စွာကျင့်သုံးခဲ့တကြောင့် ပြည်တွင်းထောက်ခံမှု အခိုင်အမာ ရရှိနေသူလည်းဖြစ်ပါတယ်။ ဒါအပြင် ကမ္ဘာဖလားဘောလုံးပြိုင်ပွဲလို၊ အိုလံပစ်ပြိုင်ပွဲ လို ကမ္ဘာထိပ်တန်း အားကစားပွဲတွေကို ပူတင်ရဲ့ ဦးဆောင်မှုနဲ့ အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့တာကြောင့်လည်း ရုရှားနိုင်ငံရဲ့ ပုံရိပ်အပါအဝင်၊စီးပွားရေးလုပ်ငန်း တွေများစွာ မြှင့်တင်နိုင်ခဲ့တာကို တွေ့ရပါတယ်။
သူဟာ (၁၉၈၃)ခုနှစ်၊ဇူလိုင်(၂၈)ရက်နေ့မှာ လေယာဉ်မယ် Lyudmila Shkrebneva နဲ့လက်ထပ်ခဲ့ ပြီး သမီးနှစ်ယောက်ထွန်းကားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေး ဟာအနှစ် ၂၀၁၃ ခုနှစ်၊ဇွန်လမှာ နှစ်ဦးသဘောတူ ကွာရှင်းပြင်ဆဲခဲ့ ပါတယ်။ နာမည်ကျော်ရုပ်သံမင်းသမီးတွေ၊မော်ဒန်တွေနဲ့ သတင်းတွေထွက်နေပေမဲ့ ယနေ့အချိန်မှာတော့ ပူတင်ဟာ တစ်ကိုယ်တည်း အနေအထားနဲ့ဘဝကို ဖြတ်သန်းနေဆဲပဲဖြစ်ပါတယ်။
(၂၀၀၀)ပြည့်နှစ်မှာ ရုရှားနိုင်ငံရဲ့ သမ္မတတစ်ဦးဖြစ်ပေမဲ့ KGB ထောက်လှမ်းရေး အဖွဲ့ဝင်တစ်ယောက်ဖြစ်တာနဲ့အညီ နောက်ကြောင်းတွေကို အမှောင်ချထားတာကြောင့် ပူတင်အကြောင်း သိရှိသူအလွန်နည်းပါး ပါတယ်။ နောက်ပိုင်းထွက်ပေါ်လာတဲ့ သတင်းတွေအရ ပူတင်ဟာ ထိပ်တန်းတိုက်ခိုက်ရေးသမား တစ်ဦးဖြစ်သလို လူစွန့်စားတစ်ဦးဖြစ်တယ်ဆိုတဲ့အကြောင်းကို သိရှိခွင့်ရကြတာပါ။ အမဲလိုက်ခြင်း၊ ဂျက်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပြခြင်း၊ရုရှားထုတ်လက်နက်တွေ ကိုကိုယ်တိုင် စမ်းသပ်ပစ်ခတ်ပြခြင်း၊ ခရီးကြမ်းစစ်ဆင်ရေးတွေကို ကိုယ်တိုင်လုပ် ဆောင်ပြခြင်းစတဲ့ ပူတင်ရဲ့ ပုံရိပ်တွေဟာ ကမ္ဘာအနှံ့က လူငယ်တွေအကြား ခေတ်စား ခဲ့ပါတယ်။
ဒါအပြင်တရုတ်နိုင်ငံကို အလည်အပတ်ရောက်ချိန်မှာ ပြသခဲ့တဲ့ ပူတင်ရဲ့ စန္ဒ ယားစွမ်းရည်ကြောင့် ပူတင်ဟာ အနုပညာပိုင်းမှာလည်း ခေသူမဟုတ်ကြောင်း သိရှိခဲ့ ရပါတယ်။ ကမ္ဘာနိုင်ငံတွေရဲ့ အမြင်မှာတော့ ပူတင်ဟာ အမေရိကန်ရဲ့စူပါ ပါဝါကို ထိန်းညှိနိုင်မဲ့ ပုဂ္ဂိုလ်တစ်ယောက် အဖြစ်အသိအမှတ်ပြုကြပါတယ်။ ပူတင်လက်ထက်မှာ တော့အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့ပေမဲ့ ယူကရိန်းအရေး၊ဆီးရီးယားအရေး တွေမှာတော့ တင်းမာမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။
ဒါအပြင် အမေရိကန်ပြည်ထောင်စုရဲ့ အထူးအေးဂျင့် စနိုးဒင်ကို ရုရှားကနိုင်ငံရေးခိုလှုံခွင့်ပေးခြင်းအပါအဝင် (၂၀၁၆) ခုနှစ် အမေရိကန်ရွေးကောက်ပွဲကို ရုရှားကဝင်ရောက်စွတ်ဖက်တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေ ကြောင့် ပြန်လည်တင်းမာလာပါတယ်။ ဆိုက်ဘေးရီးယားမှာပြုလုပ်ခဲ့တဲ့ စစ်အေးတိုက်ပွဲ ပြီးတဲ့အချိန်နောက်ပိုင်းအကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကြီးကြောင့် ငြိမ်းချမ်းရေး ထိန်းသိမ်းလိုသူတွေအတွက် ရုရှားရဲ့ ခြေလှမ်းကိုစောင့်ကြည့်ချင်စရာ ဖြစ်ခဲ့ပါတယ်။
တရုတ်တပ်ဖွဲ့ဝင် (၃၀၀၀)ကျော်ပါဝင်ခဲ့တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုကို ပူတင်ကိုတိုင်စောင့်ကြည့်ခဲ့ပြီး၊ ရုရှားနိုင်ငံ စစ်တပ်ရဲ့ သုံးပုံ တစ်ပုံအထိ ပါဝင်လေ့ကျင့် ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံအရှေဖျားတစ်လျောက်မှာ ကျင်းပခဲ့တဲ့ဒီစစ်ရေး လေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ အသင့်တိုက်ပွဲဝင်နိုင်ရန်အတွက်ဖြစ်ပါတယ်။ ဝေဖန်သူတွေကတော့ ရုရှားဟာ စစ်အင်အားကိုတိုးချဲလျက်ရှိပြီး အခုလေ့ကျင်တဲ့ စစ်ရေးလေ့ကျင့်မှုဟာ တိုးချဲ့ထားတဲ့ စစ်သည်တွေအတွက် ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုမှုတွေရှိခဲ့ပါတယ်။
ပူတင်ကတော့ ခုခံကာကွယ်ဖိုံအတွက်သာဖြစ်ပြီး ရုရှားဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ နိုင်ငံတစ်ခုဖြစ်တယ်၊ မည့်သည့်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ကိုမှ ကျူးကျော်ရန်စလိုခြင်း မရှိဘူးလို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့ တပ်မတော် ကိုအမြဲခေတ်မီနေအောင်တော့ ဖန်တီးထားမှဖြစ်ပါမယ်လို့ ဆိုထားပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ရုရှားကို ပူတင်ရဲ့ ဦးဆောင်မှုနဲ့ ကမ္ဘာကဏ္ဍအသီးသီးမှာ ထိပ်တန်းနေရာကို ရောက်အောင်ပို့ဆောင်နိုင်ခဲ့ပါတယ်။
အနောက်အုပ်စုကတော့ ပူတင်ဟာ အာဏာရှင်ဆန်ဆန်နဲ့ စနစ်တကျရုရှားရဲ့ နိုင်ငံတော်အာဏာကို သိမ်းထား တယ်လို့ ဝေဖန်မှုတွေရှိနေပေမဲ့ ရုရှားနိုင်ငံသားအများစုရဲ့ တစ်ခဲနက် ထောက်ခံ ခြင်းကို ရရှိထားတဲ့ ပူတင်အတွက် သက်သက်သာသာပဲ မျက်ကွယ်ပြုထားနိုင်ပါတယ်။ ယခုနှစ် ပိုင်းမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင်ခဲ့တဲ့ ပူတင်ရဲ့မဟာဗျူဟာကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ အဓိကထား စောင့်ကြည့်ခြင်းကို ခံနေရပြီလည်းဖြစ်ပါတယ်။
သာမန်ထောက်လှမ်းရေးငယ်တစ်ယောက်ဘဝကနေ ကမ္ဘာပေါ်မှာထိပ်တန်း အင်အား ကြီးနိုင်ငံ ဖြစ်တဲ့ ရုရှားသမ္မတဖြစ်လာခဲ့တဲ့ ပူတင်ရဲ့ဟာ ရုရှားနိုင်ငံရဲ့ သမိုင်းဝင်ခေါင်း ဆောင်တစ်ဦးအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ယနေ့အချိန်မှာ အသက်(၆၆)နှစ်အရွယ်ရှိနေပြီ ဖြစ်ပေမဲ့ ပူတင်ဟာ ကာယပိုင်းရော ဉာဏ ပိုင်းမှာပါ အကောင်း ဆုံးအနေအထားရှိနေဆဲပါ။
သူတည်ဆောက်ထားတဲ့ ရုရှားနိုင်ငံရဲ့ ယခုလက်ရှိအခြေအနေအရ သူနောက်မှာဆက်ခံမဲ့ ခေါင်းဆောင်တွေအဖို့လည်း အခြေခိုင်ခိုင်ရပ်တည် နိုင်မှာလည်းဖြစ်ပါတယ်။ ပူတင်ရဲ့ကာလကြာ အုပ်စိုးနေမှုကြောင့် အနောက်နိုင်ငံတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိလာနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေရှိနေပေ မဲ့ပူတင်ကတော့ ရုရှားနိုင်ငံရဲ့ စီးပွားရေး၊လူမှုရေး၊သိပ္ပံနည်းပညာနဲ့ ပညာရေးကဏ္ဍ တိုးတက်ဖို့သာ အာရုံစိုက်ထားကြောင်း ပူတင်ကဆိုခဲ့ပြီး ရုရှားကို အမေရိကန်နဲ့အပြိုင် စူပါပါဝါနိုင်ငံတစ်ခုအဖြစ် ကမ္ဘာအလည်မှာရပ်တည်နိုင်ဖို့ ရည်ရွယ်ထားတာပါ။
သံမဏိအပြုံးပိုင်ရှင်ရယ်လို့ နာမည်ကျော်တဲ့ အေးတိအေးစက်မျက်နှာထားပိုင်ရှင် ပူတင်ဟာ ကမ္ဘာကြီး ရဲ့အနာဂက်ကိုတောင် ပြောင်းလဲသွားနိုင်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သူဖြစ်တာ ကြောင့် ပူတင်ရဲ့နိုင်ငံရေးခြေလှမ်းတိုင်းဟာ ကမ္ဘာကစောင့်ကြည့်နေရမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။
Ref:
TonsOfFacts
Wikipedia
Discussion about this post